သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာကွယ်ရေးဝန်ကြီး Mark Esper ကို သမ္မတ Trump တာဝန်က ရပ်ဆိုင်း (Trump တွစ်တာ)


ကာကွယ်ရေးဝန်ကြီး Mark Esper
ကာကွယ်ရေးဝန်ကြီး Mark Esper


(Zawgyi/Unicode)
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကာကွယ်ရေးဝန်ကြီး Mark Esper ကို အလုပ်တာဝန်ကနေ ရပ်စဲလိုက်ကြောင်း တနင်္လာနေ့မှာ တွစ်တာကနေ ရေးပါတယ်။

Mark Esper ကို သူ့ရဲ့ တာဝန်ဝတ္တရား တွေ ရပ်ဆိုင်းလိုက်ပြီဖြစ်ပြီး သူတာဝန်ထမ်းဆောင်ခဲ့တာအတွက် ကျေးဇူးတင်ကြောင်း တွစ်တာမှာ ရေးသားခဲ့တာပါ။

ဝန်ကြီး Esper ကို နောက်တက်လာမယ့် ဂျိုးဘိုင်ဒန် ၂၀၂၁ ဇန်နဝါရီလမှာ ကျမ်းသစ္စာကျိန်ဆိုမယ့် အချိန်အထိ ဒီကြားကာလမှာ တာဝန်တွေ ဆက်ထမ်းဆောင်ရမယ်လို့ မေ ျှာ်လင့်ထား ကြတာ ဖြစ်ပါတယ်။

အမေရိကန် အကြမ်းဖက်မှုနှိမ်နင်းရေးဆိုင်ရာ ဗဟိုဌာန အကြီးအကဲ Christopher Miller ကို ယာယီ ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ကြောင်းနဲ့ ဒီလို ခန့်အပ်မှုဟာ ချက်ချင်း သက်ရောက်စေရမှာ ဖြစ်ကြောင်း သမ္မတထရမ့်က တွစ်တာမှာ ရေးတာပါ။

ဝန်ကြီး Esper ဟာ အလုပ်ကနေ နှုတ်ထွက်စာ ရေးခဲ့တယ်လို့ မီဒီယာတချို့က အခု ရက်ပိုင်းအတွင်း ပြောကြားသလို တချို့ကလည်း သူနှုတ်ထွက် ဖို့အစီစဉ် မရှိကြောင်း အရာရှိတွေရဲ့ ပြောကြားချက်တွေကို ကိုးကား ဖေါ်ပြနေတာ ဖြစ်ပါတယ်။

သမ္မတထရမ့်နဲ့ ဝန်ကြီး Esper တို့ကြား ဆက်ဆံရေးဟာ ဇွန်လလောက်ကမှ စပြီး တင်းမာမှုတွေ ရှိခဲ့တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေတာပါ။ အဲဒီအချိန်က နိုင်ငံတွင်း ရဲတွေရဲ့ ကြမ်းတမ်းတဲ့ ဆက်ဆံမှုနဲ့ ခွဲခြားဆက်ဆံမှုတွေ အပေါ် ဆန္ဒပြသူတွေကို နှိမ်နင်းဖို့ တပ်သားတွေ ချထားမယ်လို့ သမ္မတရဲ့ ခြိမ်းခြောက်မှုကို ဝန်ကြီး Esper ကလက်မခံကြောင်း လူသိရှင်ကြား ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီး Mark Esper ကို သမ္မတ Trump တာဝန်က ရပ်ဆိုင်း (Trump တွစ်တာ)
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်


..............

(Unicode)






XS
SM
MD
LG