သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ပဋိပကၡ အရပ္သားဖမ္းဆီးခံရမႈ တိုးလာ


ရခိုင္ျပည္နယ္တြင္း ျဖစ္ပြားေနေသာ စစ္ပဲြမ်ားေၾကာင့္ ထြက္ေျပးတိမ္းေရွာင္လာၾကေသာ ရခိုင္စစ္ေရွာင္ ဒုကၡသည္မ်ားကို စစ္ေတြၿမိဳ႕မွာ ေတြ႔ရ။ (ဇြန္ ၂၉၊ ၂၀၂၀)

[Zawgyi/Unicode]

လက္နက္ကုိင္ ပဋိပကၡေတြ ျဖစ္ပြားေနတဲ့ ရခိုင္ျပည္နယ္မွာ ဒီရက္ပိုင္းအတြင္း ေဒသခံေတြ ဖမ္းဆီးခံရတာ၊ ပစ္ခတ္မႈေၾကာင့္ ေသဆုံးဒဏ္ရာ ရရွိတာေတြ တုိးလာေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္က သတင္းေပးပို႔ထားပါတယ္။

ရခုိင္လက္နက္ကုိင္အဖဲြ႔ AA နဲ႔ တပ္မေတာ္ၾကား စစ္ေရးတင္းမာေနတဲ့ ရခိုင္ျပည္နယ္မွာ ေဒသခံေတြ မသကၤာလို႔ ဖမ္းဆီးခံရတာေတြ၊ ပစ္ခတ္မႈေတြေၾကာင့္ ထိခုိက္ေသေၾကတာေတြရွိေနတယ္လို႔ ေဒသခံေတြနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ေျပာပါတယ္။

ဒီေန႔မနက္မွာလည္း ရမ္းျဗဲျမိဳ႕နယ္ ကုလားပုန္း ေက်ာက္ေစာင့္ေက်းရြာက ရြာသားႏွစ္ဦး ဖမ္းဆီးခံရတယ္လို႔ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးနိုင္နိုင္ေရႊကေျပာပါတယ္။

“ကုလားပုန္းမွာကေတာ့ အရပ္သား ႏွစ္ေယာက္ ေခၚယူထားတယ္လို႔ ၾကားတယ္။ လက္နက္ကိုင္အဖြဲ႕အစည္းနဲ႔ ပတ္သက္ေနတယ္ဆိုျပီး ဖမ္းယူထားတယ္လို႕ေျပာတယ္။ တပ္ကလို႔ ေျပာတယ္ တပ္က။”

ျမန္မာစစ္တပ္က မသကၤာလို႔ဖမ္းဆီးသြားတာျဖစ္ျပီး ဘယ္မွာ ထိန္းသိမ္းထားတယ္ဆိုတာမသိဘူးလို႔သူက ဆိုပါတယ္။

မေန႔ ညေနပိုင္းမွာလည္း စစ္ေတြျမိဳ႕နယ္ ပလႅင္ျပင္ေက်းရြာက ေက်းရြာသား ၄ ဦးကို ျမန္မာတပ္မေတာ္ စစ္ေၾကာင္း တစ္ခု က ဖမ္းဆီးေခၚေဆာင္သြားေၾကာင္း စစ္ေတြျမိဳ႕ အေနာက္တံခါးေဒသ ကူညီေစာင့္ေရွာက္ေရးအဖြဲ႔ ေခါင္းေဆာင္ ဦးေအာင္ေဌးကေျပာပါတယ္။

“သူတို႔က ေလး ေယာက္ေခၚသြားတယ္လို႔ပဲ အၾကမ္းဖ်င္း သိရတယ္ခင္ဗ်။ သူတို႔ကေလာေလာဆယ္မိသားစု၀င္ေတြနဲ႔ အဆက္သြယ္ မရေသးဘူး။ မသကၤာလို႔ ဖမ္းဆီးတာမ်ိဳးဘဲ အဲဒီလိုမ်ိဳးျဖစ္ေနတာကိုး။ မေန႔က ညေနပိုင္းေလာက္မွာ အစိုးရတပ္မေတာ္ ၅၃၇ ဆိုလား အဲဒီလိုဖမ္းသြားတယ္လို႔ေတာ့ ေဒသခံေတြကေတာ့ေျပာတာေပါ့ေနာ္။”

မေန႔ကလည္း မင္းျပားျမိဳ႕နယ္ အျပင္ဒုံးေခ်ာင္ရြာအတြင္း ပစ္ခတ္မႈမွာ ရြာသားတဦးေသဆုံးခဲ့ၿပီး တျခားရြာသားေတြလည္း လုံၿခံဳေရး စုိးရိမ္တာေၾကာင့္ နီးစပ္ရာရြာေတြကို တိမ္းေရွာင္ေနရတယ္လို႔ မင္းျပားျမိဳ႕နယ္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွသိန္းေအာင္က ေျပာပါတယ္။

“မေန႔က တပ္မေတာ္စစ္ေၾကာင္းက သူတို႔ ရြာဘက္ကိုလာတဲ့အခါ ပစ္ျပီးေတာ့လာတဲ့အခါသူတို႔ကေၾကာက္လန္႔ၿပီးေတာ့ တဘက္ကမ္းကိုကူးတဲ့အခါ တပ္မေတာ္က ျမင္တဲ့အတြက္လွန္းပစ္လိုက္တယ္ဆိုျပီးေတာ့ ေဒသခံတဦး ေသသြားတယ္ဗ်။ အခုထိအေလာင္းေတာင္ရွာ မရေသးဘူး။ ရြာသားေတြက အနီးနားေက်းရြာေတြကို အကုန္လုံးထြက္ေျပးေနရတယ္။ ဒီအတြင္းဒုံးေခ်ာင္တို႔၊ နဒင္တို႔ အဲဒီဘက္ကိုေျပးသြားတယ္သူတို႔။”

ရိကၡာသယ္ေဆာင္တဲ့ တပ္မေတာ္ စစ္ေၾကာင္းတခုက အျပင္ဒုံးေခ်ာင္ေက်းရြာကို ပစ္ခတ္၀င္လာစဥ္ ေဒသခံရြာသားေတြ ေၾကာက္လန္႔ ထြက္ေျပးစဥ္မွာ အသက္ ၃၀ အရြယ္ ကုိထြန္းထြန္းဝင္း ေသနတ္ထိမွန္ေသဆုံးျပီး မင္းျပားျမစ္ထဲေမ်ာပါသြားတယ္လို႔ မိသားစု၀င္တဦးက ေျပာပါတယ္။

လုံၿခံဳေရးတပ္ဖဲြ႔၀င္ေတြ ပစ္ခတ္မႈေတြနဲ႔ ဖမ္းဆီးမႈေတြ ရွိေနတယ္လုိ႔ ေဒသခံေတြက စြပ္စဲြေနတာနဲ႔ ပတ္သက္လုိ႔ တပ္မေတာ္ ေျပာခြင့္ရသူကုိ ဆက္သြယ္ေမးျမန္းဖုိ႔ ႀကိဳးစားေပမဲ့ မရခဲ့ပါဘူး။ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရး အဖဲြ႔ရဲ႕ ဒီကေန႔ ထုတ္ျပန္ခ်က္မွာေတာ့ မင္းျပားၿမိဳ႕နယ္ ျမစ္နားဒုံေခ်ာင္းေက်းရြာအနီး တပ္မေတာ္ယာဥ္တန္းကုိ မုိင္းေထာင္ေဖာက္ခဲြတုိက္ခုိက္ဖုိ႔ စီစဥ္ေနေၾကာင္း သတင္းရရွိတဲ့အတြက္ လုံၿခံဳေရး ေဆာင္ရြက္ရာမွာ အရပ္၀တ္နဲ႔ AA အဖဲြ႔၀င္တခ်ဳိ႕ကုိ ေတြ႔ရွိၿပီး လုိက္လံပစ္ခတ္ဖမ္းဆီးခဲ့ရေၾကာင္း ေဖာ္ျပထားပါတယ္။ အလားတူေက်ာက္ျဖဴျမိဳ႕နယ္ ဇိုင္ေခ်ာင္းေက်းရြာဘက္မွာ ျပီးခဲ့တဲ့ရက္ေတြတုန္းကတပ္မေတာ္စစ္ေၾကာင္း ဝင္ေရာက္လာျပီး ေဒသခံရြာသားတခ်ဳိ႕ကို ဖမ္းဆီးထိန္းသိမ္းထားေၾကာင္း ေဒသခံရြာသား တဦးကေျပာပါတယ္။

“သူတို႔ကေတာ့ စာသင္ေေက်ာင္းမွာထားတယ္။ ၃၀ လည္း ျဖစ္နိုင္တယ္၊ ၄၀ လည္းျဖစ္နိုင္တယ္ေပါ့။”

ဇိုင္ေခ်ာင္းေက်းရြာသားေတြဟာ ကုလားဘာေက်းရြာနဲ႕ေက်ာက္ျဖဴျမိဳ႕ဘက္မွာ ထြက္ေျပးတိမ္းေရွာင္နရတယ္လို႔ သူက ဆိုပါတယ္။

တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ စစ္ေရးပဋိပကၡျဖစ္ပြါးတဲ့ ၂ ႏွစ္တာ ကာလအတြင္း ေဒသခံရြာသားေတြ ပစ္ခတ္ခံရမႈေၾကာင့္ ေသဆုံးဒဏ္ရာရရွိတာေတြ လက္နက္ကိုင္အဖြဲ႔ေတြက ဖမ္းဆီးမႈေတြလည္း တုိးလာေနပါတယ္။ ၿပီးခဲ့တဲ့ လထဲမွာတုန္းကလည္း ေရြးေကာက္ပဲြအတြက္ စည္း႐ုံးေရးဆင္းေနတဲ့ ေတာင္ကုတ္ၿမိဳ႕နယ္က အမ်ဳိးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ (NLD) ပါတီ ကုိယ္စားလွယ္ေလာင္း ၃ ဦးကုိ AA တပ္ဖဲြ႔က ဖမ္းဆီးသြားၿပီး အခုအခ်ိန္အထိ ထိန္းသိမ္းထားဆဲျဖစ္ပါတယ္။ ရခိုင္ျပည္နယ္စစ္ေရးတင္းမာမႈမွာ ႏွစ္ဘက္တပ္ဖြဲ႕၀င္ေတြနဲ႔ ေဒသခံေတြ ေသဆုံး၊ ဒဏ္ရာရရွိမႈေတြကလည္း ျမင့္တက္လာေနသလို ေဒသခံ ၂၃၀,၀၀၀ ေက်ာ္ စစ္ေဘးတိမ္းေရွာင္ေနရတယ္လို႔ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအရံုးကေန သတင္းထုတ္ျပန္ထားပါတယ္။

ရခိုင္ပဋိပကၡ အရပ္သားဖမ္းဆီးခံရမႈ တိုးလာ
please wait

No media source currently available

0:00 0:03:31 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်ပဋိပက္ခ အရပ်သားဖမ်းဆီးခံရမှု တိုးလာ

လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ ဒီရက်ပိုင်းအတွင်း ဒေသခံတွေ ဖမ်းဆီးခံရတာ၊ ပစ်ခတ်မှုကြောင့် သေဆုံးဒဏ်ရာ ရရှိတာတွေ တိုးလာနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ တပ်မတော်ကြား စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်မှာ ဒေသခံတွေ မသင်္ကာလို့ ဖမ်းဆီးခံရတာတွေ၊ ပစ်ခတ်မှုတွေကြောင့် ထိခိုက်သေကြေတာတွေရှိနေတယ်လို့ ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

ဒီနေ့မနက်မှာလည်း ရမ်းဗြဲမြို့နယ် ကုလားပုန်း ကျောက်စောင့်ကျေးရွာက ရွာသားနှစ်ဦး ဖမ်းဆီးခံရတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ရွှေကပြောပါတယ်။

“ကုလားပုန်းမှာကတော့ အရပ်သား နှစ်ယောက် ခေါ်ယူထားတယ်လို့ ကြားတယ်။ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ ပတ်သက်နေတယ်ဆိုပြီး ဖမ်းယူထားတယ်လို့ပြောတယ်။ တပ်ကလို့ ပြောတယ် တပ်က။”

မြန်မာစစ်တပ်က မသင်္ကာလို့ဖမ်းဆီးသွားတာဖြစ်ပြီး ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာမသိဘူးလို့သူက ဆိုပါတယ်။

မနေ့ ညနေပိုင်းမှာလည်း စစ်တွေမြို့နယ် ပလ္လင်ပြင်ကျေးရွာက ကျေးရွာသား ၄ ဦးကို မြန်မာတပ်မတော် စစ်ကြောင်း တစ်ခု က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စစ်တွေမြို့ အနောက်တံခါးဒေသ ကူညီစောင့်ရှောက်ရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်ဌေးကပြောပါတယ်။

“သူတို့က လေး ယောက်ခေါ်သွားတယ်လို့ပဲ အကြမ်းဖျင်း သိရတယ်ခင်ဗျ။ သူတို့ကလောလောဆယ်မိသားစုဝင်တွေနဲ့ အဆက်သွယ် မရသေးဘူး။ မသင်္ကာလို့ ဖမ်းဆီးတာမျိုးဘဲ အဲဒီလိုမျိုးဖြစ်နေတာကိုး။ မနေ့က ညနေပိုင်းလောက်မှာ အစိုးရတပ်မတော် ၅၃၇ ဆိုလား အဲဒီလိုဖမ်းသွားတယ်လို့တော့ ဒေသခံတွေကတော့ပြောတာပေါ့နော်။”

မနေ့ကလည်း မင်းပြားမြို့နယ် အပြင်ဒုံးချောင်ရွာအတွင်း ပစ်ခတ်မှုမှာ ရွာသားတဦးသေဆုံးခဲ့ပြီး တခြားရွာသားတွေလည်း လုံခြုံရေး စိုးရိမ်တာကြောင့် နီးစပ်ရာရွာတွေကို တိမ်းရှောင်နေရတယ်လို့ မင်းပြားမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောပါတယ်။

“မနေ့က တပ်မတော်စစ်ကြောင်းက သူတို့ ရွာဘက်ကိုလာတဲ့အခါ ပစ်ပြီးတော့လာတဲ့အခါသူတို့ကကြောက်လန့်ပြီးတော့ တဘက်ကမ်းကိုကူးတဲ့အခါ တပ်မတော်က မြင်တဲ့အတွက်လှန်းပစ်လိုက်တယ်ဆိုပြီးတော့ ဒေသခံတဦး သေသွားတယ်ဗျ။ အခုထိအလောင်းတောင်ရှာ မရသေးဘူး။ ရွာသားတွေက အနီးနားကျေးရွာတွေကို အကုန်လုံးထွက်ပြေးနေရတယ်။ ဒီအတွင်းဒုံးချောင်တို့၊ နဒင်တို့ အဲဒီဘက်ကိုပြေးသွားတယ်သူတို့။”

ရိက္ခာသယ်ဆောင်တဲ့ တပ်မတော် စစ်ကြောင်းတခုက အပြင်ဒုံးချောင်ကျေးရွာကို ပစ်ခတ်ဝင်လာစဉ် ဒေသခံရွာသားတွေ ကြောက်လန့် ထွက်ပြေးစဉ်မှာ အသက် ၃၀ အရွယ် ကိုထွန်းထွန်းဝင်း သေနတ်ထိမှန်သေဆုံးပြီး မင်းပြားမြစ်ထဲမျောပါသွားတယ်လို့ မိသားစုဝင်တဦးက ပြောပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပစ်ခတ်မှုတွေနဲ့ ဖမ်းဆီးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက စွပ်စွဲနေတာနဲ့ ပတ်သက်လို့ တပ်မတော် ပြောခွင့်ရသူကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမဲ့ မရခဲ့ပါဘူး။ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာတော့ မင်းပြားမြို့နယ် မြစ်နားဒုံချောင်းကျေးရွာအနီး တပ်မတော်ယာဉ်တန်းကို မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ဖို့ စီစဉ်နေကြောင်း သတင်းရရှိတဲ့အတွက် လုံခြုံရေး ဆောင်ရွက်ရာမှာ အရပ်ဝတ်နဲ့ AA အဖွဲ့ဝင်တချို့ကို တွေ့ရှိပြီး လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း ဖော်ပြထားပါတယ်။ အလားတူကျောက်ဖြူမြို့နယ် ဇိုင်ချောင်းကျေးရွာဘက်မှာ ပြီးခဲ့တဲ့ရက်တွေတုန်းကတပ်မတော်စစ်ကြောင်း ဝင်ရောက်လာပြီး ဒေသခံရွာသားတချို့ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဒေသခံရွာသား တဦးကပြောပါတယ်။

“သူတို့ကတော့ စာသင်ေကျောင်းမှာထားတယ်။ ၃၀ လည်း ဖြစ်နိုင်တယ်၊ ၄၀ လည်းဖြစ်နိုင်တယ်ပေါ့။”

ဇိုင်ချောင်းကျေးရွာသားတွေဟာ ကုလားဘာကျေးရွာနဲ့ကျောက်ဖြူမြို့ဘက်မှာ ထွက်ပြေးတိမ်းရှောင်နရတယ်လို့ သူက ဆိုပါတယ်။

တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ စစ်ရေးပဋိပက္ခဖြစ်ပွါးတဲ့ ၂ နှစ်တာ ကာလအတွင်း ဒေသခံရွာသားတွေ ပစ်ခတ်ခံရမှုကြောင့် သေဆုံးဒဏ်ရာရရှိတာတွေ လက်နက်ကိုင်အဖွဲ့တွေက ဖမ်းဆီးမှုတွေလည်း တိုးလာနေပါတယ်။ ပြီးခဲ့တဲ့ လထဲမှာတုန်းကလည်း ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းနေတဲ့ တောင်ကုတ်မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားလှယ်လောင်း ၃ ဦးကို AA တပ်ဖွဲ့က ဖမ်းဆီးသွားပြီး အခုအချိန်အထိ ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။ ရခိုင်ပြည်နယ်စစ်ရေးတင်းမာမှုမှာ နှစ်ဘက်တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေ သေဆုံး၊ ဒဏ်ရာရရှိမှုတွေကလည်း မြင့်တက်လာနေသလို ဒေသခံ ၂၃၀,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးကနေ သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG