သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေက်ာက္ျဖဴေဒသခံ ၇ ဦး ျမန္မာစစ္တပ္ဖမ္းဆီးဟု ေဒသခံေတြေျပာဆို


ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕မွာ လံုၿခံဳေရးယူထားတဲ့ ျမန္မာစစ္တပ္။ (ၾသဂုတ္ ၃၁၊ ၂၀၁၇)

[Zawgyi/Unicode]

တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႔ စစ္ေရးတင္းမာေနတဲ့ ရခိုင္ျပည္နယ္မွာ ေဒသခံတခ်ဳိ႕ ဖမ္းဆီးခံေနရတာေၾကာင့္ လုံၿခံဳေရးအတြက္ စုိးရိမ္ေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္က သတင္းေပးပို႔ထားပါတယ္။

ေက်ာက္ျဖဴၿမိဳ႕နယ္၊ စည္ေမာ္ေက်းရြာမွ ေဒသခံ ၇ ဦးကို တပ္မေတာ္စစ္ေၾကာင္း တစ္ခုကဖမ္းဆီးသြားေၾကာင္း ေဒသခံေတြနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကေျပာပါတယ္။

တနဂၤေႏြေန႔ မနက္ပိုင္းမွာ စည္ေမာ္ေက်းရြာက ရြာသား ၇ ဦးကို တပ္မေတာ္ကေန ဖမ္းဆီးသြားျပီး အဲဒီအထဲကတဦး ဒီကေန႔မွာ ျပန္လြတ္လာတယ္လို႔ စည္ေမာ္ေက်းရြာသားတဦးကေျပာပါတယ္။

“သူတို႔ေခၚသြားတဲ့ ၇ ေယာက္ထဲမွာ တေယာက္ျပန္လြတ္လာတယ္လို႔။ သူတို႔လာတဲ့ေျပးရတာေပါ့၊ ေၾကာက္တာေပါ့။ သူတို႔လာရင္ အကုန္လုံးက ေျပးေနတာေပါ့။”

အင္အား ၁ဝဝ ေက်ာ္ခန္႔ပါရွိတဲ့ စစ္ေၾကာင္းတစ္ခုကေန စည္ေမာ္ရြာကို အျပင္ ဝိုင္းထားၿပီး အ႐ုဏ္တက္အခ်ိန္မွာ ဝင္ေရာက္လာခဲ့ရာမွာ လမ္းမွာေတြ႕တဲ့သူကို ဖမ္းဆီးခဲ့တာလို႔ ေဒသခံေတြကေျပာပါတယ္။

ေက်ာက္ျဖဴျမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ဦးေက်ာ္လြင္ကေတာ့ စည္ေမာ္ေက်းရြာသားေတြ ဖမ္းဆီးခံရတဲ့အေျခအေနနဲ႔ ပတ္သက္လို႔ အခုလိုေျပာပါတယ္။

“စည္ေမာ္ဆိုတဲ့ရြာကို ၁ ရက္ေန႔ ၁၁ လပိုင္း ညတနာရီအခ်ိန္ေလာက္မွာ ျမန္မာ့တပ္မေတာ္က ရြာထဲကို၀င္ျပီး စစ္ေဆးတယ္။ အဲဒီမွာလူ ၇ ေလာက္ဖမ္းသြားတယ္။ ဘာေၾကာင့္ဖမ္းတယ္ဆိုတာလည္း မေျပာဘူး။ တပ္က ဖမ္းဆီးသြားျပီဆိုရင္ သူတို႔က ဘယ္ေနရာမွာထားမွန္းသတင္းမထုတ္ျပန္ဘူး။ သူတို႔က တရားရံုးကို လာပို႔တဲ့အခါမွ ေဒသခံေတြက သိရတာ။”

စည္ေမာ္ေက်းရြာကို စစ္ေၾကာင္းေတြ မၾကာခဏ ဝင္ေရာက္လာမႈေတြ ရွိေနေပမဲ့ အရင္ကဖမ္းဆီးမႈေတြမရွိေပမဲ့ အခုဖမ္းဆီးမႈေတြရွိလာတယ္လို႔ ေဒသခံေတြက ဆိုပါတယ္။

ဒီလို ဖမ္းဆီးထားတာနဲ႔ ပတ္သက္လို႔ တပ္မေတာ္ေျပာခြင့္ရကို ဆက္သြယ္ခဲ့ေပမဲ့ မရခဲ့ပါဘူး။

ျပီးခဲ့တဲ့ဇြန္လကုန္တုန္းက ေက်ာကျဖဴျမိဳ႕နယ္အတြင္း တပ္မေတာ္ယာဥ္တန္း တိုက္ခိုက္ခံရအျပီး ကပ္သေျပေက်း ရြာသား ၉ ဦးနဲ႔ စိုင္ျခံဳဒြိန္ရြာအုပ္ခ်ဳပ္ေရးအဖြဲ႕၀င္ တဦးအေပါင္း ၁၀ ဦးကို ဖမ္းဆီးစစ္ေဆးရာမွာ စစ္ေၾကာ ေဖာ္ထုတ္ခ်က္ေတြအရ ၈ ဦးဟာ AA ရခိုင္လက္နက္ကိုင္အဖြဲ႕နဲ႔ ပတ္သက္ ဆက္ႏြယ္မႈရွိေနလို႔ ေက်ာက္ျဖဴၿမိဳ႕မ ရဲစခန္းကို လႊဲေျပာင္း ေပးအပ္ခဲ့ၿပီး အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒႏွင့္အညီ တရားစြဲဆို အေရးယူသြားမယ္လို႔ တပ္မေတာ္ဘက္က သတင္းထုတ္ျပန္ထားပါတယ္။

တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ စစ္ေရးပဋိပကၡျဖစ္ပြါးတဲ့ ၂ ႏွစ္တာကာလအတြင္း ေဒသခံရြာသားေတြ ပစ္ခတ္ခံရမႈေၾကာင့္ ေသဆုံးဒဏ္ရာရရွိတာေတြ လက္နက္ကိုင္အဖြဲ႔ေတြက ဖမ္းဆီးမႈေတြလည္း တုိးလာေနပါတယ္။

ၿပီးခဲ့တဲ့ လထဲမွာတုန္းကလည္း ေရြးေကာက္ပဲြအတြက္ စည္း႐ုံးေရးဆင္းေနတဲ့ ေတာင္ကုတ္ၿမိဳ႕နယ္က အမ်ဳိးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ (NLD) ပါတီ ကုိယ္စားလွယ္ေလာင္း ၃ ဦးကုိ AA တပ္ဖဲြ႔က ဖမ္းဆီးသြားၿပီး အခုအခ်ိန္အထိ ထိန္းသိမ္းထားဆဲျဖစ္ပါတယ္။

တပ္မေတာ္အေနနဲ႕ နိုင္ငံေတာ္ကေန အၾကမ္းဖက္အုပ္စုအျဖစ္ သတ္မွတ္ေၾကညာထားတဲ့အဖြဲ႕နဲ႔ ေနရာကလႊဲျပီး က်န္နယ္ေျမေတြမွာ ၂၀၂၀ ျပည့္ႏွစ္၊ နိုဝင္ဘာလ ၁ ရက္မွ ၃၀ ရက္အထိ တပ္မေတာ္အေနနဲ႔ စစ္ေရးဆိုင္ရာ လႈပ္ရွားမႈေတြကို ထပ္မံတိုးျမႇင့္ရပ္ဆိုင္းေပးသြားမယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။

တပ္မေတာ္စစ္ေရး ရပ္ဆိုင္းေဒသထဲ AA ရခိုင္လက္နက္ကိုင္အဖြဲ႕လႈပ္ရွားတဲ့ ရခိုင္ျပည္နယ္္နဲ႕ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ အက်ံဳး၀င္တာ မရွိတာေၾကာင့္ တိုက္ပြဲဆက္လက္ျပင္းထန္ဦးမယ့္ အေျခအေနရွိတယ္လို႔ AA ဘက္က ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကျောက်ဖြူဒေသခံ ၇ ဦး မြန်မာစစ်တပ်ဖမ်းဆီးဟု ဒေသခံတွေပြောဆို

တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်မှာ ဒေသခံတချို့ ဖမ်းဆီးခံနေရတာကြောင့် လုံခြုံရေးအတွက် စိုးရိမ်နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ကျောက်ဖြူမြို့နယ်၊ စည်မော်ကျေးရွာမှ ဒေသခံ ၇ ဦးကို တပ်မတော်စစ်ကြောင်း တစ်ခုကဖမ်းဆီးသွားကြောင်း ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။

တနင်္ဂနွေနေ့ မနက်ပိုင်းမှာ စည်မော်ကျေးရွာက ရွာသား ၇ ဦးကို တပ်မတော်ကနေ ဖမ်းဆီးသွားပြီး အဲဒီအထဲကတဦး ဒီကနေ့မှာ ပြန်လွတ်လာတယ်လို့ စည်မော်ကျေးရွာသားတဦးကပြောပါတယ်။

“သူတို့ခေါ်သွားတဲ့ ၇ ယောက်ထဲမှာ တယောက်ပြန်လွတ်လာတယ်လို့။ သူတို့လာတဲ့ပြေးရတာပေါ့၊ ကြောက်တာပေါ့။ သူတို့လာရင် အကုန်လုံးက ပြေးနေတာပေါ့။”

အင်အား ၁ဝဝ ကျော်ခန့်ပါရှိတဲ့ စစ်ကြောင်းတစ်ခုကနေ စည်မော်ရွာကို အပြင် ဝိုင်းထားပြီး အရုဏ်တက်အချိန်မှာ ဝင်ရောက်လာခဲ့ရာမှာ လမ်းမှာတွေ့တဲ့သူကို ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးကျော်လွင်ကတော့ စည်မော်ကျေးရွာသားတွေ ဖမ်းဆီးခံရတဲ့အခြေအနေနဲ့ ပတ်သက်လို့ အခုလိုပြောပါတယ်။

“စည်မော်ဆိုတဲ့ရွာကို ၁ ရက်နေ့ ၁၁ လပိုင်း ညတနာရီအချိန်လောက်မှာ မြန်မာ့တပ်မတော်က ရွာထဲကိုဝင်ပြီး စစ်ဆေးတယ်။ အဲဒီမှာလူ ၇ လောက်ဖမ်းသွားတယ်။ ဘာကြောင့်ဖမ်းတယ်ဆိုတာလည်း မပြောဘူး။ တပ်ကဖမ်းဆီးသွားပြီဆိုရင် သူတို့က ဘယ်နေရာမှာထားမှန်းသတင်းမထုတ်ပြန်ဘူး။ သူတို့က တရားရုံးကို လာပို့တဲ့အခါမှ ဒေသခံတွေက သိရတာ။”

စည်မော်ကျေးရွာကို စစ်ကြောင်းတွေ မကြာခဏ ဝင်ရောက်လာမှုတွေ ရှိနေပေမဲ့ အရင်ကဖမ်းဆီးမှုတွေမရှိပေမဲ့ အခုဖမ်းဆီးမှုတွေရှိလာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီလို ဖမ်းဆီးထားတာနဲ့ ပတ်သက်လို့ တပ်မတော်ပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ဇွန်လကုန်တုန်းက ကျောကဖြူမြို့နယ်အတွင်း တပ်မတော်ယာဉ်တန်း တိုက်ခိုက်ခံရအပြီး ကပ်သပြေကျေး ရွာသား ၉ ဦးနဲ့ စိုင်ခြုံဒွိန်ရွာအုပ်ချုပ်ရေးအဖွဲ့ဝင် တဦးအပေါင်း ၁၀ ဦးကို ဖမ်းဆီးစစ်ဆေးရာမှာ စစ်ကြော ဖော်ထုတ်ချက်တွေအရ ၈ ဦးဟာ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ပတ်သက် ဆက်နွယ်မှုရှိနေလို့ ကျောက်ဖြူမြို့မ ရဲစခန်းကို လွှဲပြောင်း ပေးအပ်ခဲ့ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနှင့်အညီ တရားစွဲဆို အရေးယူသွားမယ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ စစ်ရေးပဋိပက္ခဖြစ်ပွါးတဲ့ ၂ နှစ်တာကာလအတွင်း ဒေသခံရွာသားတွေ ပစ်ခတ်ခံရမှုကြောင့် သေဆုံးဒဏ်ရာရရှိတာတွေ လက်နက်ကိုင်အဖွဲ့တွေက ဖမ်းဆီးမှုတွေလည်း တိုးလာနေပါတယ်။

ပြီးခဲ့တဲ့ လထဲမှာတုန်းကလည်း ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းနေတဲ့ တောင်ကုတ်မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားလှယ်လောင်း ၃ ဦးကို AA တပ်ဖွဲ့က ဖမ်းဆီးသွားပြီး အခုအချိန်အထိ ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။

တပ်မတော်အနေနဲ့ နိုင်ငံတော်ကနေ အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာထားတဲ့အဖွဲ့နဲ့ နေရာကလွှဲပြီး ကျန်နယ်မြေတွေမှာ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁ ရက်မှ ၃၀ ရက်အထိ တပ်မတော်အနေနဲ့ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

တပ်မတော်စစ်ရေး ရပ်ဆိုင်းဒေသထဲ AA ရခိုင်လက်နက်ကိုင်အဖွဲ့လှုပ်ရှားတဲ့ ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ် ပလက်ဝမြို့နယ် အကျုံးဝင်တာ မရှိတာကြောင့် တိုက်ပွဲဆက်လက်ပြင်းထန်ဦးမယ့် အခြေအနေရှိတယ်လို့ AA ဘက်က ဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG