သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိမ္ျဖဴေတာ္အရာရွိခ်ဳပ္အျဖစ္ ဝါရင့္အၾကံေပး Ron Klain ကို ခန္႔ဖို႔ Joe Biden လ်ာထား


သမၼတအိမ္ျဖဴေတာ္အရာရွိခ်ဳပ္အျဖစ္နဲ႔ ခန္႔ထားဖို႔ လ်ာထားတဲ့ Ron Klain (ဝဲ) နဲ႔ ေရြးေကာက္ခံ သမၼတ Joe Biden။ (ႏိုယင္ဘာ ၁၃၊ ၂၀၁၄)

[Zawgyi/Unicode]

အေမရိကန္သမၼတေရြးေကာက္ပဲြမွာ အႏုိင္ရသူအျဖစ္နဲ႔ ေၾကျငာထားတဲ့ ဂ်ိဳး ဘိုင္ဒန္က သူ႔ရဲ႕အၾကံေပးအျဖစ္ အခ်ိန္အေတာ္ၾကာ လက္တြဲလုပ္ကိုင္လာခဲ့တဲ့ Ron Klain ကို သမၼတအိမ္ျဖဴေတာ္အရာရွိခ်ဳပ္အျဖစ္နဲ႔ ခန္႔ထားဖို႔ လ်ာထားတဲ့အေၾကာင္း ေၾကျငာလိုက္ပါတယ္။ Klain ဟာ ၿပီးခဲ့တဲ့ သမၼတအိုဘားမားအစိုးရ လက္ထက္တုန္းက ဂ်ိဳး ဘိုင္ဒန္ရဲ႕ ဒု-သမၼတ႐ုံးအရာရွိခ်ဳပ္အျဖစ္နဲ႔ တာ၀န္ထမ္းေဆာင္ခဲ့သူျဖစ္ၿပီး ၂၀၁၄ ခုႏွစ္က အီဘုိလာေရာဂါတုိက္ဖ်က္ေရးကို ဦးေဆာင္လုပ္ကိုင္ဖို႔ အဲဒီတုန္းက သမၼတအိုဘားမားက တရား၀င္ခန္႔အပ္ခဲ့သူျဖစ္ပါတယ္။

"က်ေနာ္တုိ႔ အခုလို ျပႆနာေတြနဲ႔ ရင္ဆုိင္ေနၾကတဲ့အခ်ိန္ က်ေနာ္တုိ႔ တုိင္းျပည္ကို ျပန္စုစည္းရမယ့္ အခ်ိန္မ်ိဳးမွာ သူ႔ရဲ႕ က်ယ္ျပန္႔နက္ရႈိင္းတဲ့ အေတြ႔အႀကံဳေတြနဲ႔ ႏုိင္ငံနယ္ပယ္အသီးသီးကလူေတြနဲ႔ အတူ အလုပ္လုပ္ႏုိင္တဲ့စြမ္းရည္က အိမ္ျဖဴေတာ္အရာရွိခ်ဳပ္ေနရာအတြက္ သူလိုခ်င္တဲ့ အရည္အခ်င္းအတိအက်ျဖစ္တယ္။" လို႔ ဂ်ိဳးဘိုင္ဒန္က ဗုဒၶဟူးေန႔က သူ႔ရဲ႕ ေၾကျငာခ်က္မွာ ေျပာပါတယ္။ Ron Klain ကေတာ့ သူ႔ကိုအခုလို အိမ္ျဖဴေတာ္အရာရွိခ်ဳပ္အျဖစ္ခန္႔အပ္တာဟာ သူ႔ဘ၀မွာ အႀကီးမားဆုံး ဂုဏ္ျပဳခံရမွႈျဖစ္တယ္ဆုိၿပီး ေျပာလိုက္ပါတယ္။

အေမရိကန္ သမၼတ ေရြးေကာက္ပြဲမွာ အနိုင္ရသူအျဖစ္ေၾကညာထားတဲ့ Joe Biden ဟာ မေန႔ ဗုဒၶဟူးေန႔ကေတာ့ အစိုးရတာဝန္ လႊဲေျပာင္းရယူေရးဆိုင္ရာ အႀကံေပးအဖြဲ႕ဝင္ေတြနဲ႔ ေတြ႕ဆုံပါတယ္။ သူ႔အေနနဲ႔ ေရွ႕ႏွစ္ ဇန္နဝါရီလ ၂၀ ရက္ေန႔မွာ သမၼတအျဖစ္ က်မ္းသစၥာ က်ိန္ဆိုၿပီးတဲ့ေနာက္ တာဝန္လႊဲေျပာင္းယူၿပီး အစိုးရဖဲြ႔ႏုိ္င္ဖို႔အတြက္ စီစဥ္ ေဆာင္ရြက္ေနတာလည္း ျဖစ္ပါတယ္။ အေမရိကန္အစိုးရဌာနနဲ႔ ေအဂ်င္စီေတြရဲ့ လတ္တေလာ လုပ္ငန္းေဆာင္တာေတြနဲ႔ ပတ္သက္ၿပီး ေလ့လာၾကည့္ရႈဖို႔ အႀကံေပးပုဂၢိဳလ္ ေတာ္ေတာ္မ်ားမ်ားကို Joe Biden က ခန္႔အပ္ထားၿပီး ျဖစ္ပါတယ္။ သူ႔အေနနဲ႔ အေရးပါတဲ့ ရာထူးခန္႔အပ္မႈတခ်ိဳ႕ကို နိုဝင္ဘာလ ၂၆ ရက္ေန႔ ေက်းဇူးေတာ္ေန႔မတိုင္ခင္ ေၾကညာနိုင္လိမ့္မယ္လို႔လည္း Joe Biden က အဂၤါေန႔က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အိမ်ဖြူတော်အရာရှိချုပ်အဖြစ် ဝါရင့်အကြံပေး Ron Klain ကို ခန့်ဖို့ Joe Biden လျာထား

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရသူအဖြစ်နဲ့ ကြေငြာထားတဲ့ ဂျိုး ဘိုင်ဒန်က သူ့ရဲ့အကြံပေးအဖြစ် အချိန်အတော်ကြာ လက်တွဲလုပ်ကိုင်လာခဲ့တဲ့ Ron Klain ကို သမ္မတအိမ်ဖြူတော်အရာရှိချုပ်အဖြစ်နဲ့ ခန့်ထားဖို့ လျာထားတဲ့အကြောင်း ကြေငြာလိုက်ပါတယ်။ Klain ဟာ ပြီးခဲ့တဲ့ သမ္မတအိုဘားမားအစိုးရ လက်ထက်တုန်းက ဂျိုး ဘိုင်ဒန်ရဲ့ ဒု-သမ္မတရုံးအရာရှိချုပ်အဖြစ်နဲ့ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၁၄ ခုနှစ်က အီဘိုလာရောဂါတိုက်ဖျက်ရေးကို ဦးဆောင်လုပ်ကိုင်ဖို့ အဲဒီတုန်းက သမ္မတအိုဘားမားက တရားဝင်ခန့်အပ်ခဲ့သူဖြစ်ပါတယ်။

"ကျနော်တို့ အခုလို ပြဿနာတွေနဲ့ ရင်ဆိုင်နေကြတဲ့အချိန် ကျနော်တို့ တိုင်းပြည်ကို ပြန်စုစည်းရမယ့် အချိန်မျိုးမှာ သူ့ရဲ့ ကျယ်ပြန့်နက်ရှိုင်းတဲ့ အတွေ့အကြုံတွေနဲ့ နိုင်ငံနယ်ပယ်အသီးသီးကလူတွေနဲ့ အတူ အလုပ်လုပ်နိုင်တဲ့စွမ်းရည်က အိမ်ဖြူတော်အရာရှိချုပ်နေရာအတွက် သူလိုချင်တဲ့ အရည်အချင်းအတိအကျဖြစ်တယ်။" လို့ ဂျိုးဘိုင်ဒန်က ဗုဒ္ဓဟူးနေ့က သူ့ရဲ့ ကြေငြာချက်မှာ ပြောပါတယ်။ Ron Klain ကတော့ သူ့ကိုအခုလို အိမ်ဖြူတော်အရာရှိချုပ်အဖြစ်ခန့်အပ်တာဟာ သူ့ဘဝမှာ အကြီးမားဆုံး ဂုဏ်ပြုခံရမှှုဖြစ်တယ်ဆိုပြီး ပြောလိုက်ပါတယ်။

အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရသူအဖြစ်ကြေညာထားတဲ့ Joe Biden ဟာ မနေ့ ဗုဒ္ဓဟူးနေ့ကတော့ အစိုးရတာဝန် လွှဲပြောင်းရယူရေးဆိုင်ရာ အကြံပေးအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပါတယ်။ သူ့အနေနဲ့ ရှေ့နှစ် ဇန်နဝါရီလ ၂၀ ရက်နေ့မှာ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးတဲ့နောက် တာဝန်လွှဲပြောင်းယူပြီး အစိုးရဖွဲ့နိုင်ဖို့အတွက် စီစဉ် ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။ အမေရိကန်အစိုးရဌာနနဲ့ အေဂျင်စီတွေရဲ့ လတ်တလော လုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်ပြီး လေ့လာကြည့်ရှုဖို့ အကြံပေးပုဂ္ဂိုလ် တော်တော်များများကို Joe Biden က ခန့်အပ်ထားပြီး ဖြစ်ပါတယ်။ သူ့အနေနဲ့ အရေးပါတဲ့ ရာထူးခန့်အပ်မှုတချို့ကို နိုဝင်ဘာလ ၂၆ ရက်နေ့ ကျေးဇူးတော်နေ့မတိုင်ခင် ကြေညာနိုင်လိမ့်မယ်လို့လည်း Joe Biden က အင်္ဂါနေ့က ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG