သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္စစ္ေရးပဋိပကၡေၾကာင့္ အရပ္သားေတြ အိုးအိမ္စြန္႔ ထြက္ေျပးေနရဆဲ


ရခိုင္ျပည္နယ္တြင္း ျဖစ္ပြားေနေသာ စစ္ပဲြမ်ားေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနၾကရတဲ့ ဘူးသီးေတာင္ျမိဳ႕နယ္ စိုင္းဒင္ေစ်းရြာေရာက္ စစ္ေရွာင္မ်ား။ (ဓါတ္ပုံ -MP Oung Thaung Shway)

[Zawgyi/Unicode]

လက္နက္ကုိင္ ပဋိပကၡေတြ ျဖစ္ပြားေနတဲ့ ရခိုင္ျပည္နယ္မွာ လုံၿခံဳေရးစုိးရိမ္တာေၾကာင့္ ေဒသခံေတြ ထပ္မံထြက္ေျပးလာေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က ရခိုင္ျပည္နယ္ကေန သတင္းေပးပို႔ထားပါတယ္။

ေက်ာက္ျဖဴၿမိဳ႕နယ္ ေက်းရြာအုပ္စုတခ်ိဳ႕မွာ တပ္မေတာ္စစ္ေၾကာင္းေတြ ဝင္ေရာက္ စစ္ေဆးေနတာေတြေၾကာင့္ ေဒသခံေတြ ေၾကာက္လန္႔ၿပီး တိမ္းေရွာင္ေနၾကရတယ္လုိ႔ ေဒသခံေတြနဲ႔ လႊတ္ေတာ္ ကုိယ္စားလွယ္ေတြက ေျပာပါတယ္။

ဒီေန႔အထိဆုိရင္ ထြက္ေျပးလာသူ ၁,၀၀၀ ေက်ာ္ေလာက္ ရွိေနၿပီလုိ႔လည္း ေက်ာက္ျဖဴၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကုိယ္စားလွယ္္ ဦးေက်ာ္လြင္က ေျပာပါတယ္။

"က်ေနာ္သိရသေလာက္ကေတာ့ စစ္ေတာအုပ္စု သိုင္းေခ်ာင္းအုပ္စု ဆင္ပုတ္အုပ္စု တို႔က လူေတြ အကုန္လံုးဟာ ေက်ာက္ျဖဴကို ထြက္ေျပးလာၾကတယ္။ က်ေနာ္အခု ေက်ာက္ျဖဴကို ေရာက္ေနပါတယ္ခင္ဗ်။ အဲဒီစစ္ေရွာင္စခန္းေတြကို သြားၾကည့္တဲ့ အခါက်ေတာ့ လူဦးေရ စုစုေပါင္းကေတာ့ ၁,၀၄၂ ေယာက္ရွိပါတယ္။"

ေက်ာက္ျဖဴၿမိဳ႕နယ္ ဇိုင္ေခ်ာင္းေက်းရြာက ထြက္ေျပးလာတဲ့ ဦးေက်ာ္သိန္းေမာင္ကေတာ တပ္မေတာ္စစ္ေၾကာင္းေတြ ရြာထဲဝင္လာၿပီး ဖမ္းဆီးစစ္ေဆးမႈေတြ ရွိေနတာေၾကာင့္ ထြက္ေျပးလာရတာျဖစ္တယ္လို႔ ေျပာပါတယ္။

"က်ေနာ္တို႔က ၁၁ လပိုင္း ၁ ရက္ေန႔ ညေန ၆ နာရီေလာက္က ထြက္ေျပးလာၾကတာ။ စစ္သားေတြက က်ေနာ္တို႔ ရြာကို ေလးနာရီေလာက္ကတည္း ေရာက္ေနတာ။ ၿပီးေတာ့ သူတို႔က ေတြ႔သမွ်လူအကုန္လံုးကို လိုက္ဖမ္းတယ္။ ေတာင္ေတြကိုလည္း ေသနတ္နဲ႔ ပစ္တယ္။ အဲဒီေတာ့ ရြာသားေတြကလည္း မေနရဲေတာ့ ဟုိေျပး၊ ဒီေျပးနဲ႔ အကုန္လံုးေျပးၾကရတယ္။"

ေက်ာက္ျဖဴၿမိဳ႕နယ္ ကုလဘာေက်းရြာ ဒုကၡသည္စခန္းကို ေရာက္လာတဲ့ ဦးေက်ာ္သိန္းေမာင္ကေတာ့ ထြက္ေျပးလာရတဲ့ အခ်ိန္မွာ မိသားစုနဲ႔ တကဲြတျပား ျဖစ္ခဲ့ရၿပီး ဒီကေန႔အထိ အဆက္အသြယ္ မရေသးဘူးလို႔လည္း ေျပာပါတယ္။

"က်ေနာ့္မွာ မိသားစု ေျခာက္ေယာက္က်န္ခဲ့တယ္။ အိမ္မွာ က်ေနာ္နဲ႔ အတူတူ ပါမလာဘူး။ ေျပးလာတုန္းက က်ေနာ္က ေနာက္တစ္ေနရာေရာက္ေနတာ သူတို႔က ကိုယ့္အိမ္မွာပဲ က်န္ခဲ့တာ။ ေျပးလို႔လည္း မရဘူး။ သူတို႔က ကေလးေတြ၊ ဘာေတြနဲ႔ ဆိုေတာ့ေလ။ မိသားေတြ က်န္ခဲ့ေတာ့ စိတ္ပူတာေပါ့ဗ်ာ။ က်ေနာ္က သြားလို႔မွ မရတာ ဘယ္နည္းနဲ႔ ဘယ္လို သြားရမလဲဆိုတာကိုလည္း မသိဘူး။ ဖုန္းဆက္လို႔လည္း မရဘူး။ သူတို႔က ဖုန္းေတြအကုန္လံုးကို သိမ္းထားတာေလ။"

တပ္မေတာ္စစ္ေၾကာင္းေတြက ဖမ္းဆီးစစ္ေဆးမႈေတြ ရွိေနတယ္ဆုိတဲ့ ေဒသခံေတြရဲ႕ ေျပာဆုိခ်က္နဲ႔ ပတ္သက္လုိ႔ တပ္မေတာ္ တာ၀န္ရွိသူကုိေတာ့ ဆက္သြယ္ေမးျမန္းလုိ႔ မရပါဘူး။

လက္ရွိအခ်ိန္မွာ ေက်ာက္ျဖဴၿမိဳ႕နယ္နဲ႔ စနဲၿမိဳ႕နယ္ၾကားမွာ တပ္မေတာ္စစ္ေၾကာင္းေတြက လံုၿခံဳေရး တင္းၾကပ္ထားတာေၾကာင့္ ေဒသခံေတြ စိုးရိမ္မႈ ျမင့္တက္ေနသလို ဇိုင္ေခ်ာင္းေက်းရြာက ေဒသခံတခ်ိဳ႕နဲ႔လည္း အဆက္အသြယ္ျပတ္ေတာက္ေနတယ္လို႔ ျပည္နယ္လႊတ္ေတာ္အမတ္ ဦးေက်ာ္လြင္ကေျပာပါတယ္။

"က်ေနာ္အဲဒီ့ကိစၥကို စံုစမ္းၾကည့္ေတာ့ အဲဒီလူေတြက ဒီေန႔အထိ လြတ္လာတယ္ဆိုတာ မရွိေသးဘူး။ က်ေနာ္အရင္က ဆက္သြယ္ၾကည့္တဲ့ သူေတြလည္း ဖုန္းပိတ္ထားတာကို ေတြ႔ရတယ္။ ဖုန္းပိတ္ထားတာလား၊ ဖမ္းဆီးခံရတာလား၊ အခုထိ ဆက္သြယ္လို႔ မရေသးဘူး။ က်ေနာ္ေနာက္ဆံုးၾကားရတာကေတာ့ အဲဒီလူေတြ အဲဒီအတိုင္းပဲ ရွိေနေသးတယ္ဆိုတဲ့ သတင္းပဲၾကားရတယ္။"

ရခုိင္ျပည္နယ္မွာ လက္နက္ကုိင္ ပဋိပကၡေတြေၾကာင့္ အရပ္သားေတြ ေသေၾကထိခုိက္ေနရတဲ့အေပၚ စုိးရိမ္ေၾကာင္းနဲ႔ စစ္ပဲြေတြ ရပ္ဆုိင္းဖုိ႔လည္း ကုလသမဂၢနဲ႔ ျပည္တြင္းျပည္ပက လူ႔အခြင့္အေရး အဖဲြ႔ေတြကလည္း တုိက္တြန္းထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်စစ်ရေးပဋိပက္ခကြောင့် အရပ်သားတွေ အိုးအိမ်စွန့် ထွက်ပြေးနေရဆဲ

လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ လုံခြုံရေးစိုးရိမ်တာကြောင့် ဒေသခံတွေ ထပ်မံထွက်ပြေးလာနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က ရခိုင်ပြည်နယ်ကနေ သတင်းပေးပို့ထားပါတယ်။

ကျောက်ဖြူမြို့နယ် ကျေးရွာအုပ်စုတချို့မှာ တပ်မတော်စစ်ကြောင်းတွေ ဝင်ရောက် စစ်ဆေးနေတာတွေကြောင့် ဒေသခံတွေ ကြောက်လန့်ပြီး တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။

ဒီနေ့အထိဆိုရင် ထွက်ပြေးလာသူ ၁,၀၀၀ ကျော်လောက် ရှိနေပြီလို့လည်း ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က ပြောပါတယ်။

"ကျနော်သိရသလောက်ကတော့ စစ်တောအုပ်စု သိုင်းချောင်းအုပ်စု ဆင်ပုတ်အုပ်စု တို့က လူတွေ အကုန်လုံးဟာ ကျောက်ဖြူကို ထွက်ပြေးလာကြတယ်။ ကျနော်အခု ကျောက်ဖြူကို ရောက်နေပါတယ်ခင်ဗျ။ အဲဒီစစ်ရှောင်စခန်းတွေကို သွားကြည့်တဲ့ အခါကျတော့ လူဦးရေ စုစုပေါင်းကတော့ ၁,၀၄၂ ယောက်ရှိပါတယ်။"

ကျောက်ဖြူမြို့နယ် ဇိုင်ချောင်းကျေးရွာက ထွက်ပြေးလာတဲ့ ဦးကျော်သိန်းမောင်ကတော တပ်မတော်စစ်ကြောင်းတွေ ရွာထဲဝင်လာပြီး ဖမ်းဆီးစစ်ဆေးမှုတွေ ရှိနေတာကြောင့် ထွက်ပြေးလာရတာဖြစ်တယ်လို့ ပြောပါတယ်။

"ကျနော်တို့က ၁၁ လပိုင်း ၁ ရက်နေ့ ညနေ ၆ နာရီလောက်က ထွက်ပြေးလာကြတာ။ စစ်သားတွေက ကျနော်တို့ ရွာကို လေးနာရီလောက်ကတည်း ရောက်နေတာ။ ပြီးတော့ သူတို့က တွေ့သမျှလူအကုန်လုံးကို လိုက်ဖမ်းတယ်။ တောင်တွေကိုလည်း သေနတ်နဲ့ ပစ်တယ်။ အဲဒီတော့ ရွာသားတွေကလည်း မနေရဲတော့ ဟိုပြေး၊ ဒီပြေးနဲ့ အကုန်လုံးပြေးကြရတယ်။"

ကျောက်ဖြူမြို့နယ် ကုလဘာကျေးရွာ ဒုက္ခသည်စခန်းကို ရောက်လာတဲ့ ဦးကျော်သိန်းမောင်ကတော့ ထွက်ပြေးလာရတဲ့ အချိန်မှာ မိသားစုနဲ့ တကွဲတပြား ဖြစ်ခဲ့ရပြီး ဒီကနေ့အထိ အဆက်အသွယ် မရသေးဘူးလို့လည်း ပြောပါတယ်။

"ကျနော့်မှာ မိသားစု ခြောက်ယောက်ကျန်ခဲ့တယ်။ အိမ်မှာ ကျနော်နဲ့ အတူတူ ပါမလာဘူး။ ပြေးလာတုန်းက ကျနော်က နောက်တစ်နေရာရောက်နေတာ သူတို့က ကိုယ့်အိမ်မှာပဲ ကျန်ခဲ့တာ။ ပြေးလို့လည်း မရဘူး။ သူတို့က ကလေးတွေ၊ ဘာတွေနဲ့ ဆိုတော့လေ။ မိသားတွေ ကျန်ခဲ့တော့ စိတ်ပူတာပေါ့ဗျာ။ ကျနော်က သွားလို့မှ မရတာ ဘယ်နည်းနဲ့ ဘယ်လို သွားရမလဲဆိုတာကိုလည်း မသိဘူး။ ဖုန်းဆက်လို့လည်း မရဘူး။ သူတို့က ဖုန်းတွေအကုန်လုံးကို သိမ်းထားတာလေ။"

တပ်မတော်စစ်ကြောင်းတွေက ဖမ်းဆီးစစ်ဆေးမှုတွေ ရှိနေတယ်ဆိုတဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ တပ်မတော် တာဝန်ရှိသူကိုတော့ ဆက်သွယ်မေးမြန်းလို့ မရပါဘူး။

လက်ရှိအချိန်မှာ ကျောက်ဖြူမြို့နယ်နဲ့ စနဲမြို့နယ်ကြားမှာ တပ်မတော်စစ်ကြောင်းတွေက လုံခြုံရေး တင်းကြပ်ထားတာကြောင့် ဒေသခံတွေ စိုးရိမ်မှု မြင့်တက်နေသလို ဇိုင်ချောင်းကျေးရွာက ဒေသခံတချို့နဲ့လည်း အဆက်အသွယ်ပြတ်တောက်နေတယ်လို့ ပြည်နယ်လွှတ်တော်အမတ် ဦးကျော်လွင်ကပြောပါတယ်။

"ကျနော်အဲဒီ့ကိစ္စကို စုံစမ်းကြည့်တော့ အဲဒီလူတွေက ဒီနေ့အထိ လွတ်လာတယ်ဆိုတာ မရှိသေးဘူး။ ကျနော်အရင်က ဆက်သွယ်ကြည့်တဲ့ သူတွေလည်း ဖုန်းပိတ်ထားတာကို တွေ့ရတယ်။ ဖုန်းပိတ်ထားတာလား၊ ဖမ်းဆီးခံရတာလား၊ အခုထိ ဆက်သွယ်လို့ မရသေးဘူး။ ကျနော်နောက်ဆုံးကြားရတာကတော့ အဲဒီလူတွေ အဲဒီအတိုင်းပဲ ရှိနေသေးတယ်ဆိုတဲ့ သတင်းပဲကြားရတယ်။"

ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အရပ်သားတွေ သေကြေထိခိုက်နေရတဲ့အပေါ် စိုးရိမ်ကြောင်းနဲ့ စစ်ပွဲတွေ ရပ်ဆိုင်းဖို့လည်း ကုလသမဂ္ဂနဲ့ ပြည်တွင်းပြည်ပက လူ့အခွင့်အရေး အဖွဲ့တွေကလည်း တိုက်တွန်းထားကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG