သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္က်ဆုံးစစ္သည္မ်ားအတြက္ သမၼတ Trump ပန္းေခြခ် ဂုဏ္ျပဳ


President Donald Trump အေမရိကန္က်ဆံုးစစ္သည္မ်ား ေန႔အခမ္းအနားတက္ေရာက္စဥ္

Zawgyi/Unicode

အေမရိကန္ ျပည္ေထာင္စုမွာ တနလာၤေန႔က က်ေရာက္တဲ႔ က်ဆံုးစစ္သည္ ေအာက္ေမ႔ဖြယ္ေန႔ အထိမ္းအမွတ္အျဖစ္ ၿမဳိ႕ေတာ္၀ါရွင္တန္ အနီးက Arlington အမ်ိဳးသား စစ္သခ်ၤ ိဳင္းမွာ က်င္းပတဲ႔ ပန္းေခြခ် ဂုဏ္ျပဳပြဲကို သမၼတ Donald Trump တက္ေရာက္ပါတယ္။ အနီ၊ အျဖဴနဲ႔ အျပာေရာင္ ပန္းေတြနဲ႔ မြမ္းမံထားတဲ႔ ပန္းေခြကို အညတရ စစ္သည္ ဂူဗိမာန္ေရွ႕မွာ ခ်ၿပီး သမၼတက အေလးျပဳခဲ႔ပါတယ္။

သမၼတ Trump နဲ႔ အတူ ဒုတိယ သမၼတ Mike Pence ၊ ကာကြယ္ေရး ၀န္ႀကီး Mark Esper လည္း တက္ေရာက္ပါတယ္။ ႏုိင္ငံအတြက္ အသက္စြန္႔ခဲ႔ၾကတဲ႔ သိန္းနဲ႔ခ်ီတဲ႔ အေမရိကန္ စစ္သည္ေတြကို ဂုဏ္ျပဳတဲ႔ ေအာက္ေမ႔ဖြယ္ေန႔ အခမ္းအနားမွာေတာ့ သမၼတကေတာ္ Melania Trump နဲ႔ ဒုတိယ သမၼတကေတာ္ Karen Pence တို႔နဲ႔အတူ တျခား ဧည့္သည္ေတာ္ေတြလည္း တက္ေရာက္ ခဲ႔ၾကပါတယ္။

ဒါေပမယ့္လည္း ဒီႏွစ္မွာေတာ့ ကိုရိုနာဗိုင္းရပ္စ္ ပ်ံ႔ႏွံ႔ ကူးစက္မႈေတြေၾကာင့္ အရင္ႏွစ္ေတြတုန္းကလို သမၼတ အေနနဲ႔ လူထုကို မိန္႔ခြန္းေျပာတာမ်ိဳးေတာ့ မလုပ္ႏုိင္ခဲ႔ပါဘူး။

Arlington အမ်ိဳးသား စစ္သခ်ၤ ိဳင္းက ေအာက္ေမ႔ဖြယ္ အခမ္းအနား တက္ေရာက္ၾကသူေတြလည္း တေယာက္နဲ႔ အေယာက္ ၂ မီတာေလာက္ျခားၿပီး တက္ေရာက္ခဲ႔ၾကပါတယ္။ တခ်ိဳ႕ စစ္သည္ေတြကေတာ့ ႏွာေခါင္းစည္းေတြ ၀တ္ဆင္ခဲ႔ၾကပါတယ္။

[Unicode]

အမေရိကန် ပြည်ထောင်စုမှာ တနလာၤနေ့က ကျရောက်တဲ့ ကျဆုံးစစ်သည် အောက်မေ့ဖွယ်နေ့ အထိမ်းအမှတ်အဖြစ်မြို့တော်ဝါရှင်တန် အနီးက Arlington အမျိုးသား စစ်သင်္ချ ိုင်းမှာ ကျင်းပတဲ့ ပန်းခွေချ ဂုဏ်ပြုပွဲကို သမ္မတ Donald Trump တက်ရောက်ပါတယ်။ အနီ၊ အဖြူနဲ့ အပြာရောင် ပန်းတွေနဲ့ မွမ်းမံထားတဲ့ ပန်းခွေကို အညတရ စစ်သည် ဂူဗိမာန်ရှေ့မှာ ချပြီး သမ္မတက အလေးပြုခဲ့ပါတယ်။

သမ္မတ Trump နဲ့ အတူ ဒုတိယ သမ္မတ Mike Pence ၊ ကာကွယ်ရေး ဝန်ကြီး Mark Esper လည်း တက်ရောက်ပါတယ်။ နိုင်ငံအတွက် အသက်စွန့်ခဲ့ကြတဲ့ သိန်းနဲ့ချီတဲ့ အမေရိကန် စစ်သည်တွေကို ဂုဏ်ပြုတဲ့ အောက်မေ့ဖွယ်နေ့ အခမ်းအနားမှာတော့ သမ္မတကတော် Melania Trump နဲ့ ဒုတိယ သမ္မတကတော် Karen Pence တို့နဲ့အတူ တခြား ဧည့်သည်တော်တွေလည်း တက်ရောက် ခဲ့ကြပါတယ်။

ဒါပေမယ့်လည်း ဒီနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ ကူးစက်မှုတွေကြောင့် အရင်နှစ်တွေတုန်းကလို သမ္မတ အနေနဲ့ လူထုကို မိန့်ခွန်းပြောတာမျိုးတော့ မလုပ်နိုင်ခဲ့ပါဘူး။

Arlington အမျိုးသား စစ်သင်္ချ ိုင်းက အောက်မေ့ဖွယ် အခမ်းအနား တက်ရောက်ကြသူတွေလည်း တယောက်နဲ့ အယောက် ၂ မီတာလောက်ခြားပြီး တက်ရောက်ခဲ့ကြပါတယ်။ တချို့ စစ်သည်တွေကတော့ နှာခေါင်းစည်းတွေ ဝတ်ဆင်ခဲ့ကြပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG