(Zawgyi/Unicode)
အေမရိကန္ျပည္ေထာင္စုမွာ သမၼတ ေရြးေကာက္ပြဲ ေနာက္ဆံုး မဲရလဒ္ေတြကို တရား၀င္ ထုတ္ျပန္ မေၾကညာရေသးေပမဲ့လုိ႔၊ ဒီမိုကရက္တစ္ပါတီ သမၼတ ေလာင္း ဂ်ိဳးဘုိင္ဒန္က အႏိုင္ရဖို႔ ေသခ်ာတဲ့ ေထာက္ခံမဲအေရအတြက္ ရထားျပီးျဖစ္သလို၊ မစၥတာ ဘုိင္ဒန္ ကိုယ္တိုင္ကလည္း စေနေန႔ညက အႏုိင္ရမိန္႔ခြန္း ေျပာၾကား ခဲ့ပါတယ္။ သူနဲ႔အတူ ဒုသမၼတအျဖစ္ တာ၀န္ထမ္းေဆာင္ဖို႔ရွိေနတဲ့ Kamala Harris ကေတာ့ အေမရိကန္သမိုင္းမွာ ပထမဆံုး အမ်ိဳးသမီး ဒု သမၼတျဖစ္လာမယ့္သူပါ။ ဒီအေျခအေနက အေမရိကန္သမိုင္းမွာ ဘယ္ေလာက္အထိ ထူးျခားပါသလဲ။ ဒုသမၼတျဖစ္လာဖို႔ ေသခ်ာေနျပီျဖစ္တဲ့ Kamala Harris အေၾကာင္းနဲ႔ပတ္သက္လို႔ ဟာဝိုင္အီအေျခစိုက္ Asia-Pacific Center for Security Studies (APCSS) လုံၿခဳံေရးဘာသာရပ္ဆိုင္ရာ အာရွ-ပစိဖိတ္စင္တာက ပါေမာကၡ ေဒၚမီမီဝင္းဘတ္ကို မခင္ျဖဴေထြးက Skype ကေန ဆက္သြယ္ေမးျမန္းထားပါတယ္။
မခင္ျဖဴေထြး။ ။ အခုဒီ အေမရိကန္ ဒုသမၼတ ျဖစ္ဖို႔ ေသခ်ာေနျပီျဖစ္တဲ့ Kamala Harris ဟာဆိုရင္ အေမရိကန္ ျပည္ေထာင္စုမွာေတာ့ ပထမဦးဆံုး အမ်ိဳးသမီး ဒုသမၼတ ျဖစ္တဲ့အျပင္ ဒါ လူျဖဴမဟုတ္တဲ့ အသားအေရာင္ကြဲျပားတဲ့ အမ်ိဳးသမီး ဒုသမၼတ တေယာက္ျဖစ္လာမွာေပါ့ေနာ္ ဆိုတဲ့အခါက်ေတာ့ ဒါက အေမရိကန္ ျပည္ေထာင္စုသမိုင္းမွာ ဘယ္ေလာက္ထိ ထူးျခားတယ္လို႔ ေျပာလို႔ရပါမလဲရွင့္။
ေဒၚမီမီဝင္းဘတ္။ ။ ဒါကေတာ့ အရမ္းထူးျခားတာေပါ့ေနာ္ ဘာလို႔လဲဆိုေတာ့ ဒါက ပထမဦးဆံုး အမ်ိဳးသမီးတေယာက္ အျမင့္ဆံုး Highest Office အေမရိကန္ႏိုင္ငံမွာေပါ့ေနာ္ အမ်ိဳးသမီး ၀င္ႏိုင္တယ္ဆိုတာ အရမ္းထူးျခားတာ ။ ေနာက္ၿပီးေတာ့လည္း တိုက္တိုက္ဆိုင္ဆိုင္ ဒီႏွစ္က အမ်ိဳးသမီးမ်ားရဲ႕ မဲေပးဖို႔ အခြင့္အေရး ရခဲ့တာ ႏွစ္ ၁၀၀ ျပည့္ႏွစ္ပါပဲ။ ဆိုေတာ့ အဲဒီ အေမရိကန္အမ်ိဳးသမီးေတြက ႏွစ္ ၁၀၀ ေက်ာ္ေက်ာ္ ဒီလိုမ်ိဳး တိုက္တြန္းၿပီးေတာ့ ႀကိဳးစားလာရတာ အခုမွ ပထမဦးဆံုး ႏိုင္ငံေရးနဲ႔ ပတ္သက္ၿပီး အျမင့္ဆံုး office တခုကို အျမင့္ဆံုး position ကိုေရာက္လာတာေပါ့ေနာ္ ဆိုေတာ့ အဲဒါ အရမ္းထူးျခားတယ္။ ဒါေပမယ့္လည္း ပိုၿပီးေတာင္မွ ထူးျခားသြားတာက ဒီအမ်ိဳးသမီးအတြက္က်ေတာ့ သူက အျဖဴမဟုတ္တဲ့ အမ်ိဳးသမီး ၊ သူ႔အေဖအေမေတြက တျခားႏိုင္ငံကေန ေရႊ႕ေျပာင္းလာတဲ့လူေတြ ဆိုေတာ့ ပိုၿပီးေတာင္မွ ထူးျခား တာေပါ့ေနာ္။ ထူးဆန္းတယ္လို႔ ေျပာလို႔ရပါတယ္။
မခင္ျဖဴေထြး။ ။ ဟုတ္ကဲ့ အေမရိကန္ မွာ ေျပာတာရွိတယ္ေလ အေမရိကန္ ျပည္ေထာင္စုက ေနရာေပါင္းစံုက လာတဲ့သူေတြ စုၿပီးေတာ့မွ ကိုယ့္အိမ္မက္ေတြကို တကယ္ပဲ အေကာင္အထည္ေဖာ္ ခြင့္ရတဲ့ ႏိုင္ငံလို႔ ေျပာၾကတာကို American Dream ဆိုတာ ရွိတယ္မဟုတ္လား။ ဆိုေတာ့ ဒါက အဲဒါကို သက္ေသျပတဲ့ သေဘာေတာ့ ေရာက္သြားတာေပါ့ေနာ္။
ေဒၚမီမီဝင္းဘတ္။ ။ ဒါေၾကာင့္မို႔လို႔ ဒီမိုကေရစီဆိုတာ representative ၊ ေနာက္ၿပီးေတာ့လည္း အေမရိကန္ရဲ႕ အားသာခ်က္ေပါ့ေနာ္။ အေမရိကန္ မွာ ဒီေလာက္ တိုးတက္ျခင္းျဖစ္တာက ဒီ Diversity ၊ လူေတြအမ်ားႀကီး အမ်ိဳးစံုလာၿပီးေတာ့ စုၿပီးေတာ့ တခါတည္း ပူးေပါင္းၿပီးေတာ့ အတူတကြလုပ္တဲ့အခါက်ေတာ့ အဲဒါေၾကာင့္ အဲဒီဥစၥာကေတာ့ အေမရိကန္ရဲ႕ Strength အေမရိကန္ရဲ႕ အရမ္းတန္ဖိုးရွိတဲ့ Value တခုပဲ ျဖစ္ပါတယ္။
မခင္ျဖဴေထြး။ ။ အခုကေလ အေမရိကန္ ျပည္ေထာင္စုမွာ ၾကည့္လို႔ရွိရင္ ႏိုင္ငံေရးမွာဆိုရင္ ၿပီးခဲ့တဲ့ ႏွစ္က ေတာ္ေတ္ာေလးကို လူမ်ိဳးေရးအရ တင္းမာမႈေတြ ၊ အဓိကရုဏ္းေတြ ေတာ္ေတာ္ေလးရွိခဲ့တယ္ဆုိေတာ့ အခု ကိုယ္တိုင္က အသားအေရာင္မတူတဲ့ လူျဖဴမဟုတ္တဲ့ အမ်ိဳးသမီးတေယာက္လည္း ျဖစ္တဲ့ Kamala Harris အေနနဲ႔ ထိပ္တန္း တာ၀န္တခုကို ရလာၿပီဆိုတဲ့အခါက်ေတာ့ တိုင္းျပည္အတြက္ေရာ ကြဲျပားမႈေတြကို ျပန္ၿပီးေတာ့ ထိန္းညိွႏိုင္မယ့္ အေနအထားမ်ိဳးေပါ့ေနာ္ ပိုၿပီးေတာ့ ေမွ်ာ္လင့္လို႔ ရႏိုင္မလားရွင့္။
ေဒၚမီမီဝင္းဘတ္။ ။ အဲဒီဟာအတြက္ကေတာ့ အရမ္းအေရးႀကီးတယ္။ ဒါ တည္ၿငိမ္မႈ ရႏိုင္ဖို႔အတြက္ အရမ္းအေရးႀကီးတယ္။ ဒါေပမယ့္လည္း သူ တက္လာတယ္ဆိုတာနဲ႔ ခ်က္ခ်င္း ဒီတည္ၿငိမ္မႈေတြက ရလာမွာမဟုတ္ဘူး အဲဒီဥစၥာအမ်ားႀကီးပဲ အန္တီတို႔ အေမရိကားမွာ လူထုေတြ အားလံုး လူတိုင္းလုိလုိပဲ ဒီဟာကို ႀကိဳးစားၿပီးေတာ့ လုပ္ရမယ္ ။ ဒါေပမယ့္လည္း ဒီဟာက Symbolic လို႔ေျပာရမလား ။ အရမ္းအေရးႀကီးတဲ့ တိုးတက္မႈ တခုပါ။
မခင္ျဖဴေထြး။ ။ ဟုတ္ကဲ့ ဒီေနရာမွာ Kamala Harris အေၾကာင္ကို နည္းနည္းေလာက္ ေျပာျပေပးေစခ်င္ပါတယ္။ ဂ်ာေမကာ ႏိုင္ငံကေန ေရႊ႕ေျပာင္းလာတဲ့ ဖခင္နဲ႔ အိႏိၵယ ႏိုင္ငံကေန ေျပာင္းေရႊ႕လာတဲ့ မိခင္ ၊ ဒီလို ေရႊ႕ေျပာင္းမိဘ ႏွစ္ပါးကေန ေပါက္ဖြားလာတဲ့ လူတေယာက္ဆိုေတာ့ေလ သူက ဘယ္လို အမ်ိဳးသမီးတေယာက္ျဖစ္တယ္ ၊ ဒီလိုအေျခအေနကို ေရာက္လာဖို႔အတြက္ သူ ဘယ္လို ျဖတ္သန္းရုန္းကန္ ခဲ့တယ္ဆိုတာကိုလည္း နည္းနည္းေလာက္ေျပာျပေပးပါ။
ေဒၚမီမီဝင္းဘတ္။ ။ Kamala Harris ရဲ႕ Story ကေတာ့ အေမရိကန္ Story လို႔ေျပာလို႔ရတာေပါ့ေနာ္။ သူ႔ရဲ႔ မိဘေတြက တျခားႏိုင္ငံကေန ေရႊ႕ေျပာင္းၿပီးေတာ့ အေမရိကန္ကို လာတယ္။ သူ႔အေဖကေတာ့ Scholar ေပါေ့နာ္ ပါေမာကၡတေယာက္ျဖစ္တယ္၊ သူ႔အေမကေတာ့ သိပၸံပညာရွင္တေယာက္ျဖစ္တယ္။ ၿပီးေတာ့ အေမရိကန္ ကိုလာတယ္။ သူတို႔ ဒီမွာ ေတြ႔ၿပီးေတာ့ အိမ္ေထာင္က်ၿပီးေတာ့ သမီ ၂ ေယာက္ကို ရတယ္ေပါ့ေနာ္ ၊ Kamala နဲ႔ သူ႔ရဲ႕ ညီမေလးတေယာက္ ရွိတယ္။ ဆိုေတာ့ Kamala Harris ရဲ႕ Story ကေတာ့ အေမရိကန္ Story ပဲ ဒါက ဘာျဖစ္လို႔လဲဆိုေတာ့ အေမရိကန္မွာ မ်ားေသာအားျဖင့္ ႏိုင္ငံတကာက ေရႊ႕ေျပာင္းလာတဲ့ ဒီမွာလာၿပီးေတာ့ ေနတဲ့သူေတြ မ်ားတဲ့ ႏိုင္ငံတခုျဖစ္တယ္ေပါေ့နာ္။ ေနာက္တခုကေတာ့ Kamala Harris ကိုယ္တိုင္ကလည္း ေတာ္ေတာ္ ထက္ထက္ျမက္ျမက္ စြမ္းေဆာင္ရွင္တဦးျဖစ္တယ္။ ေနာက္ၿပီးေတာ့ သူက အထက္လႊတ္ေတာ္အမတ္တေယာက္ ျဖစ္တယ္။ ၿပီးေတာ့ မျဖစ္ခင္မွာ California မွာ အျမင့္ဆံုး တရားေရးဥပေဒ အရာရွိတေယာက္ ျဖစ္လာတယ္။ ဆိုေတာ့ေလ သူကလည္း အရမ္းထက္ျမက္တဲ့ စိတ္ခိုင္မာတဲ့ အမ်ိဳးသမီးတဦးျဖစ္ပါတယ္။ ဆိုေတာ့ ဒီ Vice President လုပ္ဖို႔ သူက Ready ပဲ၊ Vice President လုပ္ဖို႔ သူက Qualify အမ်ားႀကီးျဖစ္ပါတယ္။
မခင္ျဖဴေထြး။ ။ အရည္အခ်င္းျပည့္၀တယ္လို႔ ေျပာရမွာေပါ့ေနာ္ ဒီမတိုင္ခင္ကလည္း သူျဖတ္သန္းခဲ့တဲ့ အထဲမွာဆိုရင္ သူ လူမႈ တရားမွ်တမႈေတြအတြက္လည္း အမ်ားႀကီးလုပ္ခဲ့တယ္ဆိုတာမ်ိဳး သူ႔သမိုင္း ေၾကာင္းကို ျပန္ၾကည့္ရင္ေလ။
ေဒၚမီမီဝင္းဘတ္။ ။ ဟုတ္တယ္ သူ႔ရဲ႕ ဒီဥစၥာေတြက အျမဲတမ္း လူမႈေရး မွ်တမႈနဲ႔ ပတ္သက္ၿပီးေတာ့ အျမဲတမ္း ဦးေဆာင္လာတဲ့သူတေယာက္ေပါေ့နာ္။
မခင္ျဖဴေထြး။ ။ ဟုတ္ကဲ့ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ရွင္ အခုလို အခ်ိန္ေပးၿပီး ေျဖၾကားေပးတဲ့အတြက္။
.....................
(Unicode)
အမေရိကန်ပြည်ထောင်စုမှာ သမ္မတ ရွေးကောက်ပွဲ နောက်ဆုံး မဲရလဒ်တွေကို တရားဝင် ထုတ်ပြန် မကြေညာရသေးပေမဲ့လို့၊ ဒီမိုကရက်တစ်ပါတီ သမ္မတ လောင်း ဂျိုးဘိုင်ဒန်က အနိုင်ရဖို့ သေချာတဲ့ ထောက်ခံမဲအရေအတွက် ရထားပြီးဖြစ်သလို၊ မစ္စတာ ဘိုင်ဒန် ကိုယ်တိုင်ကလည်း စနေနေ့ညက အနိုင်ရမိန့်ခွန်း ပြောကြား ခဲ့ပါတယ်။ သူနဲ့အတူ ဒုသမ္မတအဖြစ် တာဝန်ထမ်းဆောင်ဖို့ရှိနေတဲ့ Kamala Harris ကတော့ အမေရိကန်သမိုင်းမှာ ပထမဆုံး အမျိုးသမီး ဒု သမ္မတဖြစ်လာမယ့်သူပါ။ ဒီအခြေအနေက အမေရိကန်သမိုင်းမှာ ဘယ်လောက်အထိ ထူးခြားပါသလဲ။ ဒုသမ္မတဖြစ်လာဖို့ သေချာနေပြီဖြစ်တဲ့ Kamala Harris အကြောင်းနဲ့ပတ်သက်လို့ ဟာဝိုင်အီအခြေစိုက် Asia-Pacific Center for Security Studies (APCSS) လုံခြုံရေးဘာသာရပ်ဆိုင်ရာ အာရှ-ပစိဖိတ်စင်တာက ပါမောက္ခ ဒေါ်မီမီဝင်းဘတ်ကို မခင်ဖြူထွေးက Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
မခင်ဖြူထွေး။ ။ အခုဒီ အမေရိကန် ဒုသမ္မတ ဖြစ်ဖို့ သေချာနေပြီဖြစ်တဲ့ Kamala Harris ဟာဆိုရင် အမေရိကန် ပြည်ထောင်စုမှာတော့ ပထမဦးဆုံး အမျိုးသမီး ဒုသမ္မတ ဖြစ်တဲ့အပြင် ဒါ လူဖြူမဟုတ်တဲ့ အသားအရောင်ကွဲပြားတဲ့ အမျိုးသမီး ဒုသမ္မတ တယောက်ဖြစ်လာမှာပေါ့နော် ဆိုတဲ့အခါကျတော့ ဒါက အမေရိကန် ပြည်ထောင်စုသမိုင်းမှာ ဘယ်လောက်ထိ ထူးခြားတယ်လို့ ပြောလို့ရပါမလဲရှင့်။
ဒေါ်မီမီဝင်းဘတ်။ ။ ဒါကတော့ အရမ်းထူးခြားတာပေါ့နော် ဘာလို့လဲဆိုတော့ ဒါက ပထမဦးဆုံး အမျိုးသမီးတယောက် အမြင့်ဆုံး Highest Office အမေရိကန်နိုင်ငံမှာပေါ့နော် အမျိုးသမီး ဝင်နိုင်တယ်ဆိုတာ အရမ်းထူးခြားတာ ။ နောက်ပြီးတော့လည်း တိုက်တိုက်ဆိုင်ဆိုင် ဒီနှစ်က အမျိုးသမီးများရဲ့ မဲပေးဖို့ အခွင့်အရေး ရခဲ့တာ နှစ် ၁၀၀ ပြည့်နှစ်ပါပဲ။ ဆိုတော့ အဲဒီ အမေရိကန်အမျိုးသမီးတွေက နှစ် ၁၀၀ ကျော်ကျော် ဒီလိုမျိုး တိုက်တွန်းပြီးတော့ ကြိုးစားလာရတာ အခုမှ ပထမဦးဆုံး နိုင်ငံရေးနဲ့ ပတ်သက်ပြီး အမြင့်ဆုံး office တခုကို အမြင့်ဆုံး position ကိုရောက်လာတာပေါ့နော် ဆိုတော့ အဲဒါ အရမ်းထူးခြားတယ်။ ဒါပေမယ့်လည်း ပိုပြီးတောင်မှ ထူးခြားသွားတာက ဒီအမျိုးသမီးအတွက်ကျတော့ သူက အဖြူမဟုတ်တဲ့ အမျိုးသမီး ၊ သူ့အဖေအမေတွေက တခြားနိုင်ငံကနေ ရွှေ့ပြောင်းလာတဲ့လူတွေ ဆိုတော့ ပိုပြီးတောင်မှ ထူးခြား တာပေါ့နော်။ ထူးဆန်းတယ်လို့ ပြောလို့ရပါတယ်။
မခင်ဖြူထွေး။ ။ ဟုတ်ကဲ့ အမေရိကန် မှာ ပြောတာရှိတယ်လေ အမေရိကန် ပြည်ထောင်စုက နေရာပေါင်းစုံက လာတဲ့သူတွေ စုပြီးတော့မှ ကိုယ့်အိမ်မက်တွေကို တကယ်ပဲ အကောင်အထည်ဖော် ခွင့်ရတဲ့ နိုင်ငံလို့ ပြောကြတာကို American Dream ဆိုတာ ရှိတယ်မဟုတ်လား။ ဆိုတော့ ဒါက အဲဒါကို သက်သေပြတဲ့ သဘောတော့ ရောက်သွားတာပေါ့နော်။
ဒေါ်မီမီဝင်းဘတ်။ ။ ဒါကြောင့်မို့လို့ ဒီမိုကရေစီဆိုတာ representative ၊ နောက်ပြီးတော့လည်း အမေရိကန်ရဲ့ အားသာချက်ပေါ့နော်။ အမေရိကန် မှာ ဒီလောက် တိုးတက်ခြင်းဖြစ်တာက ဒီ Diversity ၊ လူတွေအများကြီး အမျိုးစုံလာပြီးတော့ စုပြီးတော့ တခါတည်း ပူးပေါင်းပြီးတော့ အတူတကွလုပ်တဲ့အခါကျတော့ အဲဒါကြောင့် အဲဒီဥစ္စာကတော့ အမေရိကန်ရဲ့ Strength အမေရိကန်ရဲ့ အရမ်းတန်ဖိုးရှိတဲ့ Value တခုပဲ ဖြစ်ပါတယ်။
မခင်ဖြူထွေး။ ။ အခုကလေ အမေရိကန် ပြည်ထောင်စုမှာ ကြည့်လို့ရှိရင် နိုင်ငံရေးမှာဆိုရင် ပြီးခဲ့တဲ့ နှစ်က တော်တေ်ာလေးကို လူမျိုးရေးအရ တင်းမာမှုတွေ ၊ အဓိကရုဏ်းတွေ တော်တော်လေးရှိခဲ့တယ်ဆိုတော့ အခု ကိုယ်တိုင်က အသားအရောင်မတူတဲ့ လူဖြူမဟုတ်တဲ့ အမျိုးသမီးတယောက်လည်း ဖြစ်တဲ့ Kamala Harris အနေနဲ့ ထိပ်တန်း တာဝန်တခုကို ရလာပြီဆိုတဲ့အခါကျတော့ တိုင်းပြည်အတွက်ရော ကွဲပြားမှုတွေကို ပြန်ပြီးတော့ ထိန်းညှိနိုင်မယ့် အနေအထားမျိုးပေါ့နော် ပိုပြီးတော့ မျှော်လင့်လို့ ရနိုင်မလားရှင့်။
ဒေါ်မီမီဝင်းဘတ်။ ။ အဲဒီဟာအတွက်ကတော့ အရမ်းအရေးကြီးတယ်။ ဒါ တည်ငြိမ်မှု ရနိုင်ဖို့အတွက် အရမ်းအရေးကြီးတယ်။ ဒါပေမယ့်လည်း သူ တက်လာတယ်ဆိုတာနဲ့ ချက်ချင်း ဒီတည်ငြိမ်မှုတွေက ရလာမှာမဟုတ်ဘူး အဲဒီဥစ္စာအများကြီးပဲ အန်တီတို့ အမေရိကားမှာ လူထုတွေ အားလုံး လူတိုင်းလိုလိုပဲ ဒီဟာကို ကြိုးစားပြီးတော့ လုပ်ရမယ် ။ ဒါပေမယ့်လည်း ဒီဟာက Symbolic လို့ပြောရမလား ။ အရမ်းအရေးကြီးတဲ့ တိုးတက်မှု တခုပါ။
မခင်ဖြူထွေး။ ။ ဟုတ်ကဲ့ ဒီနေရာမှာ Kamala Harris အကြောင်ကို နည်းနည်းလောက် ပြောပြပေးစေချင်ပါတယ်။ ဂျာမေကာ နိုင်ငံကနေ ရွှေ့ပြောင်းလာတဲ့ ဖခင်နဲ့ အိန္ဒိယ နိုင်ငံကနေ ပြောင်းရွှေ့လာတဲ့ မိခင် ၊ ဒီလို ရွှေ့ပြောင်းမိဘ နှစ်ပါးကနေ ပေါက်ဖွားလာတဲ့ လူတယောက်ဆိုတော့လေ သူက ဘယ်လို အမျိုးသမီးတယောက်ဖြစ်တယ် ၊ ဒီလိုအခြေအနေကို ရောက်လာဖို့အတွက် သူ ဘယ်လို ဖြတ်သန်းရုန်းကန် ခဲ့တယ်ဆိုတာကိုလည်း နည်းနည်းလောက်ပြောပြပေးပါ။
ဒေါ်မီမီဝင်းဘတ်။ ။ Kamala Harris ရဲ့ Story ကတော့ အမေရိကန် Story လို့ပြောလို့ရတာပေါ့နော်။ သူ့ရဲ့ မိဘတွေက တခြားနိုင်ငံကနေ ရွှေ့ပြောင်းပြီးတော့ အမေရိကန်ကို လာတယ်။ သူ့အဖေကတော့ Scholar ပေါေ့နာ် ပါမောက္ခတယောက်ဖြစ်တယ်၊ သူ့အမေကတော့ သိပ္ပံပညာရှင်တယောက်ဖြစ်တယ်။ ပြီးတော့ အမေရိကန် ကိုလာတယ်။ သူတို့ ဒီမှာ တွေ့ပြီးတော့ အိမ်ထောင်ကျပြီးတော့ သမီ ၂ ယောက်ကို ရတယ်ပေါ့နော် ၊ Kamala နဲ့ သူ့ရဲ့ ညီမလေးတယောက် ရှိတယ်။ ဆိုတော့ Kamala Harris ရဲ့ Story ကတော့ အမေရိကန် Story ပဲ ဒါက ဘာဖြစ်လို့လဲဆိုတော့ အမေရိကန်မှာ များသောအားဖြင့် နိုင်ငံတကာက ရွှေ့ပြောင်းလာတဲ့ ဒီမှာလာပြီးတော့ နေတဲ့သူတွေ များတဲ့ နိုင်ငံတခုဖြစ်တယ်ပေါေ့နာ်။ နောက်တခုကတော့ Kamala Harris ကိုယ်တိုင်ကလည်း တော်တော် ထက်ထက်မြက်မြက် စွမ်းဆောင်ရှင်တဦးဖြစ်တယ်။ နောက်ပြီးတော့ သူက အထက်လွှတ်တော်အမတ်တယောက် ဖြစ်တယ်။ ပြီးတော့ မဖြစ်ခင်မှာ California မှာ အမြင့်ဆုံး တရားရေးဥပဒေ အရာရှိတယောက် ဖြစ်လာတယ်။ ဆိုတော့လေ သူကလည်း အရမ်းထက်မြက်တဲ့ စိတ်ခိုင်မာတဲ့ အမျိုးသမီးတဦးဖြစ်ပါတယ်။ ဆိုတော့ ဒီ Vice President လုပ်ဖို့ သူက Ready ပဲ၊ Vice President လုပ်ဖို့ သူက Qualify အများကြီးဖြစ်ပါတယ်။
မခင်ဖြူထွေး။ ။ အရည်အချင်းပြည့်ဝတယ်လို့ ပြောရမှာပေါ့နော် ဒီမတိုင်ခင်ကလည်း သူဖြတ်သန်းခဲ့တဲ့ အထဲမှာဆိုရင် သူ လူမှု တရားမျှတမှုတွေအတွက်လည်း အများကြီးလုပ်ခဲ့တယ်ဆိုတာမျိုး သူ့သမိုင်း ကြောင်းကို ပြန်ကြည့်ရင်လေ။
ဒေါ်မီမီဝင်းဘတ်။ ။ ဟုတ်တယ် သူ့ရဲ့ ဒီဥစ္စာတွေက အမြဲတမ်း လူမှုရေး မျှတမှုနဲ့ ပတ်သက်ပြီးတော့ အမြဲတမ်း ဦးဆောင်လာတဲ့သူတယောက်ပေါေ့နာ်။
မခင်ဖြူထွေး။ ။ ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ်ရှင် အခုလို အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက်။