သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ ရမ္းၿဗဲေရလုပ္သားေတြ AA မသကၤာနဲ႔ ဖမ္းဆီးခံခဲ့ရ


ရခုိင္ျပည္နယ္ ငပလီကမ္းေျခမွာ ငါးဖမ္းေနတဲ့ ေရလုပ္သားတဦး။ (ေအာက္တိုဘာ ၁၅၊ ၂၀၁၅)

(Zawgyi / Unicode)

ရခိုင္ျပည္နယ္ ရမ္းၿဗဲၿမိဳ႕နယ္ထဲ ဖမ္းဆီးခံရတယ္ဆိုတဲ့ ေရလုပ္သား ၅၀ ေက်ာ္အနက္ အမ်ားစု ျပန္လြတ္လာေပမယ့္ AA လက္နက္ကိုင္အဖဲြ႔နဲ႔ ပတ္သက္တယ္လို႔ မသကၤာမႈနဲ႔ ဖမ္းဆီးခံရမွာစိုးရိမ္ၿပီး ေဒသခံေတြ တိမ္းေရွာင္ေနၾကပါတယ္။ အျပည့္အစုံကို ႏုိင္ကြန္းအိန္ စုစည္းတင္ျပထားပါတယ္။

ရခိုင္ျပည္နယ္ ရမ္းၿဗဲၿမိဳ႕နယ္ထဲက ေရလုပ္သား ၅၀ ေက်ာ္ဟာ ၅ ရက္တာ အထိန္းသိမ္းခံရၿပီး ဒီမနက္မွာ ဒီအထဲက အမ်ားစု ျပန္လြတ္လာခဲ့ေပမယ့္ ၃ ဦးကိုေတာ့ ဆက္လက္ထိန္းသိမ္းထားတယ္လို႔ ေဒသခံေတြနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ဆိုပါတယ္။

ရမ္းၿဗဲၿမိဳ႕နယ္အပိုင္ ကုလားပုန္းကၽြန္း၊ ကၽြန္းေတာင္ပိုက္ဆိပ္မွာ အဖမ္းခံရတဲ့ ေရလုပ္သားေတြနဲ႔ မိသားစုဝင္ေတြ လြတ္လာတဲ့အေၾကာင္း စနဲၿမိဳ႕ခံတဦးက အခုလိုေျပာပါတယ္။

“ျပန္လြတ္လာၿပီခင္ဗ်။ ၃ ေယာက္ေလာက္က်န္ခဲ့တယ္ခင္ဗ်။ အဲဒီ ကၽြန္းေတာင္ဆိုတဲ့ ေနရာမွာ ဖမ္းထားတာက အကုန္လုံုး ၅၃ ေယာက္ခင္ဗ်။ အဲဒီအထဲမွာ က်ေနာ္တုိ႔ ေရႊဟသၤာရပ္ကြက္က ၄၅ ေယာက္ ျပန္လြတ္တာေနာ္္။ ၿပီးလို႔ရွိရင္ သိုင္းေခ်ာင္းက ၃ ေယာက္။ ၿပီးလို႔ရွိရင္ အဲဒီ ကၽြန္းေတာင္ဆိုတဲ့ေနရာမွာ နဂိုကတည္းကေနတဲ့သူ အဘုိး အဘြား ၂ ေယာက္ေပါ့ေနာ္၊ သူတို႔ကို လႊတ္တယ္ေပါ့ေနာ္။ ၃ ေယာက္က မလြတ္ဘူး။ ဖမ္းတဲ့အဖြဲ႔ကေတာ့ စစ္တပ္က ထိန္းသိမ္းထားတယ္လို႔ ေျပာတယ္။ ဖမ္းတာက သူတို႔က မသကၤာလို႔ စစ္ေဆးတာေပါ့ေနာ္။ AA နဲ႔ပတ္သက္တဲ့ အေၾကာင္းအရာေတြေပါ့ေနာ္။ ၃ ေယာက္က ရဲစခန္းကို ျပန္လႊဲေျပာင္းေပးလိုက္တယ္လို႔ ေျပာတယ္ သူတို႔က။ ေက်ာက္ျဖဴရဲစခန္းကို။”

ႏုိဝင္ဘာ ၂ ရက္ေန႔ကတည္းက ကၽြန္းေတာင္ပိုက္ဆိပ္မွာ ေရလုပ္သားေတြနဲ႔ မိသားစုဝင္ ၅၀ ေက်ာ္ ထိန္းသိမ္းခံရတာျဖစ္ၿပီး ဒီကေန႔မွာ ျပန္လႊတ္ေပးတာလို႔ ဆိုပါတယ္။

သံသယနဲ႔ ထိန္းသိမ္းခံထားရဆဲ စနဲၿမိဳ႕ခံ ၃ ဦးကိုေတာ့ ဆက္လက္စစ္ေဆးစရာ ရွိတယ္ဆိုၿပီး ေက်ာက္ျဖဴရဲစခန္းကို လႊဲေျပာင္းေပးလိုက္ၿပီလို႔ အဆိုပါၿမိဳ႕ခံက ဆိုပါတယ္။

ရမ္းၿဗဲၿမိဳ႕နယ္အပိုင္ ကၽြန္းေတာင္ပိုက္ဆိပ္ တံငါရြာမွာ ေက်ာက္ျဖဴၿမိဳ႕နယ္ စနဲၿမိဳ႕ခံေတြက အမ်ားစု ေရလုပ္ငန္း လာေရာက္လုပ္ကိုင္ေနၾကတာျဖစ္ၿပီး ႏုိဝင္ဘာ ၂ ရက္ေန႔မွာ ျမန္မာစစ္တပ္ကေန ဒီတံငါစခန္းကို ေရာက္လာၿပီး တရြာလုံးရွိတဲ့သူေတြကို ထိန္းသိမ္းထားၿပီးေတာ့ ဖုန္းအဆက္သြယ္လည္း ျဖတ္ေတာက္ထားတယ္လို႔ လြတ္ေျမာက္လာသူတဦးက ဆိုပါတယ္။

ေက်ာက္ျဖဴၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္လြင္ကလည္း အဖမ္းခံရသူေတြထဲက အမ်ားစု ျပန္လြတ္လာေၾကာင္း အတည္ျပဳေျပာပါတယ္။

“အဲဒီ ၅၀ ဦးက ျပန္လြတ္လာၿပီခင္ဗ်။ ဒီေန႔ပဲ လြတ္လာတာ။ သူတို႔ေတြ ၃ ေယာက္ပဲ က်န္ခဲ့တယ္တဲ့။”

ဒီကေန႔မနက္ဘက္ ရမ္းၿဗဲၿမိဳ႕နယ္ ကုလားပုန္းေက်းရြာအုပ္စုဘက္မွာ ဖမ္းဆီးမႈေတြ ရွိေနတယ္လို႔ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္လြင္က ဆက္ေျပာပါတယ္။

“ဒီေန႔မနက္ ၈ နာရီမွာ ေနာက္ထပ္ ၃ ေယာက္ ဖမ္းတယ္တဲ့၊ ၿမိဳ႕ခ်ိန္ဆိုတဲ့ရြာက ဖမ္းတာ။ ၃ ေယာက္ဖမ္းတယ္တဲ့။ ရြာထဲက ၃ ေယာက္ ဖမ္းထားတဲ့အခါက်ေတာ့ အဲဒီရြာကလူေတြ အကုန္လုံး ေျပးၾကတဲ့သေဘာေပါ့။”

ကုလားပုန္းေက်းရြာအုပ္စုဘက္ ဖမ္းဆီးမႈေတြ ရွိေနတာေၾကာင့္ ေက်းရြာသား ၂၀၀ ေလာက္ တိမ္းေရွာင္ေနရတယ္လို႔ အနီးနားရြာျဖစ္တဲ့ ေက်ာက္ေစာင့္ရြာ အုပ္ခ်ဳပ္ေရးမွဴးက အတည္ျပဳေျပာပါတယ္။

“ဒီမနက္ ငညိဳသိုင္းကေတာ့တဖြဲ႔ က်ေနာ္တုိ႔ရြာကို ေရာက္တယ္။ ကေလးသူငယ္ပါဆို လူေပါင္း ၂၅ ေယာက္။ သူတို႔လည္း မေနဝံ့ဆိုၿပီးရင္ က်ေနာ္တို႔ရြာဘက္ ေရာက္လာလို႔ သူတို႔ စနဲကို အခုကတည္းက ထြက္သြားၾကၿပီ။ ၿမိဳ႕ခ်ိန္ရြာကေတာ့ သူတို႔ ရမ္းၿဗဲသြားၾကတယ္။ ေနာက္ၿပီး စနဲကိုသြားၾကတယ္။ ကုလားပုန္းရြာ အားလုံးဆို လူေပါင္း ၂၀၀ ေက်ာ္ေလာက္ ေျပးၾကၿပီထင္တယ္။”

ရမ္းၿဗဲၿမိဳ႕နယ္အတြင္း သကၤာမကင္းျဖစ္သူေတြကို တပ္မေတာ္ကေန ဖမ္းဆီးေနတယ္လို႔ ေဒသခံေတြကေန စြပ္စြဲေျပာဆိုေနသလို အေျခအေနမွန္ကိုသိရွိဖို႔ တပ္မေတာ္ေျပာခြင့္ရကို ဆက္သြယ္ခဲ့ေပမယ့္ မရခဲ့ပါဘူး။

တပ္မေတာ္ဘက္ကေတာ့ ေက်ာက္ျဖဴၿမိဳ႕နယ္ စနဲၿမိဳ႕အတြင္း မသကၤာဘြယ္လူ ၂ ဦးနဲ႔ ေဖာက္ခြဲေရးပစၥည္း စနက္တံေတြ ဒီရက္ပိုင္းေတြမွာ ဖမ္းဆီးရမိတာေၾကာင့္ ဆက္လက္ေဖာ္ထုတ္ အေရးယူေဆာင္ရြက္ေနတယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။

ရခိုင္ျပည္နယ္အတြင္း ၂ ႏွစ္နီးပါး စစ္ေရးတင္းမာမႈမွာ ႏွစ္ဖက္တပ္ဖြဲ႔ဝင္ေတြကေန သံသယနဲ႔ ဖမ္းဆီးထားတဲ့ ရြာသားအေရအတြက္ ၈၁၀ ေက်ာ္ရွိေနသလို ေဒသခံ ၂၃၀,၀၀၀ ေက်ာ္ စစ္ေဘးတိမ္းေရွာင္ေနရတယ္လို႔ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအ႐ုံးက စစ္တမ္းေကာက္ယူထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

ရခိုင် ရမ်းဗြဲရေလုပ်သားတွေ AA မသင်္ကာနဲ့ ဖမ်းဆီးခံခဲ့ရ

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်ထဲ ဖမ်းဆီးခံရတယ်ဆိုတဲ့ ရေလုပ်သား ၅၀ ကျော်အနက် အများစု ပြန်လွတ်လာပေမယ့် AA လက်နက်ကိုင်အဖွဲ့နဲ့ ပတ်သက်တယ်လို့ မသင်္ကာမှုနဲ့ ဖမ်းဆီးခံရမှာစိုးရိမ်ပြီး ဒေသခံတွေ တိမ်းရှောင်နေကြပါတယ်။ အပြည့်အစုံကို နိုင်ကွန်းအိန် စုစည်းတင်ပြထားပါတယ်။

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်ထဲက ရေလုပ်သား ၅၀ ကျော်ဟာ ၅ ရက်တာ အထိန်းသိမ်းခံရပြီး ဒီမနက်မှာ ဒီအထဲက အများစု ပြန်လွတ်လာခဲ့ပေမယ့် ၃ ဦးကိုတော့ ဆက်လက်ထိန်းသိမ်းထားတယ်လို့ ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ဆိုပါတယ်။

ရမ်းဗြဲမြို့နယ်အပိုင် ကုလားပုန်းကျွန်း၊ ကျွန်းတောင်ပိုက်ဆိပ်မှာ အဖမ်းခံရတဲ့ ရေလုပ်သားတွေနဲ့ မိသားစုဝင်တွေ လွတ်လာတဲ့အကြောင်း စနဲမြို့ခံတဦးက အခုလိုပြောပါတယ်။

“ပြန်လွတ်လာပြီခင်ဗျ။ ၃ ယောက်လောက်ကျန်ခဲ့တယ်ခင်ဗျ။ အဲဒီ ကျွန်းတောင်ဆိုတဲ့ နေရာမှာ ဖမ်းထားတာက အကုန်လုံး ၅၃ ယောက်ခင်ဗျ။ အဲဒီအထဲမှာ ကျနော်တို့ ရွှေဟင်္သာရပ်ကွက်က ၄၅ ယောက် ပြန်လွတ်တာနော်။ ပြီးလို့ရှိရင် သိုင်းချောင်းက ၃ ယောက်။ ပြီးလို့ရှိရင် အဲဒီ ကျွန်းတောင်ဆိုတဲ့နေရာမှာ နဂိုကတည်းကနေတဲ့သူ အဘိုး အဘွား ၂ ယောက်ပေါ့နော်၊ သူတို့ကို လွှတ်တယ်ပေါ့နော်။ ၃ ယောက်က မလွတ်ဘူး။ ဖမ်းတဲ့အဖွဲ့ကတော့ စစ်တပ်က ထိန်းသိမ်းထားတယ်လို့ ပြောတယ်။ ဖမ်းတာက သူတို့က မသင်္ကာလို့ စစ်ဆေးတာပေါ့နော်။ AA နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေပေါ့နော်။ ၃ ယောက်က ရဲစခန်းကို ပြန်လွှဲပြောင်းပေးလိုက်တယ်လို့ ပြောတယ် သူတို့က။ ကျောက်ဖြူရဲစခန်းကို။”

နိုဝင်ဘာ ၂ ရက်နေ့ကတည်းက ကျွန်းတောင်ပိုက်ဆိပ်မှာ ရေလုပ်သားတွေနဲ့ မိသားစုဝင် ၅၀ ကျော် ထိန်းသိမ်းခံရတာဖြစ်ပြီး ဒီကနေ့မှာ ပြန်လွှတ်ပေးတာလို့ ဆိုပါတယ်။

သံသယနဲ့ ထိန်းသိမ်းခံထားရဆဲ စနဲမြို့ခံ ၃ ဦးကိုတော့ ဆက်လက်စစ်ဆေးစရာ ရှိတယ်ဆိုပြီး ကျောက်ဖြူရဲစခန်းကို လွှဲပြောင်းပေးလိုက်ပြီလို့ အဆိုပါမြို့ခံက ဆိုပါတယ်။

ရမ်းဗြဲမြို့နယ်အပိုင် ကျွန်းတောင်ပိုက်ဆိပ် တံငါရွာမှာ ကျောက်ဖြူမြို့နယ် စနဲမြို့ခံတွေက အများစု ရေလုပ်ငန်း လာရောက်လုပ်ကိုင်နေကြတာဖြစ်ပြီး နိုဝင်ဘာ ၂ ရက်နေ့မှာ မြန်မာစစ်တပ်ကနေ ဒီတံငါစခန်းကို ရောက်လာပြီး တရွာလုံးရှိတဲ့သူတွေကို ထိန်းသိမ်းထားပြီးတော့ ဖုန်းအဆက်သွယ်လည်း ဖြတ်တောက်ထားတယ်လို့ လွတ်မြောက်လာသူတဦးက ဆိုပါတယ်။

ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်ကလည်း အဖမ်းခံရသူတွေထဲက အများစု ပြန်လွတ်လာကြောင်း အတည်ပြုပြောပါတယ်။

“အဲဒီ ၅၀ ဦးက ပြန်လွတ်လာပြီခင်ဗျ။ ဒီနေ့ပဲ လွတ်လာတာ။ သူတို့တွေ ၃ ယောက်ပဲ ကျန်ခဲ့တယ်တဲ့။”

ဒီကနေ့မနက်ဘက် ရမ်းဗြဲမြို့နယ် ကုလားပုန်းကျေးရွာအုပ်စုဘက်မှာ ဖမ်းဆီးမှုတွေ ရှိနေတယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က ဆက်ပြောပါတယ်။

“ဒီနေ့မနက် ၈ နာရီမှာ နောက်ထပ် ၃ ယောက် ဖမ်းတယ်တဲ့၊ မြို့ချိန်ဆိုတဲ့ရွာက ဖမ်းတာ။ ၃ ယောက်ဖမ်းတယ်တဲ့။ ရွာထဲက ၃ ယောက် ဖမ်းထားတဲ့အခါကျတော့ အဲဒီရွာကလူတွေ အကုန်လုံး ပြေးကြတဲ့သဘောပေါ့။”

ကုလားပုန်းကျေးရွာအုပ်စုဘက် ဖမ်းဆီးမှုတွေ ရှိနေတာကြောင့် ကျေးရွာသား ၂၀၀ လောက် တိမ်းရှောင်နေရတယ်လို့ အနီးနားရွာဖြစ်တဲ့ ကျောက်စောင့်ရွာ အုပ်ချုပ်ရေးမှူးက အတည်ပြုပြောပါတယ်။

“ဒီမနက် ငညိုသိုင်းကတော့တဖွဲ့ ကျနော်တို့ရွာကို ရောက်တယ်။ ကလေးသူငယ်ပါဆို လူပေါင်း ၂၅ ယောက်။ သူတို့လည်း မနေဝံ့ဆိုပြီးရင် ကျနော်တို့ရွာဘက် ရောက်လာလို့ သူတို့ စနဲကို အခုကတည်းက ထွက်သွားကြပြီ။ မြို့ချိန်ရွာကတော့ သူတို့ ရမ်းဗြဲသွားကြတယ်။ နောက်ပြီး စနဲကိုသွားကြတယ်။ ကုလားပုန်းရွာ အားလုံးဆို လူပေါင်း ၂၀၀ ကျော်လောက် ပြေးကြပြီထင်တယ်။”

ရမ်းဗြဲမြို့နယ်အတွင်း သင်္ကာမကင်းဖြစ်သူတွေကို တပ်မတော်ကနေ ဖမ်းဆီးနေတယ်လို့ ဒေသခံတွေကနေ စွပ်စွဲပြောဆိုနေသလို အခြေအနေမှန်ကိုသိရှိဖို့ တပ်မတော်ပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။

တပ်မတော်ဘက်ကတော့ ကျောက်ဖြူမြို့နယ် စနဲမြို့အတွင်း မသင်္ကာဘွယ်လူ ၂ ဦးနဲ့ ဖောက်ခွဲရေးပစ္စည်း စနက်တံတွေ ဒီရက်ပိုင်းတွေမှာ ဖမ်းဆီးရမိတာကြောင့် ဆက်လက်ဖော်ထုတ် အရေးယူဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း ၂ နှစ်နီးပါး စစ်ရေးတင်းမာမှုမှာ နှစ်ဖက်တပ်ဖွဲ့ဝင်တွေကနေ သံသယနဲ့ ဖမ်းဆီးထားတဲ့ ရွာသားအရေအတွက် ၈၁၀ ကျော်ရှိနေသလို ဒေသခံ ၂၃၀,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးက စစ်တမ်းကောက်ယူထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG