သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရြးေကာက္ပဲြ မဲလိမ္မႈ စံုစမ္းဖို႔ ကန္ေရွ႕ေနခ်ဳပ္ခြင့္ျပဳမိန္႔ ထုတ္ျပန္


အေမရိကန္ ေရွ႕ေနခ်ဳပ္ Bill Barr ။ (စက္တင္ဘာ ၀၉၊ ၂၀၂၀)

[Zawgyi/Unicode]

ၿပီးခဲ့တဲ့ အပတ္ထဲ က်င္းပခဲ့တဲ့ အေမရိကန္ ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္ၿပီး ပုံမွန္မဟုတ္တဲ့ မဲေပးမႈေတြ ရွိခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြကို စုံစမ္းစစ္ေဆးဖို႔ အေမရိကန္ ေရွ႕ေနခ်ဳပ္ Bill Barr က ျပည္ေထာင္စုတရားရံုးေရွ႕ေနေတြကို ခြင့္ျပဳမိန္႔ထုတ္ျပန္ေပးလိုက္ပါတယ္။ ဒီခြင့္ျပဳမိန္႔ကို Barr က တနလၤာေန႔က ထုတ္ျပန္ခဲ့တာျဖစ္ၿပီး မီဒီယာေတြက ရရွိတဲ့ မိတၱဴမွာေတာ့ ဘယ္လို မဲမသမာမႈေတြ ရွိတယ္ဆိုတာကို တိတိက်က်ေဖာ္ျပထားတာ မရွိပါဘူး။

အဲဒီအမိန္႔စာမွာ မဲေပးတာနဲ႔ ပတ္သက္လို႔ မမွန္မကန္ ျပဳလုပ္ခဲ့ေၾကာင္း ယုံၾကည္ရေလာက္တဲ့ စြပ္စြဲခ်က္ေတြ ထင္ရွားရင္ စစ္ေဆးပိုင္ခြင့္ရွိတယ္လို႔ပါရွိၿပီး အဲဒီလို လုပ္ခဲ့တာမွန္ကန္ရင္ ျပည္နယ္တခုခ်င္းစီက ေ႐ြးေကာက္ပြဲရလဒ္ေတြအေပၚ ထိခိုက္ႏိုင္ေျခရွိတယ္လို႔လည္း ေဖာ္ျပထားပါတယ္။ မူလက ရွိထားတဲ့ တရားေရးဌာနမူဝါဒက ျပည္နယ္တခုခ်င္းစီက ေ႐ြးေကာက္ပြဲဆိုင္ရာ တာဝန္ရွိသူေတြက အာမခံမွသာ ဒီလို စုံစမ္းစစ္ေဆးမႈေတြကို ျပဳလုပ္ခြင့္ရွိတာပါ။ ဒါကလည္း ေ႐ြးေကာက္ပြဲရလဒ္ေတြနဲ႔ ပတ္သက္လို႔ ဗဟိုအစိုးရက ၾကားဝင္စြက္ဖက္မႈ မရွိေစေရးအတြက္ ဟန္႔တားထားတာျဖစ္ပါတယ္။

ဒီလို ေရွ႕ေနခ်ဳပ္ရဲ႕ ခြင့္ျပဳမိန္႔ ထုတ္ျပန္လိုက္တာေၾကာင့္ ေ႐ြးေကာက္ပြဲရာဇဝတ္မႈဆိုင္ရာ ကိစၥေတြမွာ တာဝန္ယူရတဲ့ တရားေရးဌာန တာဝန္ရွိသူ Richard Pilger က ရာထူးကႏုတ္ထြက္မယ္လို႔ တနလၤာေန႔တုန္းက သူ႔ရဲ႕လုပ္ေဖာ္ကိုင္ဘက္ေတြကို အီးေမးလ္ေရးသားေပးပို႔ခဲ့ပါတယ္။

ျပည္နယ္ေတြအေနနဲ႔ မဲျပန္ေရတြက္တာ၊ ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္တဲ့ တရားစြဲဆိုမႈေတြေျဖရွင္းတာေတြကို ဒီဇင္ဘာလ ၈ ရက္ေန႔အထိ ေဆာင္႐ြက္ႏိုင္ပါတယ္။ ဒီေနာက္ ဒီဇင္ဘာလ ၁၄ ရက္ေန႔မွာ သမၼတေ႐ြးခ်ယ္ေရးအဖြဲ႕က သမၼတ အျဖစ္အႏိုင္ရသူကို တရားဝင္ေ႐ြးခ်ယ္ ေၾကညာေပးသြားမွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရွေးကောက်ပွဲ မဲလိမ်မှု စုံစမ်းဖို့ ကန်ရှေ့နေချုပ်ခွင့်ပြုမိန့်ထုတ်ပြန်

ပြီးခဲ့တဲ့ အပတ်ထဲ ကျင်းပခဲ့တဲ့ အမေရိကန် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပုံမှန်မဟုတ်တဲ့ မဲပေးမှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ အမေရိကန် ရှေ့နေချုပ် Bill Barr က ပြည်ထောင်စုတရားရုံးရှေ့နေတွေကို ခွင့်ပြုမိန့်ထုတ်ပြန်ပေးလိုက်ပါတယ်။ ဒီခွင့်ပြုမိန့်ကို Barr က တနင်္လာနေ့က ထုတ်ပြန်ခဲ့တာဖြစ်ပြီး မီဒီယာတွေက ရရှိတဲ့ မိတ္တူမှာတော့ ဘယ်လို မဲမသမာမှုတွေ ရှိတယ်ဆိုတာကို တိတိကျကျဖော်ပြထားတာ မရှိပါဘူး။

အဲဒီအမိန့်စာမှာ မဲပေးတာနဲ့ ပတ်သက်လို့ မမှန်မကန် ပြုလုပ်ခဲ့ကြောင်း ယုံကြည်ရလောက်တဲ့ စွပ်စွဲချက်တွေ ထင်ရှားရင် စစ်ဆေးပိုင်ခွင့်ရှိတယ်လို့ပါရှိပြီး အဲဒီလို လုပ်ခဲ့တာမှန်ကန်ရင် ပြည်နယ်တခုချင်းစီက ရွေးကောက်ပွဲရလဒ်တွေအပေါ် ထိခိုက်နိုင်ခြေရှိတယ်လို့လည်း ဖော်ပြထားပါတယ်။ မူလက ရှိထားတဲ့ တရားရေးဌာနမူဝါဒက ပြည်နယ်တခုချင်းစီက ရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိသူတွေက အာမခံမှသာ ဒီလို စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်ခွင့်ရှိတာပါ။ ဒါကလည်း ရွေးကောက်ပွဲရလဒ်တွေနဲ့ ပတ်သက်လို့ ဗဟိုအစိုးရက ကြားဝင်စွက်ဖက်မှု မရှိစေရေးအတွက် ဟန့်တားထားတာဖြစ်ပါတယ်။

ဒီလို ရှေ့နေချုပ်ရဲ့ ခွင့်ပြုမိန့် ထုတ်ပြန်လိုက်တာကြောင့် ရွေးကောက်ပွဲရာဇဝတ်မှုဆိုင်ရာ ကိစ္စတွေမှာ တာဝန်ယူရတဲ့ တရားရေးဌာန တာဝန်ရှိသူ Richard Pilger က ရာထူးကနုတ်ထွက်မယ်လို့ တနင်္လာနေ့တုန်းက သူ့ရဲ့လုပ်ဖော်ကိုင်ဘက်တွေကို အီးမေးလ်ရေးသားပေးပို့ခဲ့ပါတယ်။

ပြည်နယ်တွေအနေနဲ့ မဲပြန်ရေတွက်တာ၊ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ တရားစွဲဆိုမှုတွေဖြေရှင်းတာတွေကို ဒီဇင်ဘာလ ၈ ရက်နေ့အထိ ဆောင်ရွက်နိုင်ပါတယ်။ ဒီနောက် ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ သမ္မတရွေးချယ်ရေးအဖွဲ့က သမ္မတ အဖြစ်အနိုင်ရသူကို တရားဝင်ရွေးချယ် ကြေညာပေးသွားမှာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG