သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေက်ာက္ျဖဴၿမိဳ႕နယ္တြင္း ပစ္ခတ္မႈ ေဒသခံေတြ တိမ္းေရွာင္


ရခိုင္ျပည္နယ္တြင္း ျဖစ္ပြားေနေသာစစ္ပဲြမ်ားေၾကာင့္ စစ္ေတြကို တိမ္းေရွာင္လာၾကတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - ေမယုထြန္း - စက္တင္ဘာ ၂၃၊ ၂၀၂၀)

[Zawgyi/Unicode]

ရခုိင္ျပည္နယ္ ေက်ာက္ျဖဴၿမိဳ႕နယ္မွာ တပ္မေတာ္စစ္ေၾကာင္း ၀င္ေရာက္လာၿပီးေနာက္ ပစ္ခတ္မႈျဖစ္ရာမွာ အမ်ဳိးသမီးတဦး ဒဏ္ရာရခဲ့သလုိ ဖမ္းဆီးစစ္ေဆးမႈေတြေၾကာင့္ ေဒသခံေတြ လုံၿခံဳေရးစုိးရိမ္ၿပီး တိမ္းေရွာင္ေနၾကတဲ့ အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က ရခိုင္ကေန သတင္းေပးပို႔ထားပါတယ္။

တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကုိင္အဖဲြ႔ AA တုိ႔ၾကား စစ္ေရးတင္းမာေနတဲ့ ရခုိင္ျပည္နယ္မွာ မေန႔တုန္းက ပစ္ခတ္မႈေၾကာင့္ အမ်ဳိးသမီးတဦး ဒဏ္ရာရခဲ့သလုိ ေဒသခံေတြလည္း ထပ္မံတိမ္းေရွာင္ေနၾကတာပါ။ ေက်ာက္ျဖဴၿမိဳ႕နယ္ ဇိုင္ေခ်ာင္းေက်းရြာမွာ မေန႔က ညေနပိုင္းက တပ္မေတာ္စစ္ေၾကာင္း ေရာက္လာၿပီးေနာက္ အမ်ိဳးသမီးတစ္ဦး က်ည္ထိမွန္ၿပီး ေဆးရံုတင္ထားရတယ္လို႔ ေက်ာက္ျဖဴၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္အမတ္ ဦးဖိုးစံက ေျပာပါတယ္။

"မေန႔က အဲဒီရြာကို စစ္တပ္က ဝင္လာၿပီးေတာ့ တရားမဝင္ လက္နက္ကိုင္ အဖြဲ႔ေတြနဲ႔ ဆက္ႏြယ္တယ္ ဆိုၿပီးေတာ့ စစ္တယ္လို႔ၾကားတယ္။ အဲဒီထဲမွာ အမ်ိဳးသမီးတစ္ဦးကေတာ့ လက္နက္က်ည္ထိမွန္ၿပီး ေက်ာက္ျဖဴ ေဆးရံုကို ေရာက္ေနတယ္လို႔ ၾကားတယ္။ ေက်းရြာတစ္ရြာကို လက္နတ္ကိုင္ၿပီးေတာ့ ဝင္လာတယ္။ ေသနတ္သံေတြ ၾကားေတာ့ ေဒသခံေတြလည္း ထြက္ေျပးၾကတာေပါ့။"

ဒဏ္ရရွိ္သြားတဲ့ အသက္ ၅၀ ေက်ာ္အရြယ္ အမ်ိဳးသမီးကေတာ့ လက္ေမာင္းက်ည္ထိဒဏ္ရာနဲ႔ ေက်ာက္ျဖဴ ေဆးရံုမွာ ေဆးကုသမႈခံယူေနရၿပီး စိုးရိမ္ရတယ္လို႔လည္း ေဆြးမ်ိဳးတစ္ဦးက ေျပာပါတယ္။

ေက်းရြာအတြင္းမွာ ရွိတဲ့ ေဒသခံတခ်ိဳ႕ကို တပ္မေတာ္က ေက်းရြာစာသင္ေက်ာင္းမွာ ဖမ္းဆီးစစ္ေဆးေနၿပီး က်န္တဲ့ေဒသခံေတြကေတာ့ ေဘးလြတ္ရာေက်းရြာေတြကို တိမ္းေရွာင္ေနၾကရတယ္လို႔ ကိုယ္တိုင္ ထြက္ေျပးေနရသူ ေဒသခံတစ္ဦးက ေျပာပါတယ္။

"ဗမာတပ္က ေခၚသြားတာေတာ့ ႏွစ္ေယာက္ ေယာက်ာ္းတစ္ေယာက္၊ မိန္းမတစ္ေယာက္ မိန္းမနာမည္က မခင္သန္း ေယာက်ာ္းကေတာ့ ဆိတ္ႏုေအာင္ က်န္တဲ့သူေတြကိုေတာ့ ရြာမွာရွိတဲ့ စာသင္ေက်ာင္း မွာဖမ္းထားတယ္လို႔ ၾကားတယ္။ တခ်ိဳ႕လည္း နီးစပ္ရာေက်းရြာေတြကို ထြက္ေျပးေနၾကပါတယ္။ အတိအက်ေတာ့ မသိဘူး ကုလဘာေက်းရြာမွာ ေရာက္ေနတယ္လို႔လည္း ၾကားတယ္။ က်ေနာ္တို႔လည္း ထြက္ေျပးေနရတာ။ ေမးလို႔လည္းမရ သတင္းလည္းမရေတာ့ က်ေနာ္တို႔လည္း စိုးရိမ္မိတယ္။"

တပ္မေတာ္ စစ္ေၾကာင္း ၀င္ေရာက္လာၿပီးေနာက္ ဖမ္းဆီးမႈေတြနဲ႔ ထိခုိက္ဒဏ္ရာရမႈေတြ ရွိခဲ့တဲ့ သတင္းေတြနဲ႔ ပတ္သက္လုိ႔ တပ္မေတာ္ ေျပာခြင့္ရသူေတြကုိ ဆက္သြယ္ေမးျမန္းဖုိ႔ ႀကိဳးစားေပမဲ့ မရခဲ့ပါဘူး။

ဇိုင္ေခ်ာင္းေက်းရြာသားေတြဟာ လယ္လုပ္ငန္းနဲ႔ ငါးဖမ္းလုပ္ငန္းကို အဓိက လုပ္ကိုင္ၾကသူေတြျဖစ္ၿပီး မေန႔က ဖမ္းဆီးစစ္ေဆးမႈေတြေၾကာင့္ ေဒသခံေတြဟာ အနီးအနားေက်းရြာတစ္ခုျဖစ္တဲ့ ကုလဘာေက်းရြာမွာ တိမ္းေရွာင္ေနၾကရ တယ္လို႔လည္း ကုလဘာ ေက်းရြာအုပ္ခ်ဳက္ေရးမွဴး ဦးေရႊေရႊေမာင္က ေျပာပါတယ္။

"က်ေနာ္တို႔ရြာကို စစ္ေရွာင္ေတြ ေရာက္ေနတာဟုတ္ပါတယ္။ သိုင္းေခ်ာင္းအုပ္စု ဇိုင္ေခ်ာင္းေက်း ရြာကေန ေရာက္ေနၾကတာျဖစ္ပါတယ္။ လက္ရွိေတာ့ က်ေနာ္တို႔ ဆီကို ေရာက္ေနတာ ၁၀၄ ဦး ရွိတယ္။ သူတို႔ရြာထဲမွာ ေနၿပီးေတာ့ စစ္သားေတြက ေနၿပီးေတာ့ အိမ္ေတြကို တက္ၿပီးေတာ့ ေမြတာ ရြာမွာလူေတြ ေနလို႔မရေအာင္ လုပ္တာေတြ ရွိတယ္လုိ႔ ေျပာတယ္။ အဲဒါေၾကာင့္ သူတို႔မေနရဲၾကဘူး။ မေန႔ကလည္းပဲ အဲဒီဇိုင္ေခ်ာင္းေက်းရြာ က အမ်ိဳးသမီးတစ္ဦး အိမ္မွာပုန္းေနတာကို ေသနတ္နဲ႔ ပစ္တာေၾကာင့္ လက္ေမာင္းမွာ ဒဏ္ရာရသြားတယ္။ အခုေတာ့ ေက်ာက္ျဖဴေဆးရံုမွာ ေရာက္ေနတယ္လို႔ ၾကားတယ္။"

စစ္ေရွာင္ေတြ တိမ္းေရွာင္လာၾကတဲ့ ကုလဘာေက်းရြာမွာလည္း တပ္မေတာ္စစ္ေၾကာင္းေတြ ေရာက္ရွိေနတာေၾကာင့္ ေဒသခံေတြ စိုးရိမ္ေနၾကတယ္လို႔လည္း ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးေရႊေရႊေမာင္က ေျပာပါတယ္။

"အခုျဖစ္တဲ့ ဇိုင္းေခ်ာင္းေက်းရြာက က်ေနာ္တို႔ရြာနဲ႔ နီးနီးေလးပဲ ဆိုေတာ့ နီးနီးနားနားမွာျဖစ္တာဆိုေတာ့ က်ေနာ္တို႔ ရြာကလူေတြလည္း စိုးရိမ္ေနၾကတယ္။ အခုလည္း က်ေနာ္တို႔ရြာမွာ စစ္သားေတြ ေရာက္ေနၾကတယ္လို႔ သတင္းၾကားတယ္။"

မေန႔ကလည္း အဲဒီ ေက်ာက္ျဖဴၿမိဳ႕နယ္ စည္ေမာ္ေက်းရြာဘက္မွာလည္း ေဒသခံ ၆ ဦးေလာက္ကို တပ္မေတာ္က ဖမ္းဆီးစစ္ေဆးေနတယ္လို႔လည္း ေဒသခံေတြက ေျပာဆိုၾကပါတယ္။

ရခုိင္ျပည္နယ္မွာ လက္နက္ကုိင္ ပဋိပကၡေတြေၾကာင့္ အရပ္သားေတြ ေသေၾကထိခုိက္ေနရတဲ့အေပၚ စုိးရိမ္ေၾကာင္းနဲ႔ စစ္ပဲြေတြ ရပ္ဆုိင္းဖုိ႔လည္း ကုလသမဂၢနဲ႔ ျပည္တြင္းျပည္ပက လူ႔အခြင့္အေရး အဖဲြ႔ေတြကလည္း တုိက္တြန္းထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကျောက်ဖြူမြို့နယ်တွင်း ပစ်ခတ်မှု ဒေသခံတွေ တိမ်းရှောင်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ တပ်မတော်စစ်ကြောင်း ဝင်ရောက်လာပြီးနောက် ပစ်ခတ်မှုဖြစ်ရာမှာ အမျိုးသမီးတဦး ဒဏ်ရာရခဲ့သလို ဖမ်းဆီးစစ်ဆေးမှုတွေကြောင့် ဒေသခံတွေ လုံခြုံရေးစိုးရိမ်ပြီး တိမ်းရှောင်နေကြတဲ့ အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က ရခိုင်ကနေ သတင်းပေးပို့ထားပါတယ်။

တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့ကြား စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်မှာ မနေ့တုန်းက ပစ်ခတ်မှုကြောင့် အမျိုးသမီးတဦး ဒဏ်ရာရခဲ့သလို ဒေသခံတွေလည်း ထပ်မံတိမ်းရှောင်နေကြတာပါ။ ကျောက်ဖြူမြို့နယ် ဇိုင်ချောင်းကျေးရွာမှာ မနေ့က ညနေပိုင်းက တပ်မတော်စစ်ကြောင်း ရောက်လာပြီးနောက် အမျိုးသမီးတစ်ဦး ကျည်ထိမှန်ပြီး ဆေးရုံတင်ထားရတယ်လို့ ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးဖိုးစံက ပြောပါတယ်။

"မနေ့က အဲဒီရွာကို စစ်တပ်က ဝင်လာပြီးတော့ တရားမဝင် လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆက်နွယ်တယ် ဆိုပြီးတော့ စစ်တယ်လို့ကြားတယ်။ အဲဒီထဲမှာ အမျိုးသမီးတစ်ဦးကတော့ လက်နက်ကျည်ထိမှန်ပြီး ကျောက်ဖြူ ဆေးရုံကို ရောက်နေတယ်လို့ ကြားတယ်။ ကျေးရွာတစ်ရွာကို လက်နတ်ကိုင်ပြီးတော့ ဝင်လာတယ်။ သေနတ်သံတွေ ကြားတော့ ဒေသခံတွေလည်း ထွက်ပြေးကြတာပေါ့။"

ဒဏ်ရရှိသွားတဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးကတော့ လက်မောင်းကျည်ထိဒဏ်ရာနဲ့ ကျောက်ဖြူ ဆေးရုံမှာ ဆေးကုသမှုခံယူနေရပြီး စိုးရိမ်ရတယ်လို့လည်း ဆွေးမျိုးတစ်ဦးက ပြောပါတယ်။

ကျေးရွာအတွင်းမှာ ရှိတဲ့ ဒေသခံတချို့ကို တပ်မတော်က ကျေးရွာစာသင်ကျောင်းမှာ ဖမ်းဆီးစစ်ဆေးနေပြီး ကျန်တဲ့ဒေသခံတွေကတော့ ဘေးလွတ်ရာကျေးရွာတွေကို တိမ်းရှောင်နေကြရတယ်လို့ ကိုယ်တိုင် ထွက်ပြေးနေရသူ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဗမာတပ်က ခေါ်သွားတာတော့ နှစ်ယောက် ယောကျာ်းတစ်ယောက်၊ မိန်းမတစ်ယောက် မိန်းမနာမည်က မခင်သန်း ယောကျာ်းကတော့ ဆိတ်နုအောင် ကျန်တဲ့သူတွေကိုတော့ ရွာမှာရှိတဲ့ စာသင်ကျောင်း မှာဖမ်းထားတယ်လို့ ကြားတယ်။ တချို့လည်း နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးနေကြပါတယ်။ အတိအကျတော့ မသိဘူး ကုလဘာကျေးရွာမှာ ရောက်နေတယ်လို့လည်း ကြားတယ်။ ကျနော်တို့လည်း ထွက်ပြေးနေရတာ။ မေးလို့လည်းမရ သတင်းလည်းမရတော့ ကျနော်တို့လည်း စိုးရိမ်မိတယ်။"

တပ်မတော် စစ်ကြောင်း ဝင်ရောက်လာပြီးနောက် ဖမ်းဆီးမှုတွေနဲ့ ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့တဲ့ သတင်းတွေနဲ့ ပတ်သက်လို့ တပ်မတော် ပြောခွင့်ရသူတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမဲ့ မရခဲ့ပါဘူး။

ဇိုင်ချောင်းကျေးရွာသားတွေဟာ လယ်လုပ်ငန်းနဲ့ ငါးဖမ်းလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသူတွေဖြစ်ပြီး မနေ့က ဖမ်းဆီးစစ်ဆေးမှုတွေကြောင့် ဒေသခံတွေဟာ အနီးအနားကျေးရွာတစ်ခုဖြစ်တဲ့ ကုလဘာကျေးရွာမှာ တိမ်းရှောင်နေကြရ တယ်လို့လည်း ကုလဘာ ကျေးရွာအုပ်ချုက်ရေးမှူး ဦးရွှေရွှေမောင်က ပြောပါတယ်။

"ကျနော်တို့ရွာကို စစ်ရှောင်တွေ ရောက်နေတာဟုတ်ပါတယ်။ သိုင်းချောင်းအုပ်စု ဇိုင်ချောင်းကျေး ရွာကနေ ရောက်နေကြတာဖြစ်ပါတယ်။ လက်ရှိတော့ ကျနော်တို့ ဆီကို ရောက်နေတာ ၁၀၄ ဦး ရှိတယ်။ သူတို့ရွာထဲမှာ နေပြီးတော့ စစ်သားတွေက နေပြီးတော့ အိမ်တွေကို တက်ပြီးတော့ မွေတာ ရွာမှာလူတွေ နေလို့မရအောင် လုပ်တာတွေ ရှိတယ်လို့ ပြောတယ်။ အဲဒါကြောင့် သူတို့မနေရဲကြဘူး။ မနေ့ကလည်းပဲ အဲဒီဇိုင်ချောင်းကျေးရွာ က အမျိုးသမီးတစ်ဦး အိမ်မှာပုန်းနေတာကို သေနတ်နဲ့ ပစ်တာကြောင့် လက်မောင်းမှာ ဒဏ်ရာရသွားတယ်။ အခုတော့ ကျောက်ဖြူဆေးရုံမှာ ရောက်နေတယ်လို့ ကြားတယ်။"

စစ်ရှောင်တွေ တိမ်းရှောင်လာကြတဲ့ ကုလဘာကျေးရွာမှာလည်း တပ်မတော်စစ်ကြောင်းတွေ ရောက်ရှိနေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့လည်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရွှေရွှေမောင်က ပြောပါတယ်။

"အခုဖြစ်တဲ့ ဇိုင်းချောင်းကျေးရွာက ကျနော်တို့ရွာနဲ့ နီးနီးလေးပဲ ဆိုတော့ နီးနီးနားနားမှာဖြစ်တာဆိုတော့ ကျနော်တို့ ရွာကလူတွေလည်း စိုးရိမ်နေကြတယ်။ အခုလည်း ကျနော်တို့ရွာမှာ စစ်သားတွေ ရောက်နေကြတယ်လို့ သတင်းကြားတယ်။"

မနေ့ကလည်း အဲဒီ ကျောက်ဖြူမြို့နယ် စည်မော်ကျေးရွာဘက်မှာလည်း ဒေသခံ ၆ ဦးလောက်ကို တပ်မတော်က ဖမ်းဆီးစစ်ဆေးနေတယ်လို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။

ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အရပ်သားတွေ သေကြေထိခိုက်နေရတဲ့အပေါ် စိုးရိမ်ကြောင်းနဲ့ စစ်ပွဲတွေ ရပ်ဆိုင်းဖို့လည်း ကုလသမဂ္ဂနဲ့ ပြည်တွင်းပြည်ပက လူ့အခွင့်အရေး အဖွဲ့တွေကလည်း တိုက်တွန်းထားကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG