(Zawgyi/Unicode)
ႏို၀င္ဘာလ (၈)ရက္ေန႔မွာက်င္းပတဲ့ ျမန္မာေရြးေကာက္ပဲြ ဟာ ဒီမိုကေရစီအသြင္ကူးေျပာင္းေရးမွာ ေနာက္ထပ္ေျခလွမ္းအျဖစ္ ေမွ်ာ္လင့္ေၾကာင္း အေမရိကန္ အထက္လႊတ္ေတာ္ လူမ်ားစုေခါင္းေဆာင္ ရီပါပလင္ကန္ အမတ္ Mitch McConnell က မေန႔ အဂၤါေန႔က ေျပာၾကားလိုက္ပါတယ္။
”တနဂၤေႏြေန႔က ျမန္မာႏိုင္ငံမွာ ေ႐ြးေကာက္ပြဲက်င္းပခဲ့ပါတယ္။ ဒါဟာ ဒီမိုကေရစီနဲ႔ ပိုမိုသာယာ၀ေျပာတဲ့ အနာဂတ္ဆီကို ဦးတည္တဲ့ေနာက္ထပ္ေျခလွမ္းတခုျဖစ္လိမ့္မယ္လို႔ က်ေနာ္တို႔ ေမွ်ာ္လင့္ထားပါတယ္။”
ဒါအျပင္ ႏွစ္ေပါင္းမ်ားစြာျပည္သူေတြကုိ ဖိႏွိပ္ခဲ့တဲ့ စစ္အုပ္ခ်ုပ္မႈဟာ ဒီကေန႔အခ်ိန္ထိ ျမန္မာႏိုင္ငံမွာ လႊမ္းမိုးေနဆဲျဖစ္ၿပီး တိုးတက္မႈေတြကို အဟန္႕အတားျဖစ္ေစတယ္လို႔ Kentucky ျပည္နယ္ ရီပါပလင္ကန္အထက္လႊတ္ေတာ္အမတ္ McConnell က အထက္လႊတ္ေတာ္မွာ ေျပာၾကားခဲ့ပါတယ္။
” လႊတ္ေတာ္ထဲမွာ စစ္တပ္က ၂၅ ရာခိုင္ႏႈန္းယူထားတဲ့ ႏိုင္ငံအေၾကာင္းေျပာေနရတာပါ။ ဒါဟာ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရးအတြက္ အတားအဆီးတခုျဖစ္ပါတယ္။”
လက္ရွိျမန္မာႏိုင္ငံမွာ ေရြးေကာက္ပဲြနဲ႔အတူ အျခားစိန္ေခၚမႈေတြျဖစ္တဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႔အစည္းေတြနဲ႔မၿပီးဆံုးေသးတဲ့ ပဋိပကၡေတြ၊ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈ ကပ္ေရာဂါ ရင္ဆိုင္ေနရတဲ့ အေျခအေနေတြ၊ ခရိုနီစီးပြားေရးလုပ္ငန္းေတြ နဲ႔ ပတ္သက္လို႔လည္း Mitch McConnell က ေထာက္ျပေျပာဆိုသြားပါတယ္။
လက္ရွိ ျမန္မာႏိုင္ငံမွာ တိုင္းရင္းသားလူမ်ဳိးစုေတြနဲ႔ စစ္မွန္တဲ့ အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးရရွိဖို႔နဲ႔ စီးပြားေရးအရ ေနာက္ထပ္ျပဳျပင္ေျပာင္းလဲေရးေတြလိုအပ္ေနေၾကာင္းလည္း အေမရိကန္အထက္ လႊတ္ေတာ္အမတ္က ေျပာၾကားခဲ့ပါတယ္။
တရုတ္ၾသဇာလႊမ္းမိုးမႈကိုလည္း ျမန္မာႏိုင္ငံအေနနဲ႔ ကာကြယ္ဖို႔လိုေၾကာင္းလည္း သူက ဆိုပါတယ္။ ရခိုင္ျပည္နယ္အေရးနဲ႔ ပတ္သက္လို႔လည္း ရက္စက္ၾကမ္းၾကဳတ္တဲ့ က်ဴးလြန္မႈေတြအတြက္ တာ၀န္ခံမႈ တာ၀န္ယူမႈရွိဖို႔လိုအပ္ေၾကာင္းလည္း Mitch McConnell က တိုက္တြန္းသြားပါတယ္။
ႏွစ္ေပါင္းအတန္ၾကာကတည္းက ရင္းႏွီးခဲ့တဲ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သူ႔ရဲ႕ပါတီ ေရြးေကာက္ပဲြမွာ အႏိုင္ရၿပီးတဲ့ေနာက္မွာ ျမန္မာႏိုင္ငံမွာ ျပဳျပင္ေျပာင္းလဲေရးေတြကို တစိုက္မတ္မတ္ ေဆာင္ရြက္သြားမယ္လို႔ ေမွ်ာ္လင့္မိေၾကာင္း Mitch McConnell ကေျပာၾကားခဲ့ပါတယ္။
................
NLD အနိုင်ရပြီး ဒီမိုကရေစီရေးရှေ့တိုးနိုင်ဖို့ ကန်အထက်လွှတ်တော်အမတ် Mitch McConnell မျှော်လင့်
(Unicode)
နိုဝင်ဘာလ (၈)ရက်နေ့မှာကျင်းပတဲ့ မြန်မာရွေးကောက်ပွဲ ဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ နောက်ထပ်ခြေလှမ်းအဖြစ် မျှော်လင့်ကြောင်း အမေရိကန် အထက်လွှတ်တော် လူများစုခေါင်းဆောင် ရီပါပလင်ကန် အမတ် Mitch McConnell က မနေ့ အင်္ဂါနေ့က ပြောကြားလိုက်ပါတယ်။
”တနင်္ဂနွေနေ့က မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပခဲ့ပါတယ်။ ဒါဟာ ဒီမိုကရေစီနဲ့ ပိုမိုသာယာဝပြောတဲ့ အနာဂတ်ဆီကို ဦးတည်တဲ့နောက်ထပ်ခြေလှမ်းတခုဖြစ်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။”
ဒါအပြင် နှစ်ပေါင်းများစွာပြည်သူတွေကို ဖိနှိပ်ခဲ့တဲ့ စစ်အုပ်ချုပ်မှုဟာ ဒီကနေ့အချိန်ထိ မြန်မာနိုင်ငံမှာ လွှမ်းမိုးနေဆဲဖြစ်ပြီး တိုးတက်မှုတွေကို အဟန့်အတားဖြစ်စေတယ်လို့ Kentucky ပြည်နယ် ရီပါပလင်ကန်အထက်လွှတ်တော်အမတ် McConnell က အထက်လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။
” လွှတ်တော်ထဲမှာ စစ်တပ်က ၂၅ ရာခိုင်နှုန်းယူထားတဲ့ နိုင်ငံအကြောင်းပြောနေရတာပါ။ ဒါဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အတားအဆီးတခုဖြစ်ပါတယ်။”
လက်ရှိမြန်မာနိုင်ငံမှာ ရွေးကောက်ပွဲနဲ့အတူ အခြားစိန်ခေါ်မှုတွေဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့မပြီးဆုံးသေးတဲ့ ပဋိပက္ခတွေ၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကပ်ရောဂါ ရင်ဆိုင်နေရတဲ့ အခြေအနေတွေ၊ ခရိုနီစီးပွားရေးလုပ်ငန်းတွေ နဲ့ ပတ်သက်လို့လည်း Mitch McConnell က ထောက်ပြပြောဆိုသွားပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးစုတွေနဲ့ စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိဖို့နဲ့ စီးပွားရေးအရ နောက်ထပ်ပြုပြင်ပြောင်းလဲရေးတွေလိုအပ်နေကြောင်းလည်း အမေရိကန်အထက် လွှတ်တော်အမတ်က ပြောကြားခဲ့ပါတယ်။
တရုတ်သြဇာလွှမ်းမိုးမှုကိုလည်း မြန်မာနိုင်ငံအနေနဲ့ ကာကွယ်ဖို့လိုကြောင်းလည်း သူက ဆိုပါတယ်။ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့လည်း ရက်စက်ကြမ်းကြုတ်တဲ့ ကျူးလွန်မှုတွေအတွက် တာဝန်ခံမှု တာဝန်ယူမှုရှိဖို့လိုအပ်ကြောင်းလည်း Mitch McConnell က တိုက်တွန်းသွားပါတယ်။
နှစ်ပေါင်းအတန်ကြာကတည်းက ရင်းနှီးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ပါတီ ရွေးကောက်ပွဲမှာ အနိုင်ရပြီးတဲ့နောက်မှာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေကို တစိုက်မတ်မတ် ဆောင်ရွက်သွားမယ်လို့ မျှော်လင့်မိကြောင်း Mitch McConnell ကပြောကြားခဲ့ပါတယ်။