သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ COVID-19 ေရာဂါ ကူးစက္ ေသဆံုးႏႈန္း ဆက္တိုးေနဆဲ


ႏိုဝင္ဘာ ၈ ရက္ေန႔ ၂၀၂၀ ေရြးေကာက္ပဲြေန႔က ကယားျပည္နယ္ရွိ မဲရံုတခုကို မဲေပးဖို႔လာသူကို ကိုယ္အပူခ်ိန္တိုင္းေပးေနတဲ့ ျမင္ကြင္း။ (ႏိုဝင္ဘာ ၀၈၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း COVID-19 ေရာဂါကူးစက္သူ ၁,၁၃၆ ဦး ထပ္တိုးၿပီး ေသဆုံးသူက ၂၆ ဦး ထပ္တိုးတဲ့အေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ေသဆံုးသူေတြထဲမွာ ေနာက္ခံေရာဂါအခံရွိသူ ၁၆ ဦးပါတယ္လုိ႔လည္း က်န္းမာေရးဌာနက ေျပာပါတယ္။

ဓာတ္ခြဲနမူနာေပါင္း ၁၅,၂၈၁ ခုကို စစ္ေဆးခဲ့တဲ့ထဲက အခုလို ေနာက္ထပ္ ေရာဂါပိုးကူးစက္ထားသူေတြ ေတြ႕ရတာျဖစ္ၿပီး ဒီကေန႔အထိဆိုရင္ စစ္ေဆးခဲ့တဲ့ ဓာတ္ခြဲနမူနာေပါင္း ၈၆၉,၂၂၈ ခု ရွိသြားၿပီျဖစ္ပါတယ္။ ေသဆုံးသူအေရအတြက္က ၁,၅၃၄ ဦး ရွိၿပီျဖစ္ၿပီး ေရာဂါပိုး ကူးစက္သူေပါင္းကေတာ့ ၆၆,၇၃၄ ဦး ရွိသြားပါၿပီ။

ဒီကေန႔ညထုတ္ျပန္ခ်က္မွာ ေဆး႐ုံဆင္းခြင့္ရရွိသူအေရအတြက္ ၇၇၃ ဦးရွိတယ္လို႔ ေဖာ္ျပထားတာေၾကာင့္ ေဆး႐ုံကဆင္းခြင့္ရၿပီးသူ စုစုေပါင္း ၅၀,၃၃၆ ဦး ရွိသြားၿပီျဖစ္ပါတယ္။

ဒီကေန႔ထုတ္ျပန္ခ်က္အရ ဓာတ္ခြဲစစ္ေဆးတဲ့ နမူနာအေရအတြက္ စုစုေပါင္းထဲမွာ ပိုးေတြ႕သူ ၇.၄% ရွိၿပီး ျပန္ေကာင္းသူႏႈန္း ၇၅.၄% ၊ ေသဆုံးႏႈန္းက ၂.၃% ရွိတယ္လို႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာန၊ သတင္းထုတ္ျပန္ေရးအဖြဲ႕ဝင္၊ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက သူ႔ရဲ႕ေဖ့စ္ဘုတ္မွာ မၾကာေသးခင္ အခ်ိန္ပိုင္းအတြင္းက ေရးထားပါတယ္။

ေသဆံုးသူေတြထဲမွာ ေနာက္ခံေရာဂါအခံရွိသူ ၆၁.၅% ပါဝင္ၿပီး ေနာက္ခံေရာဂါအခံမရွိဘဲ ေသဆံုးႏႈန္း တက္လာတယ္လုိ႔လည္း ေဒါက္တာခင္ခင္ႀကီးကေျပာပါတယ္။

ျမန္မာႏုိင္ငံမွာ ကိုဗစ္ေရာဂါ ကူးစက္ႏႈန္းနဲ႔ ေသဆံုးႏႈန္းဟာ ဒီေန႔အခ်ိန္ထိ သိသိသာသာ တန္႔မသြားေသးဘဲ ဆက္တိုးေနဆဲျဖစ္ပါတယ္။

ဒါ့အျပင္ ၿပီးခဲ့တဲ့ ေရြးေကာက္ပြဲေန႔ေနာက္ပိုင္း လူစုလူေဝးနဲ႔ ေအာင္ပြဲခံတာေတြ ရွိထားတာေၾကာင့္ ေရာဂါပိုး ကူးစက္ႏႈန္း ပိုတိုးလာမယ့္အေရး က်န္းမာေရးတာဝန္ရွိသူေတြက သတိေပးထားပါတယ္။

[Unicode Version]

မြန်မာ COVID-19 ရောဂါ ကူးစက် သေဆုံးနှုန်း ဆက်တိုးနေဆဲ

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၁,၁၃၆ ဦး ထပ်တိုးပြီး သေဆုံးသူက ၂၆ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သေဆုံးသူတွေထဲမှာ နောက်ခံရောဂါအခံရှိသူ ၁၆ ဦးပါတယ်လို့လည်း ကျန်းမာရေးဌာနက ပြောပါတယ်။

ဓာတ်ခွဲနမူနာပေါင်း ၁၅,၂၈၁ ခုကို စစ်ဆေးခဲ့တဲ့ထဲက အခုလို နောက်ထပ် ရောဂါပိုးကူးစက်ထားသူတွေ တွေ့ရတာဖြစ်ပြီး ဒီကနေ့အထိဆိုရင် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၈၆၉,၂၂၈ ခု ရှိသွားပြီဖြစ်ပါတယ်။ သေဆုံးသူအရေအတွက်က ၁,၅၃၄ ဦး ရှိပြီဖြစ်ပြီး ရောဂါပိုး ကူးစက်သူပေါင်းကတော့ ၆၆,၇၃၄ ဦး ရှိသွားပါပြီ။

ဒီကနေ့ညထုတ်ပြန်ချက်မှာ ဆေးရုံဆင်းခွင့်ရရှိသူအရေအတွက် ၇၇၃ ဦးရှိတယ်လို့ ဖော်ပြထားတာကြောင့် ဆေးရုံကဆင်းခွင့်ရပြီးသူ စုစုပေါင်း ၅၀,၃၃၆ ဦး ရှိသွားပြီဖြစ်ပါတယ်။

ဒီကနေ့ထုတ်ပြန်ချက်အရ ဓာတ်ခွဲစစ်ဆေးတဲ့ နမူနာအရေအတွက် စုစုပေါင်းထဲမှာ ပိုးတွေ့သူ ၇.၄% ရှိပြီး ပြန်ကောင်းသူနှုန်း ၇၅.၄% ၊ သေဆုံးနှုန်းက ၂.၃% ရှိတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားပါတယ်။

သေဆုံးသူတွေထဲမှာ နောက်ခံရောဂါအခံရှိသူ ၆၁.၅% ပါဝင်ပြီး နောက်ခံရောဂါအခံမရှိဘဲ သေဆုံးနှုန်း တက်လာတယ်လို့လည်း ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်နှုန်းနဲ့ သေဆုံးနှုန်းဟာ ဒီနေ့အချိန်ထိ သိသိသာသာ တန့်မသွားသေးဘဲ ဆက်တိုးနေဆဲဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရွေးကောက်ပွဲနေ့နောက်ပိုင်း လူစုလူဝေးနဲ့ အောင်ပွဲခံတာတွေ ရှိထားတာကြောင့် ရောဂါပိုး ကူးစက်နှုန်း ပိုတိုးလာမယ့်အရေး ကျန်းမာရေးတာဝန်ရှိသူတွေက သတိပေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG