သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Georgia ပြည်နယ်မှာ မဲတွေ အသေးစိတ်ပြန်လည်ရေတွက်မည်

Georgia ပြည်နယ်တွင် မဲရေတွက်နေစဉ်
Georgia ပြည်နယ်တွင် မဲရေတွက်နေစဉ်

(Zawgyi/Unicode)
သမ္မတ ထရမ့်နဲ့ Joe Biden တို့ အကြား မဲကွာခြားမှု အနည်းငယ်သာ ရှိတဲ့ Georgia ပြည်နယ်က ရွေးကောက်ပွဲ ကျင်းပရေး ထိပ်တန်း တာဝန်ရှိသူတစ်ဦးက ပြည်နယ်အတွင်းက မဲတစ်မဲချင်းစီကို လူတွေကိုယ်တိုင် လက်နဲ့ အသေးစိတ်ပြန်လည်ရေတွက်ဖို့အမိန့်ထုတ်ပြန် လိုက်ပါတယ်။

ဆန္ဒမဲ စုစုပေါင်း ၅ သန်းနီးပါး ပေးအပ်ခဲ့တဲ့ Georgia ပြည်နယ်မှာ Joe Biden က သမ္မတ ထရမ့်အပေါ် မဲပေါင်း ၁၄,၁၁၂ မဲနဲ့ အသာစီး ရနေတာ ဖြစ်ပါတယ်။

Georgia ပြည်နယ်ရဲ့ ပြည်နယ် အတွင်းဝန်ဖြစ်သူ ရစ်ပတ်ဘလင်ကန် ပါတီက Brad Raffensperger က ဒီမိုကရက်နဲ့ ရစ်ပတ်ဘလင် ကန် နှစ်ပါတီစလုံးက စောင့်ကြည့်လေ့လာသူတွေကို မဲပြန်ရေတွက်ချိန်မှာ ဖိတ်ကြားကြည့်ရှုစေမယ်လို့ ပြောပါတယ်။

မဲတွေကို လူကိုယ်တိုင် ရေတွက်မှာ ဖြစ်သလို ကွန်ပြူတာထဲ ပုံရိပ် ရိုက်ကူး ထည့်သွင်းသွားမှာ ဖြစ်ပြီး မဲပြန်လည် ရေတွက်မှု နိုဝင်ဘာ ၂၀ ရက်နေ့ အရောက် ပြီးစီးမယ်လို့ ခန့်မှန်းထားပါတယ်။

လောလောဆယ် အမေရိကန်က မီဒီယာတွေက သမ္မတ ရွေးချယ်ရေးမဲ ၁၆ မဲ ခွဲတမ်းရှိတဲ့ Georgia ပြည်နယ်နဲ့ သမ္မတ ရွေးချယ်ရေးမဲ ၁၁ မဲရှိတဲ့ Arizona ပြည်နယ်တွေမှာ ဘယ်သူ အနိုင်ရ သလဲဆိုတာကို မကြေညာသေးပါဘူး။

ယှဉ်ပြိင်သူ နှစ်ဦးစလုံး သမ္မတ ရွေးချယ်ရေးမဲ စုစုပေါင်း ၅၃၈ မဲထဲက အနည်းဆုံး မဲ ၂၇၀ အနိုင်ရဖို့ လိုအပ်ပါတယ်။

Georgia ပြည်နယ်မှာ မဲတွေ အသေးစိတ်ပြန်လည်ရေတွက်မည်
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်


...............


(Unicode)






This item is part of
XS
SM
MD
LG