သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သမ္မတ မြောက်ကိုရီးယားရောက်ရှိ


မဟာမိတ် နှစ်နိုင်ငံအကြား ဆက်ဆံရေးတွေ တိုးမြင့်ဆောင်ရွက်နိုင်ဖို့ရွယ်တဲ့ ခရီးစဉ် စတင်ဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ မကြာသေးခင် နာရီပိုင်းအတွင်းကဘဲ မြောက်ကိုရီးယားနိုင်ငံမြို့တော် ပြုံယမ်းကို ရောက်သွားပါပြီ။ ဒီခရီးစဉ်အတွင်း မြောက်ကိုရီးယားနဲ့ အမေရိကန်အကြား လက်ရှိပြုလုပ်နေတဲ့ နျူကလီးယားအရေး ဆွေးနွေးမှုကိစ္စပါ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

၂ ရက်ကြာမယ့် သမ္မတ ရှီရဲ့ ဒီခရီးစဉ်ဟာ တရုတ်ခေါင်းဆောင်တဦးအနေနဲ့ ၁၄ နှစ်အတွင်း မြောက်ကိုရီးယားနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်တဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။

ခရီးစဉ် မစတင်ခင်မှာဘဲ ကိုရီးယားကျွန်းဆွယ်ကိစ္စ ပြေလည်ရေး မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ရဲ့ ကြိုးပမ်းတွေကို ချီးကျူး ရေးသားထားတဲ့ သမ္မတရှီရဲ့ စာတမ်းတိုတခုကို တရုတ်းအစိုးရပိုင် သတင်းစာနဲ့ မြောက်ကိုရီးယား သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။

ခရီးစဉ်အတွင်း မြောက်ကိုရီးယားခေါင်းဆောင်နဲ့ တွေ့ဆုံတာအပါအဝင် ၁၉၅၀ ခုနှစ်တွေမှာဖြစ်ခဲ့တဲ့ ကိုရီးယားစစ်ပွဲအတွင်း မြောက်ကိုရီးယားဘက်က တရုတ်တပ်ဖွဲ့တွေ ပါဝင် တိုက်ခိုက်ပေးတာကို ဂုဏ်ပြု တည်ဆောက်ထားတဲ့ ချစ်ကြည်ရေးမျှော်စင်ကိုလည်း သမ္မတရှီ သွားရောက်လေ့လာမှာ ဖြစ်ပါတယ်။

သမ္မတ ရှီနဲ့ Kim Jong Un တို့ မကြာခန တွေ့ဆုံကြတာမှာ မြောက်ကိုရီးယားခေါင်းဆောင်က တရုတ်နိုင်ငံကို ၄ ကြိမ် သွားရောက် လည်ပတ်ခဲ့ပြီးဖြစ်ပြီး လွန်ခဲ့တဲ့ ဇန်နဝါရီလက နောက်ဆုံးအကြိမ် သွားရောက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG