သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

က်န္ေနေသးတဲ့ မဲဆႏၵနယ္ေျမေတြမွာ ေရြးေကာက္ပြဲလုပ္ႏုိင္ေျခ အလားအလာ


ရန္ကုန္ၿမိဳ႕တြင္ အသက္ ၆၀ အထက္ လူႀကီးမ်ား မဲေပးၾကသည့္ ျမင္ကြင္းတခ်ိဳ႕။ (ေအာက္တိုဘာ ၂၉၊ ၂၀၂၀)

[Zawgyi/Unicode]

ၿပီးခဲ့တဲ့ ေရြးေကာက္ပြဲမွာမပါဘဲ ခ်န္ထားခဲ့တဲ့ မဲဆႏၵနယ္ေျမေတြကို ၂၀၂၀ ေရြးေကာက္ပြဲရဲ႕ အစိတ္အပိုင္းအျဖစ္ သတ္မွတ္မယ္ဆိုရင္ ဥပေဒေၾကာင္းအရ ေရြးေကာက္ပြဲ မၾကာခင္ က်င္းပႏိုင္တယ္လို႔ ေရြးေကာက္ပြဲေစာင့္ၾကည့္ေလ့လာတဲ့ PACE အဖြဲ႔ရဲ႕ အမႈေဆာင္ဒါ႐ိုက္တာ စိုင္းရဲေက်ာ္စြာျမင့္ကေျပာပါတယ္။ အားလံုးညွိႏိႈင္းၿပီးေတာ့ ဒီဇင္ဘာလအတြင္းမွာ ေရြးေကာက္ပြဲလုပ္ေပးႏုိင္တဲ့ အေနအထားရွိေနတယ္လုိ႔ ေရွ႕ေနႀကီး ဦးသိန္းသန္းဦးကလည္း သံုးသပ္ပါတယ္။ က်န္ေနေသးတဲ့ မဲဆႏၵနယ္ေျမေတြမွာ ေရြးေကာက္ပြဲေတြက်င္းပဖို႔ ရခိုင္လက္နက္ကိုင္အဖြဲ႔ AA နဲ႔ တပ္မေတာ္တို႔ရဲ႕ေၾကညာခ်က္ေတြ ထြက္လာၿပီးတဲ့ေနာက္ အခုလို သံုးသပ္ေျပာဆိုၾကတာပါ။ ကိုဝင္းမင္းက ဆက္သြယ္ေမးျမန္းထားပါတယ္။

စိုင္းရဲေက်ာ္စြာျမင့္။ ။ အဓိကကေတာ့ အခု လစ္လပ္ေနတဲ့ အထူးသျဖင့္ ရခိုင္မွာရွိတဲ့ ၉ ၿမိဳ႕နယ္ရယ္၊ ရွမ္းျပည္နယ္မွာ ရွိတဲ့ ၁ ၿမိဳ႕နယ္၊ ဒီ ၁၀ ၿမိဳ႕နယ္ကို ျပည္ေထာင္စုေရြးေကာက္ပဲြေကာ္မရွင္က ဘယ္လိုသတ္မွတ္သလဲ ဆိုတဲ့အေပၚမွာ မူတည္တယ္ဗ်။ အဓိကကေတာ့ က်န္ေနတဲ့ ၿမိဳ႕နယ္ ၅ ၿမိဳ႕နယ္ကို ၂၀၂၀ အေထြေထြေရြးေကာက္ပဲြၾကီးရဲ႕ အစိတ္အပိုင္းအျဖစ္ပဲ သတ္မွတ္မယ္ဆိုရင္ေတာ့ က်ေနာ္ထင္ပါတယ္ ဥပေဒေၾကာင္းအရ က်င္းပလို႔ရမယ္။ ဒါေပမဲ့ ဒီ ၁၀ ၿမိဳ႕နယ္ကို ၾကားျဖတ္ ေရြးေကာက္ပဲြ၊ လစ္လပ္သြားတဲ့ မဲဆႏၵနယ္လို႔ေျပာမယ္ဆိုရင္ေတာ့ က်ေနာ္တို႔ ၾကားျဖတ္ေရြးေကာက္ပဲြ ဥပေဒအရဆိုလို႔ရွိရင္ ၂၀၂၂ က်မွ က်င္းပႏိုင္ေတာ့မယ္။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့၊ အခုေလာေလာဆယ္မွာ ေရြးေကာက္ပဲြေကာ္မရွင္က ဘယ္လို အဓိပၸါယ္ဖြင့္မယ္လို႔ ထင္လဲ။

စိုင္းရဲေက်ာ္စြာျမင့္။ ။ က်ေနာ္တို႔ရဲ႕အျမင္ကေတာ့ ဒါကို အေထြေထြ ေရြးေကာက္ပဲြအေနနဲ႔ အဓိပၸါယ္ ဖြင့္ခ်င္ရင္ ဖြင့္လို႔ရပါတယ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ လစ္လပ္သြားတဲ့ေနရာမို႔လို႔ ေရြးကိုမေရြးရေသးဘူး ျဖစ္တာကိုး။ ေရြးေကာက္ပဲြ ပယ္ဖ်က္ထားတာလည္း ရွိတာကိုး၊ ေရႊ႕ဆိုင္းတာလည္းရွိေသးတာကိုး။ ဆိုေတာ့ အရင္ ေကာ္မရွင္က ေရႊ႕ဆိုင္းတုန္းကလည္း ဒါကို အခ်ိန္မီ က်င္းပဖို႔ အလားအလာရွိတယ္ဆိုရင္ က်င္းပမယ္လို႔ ေကာ္မရွင္က ပထမ သတင္းစာရွင္းလင္းပဲြမွာလည္း ေျပာထားၿပီးသားပဲ။ ဆိုေတာ့ က်ေနာ္ ထင္ပါတယ္ ေကာ္မရွင္အေနနဲ႔ လုပ္မယ္လို႔ စဥ္းစားမယ္ဆိုရင္ ဒါကို အေထြေထြ ေရြးေကာက္ပဲြရဲ႕ အစိတ္အပိုင္း တခုအေနနဲ႔ပဲ သတ္မွတ္ဖို႔ မ်ားတယ္လို႔ က်ေနာ္ ယူဆတယ္။ ဒါေၾကာင့္မို႔လည္း သူတိ္ု႔ ဒီဇင္ဘာအကုန္ေလာက္မွာ က်င္းပမယ္ဆိုတဲ့ဟာမ်ိဳး ထြက္လာတယ္လို႔ က်ေနာ္ထင္တယ္။ ေနာက္ၿပီးေတာ့ မေန႔က ေကာ္မရွင္ရဲ႕ သတင္းစာရွင္းလင္းပဲြအရဆို သူတို႔ဆီမွာ က်ေနာ္တို႔ အေျခခံျဖစ္တဲ့ မဲဆႏၵရွင္ စာရင္းတို႔၊ ဘာတို႔လည္း ရွိၿပီးသားလို႔လည္း ေျပာတာေပါ့ေလ။ ဆိုေတာ့ အဲဒါမ်ိဳးေတာ့ က်ေနာ္တို႔ ေတြ႔ရမယ္။ က်ေနာ္တို႔အတြက္ အဓိကကက်ေတာ့ တကယ္လို႔ က်င္းပမယ္လို႔၊ စိတ္ကူးတယ္၊ စဥ္းစားတယ္ဆိုရင္ေတာ့ အရင္အတိုင္းပဲ မျဖစ္ေအာင္ ႏိုင္ငံေရးပါတီေတြနဲ႔ ေဆြးေႏြးဖို႔ လုိမယ္... အထူးသျဖင့္ ေဒသခံႏိုင္ငံေရးပါတီေတြ။ ဘာျဖစ္လို႔လဲဆိုေတာ့ မဲဆြယ္ စည္းရံုးေရးကာလက ႏွစ္လ ရပါ့မလားဆိုတဲ့အေပၚမွာ မူတည္တာကိုး။ မဲဆြယ္စည္းရံုးေရးကလည္း ရက္ ၆၀ မဟုတ္ဘူးဆိုရင္ ဘယ္လို စည္းရုံးမလဲဆိုတာမ်ိဳး။ အဓိကကေတာ့ ႏိုင္ငံေရးပါတီေတြ မဲဆြယ္စည္းရံုးခြင့္ကို အာမခံခ်က္ေပးဖို႔လိုတယ္။ မဲဆႏၵရွင္ေတြ လံုလံုျခံဳျခံဳနဲ႔ မဲေပးႏိုင္ဖို႔ လိုတယ္။ အဲဒီ ႏွစ္ခုကို အာမခံခ်က္ေပးႏိုင္ဖို႔လိုတယ္လို႔ က်ေနာ္ျမင္တယ္။

ကိုဝင္းမင္း။ ။ ေရြးေကာက္ပဲြ ေကာ္မရွင္နဲ႔ေရာ အခု ကိစၥေဆြးေႏြးဖို႔ ရွိလား။

စိုင္းရဲေက်ာ္စြာျမင့္။ ။ ဟိုတေန႔က သတင္းစာ ရွင္းလင္းပဲြအရေတာ့ ေကာ္မရွင္က သူ႔ကို အေၾကာင္းၾကားရင္ေတာ့ သူတို႔က ဒါကို က်င္းပဖို႔ အစီအစဥ္ရွိတယ္ဆိုတာေလးပဲ ေျပာတယ္။ ဒီေကာ္မရွင္ကို လုပ္ပိုင္ခြင့္ေပးထားတာက ေရြးေကာက္ပဲြေတြကို ရပ္ဆိုင္းလို႔ရတယ္၊ ေရႊ႕ဆိုင္းလို႔ရတယ္၊ ျပန္လည္ၿပီးေတာ့မွ အေျခအေနေကာင္းတဲ့အခါ ျပန္က်င္းပတာ၊ အဲဒီ သေဘာမ်ိဳး ေကာ္မရွင္ကို အခြင့္အာဏာေပးထားတာရွိတယ္။ ဒါ ေကာ္မရွင္ရဲ႕ အခြင့္အာဏာထဲမွာ ရွိတယ္လို႔ က်ေနာ္ျမင္တယ္။ အဓိကကေတာ့ က်င္းပမယ္လို႔ သတ္မွတ္ထားတဲ့ မဲဆႏၵနယ္ေတြမွာ တိုက္ပဲြေတြ မရွိေတာ့တာမ်ိဳး၊ ေနာက္တခုက လံုျခံဳေရးအရ အာမခံခ်က္ေပးႏိုင္တယ္ဆိုလို႔ရွိရင္ ေရြးေကာက္ပဲြေတြက က်င္းပလို႔ရတာပါပဲ။ အခုဥပမာအရ ၾကည့္မယ္ဆိုရင္ ပလက္ဝတို႔၊ ဘာတို႔မွာ ဆိုလို႔ရွိရင္လည္း သိပ္စိတ္မခ်ရတဲ့ ေနရာမ်ိဳးေတြမွာ မက်င္းပဘဲနဲ႔ စိတ္ခ်ရတဲ့ ေနရာေတြမွာ ေရြးၿပီးေတာ့ က်င္းပတာမ်ိဳး အခုလည္း ဒီအတိုင္းပါပဲ။ ေကာ္မရွင္အေနနဲ႔ အစိုးရတို႔၊ ဘာတို႔နဲ႔ လုံျခံဳေရး ဆန္းစစ္ခ်က္ေတြယူ၊ လံုျခံဳေရးကို အာမခံခ်က္ေပးႏိုင္တယ္ဆိုရင္ေတာ့ ဒါ အေျခခံအက်ဆံုးပဲ။ နဂို ပယ္ဖ်က္ဖို႔ စဥ္းစားခဲ့တုန္းကလည္း လံုျခံဳးေရးေၾကာင့္လို႔ပဲ အေၾကာင္းျပခဲ့တာ။ တကယ္လို႔သာ အခုထုတ္တဲ့ ေၾကျငာခ်က္အရေတြ ဆိုလို႔ရွိရင္ ဒါ လံုျခံဳေရးအရ အာမခံခ်က္ ေပးႏိုင္မယ့္ သေဘာမ်ိဳးေတြ သက္ေရာက္တယ္လို႔ ယူဆတယ္။ တပ္မေတာ္ဘက္ကေရာ၊ AA ဘက္ကေရာ အဲဒီလိုဟာမ်ိဳးေတြ က်ေနာ္တို႔ ေတြ႔ေနရတယ္။ ေနာက္ၿပီးေတာ့မွ ရခိုင္အမ်ိဳးသားပါတီကလည္း ျပန္လုပ္ဖို႔ ေတာင္းဆိုတာမ်ိဳးေတြလည္း က်ေနာ္တို႔ ေတြ႔ရတယ္။ ဒါ က်ေနာ္ထင္ပါတယ္။ အလားအလာေကာင္းတဲ့ သေဘာမ်ိဳးလို႔ေတာ့ က်ေနာ္တို႔ ျမင္ရတယ္ေပါ့ေလ။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့၊ ေက်းဇူးပါ စိုင္းရဲေက်ာ္စြာျမင့္ခင္ဗ်ာ။ တရားလႊတ္ေတာ္ ေရွ႕ေနႀကီး ဦးသိန္းသန္းဦးကိုလည္း ေမးထားပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ သူက အခုလို ရွင္းျပပါတယ္။

ဦးသိန္းသန္းဦး။ ။ တိုင္းျပည္ရဲ႕ မ်က္ေမွာက္ျဖစ္ေနတဲ့ အေနအထားမွာ တပ္မေတာ္ဘက္က ဒါကို အျမန္ လုပ္ေစခ်င္တယ္။ AA ဘက္ကလည္း ထူးျခားတဲ့ ေၾကျငာခ်က္ေတြ လာၿပီေပါ့ေနာ္။ NRPC ကလည္း ေၾကျငာထားၿပီးသား။ လူထုကိုလည္း ေတာင္းပန္ထားတယ္။ အထူး စိတ္မေကာင္းျဖစ္တယ္ဆိုတာ။ သံုးဦး သံုးဖလွယ္ေပါ့။ ခု က်ေနာ္တို႔ ေတြ႔ရသေလာက္ေတာ့ ဆႏၵရွိေနတာေပါ့။ အခုက က်ေနာ္တို႔က ၾကားျဖတ္ေရြးေကာက္ပဲြ မဟုတ္ဘူးဗ်။ ပံုမွန္ ေရြးေကာက္ပဲြမွာ ေနရာေတြ ခ်န္ထားခဲ့ရတာ။ pandemic ေၾကာင့္မဟုတ္ဘူး။ လံုျခံဳေရးေၾကာင့္ ခ်န္ထားတဲ့ ေနရာေတြ ျဖစ္ပါတယ္။ ေရြးေကာက္ပဲြေကာ္မရွင္က သူ႔ရဲ႕ အခြင့္အာဏာကို သံုးၿပီးေတာ့ လုပ္ေပးႏိုင္တဲ့ အေနအထားရွိရင္ေတာ့ လုပ္ေပးသင့္တဲ့ ေနရာေတြ ျဖစ္တယ္။ အဲဒီေတာ့ လႊတ္ေတာ္သက္တမ္းက ဇန္နဝါရီ ၃၁ ကုန္မွာ။ ၂၀၂၁ ေဖေဖာ္ဝါရီ ၁ ရက္ေန႔မွာက်ေတာ့ တတိယအၾကိမ္ ျပည္သူ႔လႊတ္ေတာ္ စမွာျဖစ္တဲ့အတြက္ ဒီၾကားထဲမွာေပါ့ေနာ္ ရက္ေပါင္း ၉၀ အတြင္းနဲ႔ ဝင္ဖို႔လည္းလိုတယ္ဆိုေတာ့ ေစာေစာပိုင္းတုန္းကလည္း ဒီဇင္ဘာအထိ ေရႊ႕ဖို႔အထိ ညိွႏိႈင္းရတယ္ဆိုေတာ့ က်ေနာ္ထင္ထယ္.. ခု ႏိုဝင္ဘာေတာ့ေရာက္ေနၿပီ။ မဲဆႏၵေတြလည္း ရွိၿပီးသား အားလံုးလည္း ready ပဲဆိုေတာ့ အားလံုး ညိွႏိႈင္းၿပီးေတာ့ ဒီဇင္ဘာအတြင္းမွာ အၿပီး ေရြးေကာက္ပဲြ လုပ္ေပးႏိုင္တဲ့ အေနအထားလည္း ခုခ်ိန္ကေတာ့ ရွိေနၿပီလို႔ က်ေနာ္ထင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကျန်နေသေးတဲ့ မဲဆန္ဒနယ်မြေတွေမှာ ရွေးကောက်ပွဲလုပ်နိုင်ခြေ အလားအလာ

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာမပါဘဲ ချန်ထားခဲ့တဲ့ မဲဆန္ဒနယ်မြေတွေကို ၂၀၂၀ ရွေးကောက်ပွဲရဲ့ အစိတ်အပိုင်းအဖြစ် သတ်မှတ်မယ်ဆိုရင် ဥပဒေကြောင်းအရ ရွေးကောက်ပွဲ မကြာခင် ကျင်းပနိုင်တယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာတဲ့ PACE အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်ကပြောပါတယ်။ အားလုံးညှိနှိုင်းပြီးတော့ ဒီဇင်ဘာလအတွင်းမှာ ရွေးကောက်ပွဲလုပ်ပေးနိုင်တဲ့ အနေအထားရှိနေတယ်လို့ ရှေ့နေကြီး ဦးသိန်းသန်းဦးကလည်း သုံးသပ်ပါတယ်။ ကျန်နေသေးတဲ့ မဲဆန္ဒနယ်မြေတွေမှာ ရွေးကောက်ပွဲတွေကျင်းပဖို့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ တပ်မတော်တို့ရဲ့ကြေညာချက်တွေ ထွက်လာပြီးတဲ့နောက် အခုလို သုံးသပ်ပြောဆိုကြတာပါ။ ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

စိုင်းရဲကျော်စွာမြင့်။ ။ အဓိကကတော့ အခု လစ်လပ်နေတဲ့ အထူးသဖြင့် ရခိုင်မှာရှိတဲ့ ၉ မြို့နယ်ရယ်၊ ရှမ်းပြည်နယ်မှာ ရှိတဲ့ ၁ မြို့နယ်၊ ဒီ ၁၀ မြို့နယ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဘယ်လိုသတ်မှတ်သလဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်ဗျ။ အဓိကကတော့ ကျန်နေတဲ့ မြို့နယ် ၅ မြို့နယ်ကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးရဲ့ အစိတ်အပိုင်းအဖြစ်ပဲ သတ်မှတ်မယ်ဆိုရင်တော့ ကျနော်ထင်ပါတယ် ဥပဒေကြောင်းအရ ကျင်းပလို့ရမယ်။ ဒါပေမဲ့ ဒီ ၁၀ မြို့နယ်ကို ကြားဖြတ် ရွေးကောက်ပွဲ၊ လစ်လပ်သွားတဲ့ မဲဆန္ဒနယ်လို့ပြောမယ်ဆိုရင်တော့ ကျနော်တို့ ကြားဖြတ်ရွေးကောက်ပွဲ ဥပဒေအရဆိုလို့ရှိရင် ၂၀၂၂ ကျမှ ကျင်းပနိုင်တော့မယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့၊ အခုလောလောဆယ်မှာ ရွေးကောက်ပွဲကော်မရှင်က ဘယ်လို အဓိပ္ပါယ်ဖွင့်မယ်လို့ ထင်လဲ။

စိုင်းရဲကျော်စွာမြင့်။ ။ ကျနော်တို့ရဲ့အမြင်ကတော့ ဒါကို အထွေထွေ ရွေးကောက်ပွဲအနေနဲ့ အဓိပ္ပါယ် ဖွင့်ချင်ရင် ဖွင့်လို့ရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လစ်လပ်သွားတဲ့နေရာမို့လို့ ရွေးကိုမရွေးရသေးဘူး ဖြစ်တာကိုး။ ရွေးကောက်ပွဲ ပယ်ဖျက်ထားတာလည်း ရှိတာကိုး၊ ရွှေ့ဆိုင်းတာလည်းရှိသေးတာကိုး။ ဆိုတော့ အရင် ကော်မရှင်က ရွှေ့ဆိုင်းတုန်းကလည်း ဒါကို အချိန်မီ ကျင်းပဖို့ အလားအလာရှိတယ်ဆိုရင် ကျင်းပမယ်လို့ ကော်မရှင်က ပထမ သတင်းစာရှင်းလင်းပွဲမှာလည်း ပြောထားပြီးသားပဲ။ ဆိုတော့ ကျနော် ထင်ပါတယ် ကော်မရှင်အနေနဲ့ လုပ်မယ်လို့ စဉ်းစားမယ်ဆိုရင် ဒါကို အထွေထွေ ရွေးကောက်ပွဲရဲ့ အစိတ်အပိုင်း တခုအနေနဲ့ပဲ သတ်မှတ်ဖို့ များတယ်လို့ ကျနော် ယူဆတယ်။ ဒါကြောင့်မို့လည်း သူတို့ ဒီဇင်ဘာအကုန်လောက်မှာ ကျင်းပမယ်ဆိုတဲ့ဟာမျိုး ထွက်လာတယ်လို့ ကျနော်ထင်တယ်။ နောက်ပြီးတော့ မနေ့က ကော်မရှင်ရဲ့ သတင်းစာရှင်းလင်းပွဲအရဆို သူတို့ဆီမှာ ကျနော်တို့ အခြေခံဖြစ်တဲ့ မဲဆန္ဒရှင် စာရင်းတို့၊ ဘာတို့လည်း ရှိပြီးသားလို့လည်း ပြောတာပေါ့လေ။ ဆိုတော့ အဲဒါမျိုးတော့ ကျနော်တို့ တွေ့ရမယ်။ ကျနော်တို့အတွက် အဓိကကကျတော့ တကယ်လို့ ကျင်းပမယ်လို့၊ စိတ်ကူးတယ်၊ စဉ်းစားတယ်ဆိုရင်တော့ အရင်အတိုင်းပဲ မဖြစ်အောင် နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးဖို့ လိုမယ်... အထူးသဖြင့် ဒေသခံနိုင်ငံရေးပါတီတွေ။ ဘာဖြစ်လို့လဲဆိုတော့ မဲဆွယ် စည်းရုံးရေးကာလက နှစ်လ ရပါ့မလားဆိုတဲ့အပေါ်မှာ မူတည်တာကိုး။ မဲဆွယ်စည်းရုံးရေးကလည်း ရက် ၆၀ မဟုတ်ဘူးဆိုရင် ဘယ်လို စည်းရုံးမလဲဆိုတာမျိုး။ အဓိကကတော့ နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးခွင့်ကို အာမခံချက်ပေးဖို့လိုတယ်။ မဲဆန္ဒရှင်တွေ လုံလုံခြုံခြုံနဲ့ မဲပေးနိုင်ဖို့ လိုတယ်။ အဲဒီ နှစ်ခုကို အာမခံချက်ပေးနိုင်ဖို့လိုတယ်လို့ ကျနော်မြင်တယ်။

ကိုဝင်းမင်း။ ။ ရွေးကောက်ပွဲ ကော်မရှင်နဲ့ရော အခု ကိစ္စဆွေးနွေးဖို့ ရှိလား။

စိုင်းရဲကျော်စွာမြင့်။ ။ ဟိုတနေ့က သတင်းစာ ရှင်းလင်းပွဲအရတော့ ကော်မရှင်က သူ့ကို အကြောင်းကြားရင်တော့ သူတို့က ဒါကို ကျင်းပဖို့ အစီအစဉ်ရှိတယ်ဆိုတာလေးပဲ ပြောတယ်။ ဒီကော်မရှင်ကို လုပ်ပိုင်ခွင့်ပေးထားတာက ရွေးကောက်ပွဲတွေကို ရပ်ဆိုင်းလို့ရတယ်၊ ရွှေ့ဆိုင်းလို့ရတယ်၊ ပြန်လည်ပြီးတော့မှ အခြေအနေကောင်းတဲ့အခါ ပြန်ကျင်းပတာ၊ အဲဒီ သဘောမျိုး ကော်မရှင်ကို အခွင့်အာဏာပေးထားတာရှိတယ်။ ဒါ ကော်မရှင်ရဲ့ အခွင့်အာဏာထဲမှာ ရှိတယ်လို့ ကျနော်မြင်တယ်။ အဓိကကတော့ ကျင်းပမယ်လို့ သတ်မှတ်ထားတဲ့ မဲဆန္ဒနယ်တွေမှာ တိုက်ပွဲတွေ မရှိတော့တာမျိုး၊ နောက်တခုက လုံခြုံရေးအရ အာမခံချက်ပေးနိုင်တယ်ဆိုလို့ရှိရင် ရွေးကောက်ပွဲတွေက ကျင်းပလို့ရတာပါပဲ။ အခုဥပမာအရ ကြည့်မယ်ဆိုရင် ပလက်ဝတို့၊ ဘာတို့မှာ ဆိုလို့ရှိရင်လည်း သိပ်စိတ်မချရတဲ့ နေရာမျိုးတွေမှာ မကျင်းပဘဲနဲ့ စိတ်ချရတဲ့ နေရာတွေမှာ ရွေးပြီးတော့ ကျင်းပတာမျိုး အခုလည်း ဒီအတိုင်းပါပဲ။ ကော်မရှင်အနေနဲ့ အစိုးရတို့၊ ဘာတို့နဲ့ လုံခြုံရေး ဆန်းစစ်ချက်တွေယူ၊ လုံခြုံရေးကို အာမခံချက်ပေးနိုင်တယ်ဆိုရင်တော့ ဒါ အခြေခံအကျဆုံးပဲ။ နဂို ပယ်ဖျက်ဖို့ စဉ်းစားခဲ့တုန်းကလည်း လုံခြုံးရေးကြောင့်လို့ပဲ အကြောင်းပြခဲ့တာ။ တကယ်လို့သာ အခုထုတ်တဲ့ ကြေငြာချက်အရတွေ ဆိုလို့ရှိရင် ဒါ လုံခြုံရေးအရ အာမခံချက် ပေးနိုင်မယ့် သဘောမျိုးတွေ သက်ရောက်တယ်လို့ ယူဆတယ်။ တပ်မတော်ဘက်ကရော၊ AA ဘက်ကရော အဲဒီလိုဟာမျိုးတွေ ကျနော်တို့ တွေ့နေရတယ်။ နောက်ပြီးတော့မှ ရခိုင်အမျိုးသားပါတီကလည်း ပြန်လုပ်ဖို့ တောင်းဆိုတာမျိုးတွေလည်း ကျနော်တို့ တွေ့ရတယ်။ ဒါ ကျနော်ထင်ပါတယ်။ အလားအလာကောင်းတဲ့ သဘောမျိုးလို့တော့ ကျနော်တို့ မြင်ရတယ်ပေါ့လေ။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့၊ ကျေးဇူးပါ စိုင်းရဲကျော်စွာမြင့်ခင်ဗျာ။ တရားလွှတ်တော် ရှေ့နေကြီး ဦးသိန်းသန်းဦးကိုလည်း မေးထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သူက အခုလို ရှင်းပြပါတယ်။

ဦးသိန်းသန်းဦး။ ။ တိုင်းပြည်ရဲ့ မျက်မှောက်ဖြစ်နေတဲ့ အနေအထားမှာ တပ်မတော်ဘက်က ဒါကို အမြန် လုပ်စေချင်တယ်။ AA ဘက်ကလည်း ထူးခြားတဲ့ ကြေငြာချက်တွေ လာပြီပေါ့နော်။ NRPC ကလည်း ကြေငြာထားပြီးသား။ လူထုကိုလည်း တောင်းပန်ထားတယ်။ အထူး စိတ်မကောင်းဖြစ်တယ်ဆိုတာ။ သုံးဦး သုံးဖလှယ်ပေါ့။ ခု ကျနော်တို့ တွေ့ရသလောက်တော့ ဆန္ဒရှိနေတာပေါ့။ အခုက ကျနော်တို့က ကြားဖြတ်ရွေးကောက်ပွဲ မဟုတ်ဘူးဗျ။ ပုံမှန် ရွေးကောက်ပွဲမှာ နေရာတွေ ချန်ထားခဲ့ရတာ။ pandemic ကြောင့်မဟုတ်ဘူး။ လုံခြုံရေးကြောင့် ချန်ထားတဲ့ နေရာတွေ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်က သူ့ရဲ့ အခွင့်အာဏာကို သုံးပြီးတော့ လုပ်ပေးနိုင်တဲ့ အနေအထားရှိရင်တော့ လုပ်ပေးသင့်တဲ့ နေရာတွေ ဖြစ်တယ်။ အဲဒီတော့ လွှတ်တော်သက်တမ်းက ဇန်နဝါရီ ၃၁ ကုန်မှာ။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာကျတော့ တတိယအကြိမ် ပြည်သူ့လွှတ်တော် စမှာဖြစ်တဲ့အတွက် ဒီကြားထဲမှာပေါ့နော် ရက်ပေါင်း ၉၀ အတွင်းနဲ့ ဝင်ဖို့လည်းလိုတယ်ဆိုတော့ စောစောပိုင်းတုန်းကလည်း ဒီဇင်ဘာအထိ ရွှေ့ဖို့အထိ ညှိနှိုင်းရတယ်ဆိုတော့ ကျနော်ထင်ထယ်.. ခု နိုဝင်ဘာတော့ရောက်နေပြီ။ မဲဆန္ဒတွေလည်း ရှိပြီးသား အားလုံးလည်း ready ပဲဆိုတော့ အားလုံး ညှိနှိုင်းပြီးတော့ ဒီဇင်ဘာအတွင်းမှာ အပြီး ရွေးကောက်ပွဲ လုပ်ပေးနိုင်တဲ့ အနေအထားလည်း ခုချိန်ကတော့ ရှိနေပြီလို့ ကျနော်ထင်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG