သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာေရြးေကာက္ပြဲရလဒ္ ျပင္သစ္ႀကိဳဆို


ရန္ကုန္ၿမိဳ႕ မဲ႐ံုတခုတြင္ ဆႏၵမဲမ်ားေရတြက္ေနသည့္ ေကာ္မရွင္အဖြဲ႔ဝင္မ်ား။ ႏိုဝင္ဘာ ၈၊ ၂၀၂၀။

(Zawgyi/Unicode)

ျမန္မာနိုင္ငံမွာ ဒီမိုကေရစီ နည္းလမ္းနဲ႔ တင္ေျမႇာက္ခံရတဲ့ အရပ္သား အစိုးရတစ္ခုရဲ့ လက္ေအာက္မွာႏွစ္ေပါင္း ၆၀ အတြင္း ပထမဆုံးအႀကိမ္ အေထြေထြ ေရြးေကာက္ပြဲတစ္ရပ္ က်င္းပနိုင္ခဲ့တာက တိုင္းျပည္အတြင္း ဒီမိုကေရစီ လူ႔ေဘာင္ တည္ေဆာက္ေရးမွာ အေရးပါတဲ့ ေျခလွမ္းတစ္ရပ္ျဖစ္တယ္လို႔ ျပင္သစ္နိုင္ငံက ေျပာပါတယ္။

အခု ေရြးေကာက္ပြဲရဲ့ ရလဒ္ကို လက္ခံၾကဖို႔ နိုင္ငံေရး ပါတီေတြ အားလုံးကို ျပင္သစ္နိုင္ငံအေနနဲ႔ တျခား ဥေရာပသမဂၢ နိုင္ငံေတြ လိုပဲ တိုက္တြန္းေၾကာင္းျပင္သစ္နိုင္ငံျခားေရး ဝန္ႀကီးဌာနက ေၾကညာခ်က္ ထုတ္ျပန္လိုက္ပါတယ္။ ေရြးေကာက္ပြဲ အၿပီး တက္လာမယ့္ အစိုးရနဲ႔ ပူးေပါင္းေဆာင္ရြက္ၾကဖို႔ကိုလည္း တိုက္တြန္းထားပါတယ္။

ျမန္မာနိုင္ငံအတြင္း စီးပြားေရးနဲ႔ လူမႈေရး အေျခအေနေတြ ေရရွည္တည္တံ့ ေကာင္းမြန္ေစဖို႔ ေကာင္းမြန္တဲ့ အစိုးရနဲ႔ ဒီမိုကေရစီ ျပဳျပင္ေျပာင္းလဲမႈေတြ ဆက္လက္ လုပ္ေဆာင္သြားဖို႔ လိုအပ္တယ္လို႔လည္း ေျပာပါတယ္။

နိုင္ငံေရးနဲ႔ စီးပြားေရး အခြင့္အေရးေတြကို တိုင္းျပည္တြင္းက လူအားလုံး ရရွိခံစားေစဖို႔ အာမခံရမွာ ျဖစ္ၿပီး ဒီအထဲ ရိုဟင္ဂ်ာေတြ လည္း ပါဝင္တယ္လို႔ ျပင္သစ္နိုင္ငံျခားေရးဝန္ႀကီးဌာနရဲ့ ေၾကညာခ်က္မွာ ပါရွိပါတယ္။

မဲမေပးနိုင္ခဲ့တဲ့ ေနရာေတြမွာ ေရြးေကာက္ပြဲ လုပ္ငန္းစဥ္ ၿပီးေျမာက္ေစဖို႔နဲ႔ တိုင္းရင္းသားနဲ႔ လူနည္းစု ဘာသာဝင္ေတြ ေရြးေကာက္ပြဲ လုပ္ငန္းစဥ္မွာ ျပည့္ျပည့္ဝဝ ပါဝင္နိုင္ေစဖို႔ ျပင္သစ္နိုင္ငံ အေနနဲ႔ လိုလားတယ္လို႔လည္း ေျပာပါတယ္။

ျပင္သစ္နိုင္ငံဟာ အာဆီယံ အဖြဲ႕ရဲ့ လက္တြဲေဖာ္နိုင္ငံ ျဖစ္သလို ျမန္မာနိုင္ငံနဲ႔လည္း နိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရးနဲ႔ ယဥ္ေက်းမႈ ဆက္ဆံေရး ခိုင္မာေအာင္ ဆက္လက္ ႀကိဳးပမ္းသြားမယ္လို႔လည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ျမန္မာနိုင္ငံမွာ နိုဝင္ဘာလ ၈ ရက္ေန႔က က်င္းပခဲ့တဲ့ အေထြေထြ ေရြးေကာက္ပြဲနဲ႔ ပတ္သက္ၿပီး ျပင္သစ္နိုင္ငံ နည္းတူ အေမရိကန္၊ ၿဗိတိန္၊ ဥရာပသမဂၢ အဖြဲ႕ EU နဲ႔ ဂ်ပန္နိုင္ငံတို႔ကလည္း သမိုင္းဝင္ ေရြးေကာက္ပြဲ ျဖစ္ေၾကာင္း ခ်ီးက်ဴး ဂုဏ္ျပဳတဲ့ေၾကညာခ်က္ေတြ ထုတ္ျပန္ ေျပာဆိုထားပါတယ္။​

ျမန္မာအစိုးရက ရိုဟင္ဂ်ာအသံုးအႏႈန္းကို လက္မခံသလို ေရြးေကာက္ပြဲမွာ ရိုဟင္ဂ်ာ ကိုယ္စားလွယ္တခ်ိဳ႕ပါ၀င္ခြင့္မရတာေၾကာင့္ ေ၀ဖန္မႈေတြလည္း ေပၚေပါက္ခဲ့ပါတယ္။

ျမန္မာေရြးေကာက္ပြဲရလဒ္ ျပင္သစ္ႀကိဳဆို
please wait

No media source currently available

0:00 0:01:31 0:00
တိုက္႐ိုက္ လင့္ခ္


...............

မြန်မာရွေးကောက်ပွဲရလဒ် ပြင်သစ်ကြိုဆို

(Unicode)

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ နည်းလမ်းနဲ့ တင်မြှောက်ခံရတဲ့ အရပ်သား အစိုးရတစ်ခုရဲ့ လက်အောက်မှာနှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ် အထွေထွေ ရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ခဲ့တာက တိုင်းပြည်အတွင်း ဒီမိုကရေစီ လူ့ဘောင် တည်ဆောက်ရေးမှာ အရေးပါတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ ပြင်သစ်နိုင်ငံက ပြောပါတယ်။

အခု ရွေးကောက်ပွဲရဲ့ ရလဒ်ကို လက်ခံကြဖို့ နိုင်ငံရေး ပါတီတွေ အားလုံးကို ပြင်သစ်နိုင်ငံအနေနဲ့ တခြား ဥရောပသမဂ္ဂ နိုင်ငံတွေ လိုပဲ တိုက်တွန်းကြောင်းပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ရွေးကောက်ပွဲ အပြီး တက်လာမယ့် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံအတွင်း စီးပွားရေးနဲ့ လူမှုရေး အခြေအနေတွေ ရေရှည်တည်တံ့ ကောင်းမွန်စေဖို့ ကောင်းမွန်တဲ့ အစိုးရနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက် လုပ်ဆောင်သွားဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

နိုင်ငံရေးနဲ့ စီးပွားရေး အခွင့်အရေးတွေကို တိုင်းပြည်တွင်းက လူအားလုံး ရရှိခံစားစေဖို့ အာမခံရမှာ ဖြစ်ပြီး ဒီအထဲ ရိုဟင်ဂျာတွေ လည်း ပါဝင်တယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

မဲမပေးနိုင်ခဲ့တဲ့ နေရာတွေမှာ ရွေးကောက်ပွဲ လုပ်ငန်းစဉ် ပြီးမြောက်စေဖို့နဲ့ တိုင်းရင်းသားနဲ့ လူနည်းစု ဘာသာဝင်တွေ ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ ပြည့်ပြည့်ဝဝ ပါဝင်နိုင်စေဖို့ ပြင်သစ်နိုင်ငံ အနေနဲ့ လိုလားတယ်လို့လည်း ပြောပါတယ်။

ပြင်သစ်နိုင်ငံဟာ အာဆီယံ အဖွဲ့ရဲ့ လက်တွဲဖော်နိုင်ငံ ဖြစ်သလို မြန်မာနိုင်ငံနဲ့လည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှု ဆက်ဆံရေး ခိုင်မာအောင် ဆက်လက် ကြိုးပမ်းသွားမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးပြင်သစ်နိုင်ငံ နည်းတူ အမေရိကန်၊ ဗြိတိန်၊ ဥရာပသမဂ္ဂ အဖွဲ့ EU နဲ့ ဂျပန်နိုင်ငံတို့ကလည်း သမိုင်းဝင် ရွေးကောက်ပွဲ ဖြစ်ကြောင်း ချီးကျူး ဂုဏ်ပြုတဲ့ကြေညာချက်တွေ ထုတ်ပြန် ပြောဆိုထားပါတယ်။

မြန်မာအစိုးရက ရိုဟင်ဂျာအသုံးအနှုန်းကို လက်မခံသလို ရွေးကောက်ပွဲမှာ ရိုဟင်ဂျာ ကိုယ်စားလှယ်တချို့ပါဝင်ခွင့်မရတာကြောင့် ဝေဖန်မှုတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။

XS
SM
MD
LG