သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ေျမာက္ပိုင္း စစ္ေျပးဒုကၡသည္မ်ား စားနပ္ရိကၡာျပတ္လပ္


ရခိုင္စစ္ေဘးေရွာင္ဒုကၡသည္မ်ား။ (ဓာတ္ပံု - Rakhine Ethnics Congress)

[Zawgyi/Unicode]

ကပ္ေရာဂါနဲ႔ စစ္ေဘးဒဏ္သင့္ေနတဲ့ ရခိုင္ျပည္နယ္မွာ စစ္ေရွာင္ဒုကၡသည္ေတြ စားနပ္ရိကၡာျပတ္လပ္မႈေတြနဲ႔ ရင္ဆိုင္ေနရတဲ့ အေၾကာင္းေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က သတင္းေပးပို႔ထားပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္း ေျမပံုၿမိဳ႕နယ္မွာရွိတဲ့ စစ္ေရွာင္စခန္း တခ်ိဳ႕ၿပီးမွာ ၿပီးခဲ့တဲ့ ေအာက္တိုဘာလလယ္ေလာက္ကစ စားနပ္ရိကၡာ ျပတ္လပ္ေနတဲ့အတြက္ အခက္အခဲႀကံဳေနရတယ္လုိ႔ ဒုကၡသည္ေတြကုိ အကူအညီေပးေနသူေတြက ေျပာပါတယ္။

ေျမပံုၿမိဳ႕နယ္က ဒုကၡသည္ ၁၀၀ ေက်ာ္ေလာက္ရွိတဲ့ ကိုင္းႀကီး စစ္ေရွာင္စခန္းမွာ ဆုိရင္လည္း စားနပ္ရိကၡာ အကူအညီ မရေတာ့တာ သီတင္းနွစ္ပတ္ေလာက္ရွိၿပီလို႔ စခန္းတာဝန္ခံ ကိုေရႊစိုးကေျပာပါတယ္။

"လံုးဝအဆင္မေျပေတာ့ဘူး။ ရိကၡာမရတာ လဝက္ေလာက္ရွိေနၿပီ တကယ္ကို အခက္အခဲေတြနဲ႔ ႀကံဳေတြ႕ေနရတာ အစားအေသာက္အေနအထိုင္ကလည္း လံုးဝကို အဆင္မေျပေတာ့ဘူး။"

ရခိုင္ျပည္နယ္မွာ ၿပီးခဲ့တဲ့ႏွစ္ကစ AA ရခုိင္လက္နက္ကုိင္အဖဲြ႔နဲ႔ တပ္မေတာ္ၾကား တုိက္ပဲြေတြေၾကာင့္ ေဒသခံေတြ ေနရပ္စြန္႔ခြာ ထြက္ေျပးေနရတာ အခုဆုိရင္ သိန္းနဲ႔ခ်ီ ရွိေနပါၿပီ။ ဒီအထဲက ဒုကၡသည္ အမ်ားစုဟာ ဆုိရင္လည္း ကိုင္းႀကီးစစ္ေရွာင္စခန္း အပါအ၀င္ ကိုယ္ထူကိုယ္ထ ယာယီတည္ေဆာက္ထားတဲ့ စခန္းေတြမွာ ေနထုိင္ေနၾကရတာပါ။

ျမန္မာႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါ တေက်ာ့ျပန္ကူးစက္မႈေတြ စတင္ခဲ့တဲ့ ရခုိင္ျပည္နယ္မွာ လက္နက္ကုိင္ ပဋိပကၡေတြလည္း ဆက္လက္ ျဖစ္ပြားေနတာေၾကာင့္ စစ္ေရွာင္ဒုကၡသည္ေတြ အကူအညီလုိအပ္ခ်က္ေတြ ပုိမ်ားလာေနတယ္လုိ႔လည္း ေျမပံုၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကုိယ္စားလွယ္ ဦးေဖသန္းက ေျပာပါတယ္။

"ဒုကၡသည္စခန္းတခ်ိဳ႕က ရိကၡာမလံု မေလာက္မႈေတြနဲ႔ ရင္ဆိုင္ေနရတယ္။ အျပင္ထြက္ရွာဖို႔က်ေတာ့လည္း စစ္ပြဲေတြ ရွိတယ္။ တခ်ိဳ႕ေနရာေတြမွာ မိုင္းေထာင္ထားတာေတြ ရွိတယ္။ ေနရပ္ကိုလည္း မျပန္ႏိုင္ၾကဘူး။ အဲဒီလို အေျခအေနအရပ္ရပ္ေၾကာင့္ ရခိုင္ျပည္နယ္မွာရွိတဲ့ စစ္ေရွာင္ေတြ မ်ားလာသေလာက္ ရိကၡာေထာက္ပံ့မႈက အစိုးရဘက္ကေတာ့ ႏိုင္ငံတကာကပါ အားနည္းေနသလို အရပ္ဘက္အဖြဲ႔အစည္းေတြကလည္း ကူညီတာေတြ ျပတ္ေတာက္လာတယ္။ အဲဒါေၾကာင့္ ရခိုင္ျပည္နယ္မွာ ရွိတဲ့ စစ္ေရွာင္ေတြ စားဝတ္ေနေရး ၾကပ္တည္းလာတယ္။ COVID-19 ေၾကာင့္ အျပင္ထြက္ၿပီး ရွာဖြယ္စားေသာက္ခြင့္လည္း မရႏိုင္ၾကဘူးျဖစ္ေနတယ္။"

အစိုးရဘက္ကလည္း ရခိုင္ျပည္နယ္မွာရွိတဲ့ စစ္ေရွာင္ေတြနဲ႔ ပတ္သတ္ၿပီး ပံုမွန္ေထာက္ပံ့မႈေတြ လုပ္ေနေပမဲ့ အခက္အခဲေတြ ရွိေနတယ္လို႔လည္း ရခိုင္ျပည္နယ္ သဘာဝေဘးအႏၱရာယ္ဆိုင္ရာ စီမံခြန္႔ခြဲမႈ ဦးစီးဌာန ဦးစီးအရာရွိ ဦးရဲမင္းဦးက ေျပာပါတယ္။

"က်ေနာ္လည္း ၾကားပါတယ္။ ေျမပံုၿမိဳ႕နယ္က စစ္ေရွာင္စခန္းတခ်ိဳ႕မွာ ဆန္ရိကၡာေတြ ျပတ္လပ္ေနတယ္လို႔ က်ေနာ္တို႔အဓိက ေထာက္ပံ့ေနတဲ့ ဆန္ကိုေတာ့ ခရိုင္ေတြမွာ ရွိတဲ့ လူဦးေရအလုိက္ ေထာက္ပံ့ေပးေနတယ္။ ပံုမွန္ေတာ့ ေထာက္ပံ့ေပးေနတာပဲ။ ဒါေပမဲ့ လမ္းပန္းဆက္သြယ္ေရး မေကာင္းလို႔ သြားလို႔မရတဲ့ ေနရာေတြလည္း ရွိေနတယ္။ အခုက မိုးရာသီလည္း ကုန္ေတာ့မယ္။ အခုလို ကာလမ်ိဳးမွာေတာ့ အခက္အခဲေတြရွိတယ္။ ဆန္အေဟာင္းေတြနဲ႔ ဆန္အသစ္တက္တဲ့ ကာလၾကားမွာ အခက္အခဲေတြရွိတယ္။ အဲဒီအေပၚမွာလည္း က်ေနာ္တို႔ကေတာ့ ေကာင္းေအာင္ေတာ့ ႀကိဳးစားေဆာင္ရြက္ေနတယ္။"

ရခုိင္ျပည္နယ္မွာ လက္နက္ကုိင္ ပဋိပကၡေတြေၾကာင့္ လူသားခ်င္းစာနာမႈဆုိင္ရာ အၾကပ္အတည္းေတြ ႀကံဳရမွာကုိ စုိးရိမ္ေၾကာင္း ကုလသမဂၢနဲ႔ ႏုိင္ငံတကာ အကူအညီေပးေရး အဖဲြ႔အစည္းေတြကလည္း ေျပာဆုိထားၾကတာပါ။ ျမန္မာႏုိင္ငံအေျခစုိက္ သံတမန္ေတြကလည္း ကပ္ေရာဂါနဲ႔ ႀကံဳေနရခ်ိန္မွာ လက္နက္ကုိင္ ပဋိပကၡေတြ ရပ္ဆုိင္းထားဖုိ႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ တုိက္တြန္းခ်က္ကုိ လုိက္နာဖုိ႔လည္း တုိက္တြန္းထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်မြောက်ပိုင်း စစ်ပြေးဒုက္ခသည်များ စားနပ်ရိက္ခာပြတ်လပ်

ကပ်ရောဂါနဲ့ စစ်ဘေးဒဏ်သင့်နေတဲ့ ရခိုင်ပြည်နယ်မှာ စစ်ရှောင်ဒုက္ခသည်တွေ စားနပ်ရိက္ခာပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အကြောင်းပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မြေပုံမြို့နယ်မှာရှိတဲ့ စစ်ရှောင်စခန်း တချို့ပြီးမှာ ပြီးခဲ့တဲ့ အောက်တိုဘာလလယ်လောက်ကစ စားနပ်ရိက္ခာ ပြတ်လပ်နေတဲ့အတွက် အခက်အခဲကြုံနေရတယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။

မြေပုံမြို့နယ်က ဒုက္ခသည် ၁၀၀ ကျော်လောက်ရှိတဲ့ ကိုင်းကြီး စစ်ရှောင်စခန်းမှာ ဆိုရင်လည်း စားနပ်ရိက္ခာ အကူအညီ မရတော့တာ သီတင်းနှစ်ပတ်လောက်ရှိပြီလို့ စခန်းတာဝန်ခံ ကိုရွှေစိုးကပြောပါတယ်။

"လုံးဝအဆင်မပြေတော့ဘူး။ ရိက္ခာမရတာ လဝက်လောက်ရှိနေပြီ တကယ်ကို အခက်အခဲတွေနဲ့ ကြုံတွေ့နေရတာ အစားအသောက်အနေအထိုင်ကလည်း လုံးဝကို အဆင်မပြေတော့ဘူး။"

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်ကစ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ တပ်မတော်ကြား တိုက်ပွဲတွေကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရတာ အခုဆိုရင် သိန်းနဲ့ချီ ရှိနေပါပြီ။ ဒီအထဲက ဒုက္ခသည် အများစုဟာ ဆိုရင်လည်း ကိုင်းကြီးစစ်ရှောင်စခန်း အပါအဝင် ကိုယ်ထူကိုယ်ထ ယာယီတည်ဆောက်ထားတဲ့ စခန်းတွေမှာ နေထိုင်နေကြရတာပါ။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ တကျော့ပြန်ကူးစက်မှုတွေ စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေလည်း ဆက်လက် ဖြစ်ပွားနေတာကြောင့် စစ်ရှောင်ဒုက္ခသည်တွေ အကူအညီလိုအပ်ချက်တွေ ပိုများလာနေတယ်လို့လည်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

"ဒုက္ခသည်စခန်းတချို့က ရိက္ခာမလုံ မလောက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်။ အပြင်ထွက်ရှာဖို့ကျတော့လည်း စစ်ပွဲတွေ ရှိတယ်။ တချို့နေရာတွေမှာ မိုင်းထောင်ထားတာတွေ ရှိတယ်။ နေရပ်ကိုလည်း မပြန်နိုင်ကြဘူး။ အဲဒီလို အခြေအနေအရပ်ရပ်ကြောင့် ရခိုင်ပြည်နယ်မှာရှိတဲ့ စစ်ရှောင်တွေ များလာသလောက် ရိက္ခာထောက်ပံ့မှုက အစိုးရဘက်ကတော့ နိုင်ငံတကာကပါ အားနည်းနေသလို အရပ်ဘက်အဖွဲ့အစည်းတွေကလည်း ကူညီတာတွေ ပြတ်တောက်လာတယ်။ အဲဒါကြောင့် ရခိုင်ပြည်နယ်မှာ ရှိတဲ့ စစ်ရှောင်တွေ စားဝတ်နေရေး ကြပ်တည်းလာတယ်။ COVID-19 ကြောင့် အပြင်ထွက်ပြီး ရှာဖွယ်စားသောက်ခွင့်လည်း မရနိုင်ကြဘူးဖြစ်နေတယ်။"

အစိုးရဘက်ကလည်း ရခိုင်ပြည်နယ်မှာရှိတဲ့ စစ်ရှောင်တွေနဲ့ ပတ်သတ်ပြီး ပုံမှန်ထောက်ပံ့မှုတွေ လုပ်နေပေမဲ့ အခက်အခဲတွေ ရှိနေတယ်လို့လည်း ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခွန့်ခွဲမှု ဦးစီးဌာန ဦးစီးအရာရှိ ဦးရဲမင်းဦးက ပြောပါတယ်။

"ကျနော်လည်း ကြားပါတယ်။ မြေပုံမြို့နယ်က စစ်ရှောင်စခန်းတချို့မှာ ဆန်ရိက္ခာတွေ ပြတ်လပ်နေတယ်လို့ ကျနော်တို့အဓိက ထောက်ပံ့နေတဲ့ ဆန်ကိုတော့ ခရိုင်တွေမှာ ရှိတဲ့ လူဦးရေအလိုက် ထောက်ပံ့ပေးနေတယ်။ ပုံမှန်တော့ ထောက်ပံ့ပေးနေတာပဲ။ ဒါပေမဲ့ လမ်းပန်းဆက်သွယ်ရေး မကောင်းလို့ သွားလို့မရတဲ့ နေရာတွေလည်း ရှိနေတယ်။ အခုက မိုးရာသီလည်း ကုန်တော့မယ်။ အခုလို ကာလမျိုးမှာတော့ အခက်အခဲတွေရှိတယ်။ ဆန်အဟောင်းတွေနဲ့ ဆန်အသစ်တက်တဲ့ ကာလကြားမှာ အခက်အခဲတွေရှိတယ်။ အဲဒီအပေါ်မှာလည်း ကျနော်တို့ကတော့ ကောင်းအောင်တော့ ကြိုးစားဆောင်ရွက်နေတယ်။"

ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်းတွေ ကြုံရမှာကို စိုးရိမ်ကြောင်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေကလည်း ပြောဆိုထားကြတာပါ။ မြန်မာနိုင်ငံအခြေစိုက် သံတမန်တွေကလည်း ကပ်ရောဂါနဲ့ ကြုံနေရချိန်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ရပ်ဆိုင်းထားဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ တိုက်တွန်းချက်ကို လိုက်နာဖို့လည်း တိုက်တွန်းထားကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG