သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ အမ္းၿမိဳ႕နယ္တြင္း လက္နက္ႀကီးေၾကာင့္ ကေလးငယ္ေတြအပါ ၆ ဦး ထိခိုက္


ရခိုင္ျပည္နယ္အတြင္း ျဖစ္ပြားခဲ့တဲ့ စစ္ပဲြအတြင္း ေသဆံုးခဲ့သူတဦးကို သယ္ေဆာင္ေနတဲ့ ျမင္ကြင္း။ (ေဖေဖာ္၀ါရီ ၂၁၊ ၂၀၁၉)

[Zawgyi/Unicode]

စစ္ေရးတင္းမာေနဆဲ ရခိုင္ျပည္နယ္မွာ လက္နက္ႀကီးက်ည္ထိမွန္ရာက ကေလးငယ္ေတြ အပါအ၀င္ ေဒသခံရြာသား ေျခာက္ ဦး ထိခိုက္ဒဏ္ရာရခဲ့တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုႏိုင္ကြန္းအိန္က သတင္းေပးပို႔ထားပါတယ္။

တပ္မေတာ္နဲ႔ AA ရခုိင္လက္နက္ကုိင္ အဖဲြ႔ၾကား တုိက္ပဲြေတြ ျဖစ္ပြားေနတဲ့ ရခုိင္ျပည္နယ္၊ အမ္းၿမိဳ႕နယ္မွာ လက္နက္ႀကီးက်ည္ ထိမွန္ရာက ကေလးငယ္ ၃ ေယာက္ အပါအ၀င္ ေဒသခံေတြ ဒဏ္ရာရခဲ့ၾကတာပါ။ အမ္းၿမိဳ႕နယ္ ကဇုကိုင္းအုပ္စု၊ ေရွာက္ၿခဳံေက်းရြာမွာ မေန႔ညပုိင္းက လက္နက္ၾကီးက်ေရာက္ရာက ထိခုိက္ဒဏ္ရာေတြ ရခဲ့ၾကတာလုိ႔လည္း စာနာမႈအကူအညီေပးေနတဲ့ ေဒသခံေစတနာ့ဝန္ထမ္း ကိုမ်ိဳးလြင္ကေျပာပါတယ္။

“မေန႔က ညေန ၇ နာရီေက်ာ္ေလာက္က ဒီကဇူးကိုင္းေက်းရြာအနားမွာ ယာယီတပ္စြဲထားတဲ့ ျမန္မာတပ္မေတာ္ကေနျပီးေတာ့ လက္နက္ၾကီးေတြနဲ႔ လွမ္းလာပစ္တဲ့အခါမွာ အဲဒီကဇူးကိုင္းေက်းရြာအုပ္စု ေရွာက္ျခံဳေက်းရြာ ရြာထဲကို က်ည္ဆံက်တယ္ေပါ့။ လက္နက္ၾကီးေပါက္ကြဲသြားတယ္ေပါ့။ အဲဒီမွာအရပ္သား ၆ ဦးဒဏ္ရာ ရရွိသြားတယ္ေပါ့ေနာ္။ အဲဒီအထဲမွာ ကေလးက ၃ ဦး ပါတယ္ေပါ့။ အခုကကမ္းေထာင္းၾကီး ျပည္သူ႔ေဆးရံုကို ေရာက္သြားၾကျပီးသိရတာေပါ့ေနာ္။ အဲဒီအခ်ိန္မွာ တိုက္ပြဲျဖစ္ပြါးတာ မရွိဘူး။”

ထိခိုက္ဒဏ္ရာရသူေတြထဲမွာေတာ့ အသက္ ၃ ႏွစ္အရြယ္ မိန္းကေလးတဦး၊ အသက္ ၅ ႏွစ္နဲ႔ ၁၃ ႏွစ္အရြယ္ ေယာက္က်ားေလး ၂ ဦး လည္း ပါ၀င္ၿပီး၊ ေျမပုံၿမိဳ႕နယ္ ကမ္းေထာင္းႀကီးၿမိဳ႕ေဆးရံုကို ပို႕ေဆာင္ေဆးကုသမႈခံေနရတယ္လုိ႔လည္း ေဒသခံေတြက ေျပာပါတယ္။

ကေလး ၂ ဦး အပါအ၀င္ ၄ ဦးရဲ႕ ဒဏ္ရာေတြ ျပင္းထန္တာေၾကာင့္ စစ္ေတြေဆးရံုကိုေျပာင္းေရႊ႕ဖို႔ စီစဥ္ေနတယ္လို႔လည္း ကမ္းေထာင္းၾကီးလူမႈေရးအဖြဲ႕၀င္ ကိုေအာင္၀င္းျမတ္ကေျပာပါတယ္။

“အခုလတ္တေလာအေရးေပၚ ကမ္းေထာင္းၾကီးေဆးရံုကေန စစ္ေတြေဆးရံုကို အေရးေပၚလူ ၄ ေယာက္ပို႕ ရပါ တယ္။ ကေလး ၂ ေယာက္။ အသက္ၾကီးပိုင္းေယာက်ာ္း တေယာက္ မိန္းမတေယာက္၊ ၄ ေယာက္ပါ၊ ေနာက္ ၂ ေယာက္က ဒဏ္ရာ မျပင္းထန္လို႔ ကမ္းေထာင္းၾကီးေဆးရံုမွာပဲ ကုသေနပါတယ္။”

လက္နက္ႀကီးပစ္ခတ္မႈဟာ တပ္မေတာ္ရဲ႕ လက္ခ်က္အျဖစ္ ေဒသခံေတြက စြပ္စြဲေျပာဆိုထားေပမဲ့ တပ္မေတာ္ ေျပာခြင့္ရပုဂၢိဳလ္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ AA ရခိုင္လက္နက္ကိုင္အဖြဲ႔နဲ႔ တိုက္ပြဲျဖစ္ပြားရာမွာ တပ္မေတာ္သား တစ္ေယာက္ ဒဏ္ရာရတာသာ ရွိတယ္လို႔ ေျပာပါတယ္။

“အမ္းနဲ႔ ကဇူးကိုင္းၾကားထဲမွာ ကားလမ္လုံျခံဳေရးလုပ္ေနတဲ့အဖြဲ႕ကို ေရွာက္ျခံဳေက်းရြာရဲ႕အေရွ႕ေျမာက္ဘက္ မီတာ ၅၀၀ အကြာလမ္းဆုံမွာ ၃ ေနရာေနျပီးေတာ့က AA ကေနျပီးေတာ့ ပစ္ခတ္ခဲ့တာရွိတယ္။ က်ေနာ္တို႔ဆီက ဒဏ္ရာရရွိသူ စစ္သည္တေယာက္ရွိပါတယ္။ မေန႔ကေတာ့ အဲဒီျဖစ္စဥ္တခုပဲ ရွိတယ္။”

AA ရခိုင္လက္နက္ကိုင္အဖြဲ႔ ေျပာခြင့္ရခိုင္သုခကေတာ့ မေန႔က အမ္းျမိဳ႕နယ္ဘက္မွာ သူတို႔အဖြဲ႕နဲ႔ တိုက္ပြဲျဖစ္ပြါးတာ မရွိဘူးလို႔ ျငင္းဆန္ထားပါတယ္။

“မေန႔ကအမ္းျမိဳ႕နယ္ ကဇူးကိုင္းရြာဘက္မွာ က်ေနာ္တို႔နဲ႔ တိုက္ပြဲျဖစ္ပြါးတာ မရွိဘူးဗ်။ အဲဒီကဇူးကိုင္းရြာနားမွာရွိတဲ့ ျမန္မာစစ္တပ္ရဲ႕ စခန္းကေနလက္နက္ၾကီးနဲ႔ ဘာတိုက္ပြဲမွျဖစ္ပြါးတာအရွိပဲနဲ႕အေၾကာင္းမဲ့ ပစ္ခတ္တာေပါ့ေနာ္။”

ျမန္မာစစ္တပ္နဲ႔ AA အဖဲြ႔တုိ႔ၾကား တိုက္ပြဲေတြမၾကာခဏ ျဖစ္ပြားေနတဲ့ အမ္းၿမိဳ႕နယ္ အပါအ၀င္ ရခုိင္ျပည္နယ္မွာ လက္နက္ကုိင္ ပဋိပကၡေတြၾကား အရပ္သား ထိခုိက္ေသေၾကမႈေတြ ႀကံဳရေလ့ရွိပါတယ္။ ေအာက္တိုဘာလ ဒုတိယအပတ္မွာလည္း ဒလက္ရြာေဟာင္းက ရြာသား ႏွစ္ ဦး ငါးဖမ္းေနစဥ္ လက္နက္ႀကီးက်ည္ က်ေရာက္ရာက တဦးေသဆုံးၿပီး၊ ေနာက္တဦး ဒဏ္ရာရရွိခဲ့တာပါ။

ရခိုင္ျပည္နယ္က စစ္ေရးပဋိပကၡေတြအတြင္း အရပ္သား ထိခိုက္ေသဆုံးမႈေတြ ပိုမ်ားလာသလို စစ္ေရွာင္ေနရသူ ၂၃၀,၀၀၀ ေက်ာ္ ရွိေနျပီးလို႔လည္း ရခိုင္လူမႈအဖြဲ႕အစည္းေတြက စာရင္းျပဳစုထားပါတယ္။ ကုလသမဂၢ လူ႔အခြင့္အေရးဆိုင္ရာ မဟာမင္းၾကီး Michelle Bachelet ကေတာ့ ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ေတြက လက္နက္ကုိင္ ပဋိပကၡေတြအတြင္း အရပ္သား ထိခိုက္ေသဆုံးမႈေတြဟာ စစ္ရာဇ၀တ္မႈေျမာက္ႏုိင္ေၾကာင္း စက္တင္ဘာလထဲ က်င္းပခဲ့တဲ့ ကုလသမဂၢ လူ႔အခြင့္အေရး ေကာင္စီမွာ သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင် အမ်းမြို့နယ်တွင်း လက်နက်ကြီးကြောင့် ကလေးငယ်တွေအပါ ၆ ဦး ထိခိုက်

စစ်ရေးတင်းမာနေဆဲ ရခိုင်ပြည်နယ်မှာ လက်နက်ကြီးကျည်ထိမှန်ရာက ကလေးငယ်တွေ အပါအဝင် ဒေသခံရွာသား ခြောက် ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင် အဖွဲ့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ လက်နက်ကြီးကျည် ထိမှန်ရာက ကလေးငယ် ၃ ယောက် အပါအဝင် ဒေသခံတွေ ဒဏ်ရာရခဲ့ကြတာပါ။ အမ်းမြို့နယ် ကဇုကိုင်းအုပ်စု၊ ရှောက်ခြုံကျေးရွာမှာ မနေ့ညပိုင်းက လက်နက်ကြီးကျရောက်ရာက ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြတာလို့လည်း စာနာမှုအကူအညီပေးနေတဲ့ ဒေသခံစေတနာ့ဝန်ထမ်း ကိုမျိုးလွင်ကပြောပါတယ်။

“မနေ့က ညနေ ၇ နာရီကျော်လောက်က ဒီကဇူးကိုင်းကျေးရွာအနားမှာ ယာယီတပ်စွဲထားတဲ့ မြန်မာတပ်မတော်ကနေပြီးတော့ လက်နက်ကြီးတွေနဲ့ လှမ်းလာပစ်တဲ့အခါမှာ အဲဒီကဇူးကိုင်းကျေးရွာအုပ်စု ရှောက်ခြုံကျေးရွာ ရွာထဲကို ကျည်ဆံကျတယ်ပေါ့။ လက်နက်ကြီးပေါက်ကွဲသွားတယ်ပေါ့။ အဲဒီမှာအရပ်သား ၆ ဦးဒဏ်ရာ ရရှိသွားတယ်ပေါ့နော်။ အဲဒီအထဲမှာ ကလေးက ၃ ဦး ပါတယ်ပေါ့။ အခုကကမ်းထောင်းကြီး ပြည်သူ့ဆေးရုံကို ရောက်သွားကြပြီးသိရတာပေါ့နော်။ အဲဒီအချိန်မှာ တိုက်ပွဲဖြစ်ပွါးတာ မရှိဘူး။”

ထိခိုက်ဒဏ်ရာရသူတွေထဲမှာတော့ အသက် ၃ နှစ်အရွယ် မိန်းကလေးတဦး၊ အသက် ၅ နှစ်နဲ့ ၁၃ နှစ်အရွယ် ယောက်ကျားလေး ၂ ဦး လည်း ပါဝင်ပြီး၊ မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ဆေးရုံကို ပို့ဆောင်ဆေးကုသမှုခံနေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ကလေး ၂ ဦး အပါအဝင် ၄ ဦးရဲ့ ဒဏ်ရာတွေ ပြင်းထန်တာကြောင့် စစ်တွေဆေးရုံကိုပြောင်းရွှေ့ဖို့ စီစဉ်နေတယ်လို့လည်း ကမ်းထောင်းကြီးလူမှုရေးအဖွဲ့ဝင် ကိုအောင်ဝင်းမြတ်ကပြောပါတယ်။

“အခုလတ်တလောအရေးပေါ် ကမ်းထောင်းကြီးဆေးရုံကနေ စစ်တွေဆေးရုံကို အရေးပေါ်လူ ၄ ယောက်ပို့ ရပါ တယ်။ ကလေး ၂ ယောက်။ အသက်ကြီးပိုင်းယောကျာ်း တယောက် မိန်းမတယောက်၊ ၄ ယောက်ပါ၊ နောက် ၂ ယောက်က ဒဏ်ရာ မပြင်းထန်လို့ ကမ်းထောင်းကြီးဆေးရုံမှာပဲ ကုသနေပါတယ်။”

လက်နက်ကြီးပစ်ခတ်မှုဟာ တပ်မတော်ရဲ့ လက်ချက်အဖြစ် ဒေသခံတွေက စွပ်စွဲပြောဆိုထားပေမဲ့ တပ်မတော် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားရာမှာ တပ်မတော်သား တစ်ယောက် ဒဏ်ရာရတာသာ ရှိတယ်လို့ ပြောပါတယ်။

“အမ်းနဲ့ ကဇူးကိုင်းကြားထဲမှာ ကားလမ်လုံခြုံရေးလုပ်နေတဲ့အဖွဲ့ကို ရှောက်ခြုံကျေးရွာရဲ့အရှေ့မြောက်ဘက် မီတာ ၅၀၀ အကွာလမ်းဆုံမှာ ၃ နေရာနေပြီးတော့က AA ကနေပြီးတော့ ပစ်ခတ်ခဲ့တာရှိတယ်။ ကျနော်တို့ဆီက ဒဏ်ရာရရှိသူ စစ်သည်တယောက်ရှိပါတယ်။ မနေ့ကတော့ အဲဒီဖြစ်စဉ်တခုပဲ ရှိတယ်။”

AA ရခိုင်လက်နက်ကိုင်အဖွဲ့ ပြောခွင့်ရခိုင်သုခကတော့ မနေ့က အမ်းမြို့နယ်ဘက်မှာ သူတို့အဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွါးတာ မရှိဘူးလို့ ငြင်းဆန်ထားပါတယ်။

“မနေ့ကအမ်းမြို့နယ် ကဇူးကိုင်းရွာဘက်မှာ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်ပွါးတာ မရှိဘူးဗျ။ အဲဒီကဇူးကိုင်းရွာနားမှာရှိတဲ့ မြန်မာစစ်တပ်ရဲ့ စခန်းကနေလက်နက်ကြီးနဲ့ ဘာတိုက်ပွဲမှဖြစ်ပွါးတာအရှိပဲနဲ့အကြောင်းမဲ့ ပစ်ခတ်တာပေါ့နော်။”

မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့ကြား တိုက်ပွဲတွေမကြာခဏ ဖြစ်ပွားနေတဲ့ အမ်းမြို့နယ် အပါအဝင် ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေကြား အရပ်သား ထိခိုက်သေကြေမှုတွေ ကြုံရလေ့ရှိပါတယ်။ အောက်တိုဘာလ ဒုတိယအပတ်မှာလည်း ဒလက်ရွာဟောင်းက ရွာသား နှစ် ဦး ငါးဖမ်းနေစဉ် လက်နက်ကြီးကျည် ကျရောက်ရာက တဦးသေဆုံးပြီး၊ နောက်တဦး ဒဏ်ရာရရှိခဲ့တာပါ။

ရခိုင်ပြည်နယ်က စစ်ရေးပဋိပက္ခတွေအတွင်း အရပ်သား ထိခိုက်သေဆုံးမှုတွေ ပိုများလာသလို စစ်ရှောင်နေရသူ ၂၃၀,၀၀၀ ကျော် ရှိနေပြီးလို့လည်း ရခိုင်လူမှုအဖွဲ့အစည်းတွေက စာရင်းပြုစုထားပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet ကတော့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေက လက်နက်ကိုင် ပဋိပက္ခတွေအတွင်း အရပ်သား ထိခိုက်သေဆုံးမှုတွေဟာ စစ်ရာဇဝတ်မှုမြောက်နိုင်ကြောင်း စက်တင်ဘာလထဲ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ သတိပေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG