သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရမ္းျဗဲဘက္က ေပ်ာက္ဆံုးေရလုပ္သားေတြ ကံၾကမၼာ အတိအက်မသိရေသး


ရခုိင္ျပည္နယ္ ငပလီကမ္းေျခမွာ ပိုက္ကြန္ပစ္ေနတဲ့ တံငါသည္တဦး။ (ေအာက္တိုဘာ ၁၅၊ ၂၀၁၅)

[Zawgyi/Unicode]

ရခိုင္ျပည္နယ္ ရမ္းၿဗဲၿမိဳ႕နယ္ထဲမွာ ေရလုပ္သား ၅၀ ေက်ာ္ ေပ်ာက္ဆုံးေနတာ အခုဆုိရင္ ၄ ရက္အထိ ရွိလာတဲ့အတြက္ စုိးရိမ္ေနၾကတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္က သတင္းေပးပို႔ထားပါတယ္။

ရမ္းျဗဲျမိဳ႕နယ္အပိုင္ ကုလားပုန္းကၽြန္း၊ ကၽြန္းေတာင္ပိုက္ဆိပ္မွာ ေရလုပ္သားေတြနဲ႔ မိသားစု၀င္ ၅၀ ေက်ာ္ ေပ်ာက္ဆုံးေနတာ ၄ ရက္ျပည့္ေပမဲ့ ဒီကေန႔အထိ သတင္းအစအန မရေသးဘဲ ျဖစ္ေနတာပါ။ ဖမ္းဆီးခံရသူေတြအေၾကာင္း မသိရေသးတဲ့အတြက္ စုိးရိမ္ေနၾကတယ္လုိ႔လည္း ေက်ာက္ျဖဴျမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္လြင္ကေျပာပါတယ္။

“တံငါသည္ေတြ ၅၁ ေယာက္ ေပ်ာက္ေနတယ္။ အဆက္သြယ္ မရေတာ့ဘူး။ ဒီဘက္ကမိသားစုေတြကို။ ကြ်န္းေတာင္ဆိုတာ တံငါသည္ေတြေနတဲ့ ေလွဆိပ္ရွိတယ္အဲဒီမွာ၊ ေရလုပ္သားေတြေနတဲ့ ဆိပ္ကမ္း။ သူတို႔က ျမန္မာ့တပ္မေတာ္က စီစဥ္ေခၚတာ ခံရတယ္။ ကေလးေတြမိဘေတြ အကုန္လုံးပါတယ္။ ၂ ရက္ေန႔က စေပ်ာက္တာ။ ၁၁ နာရီေလာက္မွာ သူတို႔ေတြနဲ႔ ဆက္သြယ္လို႔ ရေသးတယ္။ ၁၁ နာရီကေက်ာ္ျပီးေနာက္ ထပ္ဆက္သြယ္လို႔ မရေတာ့ဘူးသူတို႔ကို။ အဲဒီေနရာမွာက အနီးနားရြာေတြလို႔ သိပ္ေတာ့မရွိဘူး။”

အနီးနားရြာျဖစ္တဲ့ ကုလားပုန္းရြာဘက္မွာ ေပါက္ကြဲမႈ ျဖစ္ပြားအျပီး အဲဒီကြ်န္းေတာင္တံငါရြာသားေတြကို ဖမ္းဆီးသြားတာလို႔ အနီးနားေက်းရြာက ရြာသားေတြ ယူဆေနၾကတယ္လို႔ ဦးေက်ာ္လြင္က ဆက္ေျပာပါတယ္။

“ကြ်န္းေတာင္က ကုလားပုန္းရြာနဲ႔ နီးတဲ့အခါက်ေတာ့ ကုလားပုန္းရြာဘက္မွာ ေပါက္ကြဲတဲ့အသံတခု ေပၚေပါက္တယ္ဆိုျပီး အဲဒီလို အေျခအေနအတြက္ေၾကာင့္ အဲဒီကြ်န္းေတာင္ဆိုတဲ့ပိုက္ဆိပ္ကို တပ္မေတာ္က စြပ္စြဲေနလို႔ ေဒသခံေတြက အဲဒီလို ယုံၾကည္ေနၾကတယ္။ က်ေနာ္ မေန႔တုန္းကအဲဒီကို သြားလိုက္ေသးတယ္။”

ေရလုပ္သားေတြနဲ႔ မိသားစု၀င္ေတြကုိ ဘယ္အဖဲြ႔က ဖမ္းဆီးသြားသလဲ ဆုိတာကုိေတာ့ သီးျခားအတည္ျပဳလုိ႔ မရေသးပါဘူး။

ဒီပိုက္ဆိပ္တံငါရြာဟာ စနဲျမိဳ႕နဲ႔ ၅ မိုင္ခန္႔ အကြာမွာ တည္ရွိျပီး ရြာမွာ လူတေယာက္မွ မရွိေတာ့သလို အဆက္သြယ္လည္း ျပတ္ေတာက္ေနတယ္လို႔ ေက်ာက္ေစာင့္ရြာအုပ္ခ်ဳပ္ေရးမွဴး ဦးနိုင္နိုင္ေရႊကေျပာပါတယ္။

“သူတို႔က ၅၀ ေက်ာ္ေပ်ာက္တယ္လို႔ ၾကားမိတယ္ က်ေနာ္ေတာ့။ က်ေနာ္တို႔ အဆက္သြယ္လုပ္လို႔လည္း မရဘူး။ သူတို႔ ဖုန္းကို အရင္ ပိတ္ထားတယ္ ရြာသားေတြက။”

အဖမ္းခံရသူအမ်ားစုဟာ ေက်ာက္ျဖဴျမိဳ႕နယ္ စနဲျမိဳ႕က ေဒသခံေတြျဖစ္ျပီး နီးစပ္ရာ ရမ္းျဗဲျမိဳ႕နယ္ထဲက ကြ်န္းေတာင္ရြာမွာ ငါးဖမ္းလုပ္ငန္းနဲ႔ အသက္ေမြး ၀မ္းေက်ာင္းျပဳေနၾကတာပါ။

စနဲျမိဳ႕ အုပ္ခ်ဳပ္ေရးမွဴး ဦးေနလင္းႀကိဳင္ကေတာ့ အဖမ္းခံရသူေတြ မၾကာခင္ျပန္လြတ္လာမယ္လို႔ေမွ်ာ္လင့္ေၾကာင္း ဆိုပါတယ္။

“ရမ္းျဗဲျမိဳ႕နယ္ အပိုင္ကုလားပုန္းဘက္ျခမ္းမွာေတာ့ ျပႆနာျဖစ္တယ္လို႔ေတာ့ က်ေနာ္ၾကားတယ္။ ဟိုရမ္းျဗဲဘက္က အဖြဲ႕ေတြလည္း ပါတယ္။ က်ေနာ္႔ဘက္ကအဖြဲ႕ေတြလည္း ပါတယ္လို႔ ေျပာတယ္။ ဒါေၾကာင့္ဘယ္သူမွလည္း အတိအက်မေျပာနိုင္ဘူးျဖစ္ေနတယ္။ တကယ္လို႔ တပ္က ဖမ္းတယ္ဆိုရင္ေတာင္မွ ဒါသူတို႔ စုံစမ္းေမးျမန္းဖို႔အတြက္ ေခၚသြားတာမ်ိဳးလဲ ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။ စုံစမ္းစစ္ေဆးျပီးရင္ေတာ့ သူတို႔ ျပန္လႊတ္ေပးမယ္လို႕ေတာ့ က်ေနာ္ေတာ့ျမင္ပါတယ္။"

ေဒသခံေတြကေတာ့ တပ္မေတာ္ကေန ဖမ္းဆီးတာျဖစ္နိုင္ေၾကာင္း စြပ္စြဲေျပာဆိုေနၾကတာေၾကာင့္ ဒီအေျခအေနကို သိရွိဖို႔ တပ္မေတာ္ေျပာခြင့္ရကို ဆက္သြယ္ခဲ့ေပမဲ့ မရခဲ့ပါဘူး။

တပ္မေတာ္သတင္းမွန္ထုတ္ျပန္ေရးအဖြဲ႕ကေတာ့ ေက်ာက္ျဖဴျမိဳ႕နယ္ စနဲျမိဳ႕ဘက္မွာ နိုဝင္ဘာ ၄ ရက္ေန႔က မသကၤာဖြယ္ေလွ ၂ စီးကို လုံျခံဳေရးတပ္ဖြဲ႕ေတြက စစ္ေဆးရာမွာ ဒီတိုေနတာ ေဖါက္ခြဲေရးသုံးစနက္တံ အပါအဝင္ ေဖာက္ခြဲေရး ပစၥည္းေတြႏွင့္အတူ လူႏွစ္ဦးကိုဖမ္းဆီးထားျပီး ရဲဌာနကို အပ္ႏွံထားေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။

ျပီးခဲ့တဲ့ေအာက္တိုဘာလ ၂၁ ရက္ေန႔က ေက်ာက္ျဖဴျမိဳ႕နယ္ စနဲၿမိဳ႕ ေရနံသူတံတားထိပ္မွာ တပ္မေတာ္ယာဥ္တစီး တိုက္ခိုက္ခံခဲ့ရျပီး ေသဆုံးဒဏ္ရာရရွိခဲ့တယ္လို႕တပ္မေတာ္ဘက္က ေျပာပါတယ္။

ရခိုင္ျပည္နယ္အတြင္း ၂ ႏွစ္နီးပါးစစ္ေရးတင္းမာမႈမွာ ႏွစ္ဘက္တပ္ဖြဲ႕၀င္ေတြကေန သံသယနဲ႔ ဖမ္းဆီးထားတဲ့ ရြာသားအေရအတြက္ ၈၁၀ ေက်ာ္ရွိေနတယ္လို႔ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအရံုးက စစ္တမ္းေကာက္ယူထားပါတယ္။

ပဋိပကၡျဖစ္စဥ္အတြင္း ေဒသခံေတြ ေသဆုံး ဒဏ္ရာ ရရွိမႈေတြကလည္း ျမင့္တက္လာေနသလို ေဒသခံ ၂၃၀,၀၀၀ ေက်ာ္ စစ္ေဘးတိမ္းေရွာင္ေနရပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရမ်းဗြဲဘက်က ပျောက်ဆုံးရေလုပ်သားတွေကံကြမ္မာ အတိအကျမသိရသေး

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်ထဲမှာ ရေလုပ်သား ၅၀ ကျော် ပျောက်ဆုံးနေတာ အခုဆိုရင် ၄ ရက်အထိ ရှိလာတဲ့အတွက် စိုးရိမ်နေကြတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ရမ်းဗြဲမြို့နယ်အပိုင် ကုလားပုန်းကျွန်း၊ ကျွန်းတောင်ပိုက်ဆိပ်မှာ ရေလုပ်သားတွေနဲ့ မိသားစုဝင် ၅၀ ကျော် ပျောက်ဆုံးနေတာ ၄ ရက်ပြည့်ပေမဲ့ ဒီကနေ့အထိ သတင်းအစအန မရသေးဘဲ ဖြစ်နေတာပါ။ ဖမ်းဆီးခံရသူတွေအကြောင်း မသိရသေးတဲ့အတွက် စိုးရိမ်နေကြတယ်လို့လည်း ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်ကပြောပါတယ်။

“တံငါသည်တွေ ၅၁ ယောက် ပျောက်နေတယ်။ အဆက်သွယ် မရတော့ဘူး။ ဒီဘက်ကမိသားစုတွေကို။ ကျွန်းတောင်ဆိုတာ တံငါသည်တွေနေတဲ့ လှေဆိပ်ရှိတယ်အဲဒီမှာ၊ ရေလုပ်သားတွေနေတဲ့ ဆိပ်ကမ်း။ သူတို့က မြန်မာ့တပ်မတော်က စီစဉ်ခေါ်တာ ခံရတယ်။ ကလေးတွေမိဘတွေ အကုန်လုံးပါတယ်။ ၂ ရက်နေ့က စပျောက်တာ။ ၁၁ နာရီလောက်မှာ သူတို့တွေနဲ့ ဆက်သွယ်လို့ ရသေးတယ်။ ၁၁ နာရီကကျော်ပြီးနောက် ထပ်ဆက်သွယ်လို့ မရတော့ဘူးသူတို့ကို။ အဲဒီနေရာမှာက အနီးနားရွာတွေလို့ သိပ်တော့မရှိဘူး။”

အနီးနားရွာဖြစ်တဲ့ ကုလားပုန်းရွာဘက်မှာ ပေါက်ကွဲမှု ဖြစ်ပွားအပြီး အဲဒီကျွန်းတောင်တံငါရွာသားတွေကို ဖမ်းဆီးသွားတာလို့ အနီးနားကျေးရွာက ရွာသားတွေ ယူဆနေကြတယ်လို့ ဦးကျော်လွင်က ဆက်ပြောပါတယ်။

“ကျွန်းတောင်က ကုလားပုန်းရွာနဲ့ နီးတဲ့အခါကျတော့ ကုလားပုန်းရွာဘက်မှာ ပေါက်ကွဲတဲ့အသံတခု ပေါ်ပေါက်တယ်ဆိုပြီး အဲဒီလို အခြေအနေအတွက်ကြောင့် အဲဒီကျွန်းတောင်ဆိုတဲ့ပိုက်ဆိပ်ကို တပ်မတော်က စွပ်စွဲနေလို့ ဒေသခံတွေက အဲဒီလို ယုံကြည်နေကြတယ်။ ကျနော် မနေ့တုန်းကအဲဒီကို သွားလိုက်သေးတယ်။”

ရေလုပ်သားတွေနဲ့ မိသားစုဝင်တွေကို ဘယ်အဖွဲ့က ဖမ်းဆီးသွားသလဲ ဆိုတာကိုတော့ သီးခြားအတည်ပြုလို့ မရသေးပါဘူး။

ဒီပိုက်ဆိပ်တံငါရွာဟာ စနဲမြို့နဲ့ ၅ မိုင်ခန့် အကွာမှာ တည်ရှိပြီး ရွာမှာ လူတယောက်မှ မရှိတော့သလို အဆက်သွယ်လည်း ပြတ်တောက်နေတယ်လို့ ကျောက်စောင့်ရွာအုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ရွှေကပြောပါတယ်။

“သူတို့က ၅၀ ကျော်ပျောက်တယ်လို့ ကြားမိတယ် ကျနော်တော့။ ကျနော်တို့ အဆက်သွယ်လုပ်လို့လည်း မရဘူး။ သူတို့ ဖုန်းကို အရင် ပိတ်ထားတယ် ရွာသားတွေက။”

အဖမ်းခံရသူအများစုဟာ ကျောက်ဖြူမြို့နယ် စနဲမြို့က ဒေသခံတွေဖြစ်ပြီး နီးစပ်ရာ ရမ်းဗြဲမြို့နယ်ထဲက ကျွန်းတောင်ရွာမှာ ငါးဖမ်းလုပ်ငန်းနဲ့ အသက်မွေး ဝမ်းကျောင်းပြုနေကြတာပါ။

စနဲမြို့ အုပ်ချုပ်ရေးမှူး ဦးနေလင်းကြိုင်ကတော့ အဖမ်းခံရသူတွေ မကြာခင်ပြန်လွတ်လာမယ်လို့မျှော်လင့်ကြောင်း ဆိုပါတယ်။

“ရမ်းဗြဲမြို့နယ် အပိုင်ကုလားပုန်းဘက်ခြမ်းမှာတော့ ပြဿနာဖြစ်တယ်လို့တော့ ကျနော်ကြားတယ်။ ဟိုရမ်းဗြဲဘက်က အဖွဲ့တွေလည်း ပါတယ်။ ကျနော့်ဘက်ကအဖွဲ့တွေလည်း ပါတယ်လို့ ပြောတယ်။ ဒါကြောင့်ဘယ်သူမှလည်း အတိအကျမပြောနိုင်ဘူးဖြစ်နေတယ်။ တကယ်လို့ တပ်က ဖမ်းတယ်ဆိုရင်တောင်မှ ဒါသူတို့ စုံစမ်းမေးမြန်းဖို့အတွက် ခေါ်သွားတာမျိုးလဲ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ စုံစမ်းစစ်ဆေးပြီးရင်တော့ သူတို့ ပြန်လွှတ်ပေးမယ်လို့တော့ ကျနော်တော့မြင်ပါတယ်။"

ဒေသခံတွေကတော့ တပ်မတော်ကနေ ဖမ်းဆီးတာဖြစ်နိုင်ကြောင်း စွပ်စွဲပြောဆိုနေကြတာကြောင့် ဒီအခြေအနေကို သိရှိဖို့ တပ်မတော်ပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။

တပ်မတော်သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့ကတော့ ကျောက်ဖြူမြို့နယ် စနဲမြို့ဘက်မှာ နိုဝင်ဘာ ၄ ရက်နေ့က မသင်္ကာဖွယ်လှေ ၂ စီးကို လုံခြုံရေးတပ်ဖွဲ့တွေက စစ်ဆေးရာမှာ ဒီတိုနေတာ ဖေါက်ခွဲရေးသုံးစနက်တံ အပါအဝင် ဖောက်ခွဲရေး ပစ္စည်းတွေနှင့်အတူ လူနှစ်ဦးကိုဖမ်းဆီးထားပြီး ရဲဌာနကို အပ်နှံထားကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ ၂၁ ရက်နေ့က ကျောက်ဖြူမြို့နယ် စနဲမြို့ ရေနံသူတံတားထိပ်မှာ တပ်မတော်ယာဉ်တစီး တိုက်ခိုက်ခံခဲ့ရပြီး သေဆုံးဒဏ်ရာရရှိခဲ့တယ်လို့တပ်မတော်ဘက်က ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ၂ နှစ်နီးပါးစစ်ရေးတင်းမာမှုမှာ နှစ်ဘက်တပ်ဖွဲ့ဝင်တွေကနေ သံသယနဲ့ ဖမ်းဆီးထားတဲ့ ရွာသားအရေအတွက် ၈၁၀ ကျော်ရှိနေတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးက စစ်တမ်းကောက်ယူထားပါတယ်။

ပဋိပက္ခဖြစ်စဉ်အတွင်း ဒေသခံတွေ သေဆုံး ဒဏ်ရာ ရရှိမှုတွေကလည်း မြင့်တက်လာနေသလို ဒေသခံ ၂၃၀,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG