သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကိုဗစ် ဓါတ်ခွဲအတည်ပြုစုစုပေါင်း ၇၀၁၆၁ဦး၊ သေဆုံး ၁၅၉၉ ဦး


 ကျန်းမာရေးဝန်ထမ်းတဦး (နိုဝင်ဘာ၊၅ ရက်၊၂ဝ၂ဝ)
ကျန်းမာရေးဝန်ထမ်းတဦး (နိုဝင်ဘာ၊၅ ရက်၊၂ဝ၂ဝ)

{{Zawgyi/Unicode}}

မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ ၇ သောင်းကျော်သွားပါပြီ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီ ထုတ်ပြန်ချက်အရ ဒီနေ့လူနာသစ် ၁,၁၆၇ ယောက်ရှိတဲ့အတွက် စုစုပေါင်း အတည်ပြုလူနာဟာ ၇၀, ၁၆၁ ယောက်ဖြစ်ပါတယ်။ နောက်ထပ်သေဆုံးသူ ဒီနေ့ ၂၂ ယောက်ရှိပြီး ၁၉ ယောက်က ရောဂါအခံရှိသူတွေဖြစ်ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီနေ့ ဆေးရုံက ဆင်းခွင့်ရသူ ၉ ၄၈ ယောက်ရှိတာမို့ စုစုပေါင်း ဆေးရုံဆင်းခွင့်ရသူက ၅၃,၂၉ ၉ ဖြစ်ပါတယ်။ ဒီနေ့အတွက် စစ်ဆေးခဲ့တဲ့ စုစုပေါင်း ဓါတ်ခွဲနမူနာက ၁၄,၃၈၇ ခုဖြစ်ပါတယ်။

ကမ္ဘာတဝန်းမှာ ကိုဗစ်အတည်ပြုလူနာစုစုပေါင်း ၅၄ သန်းကျော်သွားပြီလို့ အမေရိကန်ပြည်ထောင်စု Johns Hopkins တက္ကသိုလ်ရဲ့စာရင်းတွေမှာ ဖော်ပြပါတယ်။
ကိုဗစ်ကာကွယ်ဆေး ထုတ်နိုင်ဖို့ ကြိုးစားနေတဲ့ အမေရိကန် ဇီဝနည်းပညာကုမ္ပဏီ Moderna က သူတို့ရဲ့ ဆေးစမ်းသပ်မှု ၉ ၅% အောင်မြင်တယ်လို့ စမ်းသပ်မှုဆိုင်ရာ ဒီနေ့ ကနဦးထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြပါတယ်။

လာမယ့်သီတင်းပါတ်တွေအတွင်း ဆေးသုံးစွဲနိုင်ဖို့ခွင့်ပြုချက် လေ ျှာက်ထားမယ်လို့ Moderna ကုမ္ပဏီက ပြောပါတယ်။ ကိုဗစ်ကာကွယ်ဆေး စမ်းသပ်မှု ပြီးလုဖြစ်နေတဲ့ Pfizer ကုမ္ပဏီကလည်း သူတို့ရဲ့ ဆေး ၉ ဝ% ကျော်စမ်းသပ်အောင်မြင်တယ်လို့ ပြောကြားထားပါတယ်။

.................................

{{Unicode}}





XS
SM
MD
LG