သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့ဒီမိုကေရစီေရး ၾသစေၾတးလ် ဆက္လက္ေထာက္ခံသြားမည္


ၾသစေၾတးလ် ႏုိင္ငံျခားေရးဝန္ႀကီး Marise Payne. (ဇူလုိင္ ၂၈၊ ၂၀၂၀)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံရဲ႕ ၿငိမ္းခ်မ္းတဲ့ ေရြးေကာက္ပြဲဟာဆိုရင္ ႏုိင္ငံရဲ႕ ဒီမိုကေရစီ အသြင္ကူးေျပာင္းမႈမွာ အေရးႀကီးတဲ့ မွတ္တိုင္တခု ျဖစ္ပါတယ္လို႔ ၾသစေၾတးလ် ႏုိင္ငံျခားေရးဝန္ႀကီး Marise Payne က ေၾကညာခ်က္ ထုတ္ပါတယ္။

ၿပီးခဲ့တဲ့ ၾကာသပေတးေန႔ကထုတ္တဲ့ ၾသစေၾတးလ် ႏုိင္ငံျခားေရးဝန္ႀကီးရဲ႕ ေၾကညာခ်က္မွာေတာ့ ဒီမိုုကေရစီ အျပည့္အဝ ရရွိေရးအတြက္ ျမန္မာႏုိင္ငံကို ဆက္လက္ ေထာက္ခံသြားမယ့္အေၾကာင္း ေဖာ္ျပပါတယ္။

ေနာက္ ဒီမိုကေရစီ လုပ္ငန္းစဥ္မွာ ႐ုိဟင္ဂ်ာေတြ အပါအဝင္ လူနည္းစု တိုင္းရင္းသားေတြလည္း အျပည့္အဝ ပူးေပါင္းပါဝင္ႏုိင္ေရးအတြက္ လာမယ့္ ျမန္မာအစိုးရသစ္ဘက္က အေသအခ်ာ ေဆာင္ရြက္ဖုိ႔ကိုလည္း အားေပး တိုက္တြန္းထားပါတယ္။

မဲေပးပြဲမလုပ္ခဲ့တဲ့ ေဒသေတြမွာလည္း အတတ္ႏုိင္ဆံုး အေစာဆံုး ပြင့္လင္းျမင္သာမႈရွိရွိ အားလံုးပါဝင္ႏုိင္တဲ့ ၾကားျဖတ္ေရြးေကာက္ပြဲေတြ က်င္းပဖို႔ ေမွ်ာ္လင့္ေၾကာင္းလည္း ေဖာ္ျပပါတယ္။

လက္ရွိအာဏာရ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (NLD) အမတ္ေနရာအမ်ားစု အႏုိင္ရထားတဲ့ ၿပီးခဲ့တဲ့ ႏုိဝင္ဘာလ ၈ ရက္ ေရြးေကာက္ပြဲမွာ ရခုိင္ျပည္နယ္က အမ်ားစုပါတဲ့ ၿမိဳ႕နယ္ ၁၅ ခုနဲ႔ ေက်းရြာအုပ္စုတခ်ိဳ႕က ျပည္သူေတြ မဲေပးခြင့္ မရခဲ႔ပါဘူး။ ဒီေဒသေတြမွာ ၾကားျဖတ္ေရြးေကာက္ပြဲ ဘယ္ေတာ့က်င္းပႏုိင္မလဲ ဆုိတာကေတာ့ မေရမရာ ရွိေနဆဲပါ။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

မြန်မာ့ဒီမိုကရေစီရေး သြစတြေးလျ ဆက်လက်ထောက်ခံသွားမည်

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းတဲ့ ရွေးကောက်ပွဲဟာဆိုရင် နိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာ အရေးကြီးတဲ့ မှတ်တိုင်တခု ဖြစ်ပါတယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Marise Payne က ကြေညာချက် ထုတ်ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ကထုတ်တဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးရဲ့ ကြေညာချက်မှာတော့ ဒီမိုကရေစီ အပြည့်အဝ ရရှိရေးအတွက် မြန်မာနိုင်ငံကို ဆက်လက် ထောက်ခံသွားမယ့်အကြောင်း ဖော်ပြပါတယ်။

နောက် ဒီမိုကရေစီ လုပ်ငန်းစဉ်မှာ ရိုဟင်ဂျာတွေ အပါအဝင် လူနည်းစု တိုင်းရင်းသားတွေလည်း အပြည့်အဝ ပူးပေါင်းပါဝင်နိုင်ရေးအတွက် လာမယ့် မြန်မာအစိုးရသစ်ဘက်က အသေအချာ ဆောင်ရွက်ဖို့ကိုလည်း အားပေး တိုက်တွန်းထားပါတယ်။

မဲပေးပွဲမလုပ်ခဲ့တဲ့ ဒေသတွေမှာလည်း အတတ်နိုင်ဆုံး အစောဆုံး ပွင့်လင်းမြင်သာမှုရှိရှိ အားလုံးပါဝင်နိုင်တဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပဖို့ မျှော်လင့်ကြောင်းလည်း ဖော်ပြပါတယ်။

လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမတ်နေရာအများစု အနိုင်ရထားတဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်က အများစုပါတဲ့ မြို့နယ် ၁၅ ခုနဲ့ ကျေးရွာအုပ်စုတချို့က ပြည်သူတွေ မဲပေးခွင့် မရခဲ့ပါဘူး။ ဒီဒေသတွေမှာ ကြားဖြတ်ရွေးကောက်ပွဲ ဘယ်တော့ကျင်းပနိုင်မလဲ ဆိုတာကတော့ မရေမရာ ရှိနေဆဲပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG