သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲရှုံးနိမ့်မှု လက်မခံတဲ့အပေါ် သမ္မတ Trump ကို Joe Biden ဝေဖန်


ရွေးကောက်ခံ သမ္မတ Joe Biden။ (နိုဝင်ဘာ ၁၀၊ ၂၀၂၀)
ရွေးကောက်ခံ သမ္မတ Joe Biden။ (နိုဝင်ဘာ ၁၀၊ ၂၀၂၀)

[Zawgyi/Unicode]

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်တယ်ဆိုတာကို သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က လက်မခံတဲ့အပေါ် သူ့အနေနဲ့ မစိုးရိမ်ပေမဲ့ ဒါဟာ သမ္မတထရမ့်ပ်နဲ့ တိုင်းပြည်အတွက် အရှက်ရစရာပဲလို့ သူယူဆကြောင်း ရွေးကောက်ပွဲမှာ အနိုင်ရသူအဖြစ် ကြေညာထားတဲ့ Joe Biden က အင်္ဂါနေ့မှာပြောပါတယ်။

"ဒါက သမ္မတရဲ့ သမိုင်းမှတ်တမ်းအတွက် အထောက်အကူဖြစ်မယ်လို့ ကျနော်မထင်ပါဘူး။" ဆိုပြီး Delaware ပြည်နယ်၊ Wilmington မြို့မှာ မစ္စတာဘိုင်ဒန်က သတင်းထောက်တွေကို ပြောပါတယ်။ မစ္စတာဘိုင်ဒန်ဟာ အစိုးရအဖွဲ့တာဝန် လွှဲပြောင်းရယူဖို့နဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးတဲ့နောက် ပထမဆုံး ဘာတွေလုပ်မယ်ဆိုတာကို Delaware မြို့ကနေ အစီအစဉ်ချမှတ် ပြင်ဆင်နေတာပါ။

ရွေးကောက်ပွဲမှာ မစ္စတာဘိုင်ဒန် အနိုင်ရတယ်ဆိုတာကို ပြောင်းပစ်ဖို့ ကြိုးစားတဲ့အနေနဲ့ သမ္မတထရမ့်ပ်က ပြည်နယ်အများအပြားမှာ အမှုပေါင်း ၁၂ ခုကျော် တရားစွဲဆိုထားပါတယ်။ ဒါပေမယ့် မဲပေးတာမှာ ဒါမှမဟုတ် မဲရေတွက်တာမှာ မသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထားတွေ တင်ပြထားတာတော့ မရှိပါဘူး။

မစ္စတာဘိုင်ဒန်ကတော့ အစိုးရအဖွဲ့ အကူးအပြောင်းဆိုင်ရာ စတင်လုပ်ဆောင်နေပြီဖြစ်သလို ရှုံးနိမ့်ကြောင်းလက်ခံဖို့ သမ္မတထရမ့်ပ် ငြင်းဆန်နေတာက လက်ရှိလုပ်ဆောင်နေတာကို အပြောင်းအလဲဖြစ်စေမှာ မဟုတ်ဘူးလို့ဆိုပါတယ်။

လူပေါင်း ၂၃၈,၀၀၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအရေးကို ပထမဦးစားပေးအဖြစ် ကိုင်တွယ်လုပ်ဆောင်ဖို့ မစ္စတာဘိုင်ဒန်က ပြင်ဆင်နေပါတယ်။

သူ့အစိုးရအဖွဲ့မှာ ခန့်အပ်မယ့် အဓိက ရာထူးနေရာနှစ်ခုအတွက် လျာထားသူတွေကို နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ကျရောက်တဲ့ ကျေးဇူးတော်နေ့မတိုင်ခင်မှာ ကြေညာဖွယ်ရှိတယ်လို့ မစ္စတာဘိုင်ဒန်ကပြောပါတယ်။

ရွေးကောက်ပွဲရလဒ်တွေကို ငြင်းချက်ထုတ်ဖို့ ကြိုးစားနေတဲ့ သမ္မတထရမ့်ပ်ကတော့ အစိုးရအဖွဲ့ အလွှဲအပြောင်းကိစ္စတွေအတွက် မစ္စတာဘိုင်ဒန်ဘက်က တာဝန်ပေးထားသူတွေနဲ့ သူ့အစိုးရအဖွဲ့တာဝန်ရှိသူတွေ ပူးပေါင်းဆောင်ရွက်မှု မလုပ်ဖို့ ပြောထားပါတယ်။

ရွေးကောက်ပွဲရှုံးနိမ့်မှု လက်မခံတဲ့အပေါ် သမ္မတ Trump ကို Joe Biden ဝေဖန်
please wait

No media source currently available

0:00 0:01:37 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]

ရှေးကောကျပှဲရှုံးနိမ့ျမှု လကျမခံတဲ့အပေါျ သမ်မတ Trump ကို Joe Biden ဝဖေနျ








XS
SM
MD
LG