သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေအာက္ေမ့ဖြယ္ေန႔ အထိမ္းအမွတ္ က်ဆုံးစစ္သည္ေတြ သမၼတ Trump ဂုဏ္ျပဳမည္


San Francisco ၿမိဳ႕ရွိ က်ဆုံးစစ္သည္သခ်ိဳၤင္း တခု (ေမ ၂၄၊ ၂၀၂၀)

[Zawgyi/Unicode]

အေမရိကန္ျပည္ေထာင္စုမွာ ဒီကေန႔ဟာ က်ဆုံးစစ္သည္ေတာ္ေတြကို ဂုဏ္ျပဳတဲ့ Memorial Day ေအာက္ေမ့ဖြယ္ေန႔ အားလပ္ရက္ျဖစ္ပါတယ္။

ေအာက္ေမ့ဖြယ္ေန႔ အထိမ္းအမွတ္အျဖစ္ ဒီကေန႔ ႏုိင္ငံတ၀ွမ္းမွာ အလံေတြကုိ တုိင္၀က္လႊင့္ထူဖုိ႔လည္း သမၼတ Donald Trump က အမိန္႔ထုတ္ထားပါတယ္။ တခ်ိန္တည္းမွာပဲ ကို႐ိုနာဗုိင္းရပ္စ္ေၾကာင့္ ေသဆုံးသူ တသိန္းနီးပါးရွိေနတဲ့ အေမရိကန္မွာ ေသာၾကာေန႔ကေန တနဂၤေႏြေန႔အထိ ကပ္ေရာဂါေၾကာင့္ ေသဆုံးသူေတြအတြက္လည္း အလံေတြကုိ တုိင္၀က္လႊင့္ထူခဲ့တာပါ။

COVID-19 ကပ္ေရာဂါေၾကာင့္ ကမၻာမွာ ေသဆံုးသူအမ်ားဆုံးရွိေနတဲ့ အေမရိကန္မွာ ေသဆုံးသူေတြထဲ စစ္မႈထမ္းေဟာင္း ၁,၀၀၀ ေက်ာ္ ပါ၀င္ေနေၾကာင္းလည္း စစ္မႈထမ္းေဟာင္ေရးရာဌာနက ေျပာပါတယ္။

အေမရိကန္မွာ ေအာက္ေမ့ဖြယ္ေန႔ အားလပ္ရက္ သီတင္းပတ္ဟာ ေႏြရာသီ အပမ္းေျဖကာလအစ ျဖစ္ေလ့ရွိတတ္ေပမဲ့ ဒီႏွစ္မွာေတာ့ ကပ္ေရာဂါေၾကာင့္ လူစုလူေ၀းေရွာင္ၿပီး လူစုခဲြေနဖုိ႔ ညႊန္ၾကားခ်က္ေတြနဲ႔ ျပည္ပခရီးသြားလာမႈေတြကိုပါ ကန္႔သတ္ထားတာေၾကာင့္ပါ အရင္ႏွစ္ေတြန႔ဲ ကြဲျပားေနပါတယ္။

သမၼတ Trump ကေတာ့ ၀ါရွင္တန္ၿမိဳ႕ေတာ္ အနီးက Arlington က်ဆုံးစစ္သည္သခ်ိဳၤင္းမွာဒီကေန႔ ဂုဏ္ျပဳပန္းေခြခ်ဖို႔ စီစဥ္ထားသလို ၁၈၁၂ ခုႏွစ္ သမုိင္း၀င္ စစ္ပြဲစတင္ရာ Baltimore ၿမိဳ႕က Fort McHenry ကိုလည္း သြားေရာက္ဖို႔ စီစဥ္ထားပါတယ္။ ဒါေပမဲ့ ၿမိဳ ႔ေတာ္၀န္ Jack Young က ၿမိဳ႕သူၿမိဳ႕သားေတြကို ကပ္ေရာဂါေၾကာင့္ အျပင္ထြက္သြားလာတာေတြမလုပ္ဖုိ႔ တုိက္တြန္းထားတဲ့အတြက္ သမၼတ Trump ကိုလည္း မလာဖို႔ ပန္ၾကားထားပါတယ္။

သမၼတ Trump ရဲ ႔ခရီးစဥ္က မျဖစ္မေန အေရးႀကီးတဲ့ ခရီးစဥ္မ်ိဳး မဟုတ္ဘူးလို႔လည္း ၿမိဳ႕ေတာ္၀န္ Young ကေျပာပါတယ္။ က်န္းမာေရး တာ၀န္ရွိသူေတြကလည္း ပင္လယ္ကမ္းေျခေတြနဲ႔ အားလပ္ရက္မွာ စုေ၀းၿပီး ခ်က္ျပဳတ္စားၾကတဲ့သူေတြ၊ ေပ်ာ္ပြဲစားထြက္ၾကတဲ့ လူေတြကိုလည္း ကပ္ေရာဂါေၾကာင့္ ခပ္ခြါခြါေနၾကဖို႔ တုိက္တြန္းထားပါတယ္။

အေမရိကန္မွာ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးခံထားရသူ ၁.၆ သန္းေက်ာ္ ရွိေနေပမဲ့ ႏွာေခါင္းစည္းတပ္မထားတဲ့ လူေတြ ေရကူးကန္ေတြ၊ ပင္လယ္ကမ္းစပ္ေတြမွာ အမ်ားအျပားေတြ႔ျမင္လာရတဲ့အေပၚမွာလည္း က်န္းမာေရးတာ၀န္ရွိသူေတြ စိုးရိမ္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အောက်မေ့ဖွယ်နေ့ အထိမ်းအမှတ် ကျဆုံးစစ်သည်တွေ သမ္မတ Trump ဂုဏ်ပြုမည်

အမေရိကန်ပြည်ထောင်စုမှာ ဒီကနေ့ဟာ ကျဆုံးစစ်သည်တော်တွေကို ဂုဏ်ပြုတဲ့ Memorial Day အောက်မေ့ဖွယ်နေ့ အားလပ်ရက်ဖြစ်ပါတယ်။

သမ္မတ Donald Trump
သမ္မတ Donald Trump

အောက်မေ့ဖွယ်နေ့ အထိမ်းအမှတ်အဖြစ် ဒီကနေ့ နိုင်ငံတဝှမ်းမှာ အလံတွေကို တိုင်ဝက်လွှင့်ထူဖို့လည်း သမ္မတ Donald Trump က အမိန့်ထုတ်ထားပါတယ်။ တချိန်တည်းမှာပဲ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ တသိန်းနီးပါးရှိနေတဲ့ အမေရိကန်မှာ သောကြာနေ့ကနေ တနင်္ဂနွေနေ့အထိ ကပ်ရောဂါကြောင့် သေဆုံးသူတွေအတွက်လည်း အလံတွေကို တိုင်ဝက်လွှင့်ထူခဲ့တာပါ။

COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာမှာ သေဆုံးသူအများဆုံးရှိနေတဲ့ အမေရိကန်မှာ သေဆုံးသူတွေထဲ စစ်မှုထမ်းဟောင်း ၁,၀၀၀ ကျော် ပါဝင်နေကြောင်းလည်း စစ်မှုထမ်းဟောင်ရေးရာဌာနက ပြောပါတယ်။

အမေရိကန်မှာ အောက်မေ့ဖွယ်နေ့ အားလပ်ရက် သီတင်းပတ်ဟာ နွေရာသီ အပမ်းဖြေကာလအစ ဖြစ်လေ့ရှိတတ်ပေမဲ့ ဒီနှစ်မှာတော့ ကပ်ရောဂါကြောင့် လူစုလူဝေးရှောင်ပြီး လူစုခွဲနေဖို့ ညွှန်ကြားချက်တွေနဲ့ ပြည်ပခရီးသွားလာမှုတွေကိုပါ ကန့်သတ်ထားတာကြောင့်ပါ အရင်နှစ်တွေနဲ့ ကွဲပြားနေပါတယ်။

သမ္မတ Trump ကတော့ ဝါရှင်တန်မြို့တော် အနီးက Arlington ကျဆုံးစစ်သည်သချိုၤင်းမှာဒီကနေ့ ဂုဏ်ပြုပန်းခွေချဖို့ စီစဉ်ထားသလို ၁၈၁၂ ခုနှစ် သမိုင်းဝင် စစ်ပွဲစတင်ရာ Baltimore မြို့က Fort McHenry ကိုလည်း သွားရောက်ဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ မြို့တော်ဝန် Jack Young က မြို့သူမြို့သားတွေကို ကပ်ရောဂါကြောင့် အပြင်ထွက်သွားလာတာတွေမလုပ်ဖို့ တိုက်တွန်းထားတဲ့အတွက် သမ္မတ Trump ကိုလည်း မလာဖို့ ပန်ကြားထားပါတယ်။

သမ္မတ Trump ရဲ့ခရီးစဉ်က မဖြစ်မနေ အရေးကြီးတဲ့ ခရီးစဉ်မျိုး မဟုတ်ဘူးလို့လည်း မြို့တော်ဝန် Young ကပြောပါတယ်။ ကျန်းမာရေး တာဝန်ရှိသူတွေကလည်း ပင်လယ်ကမ်းခြေတွေနဲ့ အားလပ်ရက်မှာ စုဝေးပြီး ချက်ပြုတ်စားကြတဲ့သူတွေ၊ ပျော်ပွဲစားထွက်ကြတဲ့ လူတွေကိုလည်း ကပ်ရောဂါကြောင့် ခပ်ခွါခွါနေကြဖို့ တိုက်တွန်းထားပါတယ်။

အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးခံထားရသူ ၁.၆ သန်းကျော် ရှိနေပေမဲ့ နှာခေါင်းစည်းတပ်မထားတဲ့ လူတွေ ရေကူးကန်တွေ၊ ပင်လယ်ကမ်းစပ်တွေမှာ အများအပြားတွေ့မြင်လာရတဲ့အပေါ်မှာလည်း ကျန်းမာရေးတာဝန်ရှိသူတွေ စိုးရိမ်နေကြပါတယ်။

XS
SM
MD
LG