သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မဲရလဒ္အေပၚ အတိုက္အခံ ဆႏၵျပမႈ NLD တုံ႔ျပန္


၂၀၂၀ ေရြးေကာက္ပြဲအတြက္ အၿပိဳင္စည္း႐ုံးေနၾကတဲ့ NLD ပါတီေထာက္ခံသူေတြနဲ႔ USDP ပါတီေထာက္ခံသူမ်ား။ (စက္တင္ဘာ ၁၉၊ ၂၀၂၀)

(Zawgyi / Unicode)

ျမန္မာ့ေရြးကာက္ပြဲ အၿပီးသတ္ရလဒ္ မေန႔က ထုတ္ျပန္လိုက္ၿပီး လက္ရွိအစိုးရပါတီ စံခ်ိန္တင္ အႏိုင္ရလိုက္ခ်ိန္မွာ အဓိကအတုိက္အခံပါတီနဲ႔ အရင္အစိုးရပါတီဘက္ကေတာ့ ဒီရလဒ္အေပၚ ကန္႔ကြက္ဆႏၵျပေနပါတယ္။ အတိုက္အခံပါတီ ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႔ၿဖိဳးေရးပါတီဘက္က မေန႔ကပဲ ေနျပည္ေတာ္မွာ လူေထာင္ခ်ီၿပီး ဒီေရြးေကာက္ပြဲရလဒ္အျပင္ ေရြးေကာက္ပြဲေကာ္မရွင္ကိုပါ ဆန္႔က်င္ၿပီး တရားမွ်တမႈမရွိဘဲ မဲမသမာမႈေတြရွိခဲ့တဲ့ ေရြးေကာက္ပြဲလို႔ ႐ႈတ္ခ်လိုက္တယ္။

ဒါေပမယ့္ အစိုးရပါတီ NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ရဲ႕ ဗဟိုျပန္ၾကားေရးတာဝန္ခံကေတာ့ ဒီေရြးေကာက္ပြဲရလဒ္ကို တပ္မေတာ္အပါအဝင္ အမ်ားက လက္ခံၿပီးၿပီမို႔ ခုလို ဆက္မလုပ္သင့္ေတာ့ဘူးလို႔ ေျပာလုိက္ပါတယ္။ အျပည့္အစုံကို ကိုဝင္းမင္းက ဆက္သြယ္ေမးျမန္းၿပီး တင္ျပထားပါတယ္။

ေနျပည္ေတာ္ ဥတၱရသီရိၿမိဳ႕နယ္ ေရႊ႕နံ႔သာေဘာလုံးကြင္းမွာ ႀကံ့ခုိင္ဖြံ႔ၿဖိဳးေရးပါတီ ေထာက္ခံသူေတြ ၁,၀၀၀ ေက်ာ္ ဆႏၵျပၾကတာပါ။ ဒီဆႏၵျပသူေတြထဲ ေနျပည္ေတာ္ၿမိဳ႕ေန ဦးဝင္းေအာင္က…

“က်ေနာ္တုိ႔ မဲလိမ္ မဲညစ္ မဲခုိးေတြနဲ႔ ျပည္သူေတြက မေက်နပ္လုိ႔၊ အဲေတာ့ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေရြးေကာက္ပြဲ ျဖစ္ေစခ်င္လို႔၊ အားလုံး က်ေနာ္တုိ႔ ျပည္ခုိင္ၿဖိဳးကေန ဝန္းရံၿပီးေတာ့ ဆႏၵေဖာ္ထုတ္တာ။” လို႔ ေျပာပါတယ္။

ဒီအေပၚ အခုတေခါက္ စံခ်ိန္တင္ ေသာင္ၿပိဳ ကမ္းၿပိဳ အႏုိင္ရခဲ့တဲ့ NLD ဗဟုိျပန္ၾကားေရးေကာ္မတီ အတြင္းေရးမွဴး မုံရြာ ဦးေအာင္ရွင္က အခုလို တုံ႔ျပန္ပါတယ္။

“ဒီဟာကို မလုပ္သင့္တဲ့ အလုပ္ပဲလို႔ က်ေနာ္ေတာ့ ျမင္တယ္။ UEC ရဲ႕ ေၾကညာခ်က္လည္း အတည္ျဖစ္ၿပီးသား ျဖစ္တယ္။ ေနာက္တခါ ႏုိင္ငံတကာ အဖြဲ႔အစည္းေတြ၊ ႏုိင္ငံတကာ တုိင္းျပည္ေတြကလည္း အားလုံးက ဒီေရြးေကာက္ပြဲ ရလဒ္ကုိ ယုံၾကည္တယ္ေပါ့။ ေနာက္ အထူးသျဖင့္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ကုိယ္တုိင္ကလည္း ေရြးေကာက္ပြဲရလဒ္ကို အတည္ျပဳတယ္လို႔ ေျပာၿပီးသားဆုိေတာ့ ဒီဟာအတြက္ က်ေနာ္ေတာ့ မစုိးရိမ္ဘူး။”

အခုလို ဆႏၵျပမႈေတြအျပင္ ေက်ာက္မဲၿမိဳ႕မွာ ေရြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ အိမ္မွာလို ေသနတ္နဲ႔ပစ္တဲ့ အၾကမ္းဖက္မႈမ်ဳိး ေရွ႕မွာျဖစ္လာမွာ စိုးရိမ္ရပါသလားလုိ႔ ေမးရာမွာ မုံရြာ ဦးေအာင္ရွင္က အခုလိုေျပာပါတယ္။

“က်ေနာ္လည္း အဲဒါ မစုိးရိမ္ပါဘူးဗ်။ ဒီလိုဗုံးကြဲတာလည္း အခုမွရယ္ မဟုတ္ပါဘူး။ ေရြးေကာက္ပြဲ မတုိင္ခင္ကလည္း ဒီလုိပဲ ပစ္တာပါပဲ။ ေနာက္ၿပီးေတာ့ အခု ေနျပည္ေတာ္မွာ ဆႏၵျပတဲ့ကိစၥကလည္း တကယ္ကေတာ့ တႏုိင္ငံလုံး အတုိင္းအတာနဲ႔လည္း မဟုတ္ပါဘူး။ ေနျပည္ေတာ္ဆုိတဲ့ ေဒသတခုအေနနဲ႔ကေတာ့ ဘာမွ သိပ္ၿပီးေတာ့ ထူးထူးျခားျခား မဟုတ္ပါဘူး။”

တကယ္ေတာ့ ဒီမုိကေရစီ အသြင္ကူးေျပာင္းေရးေတြမွာ အေရးပါေလ့ရွိတဲ့ ဒုတိယအေက်ာ့ ေရြးေကာက္ပြဲမွာ အာဏာလႊဲခဲ့တဲ့ အရင္အစိုးရပါတီနဲ႔ အခု လက္ရွိအစုိးရပါတီတို႔အၾကား ၿပိဳင္ဆုိင္ တင္းမာမႈေတြ ျပင္းထန္လာခဲ့ၿပီး ေနာက္ဆုံးရလဒ္အပေၚလည္း ျငင္းခုံမႈေတြ ဆက္ျဖစ္ေနၾကတာ ျဖစ္ပါတယ္။

မဲရလဒ္အေပၚ အတိုက္အခံ ဆႏၵျပမႈ NLD တုံ႔ျပန္
please wait

No media source currently available

0:00 0:02:30 0:00
တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

မဲရလဒ်အပေါ် အတိုက်အခံ ဆန္ဒပြမှု NLD တုံ့ပြန်

မြန်မာ့ရွေးကာက်ပွဲ အပြီးသတ်ရလဒ် မနေ့က ထုတ်ပြန်လိုက်ပြီး လက်ရှိအစိုးရပါတီ စံချိန်တင် အနိုင်ရလိုက်ချိန်မှာ အဓိကအတိုက်အခံပါတီနဲ့ အရင်အစိုးရပါတီဘက်ကတော့ ဒီရလဒ်အပေါ် ကန့်ကွက်ဆန္ဒပြနေပါတယ်။ အတိုက်အခံပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဘက်က မနေ့ကပဲ နေပြည်တော်မှာ လူထောင်ချီပြီး ဒီရွေးကောက်ပွဲရလဒ်အပြင် ရွေးကောက်ပွဲကော်မရှင်ကိုပါ ဆန့်ကျင်ပြီး တရားမျှတမှုမရှိဘဲ မဲမသမာမှုတွေရှိခဲ့တဲ့ ရွေးကောက်ပွဲလို့ ရှုတ်ချလိုက်တယ်။

ဒါပေမယ့် အစိုးရပါတီ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုပြန်ကြားရေးတာဝန်ခံကတော့ ဒီရွေးကောက်ပွဲရလဒ်ကို တပ်မတော်အပါအဝင် အများက လက်ခံပြီးပြီမို့ ခုလို ဆက်မလုပ်သင့်တော့ဘူးလို့ ပြောလိုက်ပါတယ်။ အပြည့်အစုံကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

နေပြည်တော် ဥတ္တရသီရိမြို့နယ် ရွှေ့နံ့သာဘောလုံးကွင်းမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ထောက်ခံသူတွေ ၁,၀၀၀ ကျော် ဆန္ဒပြကြတာပါ။ ဒီဆန္ဒပြသူတွေထဲ နေပြည်တော်မြို့နေ ဦးဝင်းအောင်က…

“ကျနော်တို့ မဲလိမ် မဲညစ် မဲခိုးတွေနဲ့ ပြည်သူတွေက မကျေနပ်လို့၊ အဲတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေချင်လို့၊ အားလုံး ကျနော်တို့ ပြည်ခိုင်ဖြိုးကနေ ဝန်းရံပြီးတော့ ဆန္ဒဖော်ထုတ်တာ။” လို့ ပြောပါတယ်။

ဒီအပေါ် အခုတခေါက် စံချိန်တင် သောင်ပြို ကမ်းပြို အနိုင်ရခဲ့တဲ့ NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာ ဦးအောင်ရှင်က အခုလို တုံ့ပြန်ပါတယ်။

“ဒီဟာကို မလုပ်သင့်တဲ့ အလုပ်ပဲလို့ ကျနော်တော့ မြင်တယ်။ UEC ရဲ့ ကြေညာချက်လည်း အတည်ဖြစ်ပြီးသား ဖြစ်တယ်။ နောက်တခါ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ တိုင်းပြည်တွေကလည်း အားလုံးက ဒီရွေးကောက်ပွဲ ရလဒ်ကို ယုံကြည်တယ်ပေါ့။ နောက် အထူးသဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင်ကလည်း ရွေးကောက်ပွဲရလဒ်ကို အတည်ပြုတယ်လို့ ပြောပြီးသားဆိုတော့ ဒီဟာအတွက် ကျနော်တော့ မစိုးရိမ်ဘူး။”

အခုလို ဆန္ဒပြမှုတွေအပြင် ကျောက်မဲမြို့မှာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အိမ်မှာလို သေနတ်နဲ့ပစ်တဲ့ အကြမ်းဖက်မှုမျိုး ရှေ့မှာဖြစ်လာမှာ စိုးရိမ်ရပါသလားလို့ မေးရာမှာ မုံရွာ ဦးအောင်ရှင်က အခုလိုပြောပါတယ်။

“ကျနော်လည်း အဲဒါ မစိုးရိမ်ပါဘူးဗျ။ ဒီလိုဗုံးကွဲတာလည်း အခုမှရယ် မဟုတ်ပါဘူး။ ရွေးကောက်ပွဲ မတိုင်ခင်ကလည်း ဒီလိုပဲ ပစ်တာပါပဲ။ နောက်ပြီးတော့ အခု နေပြည်တော်မှာ ဆန္ဒပြတဲ့ကိစ္စကလည်း တကယ်ကတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့လည်း မဟုတ်ပါဘူး။ နေပြည်တော်ဆိုတဲ့ ဒေသတခုအနေနဲ့ကတော့ ဘာမှ သိပ်ပြီးတော့ ထူးထူးခြားခြား မဟုတ်ပါဘူး။”

တကယ်တော့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွေမှာ အရေးပါလေ့ရှိတဲ့ ဒုတိယအကျော့ ရွေးကောက်ပွဲမှာ အာဏာလွှဲခဲ့တဲ့ အရင်အစိုးရပါတီနဲ့ အခု လက်ရှိအစိုးရပါတီတို့အကြား ပြိုင်ဆိုင် တင်းမာမှုတွေ ပြင်းထန်လာခဲ့ပြီး နောက်ဆုံးရလဒ်အပေါ်လည်း ငြင်းခုံမှုတွေ ဆက်ဖြစ်နေကြတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG