သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Biden ကို ဂုဏ္ျပဳလိုက္တဲ့ ကုလအတြင္းေရးမွဴးခ်ဳပ္ ကန္နဲ႔ ကုလ ဆက္ဆံေရး အေရးပါေၾကာင္း ေျပာၾကား


ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္ Antonio Guterres

(Zawgyi/Unicode)

ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္ Antonio Guterres က ေနာက္တက္လာမယ့္ သမၼတအျဖစ္ Joe Biden နဲ႔ ဒုသမၼတအျဖစ္ Kamala Harris တို႔ကို တနလၤာေန႔မွာ ဂုဏ္ျပဳႀကိဳဆိုလိုက္ေၾကာင္း အတြင္းေရးမွဴးခ်ဳပ္ရံုး ေျပာခြင့္ရ Stephane Dujarric က တနလၤာေန႔ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာပါတယ္။

ဒီမိုကေရစီေဖၚေဆာင္တဲ့ ေရြးေကာက္ပြဲကို ေအာင္ေအာင္ျမင္ျမင္က်င္းပခဲ့တဲ့ အေမရိကန္ ျပည္သူေတြကို ဂုဏ္ျပဳေၾကာင္းနဲ႔ ဂ်ိဳးဘိုင္ဒန္နဲ႔ Kamala Harris တို႔ ကို အတြင္းေရးမႈးခ်ဳပ္က ဂုဏ္ျပဳႀကိဳဆိုေၾကာင္း ေျပာသြားတာပါ။

ဒါ့အျပင္ ကုသမဂၢနဲ႔ အေမရိကန္ျပည္ေထာင္စုတို႔ၾကား ခိုင္ခိုင္မာမာ လက္တြဲေဆာင္ရြက္ေရးဟာ ကမာၻတလႊား လက္ရွိရင္ဆိုင္ေနရတဲ့ စိန္ေခၚမႈေတြအတြက္ ႏိုင္ငံတကာရဲ႕ ပူုးေပါင္းေဆာင္ရြက္မႈမွာ သိပ္အေရးပါေၾကာင္းလည္း ေျပာပါတယ္။

၂၀၁၆ ဇန္နဝါရီလ သမၼတ ေဒၚနယ္ထရမ့္တက္မလာခင္ သီတင္း ၃ ပတ္အလိုမွာ ကုလသမဂၢရဲ့ အတြင္းေရးမွဴး ခ်ဳပ္ ရာထူးမွာ တာဝန္ထမ္းေဆာင္ခဲ့တဲ့ Guterres အတြက္ ကုလသမဂၢရဲ့ အႀကီးဆံုးအလွဴရွင္ျဖစ္တဲ့ အေမရိကန္ရဲ့ သမၼတနဲ႔ ဆက္ဆံေရး ေကာင္းမြန္ေအာင္ လုပ္ဖို႔ အဆင္မေျပပဲ ျဖစ္ေနတာပါ။

သမၼတထရမ့္ဟာ ကုလသမဂၢအဖြဲ႔အစည္းေတြအတြက္ ခ်ထားေပးတဲ့ ရန္ပံုေငြ ေဒၚလာ သန္းရာေပါင္းမ်ားစြာကို ျဖတ္ေတာက္ခဲ့တာပါ။ ဒီအထဲမွာ ပါလက္စတုိင္း ဒုကၡသည္ ၅ သန္းခြဲေက်ာ္ကို အကူညီေပးေနတဲ့ ကုလသမဂၢ ကူညီကယ္ဆယ္ေရး (UNRWA) အဖြဲ႔ရဲ့ ရန္ပံုေငြကို ၂၀၁၈ မွာ ေဒၚလာသန္း ၃၀၀ ျဖတ္ေတာက္ခဲ့ၿပီး ၂၀၁၉ မွာေတာ့ လံုးဝ မေပးပဲထားခဲ့တာ ျဖစ္ပါတယ္။

အခုလည္း WHO အဖြဲ႔ ဝင္အျဖစ္ကေန ႏုတ္ထြက္ဖို႔လည္း စီစဥ္ေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.........

Biden ကို ဂုဏ်ပြုလိုက်တဲ့ ကုလအတွင်းရေးမှူးချုပ် ကန်နဲ့ ကုလ ဆက်ဆံရေး အရေးပါကြောင်း ပြောကြား

(Unicode)

ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres က နောက်တက်လာမယ့် သမ္မတအဖြစ် Joe Biden နဲ့ ဒုသမ္မတအဖြစ် Kamala Harris တို့ကို တနင်္လာနေ့မှာ ဂုဏ်ပြုကြိုဆိုလိုက်ကြောင်း အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က တနင်္လာနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီမိုကရေစီဖေါ်ဆောင်တဲ့ ရွေးကောက်ပွဲကို အောင်အောင်မြင်မြင်ကျင်းပခဲ့တဲ့ အမေရိကန် ပြည်သူတွေကို ဂုဏ်ပြုကြောင်းနဲ့ ဂျိုးဘိုင်ဒန်နဲ့ Kamala Harris တို့ ကို အတွင်းရေးမှုးချုပ်က ဂုဏ်ပြုကြိုဆိုကြောင်း ပြောသွားတာပါ။

ဒါ့အပြင် ကုသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စုတို့ကြား ခိုင်ခိုင်မာမာ လက်တွဲဆောင်ရွက်ရေးဟာ ကမ္ဘာတလွှား လက်ရှိရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေအတွက် နိုင်ငံတကာရဲ့ ပူုးပေါင်းဆောင်ရွက်မှုမှာ သိပ်အရေးပါကြောင်းလည်း ပြောပါတယ်။

၂၀၁၆ ဇန်နဝါရီလ သမ္မတ ဒေါ်နယ်ထရမ့်တက်မလာခင် သီတင်း ၃ ပတ်အလိုမှာ ကုလသမဂ္ဂရဲ့ အတွင်းရေးမှူး ချုပ် ရာထူးမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ Guterres အတွက် ကုလသမဂ္ဂရဲ့ အကြီးဆုံးအလှူရှင်ဖြစ်တဲ့ အမေရိကန်ရဲ့ သမ္မတနဲ့ ဆက်ဆံရေး ကောင်းမွန်အောင် လုပ်ဖို့ အဆင်မပြေပဲ ဖြစ်နေတာပါ။

သမ္မတထရမ့်ဟာ ကုလသမဂ္ဂအဖွဲ့အစည်းတွေအတွက် ချထားပေးတဲ့ ရန်ပုံငွေ ဒေါ်လာ သန်းရာပေါင်းများစွာကို ဖြတ်တောက်ခဲ့တာပါ။ ဒီအထဲမှာ ပါလက်စတိုင်း ဒုက္ခသည် ၅ သန်းခွဲကျော်ကို အကူညီပေးနေတဲ့ ကုလသမဂ္ဂ ကူညီကယ်ဆယ်ရေး (UNRWA) အဖွဲ့ရဲ့ ရန်ပုံငွေကို ၂၀၁၈ မှာ ဒေါ်လာသန်း ၃၀၀ ဖြတ်တောက်ခဲ့ပြီး ၂၀၁၉ မှာတော့ လုံးဝ မပေးပဲထားခဲ့တာ ဖြစ်ပါတယ်။

အခုလည်း WHO အဖွဲ့ ဝင်အဖြစ်ကနေ နုတ်ထွက်ဖို့လည်း စီစဉ်နေတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG