သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အသြင္ကူးေျပာင္းေရး အႀကံေပးမ်ားနဲ႔ Joe Biden ေတြ႔ဆံု


(Zawgyi/Unicode)
အေမရိကန္ သမၼတ ေရြးေကာက္ပြဲမွာ အနိုင္ရသူအျဖစ္ သတ္မွတ္ခံထားရသူ Joe Biden က ဗုဒၶဟူးေန႔မွာ အသြင္ကူးေျပာင္း ေရးဆိုင္ရာ အႀကံေပး အဖြဲ႕ဝင္ေတြနဲ႔ ေတြ႕ဆုံပါတယ္။ ေနာက္ႏွစ္ ဇန္နဝါရီလ ၂၀ ရက္ေန႔ က်မ္းသစၥာ က်ိန္ဆိုအၿပီးမွာ အေမရိကန္ အစိုးရ အာဏာ ကို လႊဲေျပာင္းရယူနိုင္ေရး စီစဥ္ ေဆာင္ရြက္ေနတာလည္း ျဖစ္ပါတယ္။

အေမရိကန္အစိုးရဝန္ႀကီးဌာနနဲ႔ ေအဂ်င္စီေတြရဲ့ လတ္တေလာ လုပ္ငန္းေဆာင္တာေတြနဲ႔ ပတ္သက္ၿပီး ေလ့လာၾကည့္ရႈဖို႔ အႀကံေပး ပုဂၢိဳလ္ ေတာ္ေတာ္မ်ားမ်ားကို Joe Biden က ခန္႔အပ္ထားၿပီး ျဖစ္ပါတယ္။

အေရးပါတဲ့ ရာထူးတစ္ခ်ိဳ႕ ခန္႔အပ္မႈကို နိုဝင္ဘာလ ၂၆ ရက္ေန႔ ေက်းဇူးေတာ္ေန႔ မတိုင္ခင္ ေၾကညာနိုင္လိမ့္မယ္လို႔လည္း Joe Biden က အဂၤါေန႔က ေျပာပါတယ္။

သမၼတ ေဒၚနယ္ ထရမ့္ကေတာ့ ေရြးေကာက္ပြဲ ရႈံးနိမ့္ေၾကာင္း ဝန္ခံ ေျပာၾကားျခင္း မရွိေသးဘဲ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ခဲ့တဲ့ ျပည္နယ္ေတြက ေရြးေကာက္ပြဲ ရလဒ္ေတြနဲ႔ ပတ္သက္ၿပီး တရားရင္ဆိုင္ဖို႔ ေလၽွာက္ထားခ်က္ေတြ တင္ထား ပါတယ္။

ပုံမွန္မဟုတ္တဲ့ ဆႏၵမဲေပးတာနဲ႔ မဲေရတြက္မႈေတြေၾကာင့္ သူ ေရြးေကာက္ပြဲမွာ အနိုင္မရတာဆိုၿပီး ေျပာထားပါတယ္။ အခု အခ်ိန္ အထိ သမၼတထရမ့္ရဲ့ တရားစြဲဆိုေလၽွာက္ထားခ်က္ အားလုံးကို တရားသူႀကီးေတြက လက္မခံဘဲ ပယ္ခ်ထားပါတယ္။ ေနာက္ထပ္ အမ်ားအျပား စဥ္းစား ဆုံးျဖတ္ေပးဖို႔လည္း ရွိေနပါေသးတယ္။

ေလာေလာဆယ္ တရားဝင္ အတည္မျပဳရေသးတဲ့ မဲေရတြက္မႈေတြအရ Joe Biden က သမၼတ ေရြးခ်ယ္ေရးအဖြဲ႕ Electoral College အဖြဲ႕ဝင္ေတြရဲ့ မဲေပါင္း ၂၇၀ ေက်ာ္ကို အနိုင္ရရွိထားေၾကာင္း မီဒီယာေတြက ေျပာပါတယ္။

Joe Biden က အႀကိတ္အနယ္ ယွဥ္ၿပိဳင္ရတဲ့ Georgia နဲ႔ Arizona ျပည္နယ္ေတြမွာ ေလာေလာဆယ္​ဦးေဆာင္ေနတာ ျဖစ္ၿပီး အနိုင္ရ ေၾကာင္း ေနာက္ဆုံးအတည္ျပဳ မယ္ ဆိုရင္ သမၼတ ေရြးခ်ယ္ေရးအဖြဲ႕ရဲ့ မဲ ၃၀၆ မဲ - ၂၃၂ မဲ နဲ႔ အသာစီးရမွာ ျဖစ္ပါတယ္။

ၿဗိတိန္ ဝန္ႀကီးခ်ဳပ္ Boris Johnson၊ ျပင္သစ္ သမၼတ Emmanuel Macron နဲ႔ ဂ်ာမနီ ဝန္ႀကီးခ်ဳပ္ Angela Merkel အပါအဝင္ အေမရိကန္ရဲ့ ဥေရာပ က မဟာမိတ္နိုင္ငံေတြက ေခါင္းေဆာင္ေတြကေတာ့ Joe Biden ကို တယ္လီဖုန္းဆက္ၿပီး ခ်ီးက်ဴး ဂုဏ္ျပဳစကား ေျပာခဲ့ၾကၿပီး ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

အသွင်ကူးပြောင်းရေး အကြံပေးများနဲ့ Joe Biden တွေ့ဆုံ

(Unicode)
အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရသူအဖြစ် သတ်မှတ်ခံထားရသူ Joe Biden က ဗုဒ္ဓဟူးနေ့မှာ အသွင်ကူးပြောင်း ရေးဆိုင်ရာ အကြံပေး အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပါတယ်။ နောက်နှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ ကျမ်းသစ္စာ ကျိန်ဆိုအပြီးမှာ အမေရိကန် အစိုးရ အာဏာ ကို လွှဲပြောင်းရယူနိုင်ရေး စီစဉ် ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။

အမေရိကန်အစိုးရဝန်ကြီးဌာနနဲ့ အေဂျင်စီတွေရဲ့ လတ်တလော လုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်ပြီး လေ့လာကြည့်ရှုဖို့ အကြံပေး ပုဂ္ဂိုလ် တော်တော်များများကို Joe Biden က ခန့်အပ်ထားပြီး ဖြစ်ပါတယ်။

အရေးပါတဲ့ ရာထူးတစ်ချို့ ခန့်အပ်မှုကို နိုဝင်ဘာလ ၂၆ ရက်နေ့ ကျေးဇူးတော်နေ့ မတိုင်ခင် ကြေညာနိုင်လိမ့်မယ်လို့လည်း Joe Biden က အင်္ဂါနေ့က ပြောပါတယ်။

သမ္မတ ဒေါ်နယ် ထရမ့်ကတော့ ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်း ဝန်ခံ ပြောကြားခြင်း မရှိသေးဘဲ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့တဲ့ ပြည်နယ်တွေက ရွေးကောက်ပွဲ ရလဒ်တွေနဲ့ ပတ်သက်ပြီး တရားရင်ဆိုင်ဖို့ လျှောက်ထားချက်တွေ တင်ထား ပါတယ်။

ပုံမှန်မဟုတ်တဲ့ ဆန္ဒမဲပေးတာနဲ့ မဲရေတွက်မှုတွေကြောင့် သူ ရွေးကောက်ပွဲမှာ အနိုင်မရတာဆိုပြီး ပြောထားပါတယ်။ အခု အချိန် အထိ သမ္မတထရမ့်ရဲ့ တရားစွဲဆိုလျှောက်ထားချက် အားလုံးကို တရားသူကြီးတွေက လက်မခံဘဲ ပယ်ချထားပါတယ်။ နောက်ထပ် အများအပြား စဉ်းစား ဆုံးဖြတ်ပေးဖို့လည်း ရှိနေပါသေးတယ်။

လောလောဆယ် တရားဝင် အတည်မပြုရသေးတဲ့ မဲရေတွက်မှုတွေအရ Joe Biden က သမ္မတ ရွေးချယ်ရေးအဖွဲ့ Electoral College အဖွဲ့ဝင်တွေရဲ့ မဲပေါင်း ၂၇၀ ကျော်ကို အနိုင်ရရှိထားကြောင်း မီဒီယာတွေက ပြောပါတယ်။

Joe Biden က အကြိတ်အနယ် ယှဉ်ပြိုင်ရတဲ့ Georgia နဲ့ Arizona ပြည်နယ်တွေမှာ လောလောဆယ်ဦးဆောင်နေတာ ဖြစ်ပြီး အနိုင်ရ ကြောင်း နောက်ဆုံးအတည်ပြု မယ် ဆိုရင် သမ္မတ ရွေးချယ်ရေးအဖွဲ့ရဲ့ မဲ ၃၀၆ မဲ - ၂၃၂ မဲ နဲ့ အသာစီးရမှာ ဖြစ်ပါတယ်။

ဗြိတိန် ဝန်ကြီးချုပ် Boris Johnson၊ ပြင်သစ် သမ္မတ Emmanuel Macron နဲ့ ဂျာမနီ ဝန်ကြီးချုပ် Angela Merkel အပါအဝင် အမေရိကန်ရဲ့ ဥရောပ က မဟာမိတ်နိုင်ငံတွေက ခေါင်းဆောင်တွေကတော့ Joe Biden ကို တယ်လီဖုန်းဆက်ပြီး ချီးကျူး ဂုဏ်ပြုစကား ပြောခဲ့ကြပြီး ဖြစ်ပါတယ်။

XS
SM
MD
LG