သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရြးေကာက္ပဲြရလဒ္ ေကာ္မရွင္ထုတ္ျပန္၊ NLD ေနရာ ၉၀၀ ေက်ာ္ အႏိုင္ရ


ေနျပည္ေတာ္ ေဇယ်ာသီရိၿမိဳ႕နယ္ မဲ႐ုံတရံုမွာ မဲေရတြက္ေနတဲ့ ျမင္ကြင္း။ (ႏုိဝင္ဘာ ၈၊ ၂၀၂၀)

(Zawgyi / Unicode)

ေရြးေကာက္ပြဲေကာ္မရွင္က ၂၀၂၀ ေရြးေကာက္ပြဲ ရလဒ္အေျဖေတြ ဒီကေန႔ အၿပီးသတ္ ထုတ္ျပန္လိုက္ၿပီ ျဖစ္ပါတယ္။ လႊတ္ေတာ္အသီးသီးအတြက္ မဲဆႏၵနယ္ေပါင္း ၁,၁၀၀ ေက်ာ္မွာ မဲဆႏၵနယ္ေနရာအမ်ားဆုံး ၉၀၀ ေက်ာ္ ေရြးခ်ယ္တင္ေျမႇာက္ခံခဲ့ရတဲ့ လက္ရွိအာဏာရပါတီ NLD ဆက္အုပ္ခ်ဳပ္မယ့္ ေရွ႕အစိုးရသက္တမ္းအေပၚ အႀကံျပဳခ်က္ အျမင္သေဘာထားေတြ ဘယ္လိုရွိသလဲဆိုတာ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မဆုမြန္က စုစည္းတင္ျပေပးထားပါတယ္။

ေရြးေကာက္ပြဲေကာ္မရွင္ရဲ႕ မဲအႏုိင္ရမႈ ထုတ္ျပန္ေၾကညာခ်က္။ (ဓာတ္ပုံ - UEC)
ေရြးေကာက္ပြဲေကာ္မရွင္ရဲ႕ မဲအႏုိင္ရမႈ ထုတ္ျပန္ေၾကညာခ်က္။ (ဓာတ္ပုံ - UEC)


ျမန္မာႏိုင္ငံမွာ ႏုိဝင္ဘာလ ၈ ရက္ေန႔က က်င္းပျပဳလုပ္ခဲ့တဲ့ လႊတ္ေတာ္အသီးသီးအတြက္ ပါတီစုံဒီမိုကေရစီ အေထြေထြေရြးေကာက္ပြဲႀကီးရဲ႕ ရလဒ္အေျဖ အကုန္လုံးကို ဒီကေန႔ ႏိုဝင္ဘာလ ၁၅ ရက္ေန႔မွာ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ဘက္က အၿပီးသတ္ ထုတ္ျပန္ေပးလိုက္တာ ျဖစ္ပါတယ္။

တႏိုင္ငံလုံး အတိုင္းအတာနဲ႔ က်င္းပျပဳလုပ္ခြင့္ရွိတဲ့ လႊတ္ေတာ္အလိုက္ မဲဆႏၵနယ္ေတြကေတာ့ ျပည္သူ႔လႊတ္ေတာ္မွာ မဲဆႏၵနယ္ ၃၁၅ နယ္၊ အမ်ိဳးသားလႊတ္ေတာ္မွာ မဲဆႏၵနယ္ ၁၆၁ နယ္၊ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္လႊတ္ေတာ္ မဲဆႏၵနယ္ေပါင္းက ၆၁၂ နယ္နဲ႔ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္လႊတ္ေတာ္အတြက္ တိုင္းရင္းသားလူမ်ိဳး မဲဆႏၵနယ္ ၂၉ နယ္ စုစုေပါင္း မဲဆႏၵနယ္ ၁,၁၁၇ နယ္ က်င္းပခဲ့တာမွာေတာ့ လက္ရွိအာဏာရပါတီ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (NLD) က လႊတ္ေတာ္အသီးသီးအတြက္ မဲဆႏၵနယ္အားလုံး အေရအတြက္ စုစုေပါင္း ၉၂၀ လႊတ္ေတာ္အလိုက္ ေရြးခ်ယ္တင္ေျမႇာက္ခံခဲ့ရတာ ျဖစ္ပါတယ္။

ေရြးေကာက္ပြဲေကာ္မရွင္ရဲ႕ မဲအႏုိင္ရမႈ ထုတ္ျပန္ေၾကညာခ်က္။ (ဓာတ္ပုံ - UEC)
ေရြးေကာက္ပြဲေကာ္မရွင္ရဲ႕ မဲအႏုိင္ရမႈ ထုတ္ျပန္ေၾကညာခ်က္။ (ဓာတ္ပုံ - UEC)


အတိုက္အခံပါတီ ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႔ၿဖိဳးေရးပါတီ (USDP) ကေတာ့ လႊတ္ေတာ္အသီးသီးအတြက္ မဲဆႏၵနယ္ေပါင္း ၇၁ ေနရာနဲ႔ ဒုတိယအမ်ားဆုံး အႏိုင္ရခဲ့ပါတယ္။ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (SNLD) က လႊတ္ေတာ္အသီးသီးအတြက္ ၄၂ ေနရာနဲ႔ ရခိုင္အမ်ိဳးသားပါတီ (ANP) က လႊတ္ေတာ္အသီးသီးအတြက္ ၁၅ ေနရာ၊ တအာင္း(ပေလာင္) အမ်ိဳးသားပါတီနဲ႔ မြန္ညီၫြတ္ေရးပါတီက ၁၂ ေနရာစီ အသီးသီးနဲ႔ ပအိုဝ္းအမ်ိဳးသားအဖြဲ႔ခ်ဳပ္ပါတီက ၁၁ ေနရာ စသျဖင့္ က်န္တဲ့ ကယား၊ ကခ်င္၊ ဝ၊ လားဟူ၊ ဇိုမီး၊ လီဆူး၊ ကယန္း၊ ကရင္၊ ခ်င္း စတဲ့ တိုင္းရင္းသားပါတီေတြနဲ႔ တသီးပုဂၢလပါတီေတြရဲ႕ ေရြးခ်ယ္တင္ေျမႇာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္ အမည္စာရင္းေတြကိုလည္း ေကာ္မရွင္ဘက္က အသီးသီး ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။

အခုလိုမ်ိဳး အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီ (NLD) ဘက္က လႊတ္ေတာ္အသီးသီးအတြက္ မဲဆႏၵနယ္အမ်ားဆုံး အႏုိင္ရခဲ့တဲ့အေပၚ လာမယ့္အစိုးရသစ္ရဲ႕ အစိုးရအဖြဲ႔မွာ ‘လူသစ္ မူသစ္ေတြနဲ႔ ႏိုင္ငံကိုေမာင္းႏွင္ဖို႔ လိုအပ္ပါတယ္’ လို႔ ႏိုင္ငံေရးေလ့လာသုံးသပ္သူ ေဒါက္တာရန္မ်ိဳးသိမ္းက အႀကံျပဳပါတယ္။

"လာမယ့္အစိုးရသစ္ဟာ လူလည္းသစ္ဖို႔ လိုအပ္သလို မူဝါဒပိုင္း လုပ္နည္း လုပ္ဟန္ပိုင္းေတြမွာလည္းပဲ အရင္အစိုးရနဲ႔ မတူဘဲနဲ႔ ေျပာင္းလဲႏုိင္ဖို႔ လိုအပ္တယ္လို႔ ျမင္ပါတယ္။ အထူးသျဖင့္ေတာ့ အစိုးရအဖြဲ႔အတြင္းမွာ ဗဟိုခ်ဳပ္ကိုင္မႈ ျမင့္မားေနတာကို ေလွ်ာ့ခ်ၿပီးေတာ့ ဒီဝန္ႀကီးေတြကို သူတို႔ရဲ႕တာဝန္နဲ႔ ညီမွ်တဲ့ လုပ္ပိုင္ခြင့္ အျပည့္အဝေပးႏုိင္ဖို႔ လိုအပ္တယ္လို႔ ျမင္ပါတယ္။ ေနာက္ၿပီးေတာ့ ဒီအစိုးရအဖြဲ႔ထဲမွာ မိတ္ဘက္တိုင္းရင္းသားပါတီေတြက ကိုယ္စားလွယ္ေတြကိုလည္း ထည့္သြင္းၿပီးေတာ့ ဖြဲ႔စည္းႏုိင္မယ္ဆိုရင္ ဒီအစိုးရအဖြဲ႔ဟာ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ယံုၾကည္မႈ တည္ေဆာက္ေရးအတြက္ကို အေထာက္အကူျဖစ္မယ့္ အစိုးရတရပ္ ျဖစ္လာလိမ့္မယ္လို႔ ျမင္ပါတယ္။

“အာဏာရပါတီအေနနဲ႔ တုိင္းရင္းသားပါတီေတြနဲ႔ ညိႇႏႈိင္းေဆြးေႏြးတဲ့ေနရာမွာ တန္းတူရည္တူ သေဘာေဆာင္တဲ့ အျပန္အလွန္ယံုၾကည္မႈ နားလည္မႈကို တည္ေဆာက္ႏုိင္တဲ့ ညိႇႏႈိင္းေဆြးေႏြးမႈေတြကေနၿပီးေတာ့ ေဖာ္ေဆာင္ႏိုင္ဖို႔ လိုအပ္တယ္လို႔ ျမင္ပါတယ္။ ေနာက္ၿပီးေတာ့ လာမယ့္သက္တမ္းအတြင္းမွာ လႊတ္ေတာ္ေတြရဲ႕ အခန္းက႑ဟာလည္းပဲ လက္ရွိသက္တမ္းထက္ ပိုၿပီးေတာ့ လုပ္ရည္ကိုင္ရည္ ျမင့္မားလာဖို႔ လိုအပ္သလို လႊတ္ေတာ္ေတြရဲ႕ ျပည္ေထာင္စုအစိုးရ အပါအဝင္ တုိင္းေဒသႀကီးနဲ႔ ျပည္နယ္အစိုးရေတြကို အျပန္အလွန္ ထိန္းေက်ာင္းႏုိင္မႈကို ခ်ဲ႕ထြင္ႏုိင္ဖို႔ လိုအပ္တယ္လို႔ ျမင္ပါတယ္။"

လက္ရွိအာဏာရပါတီအေနနဲ႔ ေရွ႕အစိုးရသက္တမ္းမွာ စီးပြားေရး ျပန္နာလံထူလာႏုိင္ဖို႔ ၂၀၀၈ ဖြဲ႔စည္းပုံ ျပင္ဆင္ေရးနဲ႔ မတူကြဲျပားသူေတြၾကား လူမႈသဟဇာတျဖစ္မႈ အပါအဝင္ အေရးႀကီး လုပ္သင့္တာေတြကို လက္ေတြ႔က်က် ေဆာင္ရြက္ပါလို႔ ၈၈ မ်ိဳးဆက္ ေက်ာင္းသားေခါင္းေဆာင္ေဟာင္း ကိုျမေအးက တိုက္တြန္းပါတယ္။

"ဒီ လာမယ့္ငါးႏွစ္သက္တမ္းက ၿပီးခဲ့တဲ့ ငါးႏွစ္သက္တမ္းလိုေတာ့ သြားလို႔မရေတာ့ဘူးလို႔ က်ေနာ္ျမင္တယ္ဗ်။ အထူးသျဖင့္ နံပါတ္တစ္ကေတာ့ တုိင္းျပည္ရဲ႕ စီးပြားေရးပဲ။ တုိင္းျပည္ရဲ႕ စီးပြားေရးကို ျပန္ဦးေမာ့လာႏုိင္ေအာင္ ေတာ္ေတာ္ကို ႀကိဳးစားရမယ့္အခ်ိန္လို႔ ျမင္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ တကမာၻလံုးဆုိင္ရာ စီးပြားေရးကလည္း ဒီ COVID-19 ေၾကာင့္ ႐ုိက္ခတ္မႈကလည္း အႀကီးအက်ယ္ ျဖစ္ေနတယ္ဆိုေတာ့။ အဲ့ဒါကိုေတာ့ နံပါတ္တစ္အေနနဲ႔ က်ေနာ္ျမင္တယ္။ ေနာက္ ရင္ဆုိင္ေျဖရွင္းရမယ့္ ျပႆနာေတြကေတာ့ ႏုိင္ငံေရးေခါင္းစဥ္ေအာက္မွာ အမ်ားႀကီးရွိေနတာေပါ့ဗ်ာ။ အဲဒီအမ်ားႀကီးေတြထဲကမွ အဓိကကေတာ့ ဖြဲ႔စည္းပံုအေျခခံဥပေဒ အက်ပ္အတည္းပဲ။ အဲဒီအက်ပ္အတည္းရဲ႕ ပင္ရင္း အစစ္အမွန္ကေတာ့ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရး။ အဲ့ေတာ့ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးက ၿငိမ္းခ်မ္းေရးနဲ႔ တုိက္႐ုိက္အခ်ိဳးက်တယ္။ တိုင္းျပည္ရဲ႕ ဖြဲ႔စည္းပံုအေျခခံ ျပဳျပင္ေျပာင္းလဲေရးနဲ႔လည္း တုိက္႐ုိက္အခ်ိဳးက်တယ္။

“ဆိုေတာ့ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ကို ေသေသခ်ာခ်ာ တည္ေဆာက္ဖို႔ လိုလာတယ္လို႔ က်ေနာ္ျမင္တယ္။ ဒီငါးႏွစ္အတြင္းမွာ ဒီမိုကေရစီရွင္သန္တဲ့ လူ႔အခြင့္အေရး ထြန္းကားတဲ့ ဖြဲ႔စည္းပံုတရပ္ ေပၚေပါက္ေရးကိုေတာ့ အျပင္းအထန္ ႀကိဳးစားရလိမ့္မယ္လို႔ ျမင္တယ္။ နံပါတ္ ၃ အခ်က္ကေတာ့ လူမႈသဟဇာတ ျဖစ္မႈေပါ့။ က်ေနာ္တို႔ ရခိုင္မွာရွိေနတဲ့ ျပႆနာရပ္ေတြ အပါအဝင္ က်ေနာ္တို႔ ဘာသာေရးေၾကာင့္ လူမ်ိဳးေရးေၾကာင့္ ပဋိပကၡေတြကို ပိုမိုေလ်ာ့နည္းလာေစၿပီး တဖက္နဲ႔တဖက္ သဟဇာတျဖစ္တဲ့ ပတ္ဝန္းက်င္ေတြကို ဖန္တီးရမွာျဖစ္တယ္။ ဒါမွ ICJ, ICC မွာ တရားရင္ဆိုင္ေနရတဲ့ ျပႆနာေတြကို ေျပလည္ဖို႔ဆိုရင္ ဒီဟာေတြကို ေျဖရွင္းဖို႔လိုလိမ့္မယ္လို႔ ျမင္ပါတယ္။"

ကခ်င္ျပည္နယ္ျပည္သူ႔ပါတီ (KSPP) ဒုတိယဥကၠ႒-၁ ေဒၚဒြဲဘူက အစိုးရသစ္အေနနဲ႔ တိုင္းရင္းေဒသက ၿငိမ္းခ်မ္းေရးေတြ ဦးစားေပးေဖာ္ေဆာင္ေပးဖို႔၊ တိုင္းရင္းေဒသေတြက စစ္ေျပးစစ္ေရွာင္ ဒုကၡသည္ေတြ အပါအဝင္ ေဒသခံ တိုင္းရင္းသားေတြရဲ႕ လူမႈဘဝေတြ တိုးတက္ျမႇင့္တင္ႏိုင္ေရး အဓိကေဆာင္ရြက္ေပးပါလို႔ တိုက္တြန္းပါတယ္။

"အရင္ကတည္းက ငါးႏွစ္တာ လုပ္လာခဲ့တဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြကို ဆက္ၿပီး လုပ္ေစခ်င္ပါတယ္။ အဲဒီ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြ ေအာင္ျမင္မွပဲ က်မတို႔အနာဂတ္မွာ ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စု တည္ေထာင္ဖို႔ ဘယ္လိုသြားမယ္ဆိုတဲ့ မူေတြကိုသိမွပဲ ဖြဲ႔စည္းပံုအေျခခံဥပေဒ ျပင္ဆင္ေရးကို သြားလို႔ရမွာေပါ့။ အဲဒါက တခ်က္၊ ေနာက္တခ်က္ကေတာ့ က်မတို႔ရဲ႕ လူထုနဲ႔ လက္တြဲေဆာင္ရြက္ဖို႔ေပါ့ေနာ္။ ၿပီးခဲ့တဲ့ ငါးႏွစ္တာကာလမွာ ‘အစိုးရနဲ႔ လူထု’ ၿပီးရင္ ‘အစိုးရနဲ႔ လူမႈအဖြဲ႔အစည္းေတြ’၊ ေနာက္ ‘အစိုးရနဲ႔ သတင္းမီဒီယာ’ ဆက္ဆံမႈေတြက အင္မတန္ကို အားနည္းခဲ့ပါတယ္။ အဲဒီက႑ေတြကို က်မတို႔က ပူးေပါင္းေဆာင္ရြက္ေစခ်င္ပါတယ္။ ေနာက္ IDP အေရး၊ မူးယစ္ေဆးဝါးအေရးနဲ႔ ေနာက္တခု အေရးႀကီးဆံုးက တရားဥပေဒစိုးမိုးေရးပါ၊ တရားဥပေဒ စိုးမုိးေရးအတြက္ ဌာနတိုင္းနဲ႔ က်မတို႔ျပည္သူေတြ ညႇိႏိႈင္းေပါင္းစပ္ ေဆာင္ရြက္ရမယ့္ကိစၥရပ္ ျဖစ္တယ္။ ဒီလို ေပါင္းစပ္ညိႇႏိႈင္း ေဆာင္ရြက္ရမယ့္ကိစၥေတြ အင္မတန္အားနည္းခဲ့တယ္။ ဒါေၾကာင့္မို႔ အစိုးရ၊ ျပည္သူ၊ CSO၊ မီဒီယာ စသည္ျဖင့္ အားလံုးေပါင္းစပ္ညိႇႏိႈင္းေဆာင္ရြက္ဖို႔ လိုအပ္တယ္လို႔ က်မေျပာခ်င္ပါတယ္။"

အခုလို ေရြးေကာက္ပြဲရလဒ္အေျဖေတြ ေရြးေကာက္ပြဲေကာ္မရွင္ဘက္က အၿပီးသတ္ ထုတ္ျပန္ေနခ်ိန္နဲ႔ တၿပိဳင္နက္တည္းမွာပဲ ၂၀၂၀ ေရြးေကာက္ပြဲ က်င္းပခ်ိန္တုန္းက တရားမွ်တတဲ့ ေရြးေကာက္ပြဲ က်င္းပႏိုင္ရန္ အေျခအေနမရွိ ဆိုၿပီး ေရြးေကာက္ပြဲ မက်င္းပႏိုင္ခဲ့တဲ့ တို္င္းရင္းနယ္ေျမတခ်ိဳ႕မွာ ေနာက္ဆက္တြဲ ေရြးေကာက္ပြဲေတြ ျပန္ၿပီးက်င္းပေပးဖို႔ တိုင္းရင္းသားပါတီေတြဘက္က ေတာင္းဆိုေနၾကဆဲ ျဖစ္ပါတယ္။ ဒီကေန႔မွာလည္း ၂၀၂၀ ေရြးေကာက္ပြဲရလဒ္အေျဖကို မေက်နပ္တဲ့အတြက္ ေရြးေကာက္ပဲြေကာ္မရွင္ အလိုမရွိ၊ ေရြးေကာက္ပြဲရလဒ္ အယံုအၾကည္မရွိ ဆိုတဲ့ ဆုိင္းဘုတ္ေတြ ကိုင္ေဆာင္ၿပီး အတိုက္အခံပါတီ USDP ေထာက္ခံသူေတြဟာ ေနျပည္ေတာ္ ဥတၱရသီရိၿမိဳ႕မွာ ဆႏၵျပခဲ့ၾကပါေသးတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

ရွေးကောက်ပွဲရလဒ် ကော်မရှင်ထုတ်ပြန်၊ NLD နေရာ ၉၀၀ ကျော် အနိုင်ရ

ရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်အဖြေတွေ ဒီကနေ့ အပြီးသတ် ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။ လွှတ်တော်အသီးသီးအတွက် မဲဆန္ဒနယ်ပေါင်း ၁,၁၀၀ ကျော်မှာ မဲဆန္ဒနယ်နေရာအများဆုံး ၉၀၀ ကျော် ရွေးချယ်တင်မြှောက်ခံခဲ့ရတဲ့ လက်ရှိအာဏာရပါတီ NLD ဆက်အုပ်ချုပ်မယ့် ရှေ့အစိုးရသက်တမ်းအပေါ် အကြံပြုချက် အမြင်သဘောထားတွေ ဘယ်လိုရှိသလဲဆိုတာ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးရဲ့ ရလဒ်အဖြေ အကုန်လုံးကို ဒီကနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဘက်က အပြီးသတ် ထုတ်ပြန်ပေးလိုက်တာ ဖြစ်ပါတယ်။

တနိုင်ငံလုံး အတိုင်းအတာနဲ့ ကျင်းပပြုလုပ်ခွင့်ရှိတဲ့ လွှတ်တော်အလိုက် မဲဆန္ဒနယ်တွေကတော့ ပြည်သူ့လွှတ်တော်မှာ မဲဆန္ဒနယ် ၃၁၅ နယ်၊ အမျိုးသားလွှတ်တော်မှာ မဲဆန္ဒနယ် ၁၆၁ နယ်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်ပေါင်းက ၆၁၂ နယ်နဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်အတွက် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နယ် စုစုပေါင်း မဲဆန္ဒနယ် ၁,၁၁၇ နယ် ကျင်းပခဲ့တာမှာတော့ လက်ရှိအာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က လွှတ်တော်အသီးသီးအတွက် မဲဆန္ဒနယ်အားလုံး အရေအတွက် စုစုပေါင်း ၉၂၀ လွှတ်တော်အလိုက် ရွေးချယ်တင်မြှောက်ခံခဲ့ရတာ ဖြစ်ပါတယ်။

အတိုက်အခံပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ကတော့ လွှတ်တော်အသီးသီးအတွက် မဲဆန္ဒနယ်ပေါင်း ၇၁ နေရာနဲ့ ဒုတိယအများဆုံး အနိုင်ရခဲ့ပါတယ်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က လွှတ်တော်အသီးသီးအတွက် ၄၂ နေရာနဲ့ ရခိုင်အမျိုးသားပါတီ (ANP) က လွှတ်တော်အသီးသီးအတွက် ၁၅ နေရာ၊ တအာင်း(ပလောင်) အမျိုးသားပါတီနဲ့ မွန်ညီညွတ်ရေးပါတီက ၁၂ နေရာစီ အသီးသီးနဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီက ၁၁ နေရာ စသဖြင့် ကျန်တဲ့ ကယား၊ ကချင်၊ ဝ၊ လားဟူ၊ ဇိုမီး၊ လီဆူး၊ ကယန်း၊ ကရင်၊ ချင်း စတဲ့ တိုင်းရင်းသားပါတီတွေနဲ့ တသီးပုဂ္ဂလပါတီတွေရဲ့ ရွေးချယ်တင်မြှောက်ခံ လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းတွေကိုလည်း ကော်မရှင်ဘက်က အသီးသီး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အခုလိုမျိုး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဘက်က လွှတ်တော်အသီးသီးအတွက် မဲဆန္ဒနယ်အများဆုံး အနိုင်ရခဲ့တဲ့အပေါ် လာမယ့်အစိုးရသစ်ရဲ့ အစိုးရအဖွဲ့မှာ ‘လူသစ် မူသစ်တွေနဲ့ နိုင်ငံကိုမောင်းနှင်ဖို့ လိုအပ်ပါတယ်’ လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက အကြံပြုပါတယ်။

"လာမယ့်အစိုးရသစ်ဟာ လူလည်းသစ်ဖို့ လိုအပ်သလို မူဝါဒပိုင်း လုပ်နည်း လုပ်ဟန်ပိုင်းတွေမှာလည်းပဲ အရင်အစိုးရနဲ့ မတူဘဲနဲ့ ပြောင်းလဲနိုင်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ အထူးသဖြင့်တော့ အစိုးရအဖွဲ့အတွင်းမှာ ဗဟိုချုပ်ကိုင်မှု မြင့်မားနေတာကို လျှော့ချပြီးတော့ ဒီဝန်ကြီးတွေကို သူတို့ရဲ့တာဝန်နဲ့ ညီမျှတဲ့ လုပ်ပိုင်ခွင့် အပြည့်အဝပေးနိုင်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ နောက်ပြီးတော့ ဒီအစိုးရအဖွဲ့ထဲမှာ မိတ်ဘက်တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်တွေကိုလည်း ထည့်သွင်းပြီးတော့ ဖွဲ့စည်းနိုင်မယ်ဆိုရင် ဒီအစိုးရအဖွဲ့ဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ယုံကြည်မှု တည်ဆောက်ရေးအတွက်ကို အထောက်အကူဖြစ်မယ့် အစိုးရတရပ် ဖြစ်လာလိမ့်မယ်လို့ မြင်ပါတယ်။

“အာဏာရပါတီအနေနဲ့ တိုင်းရင်းသားပါတီတွေနဲ့ ညှိနှိုင်းဆွေးနွေးတဲ့နေရာမှာ တန်းတူရည်တူ သဘောဆောင်တဲ့ အပြန်အလှန်ယုံကြည်မှု နားလည်မှုကို တည်ဆောက်နိုင်တဲ့ ညှိနှိုင်းဆွေးနွေးမှုတွေကနေပြီးတော့ ဖော်ဆောင်နိုင်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ နောက်ပြီးတော့ လာမယ့်သက်တမ်းအတွင်းမှာ လွှတ်တော်တွေရဲ့ အခန်းကဏ္ဍဟာလည်းပဲ လက်ရှိသက်တမ်းထက် ပိုပြီးတော့ လုပ်ရည်ကိုင်ရည် မြင့်မားလာဖို့ လိုအပ်သလို လွှတ်တော်တွေရဲ့ ပြည်ထောင်စုအစိုးရ အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေကို အပြန်အလှန် ထိန်းကျောင်းနိုင်မှုကို ချဲ့ထွင်နိုင်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။"

လက်ရှိအာဏာရပါတီအနေနဲ့ ရှေ့အစိုးရသက်တမ်းမှာ စီးပွားရေး ပြန်နာလံထူလာနိုင်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ မတူကွဲပြားသူတွေကြား လူမှုသဟဇာတဖြစ်မှု အပါအဝင် အရေးကြီး လုပ်သင့်တာတွေကို လက်တွေ့ကျကျ ဆောင်ရွက်ပါလို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမြအေးက တိုက်တွန်းပါတယ်။

"ဒီ လာမယ့်ငါးနှစ်သက်တမ်းက ပြီးခဲ့တဲ့ ငါးနှစ်သက်တမ်းလိုတော့ သွားလို့မရတော့ဘူးလို့ ကျနော်မြင်တယ်ဗျ။ အထူးသဖြင့် နံပါတ်တစ်ကတော့ တိုင်းပြည်ရဲ့ စီးပွားရေးပဲ။ တိုင်းပြည်ရဲ့ စီးပွားရေးကို ပြန်ဦးမော့လာနိုင်အောင် တော်တော်ကို ကြိုးစားရမယ့်အချိန်လို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကလည်း ဒီ COVID-19 ကြောင့် ရိုက်ခတ်မှုကလည်း အကြီးအကျယ် ဖြစ်နေတယ်ဆိုတော့။ အဲ့ဒါကိုတော့ နံပါတ်တစ်အနေနဲ့ ကျနော်မြင်တယ်။ နောက် ရင်ဆိုင်ဖြေရှင်းရမယ့် ပြဿနာတွေကတော့ နိုင်ငံရေးခေါင်းစဉ်အောက်မှာ အများကြီးရှိနေတာပေါ့ဗျာ။ အဲဒီအများကြီးတွေထဲကမှ အဓိကကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းပဲ။ အဲဒီအကျပ်အတည်းရဲ့ ပင်ရင်း အစစ်အမှန်ကတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး။ အဲ့တော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးက ငြိမ်းချမ်းရေးနဲ့ တိုက်ရိုက်အချိုးကျတယ်။ တိုင်းပြည်ရဲ့ ဖွဲ့စည်းပုံအခြေခံ ပြုပြင်ပြောင်းလဲရေးနဲ့လည်း တိုက်ရိုက်အချိုးကျတယ်။

“ဆိုတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို သေသေချာချာ တည်ဆောက်ဖို့ လိုလာတယ်လို့ ကျနော်မြင်တယ်။ ဒီငါးနှစ်အတွင်းမှာ ဒီမိုကရေစီရှင်သန်တဲ့ လူ့အခွင့်အရေး ထွန်းကားတဲ့ ဖွဲ့စည်းပုံတရပ် ပေါ်ပေါက်ရေးကိုတော့ အပြင်းအထန် ကြိုးစားရလိမ့်မယ်လို့ မြင်တယ်။ နံပါတ် ၃ အချက်ကတော့ လူမှုသဟဇာတ ဖြစ်မှုပေါ့။ ကျနော်တို့ ရခိုင်မှာရှိနေတဲ့ ပြဿနာရပ်တွေ အပါအဝင် ကျနော်တို့ ဘာသာရေးကြောင့် လူမျိုးရေးကြောင့် ပဋိပက္ခတွေကို ပိုမိုလျော့နည်းလာစေပြီး တဖက်နဲ့တဖက် သဟဇာတဖြစ်တဲ့ ပတ်ဝန်းကျင်တွေကို ဖန်တီးရမှာဖြစ်တယ်။ ဒါမှ ICJ, ICC မှာ တရားရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ပြေလည်ဖို့ဆိုရင် ဒီဟာတွေကို ဖြေရှင်းဖို့လိုလိမ့်မယ်လို့ မြင်ပါတယ်။"

ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ဒုတိယဥက္ကဋ္ဌ-၁ ဒေါ်ဒွဲဘူက အစိုးရသစ်အနေနဲ့ တိုင်းရင်းဒေသက ငြိမ်းချမ်းရေးတွေ ဦးစားပေးဖော်ဆောင်ပေးဖို့၊ တိုင်းရင်းဒေသတွေက စစ်ပြေးစစ်ရှောင် ဒုက္ခသည်တွေ အပါအဝင် ဒေသခံ တိုင်းရင်းသားတွေရဲ့ လူမှုဘဝတွေ တိုးတက်မြှင့်တင်နိုင်ရေး အဓိကဆောင်ရွက်ပေးပါလို့ တိုက်တွန်းပါတယ်။

"အရင်ကတည်းက ငါးနှစ်တာ လုပ်လာခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ဆက်ပြီး လုပ်စေချင်ပါတယ်။ အဲဒီ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အောင်မြင်မှပဲ ကျမတို့အနာဂတ်မှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ဖို့ ဘယ်လိုသွားမယ်ဆိုတဲ့ မူတွေကိုသိမှပဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို သွားလို့ရမှာပေါ့။ အဲဒါက တချက်၊ နောက်တချက်ကတော့ ကျမတို့ရဲ့ လူထုနဲ့ လက်တွဲဆောင်ရွက်ဖို့ပေါ့နော်။ ပြီးခဲ့တဲ့ ငါးနှစ်တာကာလမှာ ‘အစိုးရနဲ့ လူထု’ ပြီးရင် ‘အစိုးရနဲ့ လူမှုအဖွဲ့အစည်းတွေ’၊ နောက် ‘အစိုးရနဲ့ သတင်းမီဒီယာ’ ဆက်ဆံမှုတွေက အင်မတန်ကို အားနည်းခဲ့ပါတယ်။ အဲဒီကဏ္ဍတွေကို ကျမတို့က ပူးပေါင်းဆောင်ရွက်စေချင်ပါတယ်။ နောက် IDP အရေး၊ မူးယစ်ဆေးဝါးအရေးနဲ့ နောက်တခု အရေးကြီးဆုံးက တရားဥပဒေစိုးမိုးရေးပါ၊ တရားဥပဒေ စိုးမိုးရေးအတွက် ဌာနတိုင်းနဲ့ ကျမတို့ပြည်သူတွေ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရမယ့်ကိစ္စရပ် ဖြစ်တယ်။ ဒီလို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမယ့်ကိစ္စတွေ အင်မတန်အားနည်းခဲ့တယ်။ ဒါကြောင့်မို့ အစိုးရ၊ ပြည်သူ၊ CSO၊ မီဒီယာ စသည်ဖြင့် အားလုံးပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ကျမပြောချင်ပါတယ်။"

အခုလို ရွေးကောက်ပွဲရလဒ်အဖြေတွေ ရွေးကောက်ပွဲကော်မရှင်ဘက်က အပြီးသတ် ထုတ်ပြန်နေချိန်နဲ့ တပြိုင်နက်တည်းမှာပဲ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပချိန်တုန်းက တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရန် အခြေအနေမရှိ ဆိုပြီး ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ တိုင်းရင်းနယ်မြေတချို့မှာ နောက်ဆက်တွဲ ရွေးကောက်ပွဲတွေ ပြန်ပြီးကျင်းပပေးဖို့ တိုင်းရင်းသားပါတီတွေဘက်က တောင်းဆိုနေကြဆဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ၂၀၂၀ ရွေးကောက်ပွဲရလဒ်အဖြေကို မကျေနပ်တဲ့အတွက် ရွေးကောက်ပွဲကော်မရှင် အလိုမရှိ၊ ရွေးကောက်ပွဲရလဒ် အယုံအကြည်မရှိ ဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး အတိုက်အခံပါတီ USDP ထောက်ခံသူတွေဟာ နေပြည်တော် ဥတ္တရသီရိမြို့မှာ ဆန္ဒပြခဲ့ကြပါသေးတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG