သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေက်ာက္ျဖဴေဒသဘက္ တပ္မေတာ္လႈပ္ရွားမႈေၾကာင့္ ေဒသခံေတြ ေနရပ္မျပန္ႏုိင္ေသး


ရခိုင္စစ္ေရွာင္ဒုကၡသည္တဦးကို ရခိုင္ျပည္နယ္ ေက်ာ္ေတာ္ၿမိဳ႕မွာ ေတြ႔ရ။ (ဒီဇင္ဘာ ၂၃၊ ၂၀၁၈)

[Zawgyi/Unicode]

လက္နက္ကုိင္ ပဋိပကၡေတြ ျဖစ္ပြားေနတဲ့ ရခိုင္ျပည္နယ္မွာ လုံၿခံဳေရးစုိးရိမ္တာေၾကာင့္ တိမ္းေရွာင္ေနၾကရတဲ့ ေဒသခံေတြ ေနရပ္ျပန္ဖို႔ ခက္ခဲေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က ရခိုင္ကေန သတင္းေပးပို႔ထားပါတယ္။

AA ရခုိင္လက္နက္ကုိင္ တပ္ဖဲြ႔နဲ႔ စစ္ေရးတင္းမာေနတဲ့ တပ္မေတာ္က ေက်ာက္ျဖဴၿမိဳ႕နယ္ ေက်းရြာအုပ္စုတခ်ိဳ႕မွာ ဝင္ေရာက္ စစ္ေဆးေနတာေၾကာင့္ ေၾကာက္လန္႔ၿပီး တိမ္းေရွာင္ေနၾကရတဲ့ ေဒသခံေတြ ေနရပ္ကိုျပန္ဖို႔ ခက္ခဲေနသလို အဆက္အသြယ္ေတြ ျပတ္ေတာက္ေနတယ္လုိ႔လည္း ေဒသခံေတြနဲ႔ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြက ေျပာၾကပါတယ္။

ေက်ာက္ျဖဴၿမိဳ႕က စစ္ေရွာင္စခန္းမွာ ေရာက္ေနတဲ့ သိုင္းေခ်ာင္းေဒသခံ တစ္ဦးကေတာ့ စပါးရိတ္သိမ္းရမယ့္ ရာသီေရာက္လာခ်ိန္မွာ ေနရပ္မျပန္ႏုိင္ေသးတာေၾကာင့္ အခက္ႀကံဳေနရတယ္လုိ႔ ေျပာပါတယ္။

“က်ေနာ္တို႔ ေဒသခံလယ္သမားေတြဆိုတာ ေကာင္းေကာင္းမြန္မြန္လုပ္စားေနၾကတာ။ က်ေနာ္တို႔ ဒီစပါးေတြကို ရိတ္သိမ္းခ်င္ပါတယ္။ ဒီစပါးေတြကို ရိတ္သိမ္းခြင့္မရတဲ့အတြက္ က်ေနာ္တို႔မွာ ဆံုးရံႉးမႉေတြ တအားမ်ားတာေပါ့ေနာ္။ ဒီဟာကို အားကိုးတၾကီးနဲ႔ လုပ္ကိုင္စားေသာက္ေနၾကတာ ဆိုေတာ့ ဒီဟာကို မရလိုက္ရင္ က်ေနာ္တို႔က ေသတာနဲ႔ မထူးပါဘူး။ စပါးေတြ ရိတ္သိမ္းခ်င္တယ္။ အကုန္လံုးကလည္း ကိုယ့္ရပ္ကိုယ့္ရြာကို ျပန္ခ်င္ေနၾကပါတယ္။”

ေက်ာက္ျဖဴၿမိဳ႕ကေန ၁၂ မိုင္ေလာက္ေဝးတဲ့ ဇိုင္ေခ်ာင္းေက်းရြာမွာဆိုရင္လည္း တပ္မေတာ္စစ္ေၾကာင္း ေနရာယူထားတာ တပတ္ေက်ာ္ၾကာ ရွိေနၿပီး လႊတ္ေတာ္ကိုယ္စားလွယ္ေတြေတာင္ သြားေရးလာေရး ခက္ခဲေနတယ္လုိ႔လည္း ေက်ာက္ျဖဴၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေက်ာ္လြင္ကေျပာပါတယ္။

“အခုက က်ေနာ္ ဇိုင္ေခ်ာင္းကို ဝင္ဖို႔ ေတာ္ေတာ္ေလးကို ႀကိဳးစားေနတယ္။ ဒါေပမဲ့ ဝင္လို႔က မရဘူးျဖစ္ေနတယ္။ မၾကာေသးခင္ကေတာ့ ဘုန္းေတာ္ႀကီးတစ္ပါးကေတာ့ အဲဒီေနရာကို သြားခဲ့တယ္လို႔ ေျပာတယ္။ ပါသြားတဲ့ ဖုန္းေတြကို အကုန္လံုးအျပင္မွာ ထားခဲ့ရတယ္လို႔ သတင္းေတာ့ ၾကားတယ္။ က်ေနာ္တို႔ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ေယာက္အေနနဲ႔ ဝင္ဖို႔က်ေတာ့ သူတို႔က ဘယ္လိုသေဘာမ်ိဳးျမင္ေနမလဲ မသိဘူး။ ေဒသခံေတြကို ေမးၾကည့္တဲ့ အခါက်ေတာ့လည္း ဘယ္သူ႔ကိုမွ ဝင္ခြင့္မေပးဘူးလို႔ ၾကားတယ္။ အဲဒါေၾကာင့္ က်ေနာ္တို႔ အေနနဲ႔ ဝင္ဖို႔ ေတာ္ေတာ္ေလး ခက္ခဲေနတယ္။”

ျမန္မာႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါ တေက်ာ့ျပန္ကူးစက္မႈေတြ စတင္ခဲ့တဲ့ ရခုိင္ျပည္နယ္မွာ ေနရာေတာ္ေတာ္မ်ားမ်ား အိမ္ျပင္မထြက္ရ အမိန္႔ထုတ္ထားတာပါ။ စစ္ေဘးဒဏ္ သာမက ကုိဗစ္ကပ္ေရာဂါ ႀကံဳေနရတဲ့ အတြက္လည္း သြားေရးလာေရး အခက္အခဲေတြ ႀကံဳေနရတယ္လုိ႔ ေက်ာက္ျဖဴၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးမိုးေက်ာ္က ေျပာပါတယ္။

“သြားၾကည့္လို႔ ရတာ၊ မရတာထက္ က်ေနာ္တို႔ကေတာ့ ဒီမွာလည္း ကိုဗစ္ကလည္း ေရြးေကာက္ပြဲၿပီး ျဖစ္ပြားတဲ့ ရာခိုင္ႏႈန္း နည္းနည္းျပန္တက္လာေတာ့ အဲဒါကိုပဲ အားစုိက္ၿပီးေတာ့ လုပ္ေနရတယ္။ ၿပီးသြားလို႔ရွိရင္ ရန္ကုန္မွာေရာက္ေနတဲ့ ေက်ာက္ျဖဴက ေဒသခံေတြကို ျပန္ေခၚဖို႔အတြက္ရယ္နဲ႔ ေရြးေကာက္ပဲြကာလ အားစိုက္ၿပီးလုပ္ေနရေတာ့ အဲဒီဘက္ကို က်ေနာ္တို႔ သြားၾကည့္ျဖစ္တာ ဘာညာေတာ့ မရွိေသးဘူး။”

ေက်ာက္ျဖဴၿမိဳ႕နယ္မွာ လက္ရွိအခ်ိန္ထိ စစ္ေရွာင္ဦးေရ ၁,၀၀၀ ေက်ာ္ေလာက္ရွိေနၿပီး AA အဖဲြ႔နဲ႔ တပ္မေတာ္ၾကား လက္နက္ကုိင္ ပဋိပကၡေတြေၾကာင့္ တိမ္းေရွာင္ေနရသူ ၁၀၀,၀၀၀ ေက်ာ္ ရွိမယ္လုိ႔လည္း ေဒသခံအကူအညီေပးေရး အဖဲြ႔ေတြက ခန္႔မွန္းထားၾကပါတယ္။

ရခုိင္ျပည္နယ္မွာ လက္နက္ကုိင္ ပဋိပကၡေတြေၾကာင့္ အရပ္သားေတြ ေသေၾကထိခုိက္မႈေတြနဲ႔ ထြက္ေျပးတိမ္းေရွာင္ေနၾကရတဲ့အေပၚ စုိးရိမ္ေၾကာင္းနဲ႔ စစ္ပဲြေတြ ရပ္ဆုိင္းဖုိ႔လည္း ကုလသမဂၢနဲ႔ ျပည္တြင္းျပည္ပက လူ႔အခြင့္အေရး အဖဲြ႔ေတြကလည္း တုိက္တြန္းထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကျောက်ဖြူဒေသဘက် တပ်မတော်လှုပ်ရှားမှုကြောင့် ဒေသခံတွေ နေရပ်မပြန်နိုင်သေး

လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ လုံခြုံရေးစိုးရိမ်တာကြောင့် တိမ်းရှောင်နေကြရတဲ့ ဒေသခံတွေ နေရပ်ပြန်ဖို့ ခက်ခဲနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က ရခိုင်ကနေ သတင်းပေးပို့ထားပါတယ်။

AA ရခိုင်လက်နက်ကိုင် တပ်ဖွဲ့နဲ့ စစ်ရေးတင်းမာနေတဲ့ တပ်မတော်က ကျောက်ဖြူမြို့နယ် ကျေးရွာအုပ်စုတချို့မှာ ဝင်ရောက် စစ်ဆေးနေတာကြောင့် ကြောက်လန့်ပြီး တိမ်းရှောင်နေကြရတဲ့ ဒေသခံတွေ နေရပ်ကိုပြန်ဖို့ ခက်ခဲနေသလို အဆက်အသွယ်တွေ ပြတ်တောက်နေတယ်လို့လည်း ဒေသခံတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောကြပါတယ်။

ကျောက်ဖြူမြို့က စစ်ရှောင်စခန်းမှာ ရောက်နေတဲ့ သိုင်းချောင်းဒေသခံ တစ်ဦးကတော့ စပါးရိတ်သိမ်းရမယ့် ရာသီရောက်လာချိန်မှာ နေရပ်မပြန်နိုင်သေးတာကြောင့် အခက်ကြုံနေရတယ်လို့ ပြောပါတယ်။

“ကျနော်တို့ ဒေသခံလယ်သမားတွေဆိုတာ ကောင်းကောင်းမွန်မွန်လုပ်စားနေကြတာ။ ကျနော်တို့ ဒီစပါးတွေကို ရိတ်သိမ်းချင်ပါတယ်။ ဒီစပါးတွေကို ရိတ်သိမ်းခွင့်မရတဲ့အတွက် ကျနော်တို့မှာ ဆုံးရံှူးမှူတွေ တအားများတာပေါ့နော်။ ဒီဟာကို အားကိုးတကြီးနဲ့ လုပ်ကိုင်စားသောက်နေကြတာ ဆိုတော့ ဒီဟာကို မရလိုက်ရင် ကျနော်တို့က သေတာနဲ့ မထူးပါဘူး။ စပါးတွေ ရိတ်သိမ်းချင်တယ်။ အကုန်လုံးကလည်း ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်ချင်နေကြပါတယ်။”

ကျောက်ဖြူမြို့ကနေ ၁၂ မိုင်လောက်ဝေးတဲ့ ဇိုင်ချောင်းကျေးရွာမှာဆိုရင်လည်း တပ်မတော်စစ်ကြောင်း နေရာယူထားတာ တပတ်ကျော်ကြာ ရှိနေပြီး လွှတ်တော်ကိုယ်စားလှယ်တွေတောင် သွားရေးလာရေး ခက်ခဲနေတယ်လို့လည်း ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွင်ကပြောပါတယ်။

“အခုက ကျနော် ဇိုင်ချောင်းကို ဝင်ဖို့ တော်တော်လေးကို ကြိုးစားနေတယ်။ ဒါပေမဲ့ ဝင်လို့က မရဘူးဖြစ်နေတယ်။ မကြာသေးခင်ကတော့ ဘုန်းတော်ကြီးတစ်ပါးကတော့ အဲဒီနေရာကို သွားခဲ့တယ်လို့ ပြောတယ်။ ပါသွားတဲ့ ဖုန်းတွေကို အကုန်လုံးအပြင်မှာ ထားခဲ့ရတယ်လို့ သတင်းတော့ ကြားတယ်။ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဝင်ဖို့ကျတော့ သူတို့က ဘယ်လိုသဘောမျိုးမြင်နေမလဲ မသိဘူး။ ဒေသခံတွေကို မေးကြည့်တဲ့ အခါကျတော့လည်း ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးဘူးလို့ ကြားတယ်။ အဲဒါကြောင့် ကျနော်တို့ အနေနဲ့ ဝင်ဖို့ တော်တော်လေး ခက်ခဲနေတယ်။”

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ တကျော့ပြန်ကူးစက်မှုတွေ စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ နေရာတော်တော်များများ အိမ်ပြင်မထွက်ရ အမိန့်ထုတ်ထားတာပါ။ စစ်ဘေးဒဏ် သာမက ကိုဗစ်ကပ်ရောဂါ ကြုံနေရတဲ့ အတွက်လည်း သွားရေးလာရေး အခက်အခဲတွေ ကြုံနေရတယ်လို့ ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က ပြောပါတယ်။

“သွားကြည့်လို့ ရတာ၊ မရတာထက် ကျနော်တို့ကတော့ ဒီမှာလည်း ကိုဗစ်ကလည်း ရွေးကောက်ပွဲပြီး ဖြစ်ပွားတဲ့ ရာခိုင်နှုန်း နည်းနည်းပြန်တက်လာတော့ အဲဒါကိုပဲ အားစိုက်ပြီးတော့ လုပ်နေရတယ်။ ပြီးသွားလို့ရှိရင် ရန်ကုန်မှာရောက်နေတဲ့ ကျောက်ဖြူက ဒေသခံတွေကို ပြန်ခေါ်ဖို့အတွက်ရယ်နဲ့ ရွေးကောက်ပွဲကာလ အားစိုက်ပြီးလုပ်နေရတော့ အဲဒီဘက်ကို ကျနော်တို့ သွားကြည့်ဖြစ်တာ ဘာညာတော့ မရှိသေးဘူး။”

ကျောက်ဖြူမြို့နယ်မှာ လက်ရှိအချိန်ထိ စစ်ရှောင်ဦးရေ ၁,၀၀၀ ကျော်လောက်ရှိနေပြီး AA အဖွဲ့နဲ့ တပ်မတော်ကြား လက်နက်ကိုင် ပဋိပက္ခတွေကြောင့် တိမ်းရှောင်နေရသူ ၁၀၀,၀၀၀ ကျော် ရှိမယ်လို့လည်း ဒေသခံအကူအညီပေးရေး အဖွဲ့တွေက ခန့်မှန်းထားကြပါတယ်။

ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အရပ်သားတွေ သေကြေထိခိုက်မှုတွေနဲ့ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့အပေါ် စိုးရိမ်ကြောင်းနဲ့ စစ်ပွဲတွေ ရပ်ဆိုင်းဖို့လည်း ကုလသမဂ္ဂနဲ့ ပြည်တွင်းပြည်ပက လူ့အခွင့်အရေး အဖွဲ့တွေကလည်း တိုက်တွန်းထားကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG