သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မႏၱေလးတိုင္း ေရြးေကာက္ပြဲ၀န္ထမ္းတခ်ိဳ႕ ကိုဗစ္ေရာဂါပိုးကူးစက္


မႏၱေလးတိုင္း ေရြးေကာက္ပြဲေကာ္မရွင္ရုုံး (ႏိုဝင္ဘာလ ၊ ၁၆၊၂ဝ၂ဝ)

{{Zawgyi/Unicode}}

ကုိဗစ္ကပ္ေရာဂါကာလ က်င္းပခဲ့တဲ့ ေရြးေကာက္ပဲြေနာက္ပုိင္း ေရာဂါကူးစက္မႈေတြ ျမင့္တက္လာႏုိင္တဲ့ အႏၱရာယ္ သတိေပးေနခ်ိန္မွာပဲ မႏၱေလးတိုင္း ေရြးေကာက္ပြဲေကာ္မရွင္ ၀န္ထမ္းတခ်ဳိ႕ ေရာဂါကူးစက္ခံခဲ့ရတဲ့အေၾကာင္း ေျပာျပပါမယ္။ ကြ်န္ေတာ္ ထက္ေအာင္ခန္႔ပါ။

မႏၱေလးတိုင္း ေရြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႕ခြဲရံုးမွာ တာ၀န္ထမ္းေဆာင္တဲ့ ၀န္ထမ္းတဦးမွာ ေရာဂါပိုးကူးစက္ေၾကာင္း စေနေန႔ကပဲ အတည္ျပဳခဲ့ၿပီးေနာက္ က်န္၀န္ထမ္းေတြကုိ စစ္ေဆးရာမွာ ေကာ္မရွင္ ဥကၠဌနဲ႔ ဦးစီးအရာရွိက လြဲၿပီး က်န္၀န္ထမ္းေတြမွာ ၀န္ထမ္းအမ်ားအျပား ကူးစက္ေနတာ ေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။

ကူးစက္ခံရသူေတြကုိေတာ့ ေဆး႐ုံတင္ ကုသေပးထားရေၾကာင္းလည္း မႏၱေလးတိုင္း ေရြးေကာက္ပြဲေကာ္မရွင္ ဥကၠဌ ဦးရွိန္၀င္းက ဗြီအိုေအကို ေျပာပါတယ္။

“ကြ်န္ေတာ္နဲ႔ ဦးစီးအရာရွိပဲလြတ္တယ္။ က်န္တာအကုန္ Positive ျဖစ္ၿပီးေတာ့ အလုပ္သမား ေဆးရံုႀကီးကို ေရာက္သြားၿပီ။ အားလံုးေပါင္း မေန႔က ၁ ဦး ဒီေန႔ ၆ ေယာက္ မေန႔က ၁ ေယာက္ ၇ ေယာက္။ ေရြးေကာက္ပြဲအၿပီး ေနာက္တရက္ ႏို၀င္ဘာလ ၉ ရက္ေန႔မွာ ကိုယ္စားလွယ္ေလာင္းေတြရတဲ့ မဲစာရင္း ေတြတြက္တယ္ ရာခိုင္ႏႈန္းေတြတြက္တယ္ ခိုင္လံုမဲေတြ အေျခခံၿပီး တြက္တဲ့အခါ ကြ်န္ေတာ္တို႔က စာရင္းစစ္ေတြ အကူညီေခၚရတယ္။ တိုင္းစာရင္းစစ္ရံုးက ၀န္ထမ္း ၄ ေယာက္ေပးတယ္။ အဲ့၀န္ထမ္း ၄ ေယာက္ထဲက ၁ ေယာက္က ၁၃ ရက္ေန႔မွာ ဖ်ားတယ္ေပါ့။ အားလံုး ေၾကျငာၿပီးတဲ့ ေန႔မွာ ဖ်ားတယ္ေပါ့။ ဖ်ားၿပီးေနာက္တရက္ ေဆးစစ္တဲ့အခ်ိန္မွာ သူက Positive ျဖစ္တယ္။ အဲ့ဒါၿပီးေတာ့ တိုင္းရံုးကို ေဆးျဖန္းတယ္။ ဒါေပမယ့္လည္း စာရင္းစစ္ရံုးနဲ႔ ကြန္ပ်ဴတာ ရံုးခန္းကို စာရြက္အတင္အခ်လုပ္တဲ့ စာေရးမေလးက မေန႔က ကြ်န္ေတာ္တို႔ရံုးက စာေရးမေလးက စျဖစ္တယ္။ ဒီေန႔ မသကၤာလို႔ တရံုးလံုး စစ္လိုက္တဲ့ အခ်ိန္က်ေတာ့ ၀န္ထမ္း ၆ ေယာက္ ထပ္ျဖစ္တာေပါ့။”

လက္ရွိအခ်ိန္မွာေတာ့ ေကာ္မရွင္ ဥကၠဌနဲ႔ ဦးစီးအရာရွိတို႔ကေတာ့ ေနအိမ္မွာပဲ သီးသန္႔ေစာင့္ၾကည့္ခံထားရၿပီး ပိုးကူးစက္ခံရသူ ေကာ္မရွင္၀န္ထမ္းေတြမွာလည္း စိုးရိမ္စရာမရွိဘူးလို႔ ေျပာပါတယ္။ ၿပီးခဲ့တဲ့ ေရြးေကာက္ပြဲ တာ၀န္ထမ္းေဆာင္တဲ့ ဆရာမ ၂ ဦးနဲ႔ ရပ္ေက်းေကာ္မရွင္ တဦးမွာလည္း ေရာဂါပိုးေတြ႕ရွိခဲ့ပါေသးတယ္။

မႏၱေလးမွာေတာ့ အခုရက္ပိုင္းအတြင္း ပိုးကူးစက္သူ အေရအတြက္မ်ားျပားလာေပမယ့္ ႏိုင္နင္းေအာင္ ေဆာင္ရြက္ႏိုင္ေနတယ္လို႔ မႏၱေလးတိုင္းေဒသႀကီး ျပည္သူ႔က်န္းမာေရးနဲ႔ ကုသေရး ဦးစီးဌာနက ဦးစီးမွဴး ေဒါက္တာ သန္းသန္းျမင့္က ေျပာပါတယ္။

“ကြ်န္မတို႔ရဲ႕ အဓိက ျပသာနာက မႏၱေလး Downtown ၅ ၿမိဳ႕နယ္ပါရွင့္။ လူဦးေရထူထပ္မႈမ်ားပါတယ္။ လူဦးေရထူထပ္မႈမ်ားတဲ့အခါက်ေတာ့ တေယာက္နဲ႔တေယာက္ နီးစပ္မႈရွိတယ္။ ဒီေရာဂါကလည္း နီးစပ္မႈရွိတယ္ အသက္ရႈလမ္းေၾကာင္းက ကူးတဲ့အခါက်ေတာ့ ကူးစက္မႈႏႈန္းျမန္တယ္။ အဲ့ေတာ့မွန္ပါတယ္။ ဒီရက္ပိုင္းအတြင္း ၁၀ လပိုင္းနဲ႔ ၁၁ လပိုင္းမွာ Case ေတြမ်ားလာပါတယ္။ ေဆးရံုလာျပေသာ လူနာမ်ား အေရအတြက္ မ်ားလာပါတယ္။ အဲ့မ်ားလာတာ Positive နဲ႔ ထိေတြ႕လူနာ အေရအတြက္ မ်ားလာပါတယ္။ အဲ့ဒီ ၾကဴေတြကို စစ္တဲ့အခါ အဲ့ၾကဴေတြကပဲ Positive ထြက္လာတာ မ်ားလာပါတယ္။ ဒီရက္ပိုင္းဆုိ ၈၀ ၉၀ နီးပါး ေန႔စဥ္ ထြက္ေပၚလာတဲ့အခ်ိန္မွာ အခုထက္ထိေတာ့ ႏိုင္ႏိုင္နင္းနင္း ေဆာင္ရြက္ႏိုင္ေနပါတယ္။”

မႏၱေလးတိုင္းမွာေတာ့ ကပ္ေရာဂါကာကြယ္ေရး ထိန္းခ်ဳပ္ေရးဆိုင္ရာ တားျမစ္ကန္႔သတ္ခ်က္ေတြကို ႏို၀င္ဘာ လကုန္အထိ သက္တမ္းတိုးထားၿပီး ႏို၀င္ဘာ ၁၅ ရက္ေန႔အထိ ကူးစက္သူ အေရအတြက္ ၃ ေထာင္ေက်ာ္ရွိကာ ေသဆံုးသူ ၁၈ ဦးအထိ ရွိပါတယ္ခင္ဗ်ာ။ ကြ်န္ေတာ္ထက္ေအာင္ခန္႔ပါ မႏၱေလးၿမိဳ႕ကေန သတင္းေပးပို႔ထားတာ ျဖစ္ပါတယ္။

..............................................

{{Unicode}}

ကိုဗစ်ကပ်ရောဂါကာလ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနောက်ပိုင်း ရောဂါကူးစက်မှုတွေ မြင့်တက်လာနိုင်တဲ့ အန္တရာယ် သတိပေးနေချိန်မှာပဲ မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင် ဝန်ထမ်းတချို့ ရောဂါကူးစက်ခံခဲ့ရတဲ့အကြောင်း ပြောပြပါမယ်။ ကျွန်တော် ထက်အောင်ခန့်ပါ။

မန္တလေးတိုင်း ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှာ တာဝန်ထမ်းဆောင်တဲ့ ဝန်ထမ်းတဦးမှာ ရောဂါပိုးကူးစက်ကြောင်း စနေနေ့ကပဲ အတည်ပြုခဲ့ပြီးနောက် ကျန်ဝန်ထမ်းတွေကို စစ်ဆေးရာမှာ ကော်မရှင် ဥက္ကဌနဲ့ ဦးစီးအရာရှိက လွဲပြီး ကျန်ဝန်ထမ်းတွေမှာ ဝန်ထမ်းအများအပြား ကူးစက်နေတာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ကူးစက်ခံရသူတွေကိုတော့ ဆေးရုံတင် ကုသပေးထားရကြောင်းလည်း မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးရှိန်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

“ကျွန်တော်နဲ့ ဦးစီးအရာရှိပဲလွတ်တယ်။ ကျန်တာအကုန် Positive ဖြစ်ပြီးတော့ အလုပ်သမား ဆေးရုံကြီးကို ရောက်သွားပြီ။ အားလုံးပေါင်း မနေ့က ၁ ဦး ဒီနေ့ ၆ ယောက် မနေ့က ၁ ယောက် ၇ ယောက်။ ရွေးကောက်ပွဲအပြီး နောက်တရက် နိုဝင်ဘာလ ၉ ရက်နေ့မှာ ကိုယ်စားလှယ်လောင်းတွေရတဲ့ မဲစာရင်း တွေတွက်တယ် ရာခိုင်နှုန်းတွေတွက်တယ် ခိုင်လုံမဲတွေ အခြေခံပြီး တွက်တဲ့အခါ ကျွန်တော်တို့က စာရင်းစစ်တွေ အကူညီခေါ်ရတယ်။ တိုင်းစာရင်းစစ်ရုံးက ဝန်ထမ်း ၄ ယောက်ပေးတယ်။ အဲ့ဝန်ထမ်း ၄ ယောက်ထဲက ၁ ယောက်က ၁၃ ရက်နေ့မှာ ဖျားတယ်ပေါ့။ အားလုံး ကြေငြာပြီးတဲ့ နေ့မှာ ဖျားတယ်ပေါ့။ ဖျားပြီးနောက်တရက် ဆေးစစ်တဲ့အချိန်မှာ သူက Positive ဖြစ်တယ်။ အဲ့ဒါပြီးတော့ တိုင်းရုံးကို ဆေးဖြန်းတယ်။ ဒါပေမယ့်လည်း စာရင်းစစ်ရုံးနဲ့ ကွန်ပျူတာ ရုံးခန်းကို စာရွက်အတင်အချလုပ်တဲ့ စာရေးမလေးက မနေ့က ကျွန်တော်တို့ရုံးက စာရေးမလေးက စဖြစ်တယ်။ ဒီနေ့ မသင်္ကာလို့ တရုံးလုံး စစ်လိုက်တဲ့ အချိန်ကျတော့ ဝန်ထမ်း ၆ ယောက် ထပ်ဖြစ်တာပေါ့။”

လက်ရှိအချိန်မှာတော့ ကော်မရှင် ဥက္ကဌနဲ့ ဦးစီးအရာရှိတို့ကတော့ နေအိမ်မှာပဲ သီးသန့်စောင့်ကြည့်ခံထားရပြီး ပိုးကူးစက်ခံရသူ ကော်မရှင်ဝန်ထမ်းတွေမှာလည်း စိုးရိမ်စရာမရှိဘူးလို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ တာဝန်ထမ်းဆောင်တဲ့ ဆရာမ ၂ ဦးနဲ့ ရပ်ကျေးကော်မရှင် တဦးမှာလည်း ရောဂါပိုးတွေ့ရှိခဲ့ပါသေးတယ်။

မန္တလေးမှာတော့ အခုရက်ပိုင်းအတွင်း ပိုးကူးစက်သူ အရေအတွက်များပြားလာပေမယ့် နိုင်နင်းအောင် ဆောင်ရွက်နိုင်နေတယ်လို့ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေး ဦးစီးဌာနက ဦးစီးမှူး ဒေါက်တာ သန်းသန်းမြင့်က ပြောပါတယ်။

“ကျွန်မတို့ရဲ့ အဓိက ပြသာနာက မန္တလေး Downtown ၅ မြို့နယ်ပါရှင့်။ လူဦးရေထူထပ်မှုများပါတယ်။ လူဦးရေထူထပ်မှုများတဲ့အခါကျတော့ တယောက်နဲ့တယောက် နီးစပ်မှုရှိတယ်။ ဒီရောဂါကလည်း နီးစပ်မှုရှိတယ် အသက်ရှုလမ်းကြောင်းက ကူးတဲ့အခါကျတော့ ကူးစက်မှုနှုန်းမြန်တယ်။ အဲ့တော့မှန်ပါတယ်။ ဒီရက်ပိုင်းအတွင်း ၁၀ လပိုင်းနဲ့ ၁၁ လပိုင်းမှာ Case တွေများလာပါတယ်။ ဆေးရုံလာပြသော လူနာများ အရေအတွက် များလာပါတယ်။ အဲ့များလာတာ Positive နဲ့ ထိတွေ့လူနာ အရေအတွက် များလာပါတယ်။ အဲ့ဒီ ကြူတွေကို စစ်တဲ့အခါ အဲ့ကြူတွေကပဲ Positive ထွက်လာတာ များလာပါတယ်။ ဒီရက်ပိုင်းဆို ၈၀ ၉၀ နီးပါး နေ့စဉ် ထွက်ပေါ်လာတဲ့အချိန်မှာ အခုထက်ထိတော့ နိုင်နိုင်နင်းနင်း ဆောင်ရွက်နိုင်နေပါတယ်။”

မန္တလေးတိုင်းမှာတော့ ကပ်ရောဂါကာကွယ်ရေး ထိန်းချုပ်ရေးဆိုင်ရာ တားမြစ်ကန့်သတ်ချက်တွေကို နိုဝင်ဘာ လကုန်အထိ သက်တမ်းတိုးထားပြီး နိုဝင်ဘာ ၁၅ ရက်နေ့အထိ ကူးစက်သူ အရေအတွက် ၃ ထောင်ကျော်ရှိကာ သေဆုံးသူ ၁၈ ဦးအထိ ရှိပါတယ်ခင်ဗျာ။ ကျွန်တော်ထက်အောင်ခန့်ပါ မန္တလေးမြို့ကနေ သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG