သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေျမာက္ကုိရီးယားနဲ႔ နက္႐ႈိင္းတဲ့ဆက္ဆံေရး တ႐ုတ္သမၼတ ေမွ်ာ္မွန္း


၂၀၁၉ ခုႏွစ္က တ႐ုတ္သမၼတနဲ႔ ေျမာက္ကုိရီးယားေခါင္းေဆာင္တုိ႔ ေတြ႔ဆုံတဲ့သတင္း ဆုိးလ္ၿမိဳ႕ ဘူတာ႐ုံတခုမွာ ထုတ္လႊင့္မႈကို ၾကည့္႐ႈေနသူ အခ်ဳိ႕။ (ဇြန္ ၁၈၊ ၂၀၁၉)

(Zawgyi / Unicode)

ေျမာက္ကိုရီးယားနဲ႔ ဆက္ဆံေရး ပုိၿပီး ေလးနက္ခုိင္မာလိုေၾကာင္း တ႐ုတ္သမၼတ Xi Jinping က ေျပာဆုိတယ္လို႔ ေျမာက္ကိုရီးယား ႏုိင္ငံပိုင္သတင္းက စေနေန႔မွာ ေဖာ္ျပပါတယ္။

ေျမာက္ကိုရီးယား အာဏာရပါတီ တည္ေထာင္ျခင္း ႏွစ္ပတ္လည္အျဖစ္ ေျမာက္ကိုရီးယားေခါင္းေဆာင္ Kim Jong Un ထံ ဂုဏ္ျပဳသတင္းစကား ေပးပုိ႔တာမွာ တ႐ုတ္သမၼတက အခုလို ထည့္သြင္းေျပာဆိုတာျဖစ္ေၾကာင္း သတင္းက ေဖာ္ျပပါတယ္။

ႏွစ္ႏုိင္ငံရဲ႕ ဆိုရွယ္လစ္အေရး ေရရွည္တည္တံ့ၿပီး အစဥ္ ဖြံ႔ၿဖိဳးတိုးတက္မႈအတြက္ ကိုရီးယားမိတ္ဘက္ေတြ၊ ျပည္သူေတြနဲ႔အတူ တ႐ုတ္-ကိုရီးယား ဆက္ဆံေရးကို စည္းလံုးညီညြတ္မႈနဲ႔ ကာကြယ္တိုးျမႇင့္သြားဖို႔ ရည္ရြယ္ေၾကာင္း တ႐ုတ္သမၼတ Xi ရဲ႕ ေျပာဆိုခ်က္ကို ကိုးကားၿပီး ေျမာက္ကိုရီးယားႏုိင္ငံပိုင္ KCNA သတင္းက ေဖာ္ျပပါတယ္။

ေျမာက္ကိုရီးယား အာဏာရ လုပ္သားပါတီ တည္ေထာင္ျခင္း ၇၅ ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔ကို စေနေန႔က က်င္းပခဲ့တာပါ။

ေျမာက္ကိုရီးယားႏုိင္ငံဟာ အခက္အခဲ စိန္ေခၚမႈေတြကို ရင္ဆိုင္ၿပီး ျပည္ပႏုိင္ငံေတြနဲ႔ ထိေတြ႔ဆက္ဆံမႈကေန လတ္တေလာ ႏွစ္ပိုင္းေတြအတြင္း ေအာင္ျမင္မႈေတြ ရရွိခဲ့တဲ့အေပၚမွာလည္း အင္မတန္မွ ဝမ္းေျမာက္ေၾကာင္း တ႐ုတ္သမၼတက ေျပာေၾကာင္း KCNA သတင္းက ေဖာ္ျပပါတယ္။

ေျမာက္ကိုရီးယားရဲ႕ ႏ်ဴကလီးယား လက္နက္ေတြနဲ႔ ပဲ႔ထိန္းတပ္ဒံုးက်ည္ အစီအစဥ္ေတြေၾကာင့္ အေမရိကန္ အပါအဝင္ တျခားႏုိင္ငံေတြက ဒဏ္ခတ္ပိတ္ဆို႔မႈ ခ်မွတ္တာမွာ တ႐ုတ္လည္း ပါဝင္ခဲ့ၿပီးတဲ့ေနာက္ ႏွစ္ႏုိင္ငံ ဆက္ဆံေရးက ႏွစ္နဲ႔ခ်ီ ေအးစက္သြားခဲ့ၿပီးတဲ့ေနာက္ ၂၀၁၈ ခုႏွစ္နဲ႔ ၂၀၁၉ ခုႏွစ္ အတြင္း တ႐ုတ္သမၼတ Xi နဲ႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ Kim တို႔ ၅ ႀကိမ္ ေတြ႔ဆံုေဆြးေႏြးခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

မြောက်ကိုရီးယားနဲ့ နက်ရှိုင်းတဲ့ဆက်ဆံရေး တရုတ်သမ္မတ မျှော်မှန်း

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး ပိုပြီး လေးနက်ခိုင်မာလိုကြောင်း တရုတ်သမ္မတ Xi Jinping က ပြောဆိုတယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းက စနေနေ့မှာ ဖော်ပြပါတယ်။

မြောက်ကိုရီးယား အာဏာရပါတီ တည်ထောင်ခြင်း နှစ်ပတ်လည်အဖြစ် မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ထံ ဂုဏ်ပြုသတင်းစကား ပေးပို့တာမှာ တရုတ်သမ္မတက အခုလို ထည့်သွင်းပြောဆိုတာဖြစ်ကြောင်း သတင်းက ဖော်ပြပါတယ်။

နှစ်နိုင်ငံရဲ့ ဆိုရှယ်လစ်အရေး ရေရှည်တည်တံ့ပြီး အစဉ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ကိုရီးယားမိတ်ဘက်တွေ၊ ပြည်သူတွေနဲ့အတူ တရုတ်-ကိုရီးယား ဆက်ဆံရေးကို စည်းလုံးညီညွတ်မှုနဲ့ ကာကွယ်တိုးမြှင့်သွားဖို့ ရည်ရွယ်ကြောင်း တရုတ်သမ္မတ Xi ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းက ဖော်ပြပါတယ်။

မြောက်ကိုရီးယား အာဏာရ လုပ်သားပါတီ တည်ထောင်ခြင်း ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့ကို စနေနေ့က ကျင်းပခဲ့တာပါ။

မြောက်ကိုရီးယားနိုင်ငံဟာ အခက်အခဲ စိန်ခေါ်မှုတွေကို ရင်ဆိုင်ပြီး ပြည်ပနိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံမှုကနေ လတ်တလော နှစ်ပိုင်းတွေအတွင်း အောင်မြင်မှုတွေ ရရှိခဲ့တဲ့အပေါ်မှာလည်း အင်မတန်မှ ဝမ်းမြောက်ကြောင်း တရုတ်သမ္မတက ပြောကြောင်း KCNA သတင်းက ဖော်ပြပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေနဲ့ ပဲ့ထိန်းတပ်ဒုံးကျည် အစီအစဉ်တွေကြောင့် အမေရိကန် အပါအဝင် တခြားနိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်တာမှာ တရုတ်လည်း ပါဝင်ခဲ့ပြီးတဲ့နောက် နှစ်နိုင်ငံ ဆက်ဆံရေးက နှစ်နဲ့ချီ အေးစက်သွားခဲ့ပြီးတဲ့နောက် ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ် အတွင်း တရုတ်သမ္မတ Xi နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim တို့ ၅ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

XS
SM
MD
LG