သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာကြယ္ေဆး ဦးစားေပးထိုးရမယ့္သူေတြ ျမန္မာ စတင္ျပင္ဆင္


ရန္ကုန္ၿမိဳ႕ရွိ Quarantine စင္တာ တခုတြင္ ကိုဗစ္ေရာဂါ ရွိ၊ မရွိ စစ္ေဆးေပးေနတဲ့ ျမင္ကြင္း။ (ေအာက္တိုဘာ ၁၆၊ ၂၀၂၀)

[Zawgyi/Unicode]

ႏုိင္ငံတကာမွာ ကုိဗစ္ကပ္ေရာဂါ ကာကြယ္ေဆး ထုတ္လုပ္ႏုိင္ေတာ့မယ့္ အလားအလာေတြ ထြက္ေပၚလာခ်ိန္မွာပဲ ျမန္မာႏုိင္ငံမွာလည္း သုံးစဲြႏုိင္မယ့္ အလားအလာေတြကုိ စတင္ဆန္းစစ္ေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မစုစုက ေျပာျပပါမယ္။

COVID- 19 ကာကြယ္ေဆး ေအာင္ေအာင္ျမင္ျမင္ ထုတ္လုပ္သုံးစဲြႏုိင္ဖုိ႔ နီးစပ္လာေနၿပီဆုိတဲ့ သတင္းေတြေၾကာင့္ ကာကြယ္ေဆး ထြက္ေပၚလာတဲ့အခါ ျမန္မာႏုိင္ငံမွာလည္း သုံးႏုိင္ေအာင္ ျပင္ဆင္ေနၾကတာပါ။ ကာကြယ္ေဆးသစ္ကုိ လူတုိင္းမရႏုိင္ေသးတဲ့ အေျခအေနမွာ ဦးစားေပး ထုိးႏွံရမယ့္သူေတြကုိ စတင္စဥ္းစားျပင္ဆင္ေနတယ္လုိ႔လည္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ေျပာခြင့္ရ၊ ဗဟုိကူးစက္ေရာဂါ တုိက္ဖ်က္ေရးဌာနခြဲ ညႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးက VOA ကိုေျပာပါတယ္။

“ကာကြယ္ေဆးနဲ႔ ပတ္သက္လုိ႔ ပညာရွင္ေတြနဲ႔ ဖြဲ႕စည္းထားတဲ့ အဖြဲ႕အစည္းရွိပါတယ္။ ဒါေတြနဲ႔အေသးစိတ္ ညွိႏႈိင္းရဦးမွာျဖစ္ပါတယ္။ အဲဒါေတြၿပီးရင္ ဘယ္သူေတြကုိ ထိုးေပးမွာလဲ၊ အသက္ႀကီးတဲ့သူေတြကုိ ထုိးေပးမယ္ဆုိတာ ဘယ္လိုလူေတြလဲ။ ၆၀ အထက္လား၊ ၆၅ အထက္လား၊ ဒါေတြလည္းအေသးစိတ္ ညွိႏႈိင္းရဦးမွာျဖစ္ပါတယ္။ ေနာက္တခုကက်ေတာ့ ေနာက္ခံေရာဂါရွိတဲ့သူေတြဆုိတာ ဘယ္လုိေရာဂါေတြကုိ ေနာက္ခံေရာဂါလို႔ သတ္မွတ္မွာလဲ၊ အဲဒီေရာဂါအဆင့္ကေရာ ဘယ္ေလာက္အဆင့္ထိျဖစ္တဲ့လူကုိမွ ထုိးေပးမွာလဲ။ ဒါမ်ိဳးေတြကလည္း အေသးစိတ္ေရးဆြဲရဦးမွာ ျဖစ္ပါတယ္။ ရရင္ေတာ့ ျပည္သူေတြကုိ အခမဲ့ထုိးေပးမွာ ျဖစ္ပါတယ္။”

ကုိဗစ္ကပ္ေရာဂါ ကာကြယ္ေဆးကုိ လူနဲ႔စမ္းသပ္တာ အပါအ၀င္ ႏုိင္ငံတခ်ဳိ႕မွာ ေနာက္ဆုံးအဆင့္ စမ္းသပ္ေနၾကရာမွာ ေအာင္ျမင္မႈရတဲ့ သတင္းေတြလည္း ထြက္ေပၚေနပါတယ္။ အေမရိကန္အေျခစိုက္ Pfizer နဲ႔ BioNTech ကုမၸဏီတုိ႔ ပူးတဲြစမ္းသပ္ထားတဲ့ ကာကြယ္ေဆးဟာ ဆုိရင္လည္း ကနဦးေလ့လာေတြ႔ရွိခ်က္ေတြအရ ၉၀% ေက်ာ္ ထိေရာက္မႈရွိေၾကာင္း ဒီသီတင္းပတ္ အေစာပုိင္းမွာပဲ ေၾကညာခဲ့ပါတယ္။ ဒီလုိကုိဗစ္ကပ္ေရာဂါ ကာကြယ္ေဆး သုံးႏုိင္မယ့္ အလားအလာေတြ ထြက္ေပၚလာေနေပမဲ့ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရး အစီအစဥ္ေတြကုိလည္း ပစ္ပယ္လုိ႔ မရႏုိင္ေၾကာင္း ေဒါက္တာခင္ခင္ႀကီးက သတိေပးပါတယ္။

“အခုလက္ရွိမွာေတာ့ ဘယ္ေဆးကမွ စိတ္ခ်လံုျခံဳစြာနဲ႔ ထုိးႏွံႏုိင္တယ္၊ အႏၱရာယ္မရွိဘူးဆိုတာ မရွိေသးပါဘူး။ က်မတို႔က ကာကြယ္ေဆးထုိးလိုက္တယ္၊ ထုိးလုိက္လို႔ ၉၀ ရာခိုင္ႏႈန္းကာကြယ္ႏုိင္ေသာ္လည္းပဲ တခ်ိဳ႕ေသာသူေတြက ကာကြယ္ေဆးေၾကာင့္ အသက္ေသဆံုးရတယ္၊ ကာကြယ္ေဆးေၾကာင့္ ျပင္းျပင္းထန္ထန္ ထိခုိက္မႈေတြျဖစ္တယ္ဆုိရင္ ဒါဟာစိတ္ခ်ရတယ္လို႔ မဆုိႏုိင္ေသးပါဘူး။ ဒါေၾကာင့္မို႔ က်မတုိ႔ျပည္သူလူထုကို ေျပာခ်င္တာကေတာ့ ကာကြယ္ေဆးကုိပဲ အားမကုိးဖုိ႔၊ ဒါ WHO အႀကီးအကဲကလည္း ေျပာထားပါတယ္။ လက္ရွိမွာ ကာကြယ္ေဆးေတြရရင္ေတာင္မွ လက္ရွိလုပ္ေဆာင္ေနတဲ့ ေရာဂါကာကြယ္၊ ထိန္းခ်ဳပ္ေရး နည္းလမ္းေတြကုိ ပစ္ပယ္လုိ႔မရပါဘူး။ ဒါေတြ ဆက္လက္လုပ္ေဆာင္ရမယ္ဆုိတဲ့အေၾကာင္း ေျပာထားပါတယ္။ ”

ကာကြယ္ေဆးေပၚလာေပမဲ့လည္း က်ယ္က်ယ္ျပန္႔ျပန္႔ သုံးႏုိင္ဖုိ႔ မလြယ္ေသးတာေၾကာင့္ ေရာဂါကာကြယ္ေရး နည္းလမ္းေတြကုိ ဆက္လက္ေဆာင္ရြက္သြားဖို႔ိလည္း က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနဝန္ႀကီး ေဒါက္တာျမင့္ေထြးက သတိေပးထားပါတယ္။ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ဒီကေန႔မြန္းလြဲပိုင္း ထုတ္ျပန္ၿပီးခ်ိန္အထိ ျမန္မာႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၁,၅၀၈ ဦးနဲ႔ ကူးစက္သူ အတည္ျပဳလူနာ ၆၅,၅၉၈ ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကာကွယ်ဆေး ဦးစားပေးထိုးရမယ့်သူတွေ မြန်မာ စတင်ပြင်ဆင်

နိုင်ငံတကာမှာ ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေး ထုတ်လုပ်နိုင်တော့မယ့် အလားအလာတွေ ထွက်ပေါ်လာချိန်မှာပဲ မြန်မာနိုင်ငံမှာလည်း သုံးစွဲနိုင်မယ့် အလားအလာတွေကို စတင်ဆန်းစစ်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မစုစုက ပြောပြပါမယ်။

COVID- 19 ကာကွယ်ဆေး အောင်အောင်မြင်မြင် ထုတ်လုပ်သုံးစွဲနိုင်ဖို့ နီးစပ်လာနေပြီဆိုတဲ့ သတင်းတွေကြောင့် ကာကွယ်ဆေး ထွက်ပေါ်လာတဲ့အခါ မြန်မာနိုင်ငံမှာလည်း သုံးနိုင်အောင် ပြင်ဆင်နေကြတာပါ။ ကာကွယ်ဆေးသစ်ကို လူတိုင်းမရနိုင်သေးတဲ့ အခြေအနေမှာ ဦးစားပေး ထိုးနှံရမယ့်သူတွေကို စတင်စဉ်းစားပြင်ဆင်နေတယ်လို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရ၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက VOA ကိုပြောပါတယ်။

“ကာကွယ်ဆေးနဲ့ ပတ်သက်လို့ ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းရှိပါတယ်။ ဒါတွေနဲ့အသေးစိတ် ညှိနှိုင်းရဦးမှာဖြစ်ပါတယ်။ အဲဒါတွေပြီးရင် ဘယ်သူတွေကို ထိုးပေးမှာလဲ၊ အသက်ကြီးတဲ့သူတွေကို ထိုးပေးမယ်ဆိုတာ ဘယ်လိုလူတွေလဲ။ ၆၀ အထက်လား၊ ၆၅ အထက်လား၊ ဒါတွေလည်းအသေးစိတ် ညှိနှိုင်းရဦးမှာဖြစ်ပါတယ်။ နောက်တခုကကျတော့ နောက်ခံရောဂါရှိတဲ့သူတွေဆိုတာ ဘယ်လိုရောဂါတွေကို နောက်ခံရောဂါလို့ သတ်မှတ်မှာလဲ၊ အဲဒီရောဂါအဆင့်ကရော ဘယ်လောက်အဆင့်ထိဖြစ်တဲ့လူကိုမှ ထိုးပေးမှာလဲ။ ဒါမျိုးတွေကလည်း အသေးစိတ်ရေးဆွဲရဦးမှာ ဖြစ်ပါတယ်။ ရရင်တော့ ပြည်သူတွေကို အခမဲ့ထိုးပေးမှာ ဖြစ်ပါတယ်။”

ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေးကို လူနဲ့စမ်းသပ်တာ အပါအဝင် နိုင်ငံတချို့မှာ နောက်ဆုံးအဆင့် စမ်းသပ်နေကြရာမှာ အောင်မြင်မှုရတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ အမေရိကန်အခြေစိုက် Pfizer နဲ့ BioNTech ကုမ္ပဏီတို့ ပူးတွဲစမ်းသပ်ထားတဲ့ ကာကွယ်ဆေးဟာ ဆိုရင်လည်း ကနဦးလေ့လာတွေ့ရှိချက်တွေအရ ၉၀% ကျော် ထိရောက်မှုရှိကြောင်း ဒီသီတင်းပတ် အစောပိုင်းမှာပဲ ကြေညာခဲ့ပါတယ်။ ဒီလိုကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေး သုံးနိုင်မယ့် အလားအလာတွေ ထွက်ပေါ်လာနေပေမဲ့ ရောဂါကာကွယ်ထိန်းချုပ်ရေး အစီအစဉ်တွေကိုလည်း ပစ်ပယ်လို့ မရနိုင်ကြောင်း ဒေါက်တာခင်ခင်ကြီးက သတိပေးပါတယ်။

“အခုလက်ရှိမှာတော့ ဘယ်ဆေးကမှ စိတ်ချလုံခြုံစွာနဲ့ ထိုးနှံနိုင်တယ်၊ အန္တရာယ်မရှိဘူးဆိုတာ မရှိသေးပါဘူး။ ကျမတို့က ကာကွယ်ဆေးထိုးလိုက်တယ်၊ ထိုးလိုက်လို့ ၉၀ ရာခိုင်နှုန်းကာကွယ်နိုင်သော်လည်းပဲ တချို့သောသူတွေက ကာကွယ်ဆေးကြောင့် အသက်သေဆုံးရတယ်၊ ကာကွယ်ဆေးကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်မှုတွေဖြစ်တယ်ဆိုရင် ဒါဟာစိတ်ချရတယ်လို့ မဆိုနိုင်သေးပါဘူး။ ဒါကြောင့်မို့ ကျမတို့ပြည်သူလူထုကို ပြောချင်တာကတော့ ကာကွယ်ဆေးကိုပဲ အားမကိုးဖို့၊ ဒါ WHO အကြီးအကဲကလည်း ပြောထားပါတယ်။ လက်ရှိမှာ ကာကွယ်ဆေးတွေရရင်တောင်မှ လက်ရှိလုပ်ဆောင်နေတဲ့ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး နည်းလမ်းတွေကို ပစ်ပယ်လို့မရပါဘူး။ ဒါတွေ ဆက်လက်လုပ်ဆောင်ရမယ်ဆိုတဲ့အကြောင်း ပြောထားပါတယ်။ ”

ကာကွယ်ဆေးပေါ်လာပေမဲ့လည်း ကျယ်ကျယ်ပြန့်ပြန့် သုံးနိုင်ဖို့ မလွယ်သေးတာကြောင့် ရောဂါကာကွယ်ရေး နည်းလမ်းတွေကို ဆက်လက်ဆောင်ရွက်သွားဖို့ိလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနဝန်ကြီး ဒေါက်တာမြင့်ထွေးက သတိပေးထားပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မွန်းလွဲပိုင်း ထုတ်ပြန်ပြီးချိန်အထိ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၁,၅၀၈ ဦးနဲ့ ကူးစက်သူ အတည်ပြုလူနာ ၆၅,၅၉၈ ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG