သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရြးေကာက္ပဲြမသမာမႈစဲြခ်က္မ်ား ေကာ္မရွင္ျငင္းပယ္


ေနျပည္ေတာ္ရွိ ေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံးေရွ႕မွာ ကန္႔ကြက္ဆႏၵျပတဲ့ ျမင္ကြင္း။ (ႏိုဝင္ဘာ ၁၁၊ ၂၀၂၀)

[Zawgyi/Unicode]

ေ႐ြးေကာက္ပြဲမွာ အားနည္းခ်က္ေတြ၊ မသမာမႈေတြ ရွိတယ္ဆိုၿပီး အတိုက္အခံ ႏိုင္ငံေရးပါတီတခ်ိဳ႕က ကန႔္ကြက္ေနေပမဲ့ ခိုင္လုံတဲ့ အေၾကာင္းျပခ်က္မရွိတဲ့ စြပ္စြဲခ်က္အျဖစ္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္က ပယ္ခ်လိုက္တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေမခက သတင္းေပးပို႔ထားပါတယ္။

တနဂၤေႏြေန႔က က်င္းပၿပီးစီးသြားတဲ့ ေ႐ြးေကာက္ပြဲမွာ အားနည္းခ်က္ေတြ မသမာမႈေတြ ရွိတာေၾကာင့္ ရလဒ္ေတြကို လက္မခံႏိုင္ဘူးဆိုၿပီး ႏိုင္ငံေရးပါတီတခ်ိဳ႕က ကန႔္ကြက္ေနတာကို ေကာ္မရွင္က ပယ္ခ်လိုက္တာပါ။ ႏိုင္ငံေရး ပါတီတခ်ိဳ႕ရဲ႕ စြပ္စြဲခ်က္ေတြဟာ ခိုင္လုံတဲ့ အေထာက္အထား မရွိဘဲ ေျပာဆိုခ်က္အျဖစ္နဲ႔လည္း ဒီကေန႔ ေနျပည္ေတာ္မွာ က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ဝင္ ဦးျမင့္ႏိုင္ က တုံ႔ျပန္လိုက္ပါတယ္။

"ဘာကိုအေျခခံေျပာသလဲဆိုတာ မေပၚေပါက္ဘဲနဲ႔ ဘာမွေျပာစရာမရွိဘူး။ ဒီလိုေယဘူယ် ဒီလို စြပ္စြဲတာက ဘာမွေျပာစရာ မရွိဘူး။ အဲဒီလိုပဲ ဝင္ေရာက္ယွဥ္ၿပိဳင္တဲ့ ပါတီ ၃ ခုကႀကိဳဆိုတယ္၊ ေထာက္ခံတယ္၊ လက္ခံတယ္၊ ထုတ္ျပန္ထားတယ္။ ဒီမိုကေရစီ က်င့္စဥ္၊ အေလ့အထမွာ ဒီတိုင္းပဲ ရွိမယ္။ ယွဥ္ျပိဳင္တဲ့ ပါတီၾကီး ၃ ခု ေလာက္ရွိတယ္၊ က်န္တဲ့ပါတီေတြလည္း လက္ခံတဲ့ ပါတီေတြလည္း ရွိၾကပါတယ္။"

ကိုဗစ္ကပ္ေရာဂါကာလ ကန႔္သတ္ခ်က္ေတြၾကား က်င္းပတဲ့ ေ႐ြးေကာက္ပြဲမွာ အားနည္းခ်က္တခ်ိဳ႕ ရွိခဲ့ေပမဲ့ ေအာင္ေအာင္ျမင္ျမင္ က်င္းပႏိုင္ခဲ့ေၾကာင္းလည္း ေ႐ြးေကာက္ပြဲ ေကာ္မရွင္က ေျပာဆိုထားပါတယ္။ ဒါေပမဲ့လည္း အတိုက္အခံ ႏိုင္ငံေရးပါတီ တခ်ိဳ႕ကေတာ့ ေ႐ြးေကာက္ပြဲရလဒ္ကို လက္မခံဖို႔အထိ ကန႔္ကြက္တာေတြလည္း ရွိေနပါတယ္။ အဓိက အတိုက္အခံႏိုင္ငံေရးပါတီျဖစ္တဲ့ ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီကလည္း ရန္ကုန္ၿမိဳ႕မွာ ဒီေန႔ပဲ သတင္းစာရွင္းလင္းပြဲ က်င္းပအၿပီး ေ႐ြးေကာက္ပြဲ ရလဒ္ေတြကို ကန႔္ကြက္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။ ရန္ကုန္တိုင္း ျပည္ခိုင္ၿဖိဳးပါတီ ကိုယ္စားလွယ္ တဦးျဖစ္တဲ့ ဦးစံေက်ာ္ကေတာ့ ကန႔္ကြက္မႈ အေပၚခုလိုေျပာျပပါတယ္။

"က်ေနာ္တို႔ ပါတီအေနနဲ႔က တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲပဲ အဓိကေျပာေနတာေပါ့ေနာ္။ နယ္ေတြနဲ႔ အနယ္နယ္ အရပ္ရပ္မွာ ျဖစ္ေနတာေတြက မဲေတြပိုေနတာေတြ၊ တရားမဲ့ ျပဳက်င့္မႈလုပ္ေနတာေတြက တကယ္တမ္းေတာ့ ေရြးေကာက္ပဲြ ေကာ္မရွင္ရဲ႕ ေဆာင္ရြက္တဲ့ လုပ္ငန္းစဥ္ေပၚ အားနည္းခ်က္ေတြရွိတာကိုပါပဲ။ အဲဒါေလးပါ တကယ္ကေတာ့ တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲျဖစ္ဖို႔ေျပာတာပါ။"

ေနျပည္ေတာ္ရွိ ေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံးေရွ႕မွာ ကန္႔ကြက္ဆႏၵျပတဲ့ ျမင္ကြင္း။ (ႏိုဝင္ဘာ ၁၁၊ ၂၀၂၀)
ေနျပည္ေတာ္ရွိ ေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံးေရွ႕မွာ ကန္႔ကြက္ဆႏၵျပတဲ့ ျမင္ကြင္း။ (ႏိုဝင္ဘာ ၁၁၊ ၂၀၂၀)

ဒီကေန႔ ေနျပည္ေတာ္မွာ သတင္းစာရွင္းလင္းပြဲလုပ္ခဲ့တဲ့ ေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံး အျပင္ဘက္မွာလည္း လူတခ်ိဳ႕က ကန႔္ကြက္ဆႏၵျပခဲ့ၾကတာေၾကာင့္ လုံၿခဳံေရးတိုးျမႇင့္ခဲ့ရတာေတြလည္း ရွိခဲ့ပါတယ္။

တနဂၤေႏြေန႔ ေ႐ြးေကာက္ပြဲ မတိုင္ခင္မွာလည္း ျပင္ဆင္မႈေတြ အားနည္းေၾကာင္းနဲ႔ လြတ္လပ္မွ်တမႈ အေျခအေနေတြအေပၚ စိုးရိမ္ေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေျပာဆိုခဲ့ရာက အစိုးရနဲ႔ စစ္တပ္ၾကား အျပန္အလွန္ တုံ႔ျပန္မႈေတြလည္း ရွိခဲ့ပါတယ္။ ေ႐ြးေကာက္ပြဲမွာ လတ္တေလာ မဲရလဒ္ေတြအရ အာဏာရ NLD အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္က အမ်ားစု အႏိုင္ရထားေၾကာင္း ပါတီ တာဝန္ရွိသူေတြက ေျပာဆိုထားပါတယ္။

ေ႐ြးေကာက္ပြဲ ေကာ္မရွင္ကေတာ့ မဲေပးခြင့္ရွိသူ ၃၇ သန္းေက်ာ္မွာ မဲေပးသူ ၇၀ ရာခိုင္ႏႈန္းရွိတယ္လို႔လည္း ခန႔္မွန္းထားၿပီး မဲရလဒ္ေတြအားလုံးကိုလည္း မၾကာမီ ထုတ္ျပန္ဖို႔ စီစဥ္ေနတယ္လို႔ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႕ဝင္ ဦးျမင့္ႏိုင္က ေျပာပါတယ္။

"ဒီ တပတ္အတြင္း ထုတ္ျပန္ပါမယ္။ ၿပီးခဲ့တဲ့ ေ႐ြးေကာက္ပြဲက ၁၀ ရက္ၾကာပါတယ္။ ၁၀ ရက္ၾကာၿပီးတယ္။ က်ေနာ္တို႔က ခု ၅ ရက္၊ အမ်ားဆံုး ၇ ရက္ ဒီေလာက္နဲ႔ ၿပီးစီးေအာင္ ေဆာင္႐ြက္ေနပါတယ္။ ၃၀ ရာခိုင္ႏႈန္းၿပီးပါၿပီ။ ၃၀၀ ေက်ာ္ေၾကျငာေပး ၿပီးေနပါၿပီ။"

ေ႐ြးေကာက္ပြဲေစာင့္ၾကည့္ အကဲခတ္အဖြဲ႕ေတြကေတာ့ ေ႐ြးေကာက္ပြဲ လုပ္ငန္းစဥ္မွာ အားနည္းခ်က္ေတြ ရွိခဲ့ေပမဲ့ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ လြတ္လပ္မွ်တမႈရွိရွိ ေဆာင္႐ြက္ႏိုင္ခဲ့တာ ေတြ႕ရေၾကာင္းနဲ႔ ေ႐ြးေကာက္ပြဲရလဒ္အေပၚ ႀကီးႀကီးမားမား ထိခိုက္ေလာက္ေအာင္ ျပႆနာ မရွိခဲ့ေၾကာင္းလည္း ေျပာဆိုထားၾကပါတယ္။

တနဂၤေႏြေန႔က က်င္းပၿပီးစီးသြားတဲ့ ေ႐ြးေကာက္ပြဲ အေပၚမွာေတာ့ အေမရိကန္၊ ၿဗိတိန္၊ ဥေရာပသမဂၢ (EU) နဲ႔ ဂ်ပန္ႏိုင္ငံတို႔ကလည္း ခ်ီးက်ဳးစကား ေျပာဆိုခဲ့ၾကသလို၊ စိုးရိမ္တဲ့ သေဘာထားေတြကိုလည္း ေျပာဆိုခဲ့ၾကတာပါ။ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ ပြန္ေပယို ကလည္း ကပ္ေရာဂါကာလမွာ သန္းနဲ႔ခ်ီတဲ့ ျမန္မာျပည္သူေတြ မဲေပးခဲ့ၾကတဲ့ ေ႐ြးေကာက္ပြဲဟာ ဒီမိုကေရစီကို ဦးတည္တဲ့ ေျခလွမ္းအျဖစ္ ခ်ီးက်ဳးစကား ေျပာၾကားခဲ့ေပမဲ့ ႏိုင္ငံေရး လြတ္လပ္ခြင့္ေတြနဲ႔ အားလုံးပါဝင္ခြင့္ရေရး စိုးရိမ္စရာေတြ ရွိေနဆဲျဖစ္ေၾကာင္းလည္း ေျပာၾကားထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရွေးကောက်ပွဲမသမာမှုစွဲချက်များ ကော်မရှင်ငြင်းပယ်

ရွေးကောက်ပွဲမှာ အားနည်းချက်တွေ၊ မသမာမှုတွေ ရှိတယ်ဆိုပြီး အတိုက်အခံ နိုင်ငံရေးပါတီတချို့က ကန့်ကွက်နေပေမဲ့ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိတဲ့ စွပ်စွဲချက်အဖြစ် ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချလိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

တနင်္ဂနွေနေ့က ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲမှာ အားနည်းချက်တွေ မသမာမှုတွေ ရှိတာကြောင့် ရလဒ်တွေကို လက်မခံနိုင်ဘူးဆိုပြီး နိုင်ငံရေးပါတီတချို့က ကန့်ကွက်နေတာကို ကော်မရှင်က ပယ်ချလိုက်တာပါ။ နိုင်ငံရေး ပါတီတချို့ရဲ့ စွပ်စွဲချက်တွေဟာ ခိုင်လုံတဲ့ အထောက်အထား မရှိဘဲ ပြောဆိုချက်အဖြစ်နဲ့လည်း ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင် က တုံ့ပြန်လိုက်ပါတယ်။

"ဘာကိုအခြေခံပြောသလဲဆိုတာ မပေါ်ပေါက်ဘဲနဲ့ ဘာမှပြောစရာမရှိဘူး။ ဒီလိုယေဘူယျ ဒီလို စွပ်စွဲတာက ဘာမှပြောစရာ မရှိဘူး။ အဲဒီလိုပဲ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီ ၃ ခုကကြိုဆိုတယ်၊ ထောက်ခံတယ်၊ လက်ခံတယ်၊ ထုတ်ပြန်ထားတယ်။ ဒီမိုကရေစီ ကျင့်စဉ်၊ အလေ့အထမှာ ဒီတိုင်းပဲ ရှိမယ်။ ယှဉ်ပြိုင်တဲ့ ပါတီကြီး ၃ ခု လောက်ရှိတယ်၊ ကျန်တဲ့ပါတီတွေလည်း လက်ခံတဲ့ ပါတီတွေလည်း ရှိကြပါတယ်။"

ကိုဗစ်ကပ်ရောဂါကာလ ကန့်သတ်ချက်တွေကြား ကျင်းပတဲ့ ရွေးကောက်ပွဲမှာ အားနည်းချက်တချို့ ရှိခဲ့ပေမဲ့ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ကြောင်းလည်း ရွေးကောက်ပွဲ ကော်မရှင်က ပြောဆိုထားပါတယ်။ ဒါပေမဲ့လည်း အတိုက်အခံ နိုင်ငံရေးပါတီ တချို့ကတော့ ရွေးကောက်ပွဲရလဒ်ကို လက်မခံဖို့အထိ ကန့်ကွက်တာတွေလည်း ရှိနေပါတယ်။ အဓိက အတိုက်အခံနိုင်ငံရေးပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကလည်း ရန်ကုန်မြို့မှာ ဒီနေ့ပဲ သတင်းစာရှင်းလင်းပွဲ ကျင်းပအပြီး ရွေးကောက်ပွဲ ရလဒ်တွေကို ကန့်ကွက်ကြောင်း ပြောဆိုခဲ့ပါတယ်။ ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဦးစံကျော်ကတော့ ကန့်ကွက်မှု အပေါ်ခုလိုပြောပြပါတယ်။

"ကျနော်တို့ ပါတီအနေနဲ့က တရားမျှတတဲ့ ရွေးကောက်ပွဲပဲ အဓိကပြောနေတာပေါ့နော်။ နယ်တွေနဲ့ အနယ်နယ် အရပ်ရပ်မှာ ဖြစ်နေတာတွေက မဲတွေပိုနေတာတွေ၊ တရားမဲ့ ပြုကျင့်မှုလုပ်နေတာတွေက တကယ်တမ်းတော့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆောင်ရွက်တဲ့ လုပ်ငန်းစဉ်ပေါ် အားနည်းချက်တွေရှိတာကိုပါပဲ။ အဲဒါလေးပါ တကယ်ကတော့ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ပြောတာပါ။"

ဒီကနေ့ နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တဲ့ ရွေးကောက်ပွဲကော်မရှင်ရုံး အပြင်ဘက်မှာလည်း လူတချို့က ကန့်ကွက်ဆန္ဒပြခဲ့ကြတာကြောင့် လုံခြုံရေးတိုးမြှင့်ခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။

တနင်္ဂနွေနေ့ ရွေးကောက်ပွဲ မတိုင်ခင်မှာလည်း ပြင်ဆင်မှုတွေ အားနည်းကြောင်းနဲ့ လွတ်လပ်မျှတမှု အခြေအနေတွေအပေါ် စိုးရိမ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောဆိုခဲ့ရာက အစိုးရနဲ့ စစ်တပ်ကြား အပြန်အလှန် တုံ့ပြန်မှုတွေလည်း ရှိခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ လတ်တလော မဲရလဒ်တွေအရ အာဏာရ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အများစု အနိုင်ရထားကြောင်း ပါတီ တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်ကတော့ မဲပေးခွင့်ရှိသူ ၃၇ သန်းကျော်မှာ မဲပေးသူ ၇၀ ရာခိုင်နှုန်းရှိတယ်လို့လည်း ခန့်မှန်းထားပြီး မဲရလဒ်တွေအားလုံးကိုလည်း မကြာမီ ထုတ်ပြန်ဖို့ စီစဉ်နေတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောပါတယ်။

"ဒီ တပတ်အတွင်း ထုတ်ပြန်ပါမယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲက ၁၀ ရက်ကြာပါတယ်။ ၁၀ ရက်ကြာပြီးတယ်။ ကျနော်တို့က ခု ၅ ရက်၊ အများဆုံး ၇ ရက် ဒီလောက်နဲ့ ပြီးစီးအောင် ဆောင်ရွက်နေပါတယ်။ ၃၀ ရာခိုင်နှုန်းပြီးပါပြီ။ ၃၀၀ ကျော်ကြေငြာပေး ပြီးနေပါပြီ။"

ရွေးကောက်ပွဲစောင့်ကြည့် အကဲခတ်အဖွဲ့တွေကတော့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ အားနည်းချက်တွေ ရှိခဲ့ပေမဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လွတ်လပ်မျှတမှုရှိရှိ ဆောင်ရွက်နိုင်ခဲ့တာ တွေ့ရကြောင်းနဲ့ ရွေးကောက်ပွဲရလဒ်အပေါ် ကြီးကြီးမားမား ထိခိုက်လောက်အောင် ပြဿနာ မရှိခဲ့ကြောင်းလည်း ပြောဆိုထားကြပါတယ်။

တနင်္ဂနွေနေ့က ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲ အပေါ်မှာတော့ အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ (EU) နဲ့ ဂျပန်နိုင်ငံတို့ကလည်း ချီးကျုးစကား ပြောဆိုခဲ့ကြသလို၊ စိုးရိမ်တဲ့ သဘောထားတွေကိုလည်း ပြောဆိုခဲ့ကြတာပါ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပေယို ကလည်း ကပ်ရောဂါကာလမှာ သန်းနဲ့ချီတဲ့ မြန်မာပြည်သူတွေ မဲပေးခဲ့ကြတဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီကို ဦးတည်တဲ့ ခြေလှမ်းအဖြစ် ချီးကျုးစကား ပြောကြားခဲ့ပေမဲ့ နိုင်ငံရေး လွတ်လပ်ခွင့်တွေနဲ့ အားလုံးပါဝင်ခွင့်ရရေး စိုးရိမ်စရာတွေ ရှိနေဆဲဖြစ်ကြောင်းလည်း ပြောကြားထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG