သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တပ္မေတာ္၊ AA နဲ႔ NLD ထုတ္ျပန္ခ်က္ေတြေၾကာင့္ ေမွ်ာ္လင့္ခ်က္ထြက္ေပၚ


AA ရကိၡဳင့္တပ္ေတာ္။ (မွတ္တမ္း ဓာတ္ပံု - ရကၡိဳင့္တပ္မေတာ္ - သတင္းႏွင့္ ျပန္ၾကားေရးဌာန)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ ေရြးေကာက္ပဲြအၿပီး အာဏာရ NLD ပါတီ၊ တပ္မေတာ္နဲ႔ AA ရခုိင္လက္နက္ကိုင္အဖဲြ႔ေတြက ျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးအတြက္ ကမ္းလွမ္းခ်က္ေတြ ထုတ္ျပန္လိုက္တဲ့အတြက္ တုိင္းရင္းသား ႏုိင္ငံေရး အသုိင္းအ၀န္းနဲ႔ အကဲခတ္ေတြၾကား ေမွ်ာ္လင့္ခ်က္ေတြ ထြက္ေပၚေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္က တင္ျပပါမယ္။

ေရြးေကာက္ပဲြမွာ မဲအမ်ားစုနဲ႔ အႏုိင္ရထားတဲ့အတြက္ အစုိးရသစ္ကုိ ေနာက္တႀကိမ္ဦးေဆာင္မယ့္ အမ်ဳိးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ NLD ပါတီအေနနဲ႔ တိုင္းရင္းသားလူမ်ိဳးစုေတြရဲ့ ဆႏၵကို အေလးထားသြားမွာျဖစ္ေၾကာင္းနဲ႔ အနာဂတ္ ဒီမုိကေရစီ ဖက္ဒရယ္ ျပည္ေထာင္စု တည္ေဆာက္ေရးမွာ ပူးေပါင္းဖုိ႔ တုိင္းရင္းသားႏုိင္ငံေရးပါတီ ၃၉ ခုကုိ ဒီတပတ္ထဲမွာပဲ ကမ္းလွမ္းလိုက္တာပါ။

ကမ္းလွမ္းခ်က္အေပၚ KSPP ကခ်င္ျပည္နယ္ျပည္သူ႔ပါတီ ဥကၠ႒၊ အင္ဂ်န္းယန္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ ၁ က ေရြးေကာက္ခံ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာ တူးဂ်ာက ၾကိဳဆုိလိုက္ပါတယ္။

“တိုင္းရင္းသားေတြနဲ႔ အမ်ိဳးသားရင္ၾကားေစ့ေရးလုပ္ဖုိ႔ ဒီဟာက အဓိက က်ပါတယ္။ ဘာေၾကာင့္လဲဆုိရင္ အခ်င္းခ်င္း အျပန္အလွန္နားလည္မႈ တည္ေဆာက္ဖို႔လည္း လြယ္ကူသြားတာေပါ့။ ေတြ႔ဆံုေဆြးေႏြးႏိုင္တဲ့ အေနအထားမ်ိဳးရိွတာေပါ့။ အဲဒါ သီးျခားမဟုတ္ေတာ့ဘဲ ပူးေပါင္းဖုိ႔အတြက္ ျဖစ္သြားတယ္ေလ။ ဆက္စပ္မႈရိွသြားၿပီေပါ့။ ဒါဆုိရင္ေတာ့ ေရွ႕ဆက္လုပ္ရမယ့္ဟာေတြကို ညိွညိွႏိႈင္းႏိႈင္းနဲ႔ လုပ္ေဆာင္သြားမယ္ဆိုရင္ေတာ့ အေျဖေကာင္းေတြ ရလာမွာပါ။ ဒါက ေကာင္းတဲ့လုပ္ရပ္လို႔ က်ေနာ္ျမင္ပါတယ္။ ၾကိဳဆုိပါတယ္။”

ေရြးေကာက္ပဲြမတုိင္ခင္ရက္ပိုင္းမွာပဲ အာဏာရ NLD အစိုးရက အမ်ိဳးသားညီညြတ္ေရးအစိုးရ National Unity Government ဖဲြ႔စည္းဖုိ႔ ရည္ရြယ္ထားေၾကာင္း ေျပာဆုိထားပါတယ္။ ဘယ္လုိပုံစံဖဲြ႔စည္းဖုိ႔ ရည္ရြယ္ထားသလဲဆုိတာ ရွင္းရွင္းလင္း ေၾကညာတာမရိွေသးေပမဲ့ ကမ္းလွမ္းလာတဲ့အခါ ေဆြးေႏြးညိွႏိႈင္းဖုိ႔ အသင့္ရွိတယ္လုိ႔လည္း KSPP ပါတီ ဥကၠ႒ ေဒါက္တာတူးဂ်ာက ေျပာပါတယ္။

ရွမ္းျပည္နယ္မွာ မဲအမ်ားစုရရိွထားတဲ့ ပါတီတစ္ခုျဖစ္တဲ့ ရွမ္းတိုင္းရင္းသားမ်ား ဒီမုိကေရစီအဖဲြ႔ခ်ဳပ္ SNLD ကေတာ့ NLD ပါတီရဲ့ ေရြးေကာက္ပဲြအၿပီး ကမ္းလွမ္းခ်က္ကို တရား၀င္လက္ခံမရေသးတာေၾကာင့္ ပါတီအတြင္း ေဆြးေႏြးထားတာမရိွေသးေၾကာင္းနဲ႔ ဒီအေပၚ သေဘာထားမွတ္ခ်က္ မေပးႏိုင္ေသးေၾကာင္း ပါတီ ေျပာခြင့္ရသူက ေျပာပါတယ္။

NLD က ကမ္းလွမ္းခ်က္ ထုတ္ျပန္ခဲ့တဲ့ တရက္တည္းမွာပဲ AA ရခိုင္လက္နက္ကိုင္အဖဲြ႔က ရခုိင္ျပည္နယ္အတြင္း ေရြးေကာက္ပဲြမက်င္းပႏိုင္တဲ့ ၿမိဳ႕နယ္ေတြမွာ ဒီႏွစ္ မကုန္မီ ေရြးေကာက္ပဲြအျမန္ဆံုးက်င္းပဖို႔ အစိုးရနဲ႔ တပ္မေတာ္ကို တိုက္တြန္းခဲ့သလို က်င္းပႏုိင္မယ့္ အေျခအေနေတြ ေပၚေပါက္ေအာင္ ပံ့ပိုးကူညီသြားမွာျဖစ္ေၾကာင္း သေဘာထားထုတ္ျပန္ပါတယ္။

AA အဖဲြ႔နဲ႔ ရခုိင္ျပည္နယ္မွာ တုိက္ပဲြေတြ ျဖစ္ပြားေနတဲ့ တပ္မေတာ္ကလည္း ထုတ္ျပန္ခ်က္ကို ၾကိဳဆုိခဲ့ၿပီး က်န္ရိွေနတဲ့ေနရာေတြမွာ ေရြးေကာက္ပဲြက်င္းပႏိုင္ဖို႔ ညိွႏိႈင္းေဆာင္ရြက္သြားမယ္လို႔ ေၾကညာခဲ့ပါတယ္။

NCA ေခၚ အပစ္ရပ္စာခ်ဳပ္ လက္မွတ္ ေရးထိုးထားတဲ့ ပအို၀္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖဲြ႔ခ်ဳပ္ ဥကၠ႒ ဦးခြန္ျမင့္ထြန္းကေတာ့ တပ္မေတာ္နဲ႔ AA အၾကား တိုက္ပဲြေတြ ျပင္းထန္ခဲ့ေပမဲ့ ႏိုင္ငံေရးအရ ေစ့စပ္ညွိႏႈိင္းဖုိ႔ ကမ္းလွမ္းလာတဲ့အေပၚ ေထာက္ခံေၾကာင္း အခုလို ေျပာပါတယ္။

“တပ္မေတာ္နဲ႔ AA အၾကားမွာ အခုလို အျပန္အလွန္အားျဖင့္ ႏိုင္ငံေရးအရ သေဘာတူညီမႈေတြ၊ အယူအဆေတြ တူလာတယ္ဆုိတဲ့ဟာ အေပၚမွာေတာ့ က်ေနာ္တုိ႔ ၾကိဳဆုိ ေထာက္ခံပါတယ္။ ဘယ္လုိပဲျဖစ္ျဖစ္ ႏွစ္ဘက္မွာ တုိက္ပဲြေတြ ျပင္းျပင္းထန္ထန္ျဖစ္ေနၾကေပမယ္လုိ႔ ႏိုင္ငံေရးအယူအဆေတြမွာ တူလာၾကတဲ့အေပၚမွာေတာ့ က်ေနာ္တုိ႔ ၾကိဳဆုိတယ္။”

တပ္မေတာ္နဲ႔ AA ရဲ့ထုတ္ျပန္ခ်က္အေပၚမွာ ကခ်င္လြတ္လပ္ေရးအဖဲြ႔ KIO မွာ ဒုဥကၠ႒ အျဖစ္လည္း တာ၀န္ယူခဲ့တဲ့ ေဒါက္တာတူးဂ်ာက အခုလုိ သံုးသပ္ပါတယ္။

“အဲဒီလက္နက္ကိုင္အဖဲြ႔အစည္း ၂ ခုက သေဘာထား တူညီလာတဲ့အပိုင္းေတြက ဒါကေတာ့ ေကာင္းတဲ့ လကၡဏာလုိ႔ ျမင္ပါတယ္။ ဒါကို ေရွ႔ဆက္လုပ္ေဆာင္ရမယ့္ လုပ္ငန္းစဥ္ေတြမွာလည္း ေတြ႔ဆံုေဆြးေႏြး ညိွႏိႈင္းေဆာင္ရြက္ႏိုင္တဲ့ အေနအထားမ်ိဳး ေပၚေပါက္လာမယ္လုိ႔ ေမွ်ာ္လင့္တယ္ဗ်။ ဒါ ေစတနာသန္႔သန္႔နဲ႔ ရိုးရိုးသားသားနဲ႔ ေၾကညာခ်က္ ထုတ္ျပန္တယ္ဆုိ အေျပာနဲ႔ အလုပ္ ကိုက္ညီဖုိ႔ ေတာ့ လုိပါတယ္။ အဲဒါကေတာ့ ကာယကံရွင္ေတြအေပၚ မူတည္ပါတယ္။”

အရင္ကေတာ့ တပ္မေတာ္ဘက္က ထုတ္ျပန္ခ်က္ေတြမွာ AA လက္နက္ကိုင္အဖဲြ႔ကို အၾကမ္းဖက္အဖဲြ႔အစည္းအျဖစ္ သံုးႏႈန္းေခၚဆိုခဲ့ေပမဲ့ ဒီတစ္ၾကိမ္ တပ္မေတာ္ရဲ့ ေၾကညာခ်က္မွာေတာ့ ဒီစကားလံုးေတြ ပါ၀င္တာ မေတြ႔ရပါဘူး။

ႏိုင္ငံေရးေလ့လာသံုးသပ္သူ ဦးေမာင္ေမာင္စိုးက ႏွစ္ဘက္ထုတ္ျပန္ခ်က္ဟာ အစိုးရ၊ တပ္မေတာ္နဲ႔ AA အၾကား အလြတ္သေဘာညိွႏိႈင္းၿပီးမွ ထြက္ေပၚလာတာျဖစ္ႏိုင္ေၾကာင္း ရႈျမင္ပါတယ္။

“က်ေနာ့္အျမင္ကေတာ့ ဒီေၾကညာခ်က္ေတြဟာ အရင္ကနဲ႔ မတူဘဲနဲ႔ အေတာ္ေလး ေပ်ာ့ေပ်ာ့ေျပာင္းေျပာင္း ႏွစ္ဘက္က လက္ခံႏိုင္တဲ့ အသံုးအႏႈန္းေ၀ါဟာရေတြနဲ႔ ထြက္လာတယ္ဆုိတာ က်ေနာ္တုိ႔ ေတြ႔ရပါတယ္။ အဲေတာ့ ဒီဟာနဲ႔ တြက္ဆမယ္ဆုိရင္ အလြတ္သေဘာအျပန္အလွန္ ညိွႏိႈင္းၿပီးမွ ထြက္လာတဲ့ ေၾကညာခ်က္ေတြလို႔ ယူဆရပါတယ္။ အဲဒီေတာ့ အစိုးရ၊ တပ္မေတာ္နဲ႔ AA အၾကားမွာ အလြတ္သေဘာ ညိွႏိႈင္းမႈေတြက ထြက္လာတဲ့ ေၾကညာခ်က္လုိ႔ ယူဆရတဲ့အတြက္ေၾကာင့္မိုလို႔ တစ္စံုတစ္ရာ ကေတာ့ ေဆာင္ရြက္လုိ႔ ရႏိုင္ပါတယ္။ ဆုိလုိတာကေတာ့ဗ်ာ က်န္တဲ့နယ္ေတြအားလံုးမွာ လုပ္သည္ျဖစ္ေစ၊ မလုပ္သည္ျဖစ္ေစ၊ လုပ္ႏိုင္ရင္ အေကာင္းဆံုးေပါ့။ ဒီလို ရလဒ္ေကာင္းမ်ိဳးေတာ့ ထြက္လာႏိုင္မယ္လို႔ ျမင္ပါတယ္။”

ေရြးေကာက္ပဲြက်င္းပဖုိ႔ ပူးေပါင္းေဆာင္ရြက္ၾကရင္ ႏွစ္ဘက္ပစ္ခတ္တိုက္ခိုက္မႈေလွ်ာ့ခ်တာ၊ လႊတ္ေတာ္ေပၚေပါက္လာရင္ ႏိုင္ငံေရးေဘာင္က်ယ္လာရင္ စစ္ေဘာင္က်ယ္တာကို ေလ်ာ့ခ်တာအျပင္ ရပ္တန္႔ေနတဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈေတြ ျပန္ၿပီး အသက္၀င္လာႏိုင္မယ္လို႔လည္း ဦးေမာင္ေမာင္စိုးက သံုးသပ္ပါတယ္။

“ဒီအခင္းအက်င္း ၿပီးသြားလုိ႔ရိွရင္ AA နဲ႔ ေျမာက္ပိုင္းမဟာမိတ္ ၄ ဖဲြ႔နဲ႔ ဒီ အစိုးရ၊ တပ္မေတာ္နဲ႔ လုပ္မယ့္ Bilateral ထိုးေရးကို ေရွ႔ဆက္သြားႏိုင္မယ္လို႔ ထင္ပါတယ္။ အဲဒီ ၃ခ်က္ တစ္ဆင့္ျခင္းတစ္ဆင့္ ေအာင္ျမင္သြားရင္ေတာ့ ေနာက္ စားပဲြ၀ုိင္းႏိုင္ငံေရးေဆြးေႏြးပဲြေတြ၊ NCA စသည္ျဖင့္ ဒီဟာေတြကို တဆင့္ျခင္းတဆင့္ တက္သြားလုိ႔ ရမယ္လို႔ ထင္ပါတယ္။”

တပ္မေတာ္ကေတာ့ လက္နက္ကုိင္အဖဲြ႔အစည္းေတြနဲ႔ ၿငိမ္းခ်မ္းေရးရတဲ့အထိ ေဆြးေႏြးသြားဖုိ႔ ေကာ္မတီတရပ္ကုိ ဖဲြ႔စည္းလုိက္ေၾကာင္းလည္း ဒီသီတင္းပတ္ အေစာပုိင္းမွာ ေၾကညာခဲ့တာပါ။ အဆင့္ျမင့္အရာရွိေတြ ဦးေဆာင္ပါ၀င္ ဖဲြ႔စည္းလုိက္တဲ့ တပ္မေတာ္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈေကာ္မတီ အေနနဲ႔ အစိုးရနဲ႔ NCA တႏုိင္ငံလုံးအပစ္ရပ္စဲေရးစာခ်ဳပ္မွာ လက္မွတ္ေရးထုိးထားတဲ့ အဖဲြ႔ေတြနဲ႔ေရာ လက္မွတ္မထုိးရေသးတဲ့ အဖဲြ႔ေတြနဲ႔ပါ ေဆြးေႏြးညွိႏႈိင္းသြားမွာ ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တပ်မတော်၊ AA နဲ့ NLD ထုတ်ပြန်ချက်တွေကြောင့် မျှော်လင့်ချက်ထွက်ပေါ်

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအပြီး အာဏာရ NLD ပါတီ၊ တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တွေက ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းချက်တွေ ထုတ်ပြန်လိုက်တဲ့အတွက် တိုင်းရင်းသား နိုင်ငံရေး အသိုင်းအဝန်းနဲ့ အကဲခတ်တွေကြား မျှော်လင့်ချက်တွေ ထွက်ပေါ်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြပါမယ်။

ရွေးကောက်ပွဲမှာ မဲအများစုနဲ့ အနိုင်ရထားတဲ့အတွက် အစိုးရသစ်ကို နောက်တကြိမ်ဦးဆောင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေနဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ဆန္ဒကို အလေးထားသွားမှာဖြစ်ကြောင်းနဲ့ အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးမှာ ပူးပေါင်းဖို့ တိုင်းရင်းသားနိုင်ငံရေးပါတီ ၃၉ ခုကို ဒီတပတ်ထဲမှာပဲ ကမ်းလှမ်းလိုက်တာပါ။

ကမ်းလှမ်းချက်အပေါ် KSPP ကချင်ပြည်နယ်ပြည်သူ့ပါတီ ဥက္ကဋ္ဌ၊ အင်ဂျန်းယန်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ က ရွေးကောက်ခံ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ တူးဂျာက ကြိုဆိုလိုက်ပါတယ်။

“တိုင်းရင်းသားတွေနဲ့ အမျိုးသားရင်ကြားစေ့ရေးလုပ်ဖို့ ဒီဟာက အဓိက ကျပါတယ်။ ဘာကြောင့်လဲဆိုရင် အချင်းချင်း အပြန်အလှန်နားလည်မှု တည်ဆောက်ဖို့လည်း လွယ်ကူသွားတာပေါ့။ တွေ့ဆုံဆွေးနွေးနိုင်တဲ့ အနေအထားမျိုးရှိတာပေါ့။ အဲဒါ သီးခြားမဟုတ်တော့ဘဲ ပူးပေါင်းဖို့အတွက် ဖြစ်သွားတယ်လေ။ ဆက်စပ်မှုရှိသွားပြီပေါ့။ ဒါဆိုရင်တော့ ရှေ့ဆက်လုပ်ရမယ့်ဟာတွေကို ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်ဆောင်သွားမယ်ဆိုရင်တော့ အဖြေကောင်းတွေ ရလာမှာပါ။ ဒါက ကောင်းတဲ့လုပ်ရပ်လို့ ကျနော်မြင်ပါတယ်။ ကြိုဆိုပါတယ်။”

ရွေးကောက်ပွဲမတိုင်ခင်ရက်ပိုင်းမှာပဲ အာဏာရ NLD အစိုးရက အမျိုးသားညီညွတ်ရေးအစိုးရ National Unity Government ဖွဲ့စည်းဖို့ ရည်ရွယ်ထားကြောင်း ပြောဆိုထားပါတယ်။ ဘယ်လိုပုံစံဖွဲ့စည်းဖို့ ရည်ရွယ်ထားသလဲဆိုတာ ရှင်းရှင်းလင်း ကြေညာတာမရှိသေးပေမဲ့ ကမ်းလှမ်းလာတဲ့အခါ ဆွေးနွေးညှိနှိုင်းဖို့ အသင့်ရှိတယ်လို့လည်း KSPP ပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ပြောပါတယ်။

ရှမ်းပြည်နယ်မှာ မဲအများစုရရှိထားတဲ့ ပါတီတစ်ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ကတော့ NLD ပါတီရဲ့ ရွေးကောက်ပွဲအပြီး ကမ်းလှမ်းချက်ကို တရားဝင်လက်ခံမရသေးတာကြောင့် ပါတီအတွင်း ဆွေးနွေးထားတာမရှိသေးကြောင်းနဲ့ ဒီအပေါ် သဘောထားမှတ်ချက် မပေးနိုင်သေးကြောင်း ပါတီ ပြောခွင့်ရသူက ပြောပါတယ်။

NLD က ကမ်းလှမ်းချက် ထုတ်ပြန်ခဲ့တဲ့ တရက်တည်းမှာပဲ AA ရခိုင်လက်နက်ကိုင်အဖွဲ့က ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မြို့နယ်တွေမှာ ဒီနှစ် မကုန်မီ ရွေးကောက်ပွဲအမြန်ဆုံးကျင်းပဖို့ အစိုးရနဲ့ တပ်မတော်ကို တိုက်တွန်းခဲ့သလို ကျင်းပနိုင်မယ့် အခြေအနေတွေ ပေါ်ပေါက်အောင် ပံ့ပိုးကူညီသွားမှာဖြစ်ကြောင်း သဘောထားထုတ်ပြန်ပါတယ်။

AA အဖွဲ့နဲ့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ တပ်မတော်ကလည်း ထုတ်ပြန်ချက်ကို ကြိုဆိုခဲ့ပြီး ကျန်ရှိနေတဲ့နေရာတွေမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

NCA ခေါ် အပစ်ရပ်စာချုပ် လက်မှတ် ရေးထိုးထားတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းကတော့ တပ်မတော်နဲ့ AA အကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပေမဲ့ နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းဖို့ ကမ်းလှမ်းလာတဲ့အပေါ် ထောက်ခံကြောင်း အခုလို ပြောပါတယ်။

“တပ်မတော်နဲ့ AA အကြားမှာ အခုလို အပြန်အလှန်အားဖြင့် နိုင်ငံရေးအရ သဘောတူညီမှုတွေ၊ အယူအဆတွေ တူလာတယ်ဆိုတဲ့ဟာ အပေါ်မှာတော့ ကျနော်တို့ ကြိုဆို ထောက်ခံပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နှစ်ဘက်မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်နေကြပေမယ်လို့ နိုင်ငံရေးအယူအဆတွေမှာ တူလာကြတဲ့အပေါ်မှာတော့ ကျနော်တို့ ကြိုဆိုတယ်။”

တပ်မတော်နဲ့ AA ရဲ့ထုတ်ပြန်ချက်အပေါ်မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှာ ဒုဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူခဲ့တဲ့ ဒေါက်တာတူးဂျာက အခုလို သုံးသပ်ပါတယ်။

“အဲဒီလက်နက်ကိုင်အဖွဲ့အစည်း ၂ ခုက သဘောထား တူညီလာတဲ့အပိုင်းတွေက ဒါကတော့ ကောင်းတဲ့ လက္ခဏာလို့ မြင်ပါတယ်။ ဒါကို ရှေ့ဆက်လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေမှာလည်း တွေ့ဆုံဆွေးနွေး ညှိနှိုင်းဆောင်ရွက်နိုင်တဲ့ အနေအထားမျိုး ပေါ်ပေါက်လာမယ်လို့ မျှော်လင့်တယ်ဗျ။ ဒါ စေတနာသန့်သန့်နဲ့ ရိုးရိုးသားသားနဲ့ ကြေညာချက် ထုတ်ပြန်တယ်ဆို အပြောနဲ့ အလုပ် ကိုက်ညီဖို့ တော့ လိုပါတယ်။ အဲဒါကတော့ ကာယကံရှင်တွေအပေါ် မူတည်ပါတယ်။”

အရင်ကတော့ တပ်မတော်ဘက်က ထုတ်ပြန်ချက်တွေမှာ AA လက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သုံးနှုန်းခေါ်ဆိုခဲ့ပေမဲ့ ဒီတစ်ကြိမ် တပ်မတော်ရဲ့ ကြေညာချက်မှာတော့ ဒီစကားလုံးတွေ ပါဝင်တာ မတွေ့ရပါဘူး။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက နှစ်ဘက်ထုတ်ပြန်ချက်ဟာ အစိုးရ၊ တပ်မတော်နဲ့ AA အကြား အလွတ်သဘောညှိနှိုင်းပြီးမှ ထွက်ပေါ်လာတာဖြစ်နိုင်ကြောင်း ရှုမြင်ပါတယ်။

“ကျနော့်အမြင်ကတော့ ဒီကြေညာချက်တွေဟာ အရင်ကနဲ့ မတူဘဲနဲ့ အတော်လေး ပျော့ပျော့ပြောင်းပြောင်း နှစ်ဘက်က လက်ခံနိုင်တဲ့ အသုံးအနှုန်းဝေါဟာရတွေနဲ့ ထွက်လာတယ်ဆိုတာ ကျနော်တို့ တွေ့ရပါတယ်။ အဲတော့ ဒီဟာနဲ့ တွက်ဆမယ်ဆိုရင် အလွတ်သဘောအပြန်အလှန် ညှိနှိုင်းပြီးမှ ထွက်လာတဲ့ ကြေညာချက်တွေလို့ ယူဆရပါတယ်။ အဲဒီတော့ အစိုးရ၊ တပ်မတော်နဲ့ AA အကြားမှာ အလွတ်သဘော ညှိနှိုင်းမှုတွေက ထွက်လာတဲ့ ကြေညာချက်လို့ ယူဆရတဲ့အတွက်ကြောင့်မိုလို့ တစ်စုံတစ်ရာ ကတော့ ဆောင်ရွက်လို့ ရနိုင်ပါတယ်။ ဆိုလိုတာကတော့ဗျာ ကျန်တဲ့နယ်တွေအားလုံးမှာ လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ၊ လုပ်နိုင်ရင် အကောင်းဆုံးပေါ့။ ဒီလို ရလဒ်ကောင်းမျိုးတော့ ထွက်လာနိုင်မယ်လို့ မြင်ပါတယ်။”

ရွေးကောက်ပွဲကျင်းပဖို့ ပူးပေါင်းဆောင်ရွက်ကြရင် နှစ်ဘက်ပစ်ခတ်တိုက်ခိုက်မှုလျှော့ချတာ၊ လွှတ်တော်ပေါ်ပေါက်လာရင် နိုင်ငံရေးဘောင်ကျယ်လာရင် စစ်ဘောင်ကျယ်တာကို လျော့ချတာအပြင် ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ပြန်ပြီး အသက်ဝင်လာနိုင်မယ်လို့လည်း ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။

“ဒီအခင်းအကျင်း ပြီးသွားလို့ရှိရင် AA နဲ့ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နဲ့ ဒီ အစိုးရ၊ တပ်မတော်နဲ့ လုပ်မယ့် Bilateral ထိုးရေးကို ရှေ့ဆက်သွားနိုင်မယ်လို့ ထင်ပါတယ်။ အဲဒီ ၃ချက် တစ်ဆင့်ခြင်းတစ်ဆင့် အောင်မြင်သွားရင်တော့ နောက် စားပွဲဝိုင်းနိုင်ငံရေးဆွေးနွေးပွဲတွေ၊ NCA စသည်ဖြင့် ဒီဟာတွေကို တဆင့်ခြင်းတဆင့် တက်သွားလို့ ရမယ်လို့ ထင်ပါတယ်။”

တပ်မတော်ကတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးရတဲ့အထိ ဆွေးနွေးသွားဖို့ ကော်မတီတရပ်ကို ဖွဲ့စည်းလိုက်ကြောင်းလည်း ဒီသီတင်းပတ် အစောပိုင်းမှာ ကြေညာခဲ့တာပါ။ အဆင့်မြင့်အရာရှိတွေ ဦးဆောင်ပါဝင် ဖွဲ့စည်းလိုက်တဲ့ တပ်မတော် ငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီ အနေနဲ့ အစိုးရနဲ့ NCA တနိုင်ငံလုံးအပစ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေနဲ့ရော လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ပါ ဆွေးနွေးညှိနှိုင်းသွားမှာ ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG