သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မြန္ညီၫြတ္ေရးပါတီ လႊတ္ေတာ္ေနရာေတြ ပိုရလာ


မြန္ညီညြတ္ေရးပါတီကို ေထာက္ခံသူမ်ားကို သထံုၿမိဳ႕မွာ ေတြ႔ရ။ (ဓာတ္ပံု - Mon Unity Party - Central - ေအာက္တိုဘာ ၁၈၊ ၂၀၂၀)

[Zawgyi/Unicode]

၂၀၂၀ ေရြးေကာက္ပြဲမွာ ကနဦးမဲရလဒ္ေတြအရ မြန္ျပည္နယ္မွာ မြန္ညီညြတ္ေရးပါတီက လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းေတြ အရင္ထက္ပုိၿပီး အႏိုင္ရခဲ့တာေၾကာင့္ ႏိုင္ငံေရးေရွ႕အလားအလာ ဘယ္လိုရွိလာမလဲဆိုတာ တင္ျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုႏိုင္ကြန္းအိန္က သတင္းေပးပို႔ထားပါတယ္။

တနဂၤေႏြေန႔ ေရြးေကာက္ပြဲမွာေတာ့ မြန္ျပည္နယ္အေျခစိုက္ မြန္ညီညြတ္ေရးပါတီဟာ လႊတ္ေတာ္ကိုယ္စားလွယ္ ၁၁ ေနရာနဲ႔ ကရင္ျပည္နယ္မွာ မြန္တိုင္းရင္းသားေရးရာ ၀န္ၾကီးတေနရာ အနိုင္ရရွိခဲ့ပါတယ္။ လႊတ္ေတာ္မွာ ေနရာရလာတာနဲ႔အမွ် ႏုိင္ငံေရး လႈပ္ရွားမႈေတြကုိ လႊတ္ေတာ္တြင္းမွာေရာ၊ ျပင္ပမွာပါ အရွိန္ျမွင့္ေဆာင္ရြက္ဖုိ႔လည္း ရည္ရြယ္ထားတယ္လုိ႔ မြန္ညီညြတ္ေရးပါတီ အတြင္းေရးမွဴး (၁) နိုင္လယီတမကေျပာပါတယ္။

“ဒီလာမယ့္ နိုင္ငံေရးအခင္းအက်င္းမွာ မူလက ပါတီရဲ႕ရပ္တည္ခ်က္ပါ လႊတ္ေတာ္နိုင္ငံေရးလမ္းေၾကာင္းနဲ႔ လႊတ္ေတာ္ ျပင္ပနုိင္ငံေရးလမ္းေၾကာင္းကို ႏွစ္လမ္းစလုံးသြားဖို႔ ရွိတယ္။ လႊတ္ေတာ္အတြင္းမွာဆိုလို႔ရွိရင္ အဓိက ၂၀၀၈ အေျခခံဥပေဒျပင္ဆင္ေရးအတြက္ကို တိုင္းရင္းသားအင္အားစုေတြနဲ႔ ဒီမိုုကရက္တစ္အင္အားစုေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ျပီး ေတာ့ အဲဒီအေျခခံဥပေဒျပင္ဆင္နိုင္ေရး က်ေနာ္တုိ႔ လႊတ္ေတာ္အတြင္းမွာ ၾကိဳးပမ္းမယ္။ လႊတ္ေတာ္ျပင္ပမွာ ၂၁ ရာစု ပင္လုံညီလာခံ ကဲသို႔ေသာ အားလုံးပါ၀င္တဲ့ နိုင္ငံေရးေဆြးေႏြးပြဲမွာ ဖက္ဒရယ္ျပည္ေထာင္စုရဲ႕ အေျခခံမူကို တည္ေဆာက္နိုင္ဖို႔အတြက္ က်ေနာ္တို႔ ရည္မွန္းထားတယ္။”

မြန္ညီညြတ္ေရးပါတီဟာ ေရြးေကာက္ပြဲအလြန္မွာ ညြန္႔ေပါင္းအစိုးရဖြဲ႕စည္းနိုင္ဖို႕ ရည္ရြယ္ခ်က္ေတြရွိေနတယ္လို႔လည္း နိုင္လယီတမက ေျပာပါတယ္။

“ညြန္႔ေပါင္းအစိုးရဆိုတာက က်ေနာ္တို႔ ႏိုင္ငံရဲ႕ နိုင္ငံေရးလိုအပ္ခ်က္တခုလို႔ အနိုင္ရတဲ့ပါတီက အဲဒီလိုရပ္တည္ခ်က္ ရွိခဲ့မယ္ဆိုရင္ေတာ့ ညြန္႔ေပါင္းအစိုးရေတာ့ျဖစ္ေကာင္းျဖစ္လာနိုင္မယ္။ သို႔ေသာ္ အနိုင္ရပါတီက ဒီရပ္တည္ခ်က္ ဒီခံယူခ်က္ မရွိဘူးဆိုလို႔ရွိရင္ေတာ့ ညြန္႔ေပါင္းဖြဲ႕စည္းနိုင္ေရး အလားအလာက နည္းပါးသြားပါလိမ့္မယ္။”

ၿမိဳ႕နယ္ေကာ္မရွင္ေတြရဲ႕ ထုတ္ျပန္ခ်က္အရ မြန္ညီညြတ္ေရးပါတီက ျပည္သူ႔လႊတ္ေတာ္နဲ႕အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ၅ ေနရာ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ၆ ေနရာနဲ႔ ကရင္ျပည္နယ္ မြန္တိုင္းရင္းသားေရးရာ ၀န္ၾကီး တေနတရာအနိုင္ရရွိခဲ့ပါတယ္။

ဒါဟာ အရင္ ၂၀၁၅ ေရြးေကာကိပြဲတုန္းက မြန္ပါတီေတြ ၄ ေနရာသာ အနိုင္ရရွိလာရာကေန တိုးတက္လာတဲ့ အေျခအေနရွိလာတာပါ။

ဒီ ၂၀၂၀ ေရြးေကာက္ပြဲမွာ တိုင္းရင္းသားပါတီေတြ ယွဥ္ျပိဳင္မႈ အားေကာင္းလာတယ္လို႔ မြန္နိုင္ငံေရးအနီးကပ္ ေလ့လာေစာင့္ၾကည့္သူ နိုင္မင္းမင္းႏြယ္ကေျပာပါတယ္။

“သူတို႕ရဲ႕ျပည္နယ္ သူတို႔ရဲ႕ လူမ်ိဳးစုအတြက္ အခြင့္အေရးေတြ အရပ္ရပ္ကို ဒီတပါတီၾကီးက ၾကီးစိုးျပီးေတာ့ စီမံခန္႔ခြဲေပးေနတာကို အားမလို၊ အားမရ ျဖစ္တဲ့အခါက်ေတာ့ သူတို႔ဟာသူတို႔ ကိုယ့္ပါတီအနိုင္ရရွိေရး ကိုယ့္ေဒသက ကိုယ္စားလွယ္နဲ႔ပဲ စီမံခန္႔ခြဲဖို႔အတြက္ ဒါကိုသူတို႔က အားပါလာတဲ့ အေနအထားမ်ိဳးေတြ႔ရတယ္။ တိုင္းရင္းသားပါတီေတာ္ေတာ္မ်ားမ်ားက ဒီေရြးေကာက္ပြဲမွာ ရုန္းကန္လာျပီးေတာ့ မဲအနိုင္ရရွိဖို႔အတြက္ကို တြန္းတြန္း တိုက္တိုက္လုပ္လာတာကို ေတြ႕ရတယ္။”

ဒါေပမဲ့ေရြးေကာက္ပြဲမွာေတာ့ တနိုင္လုံး အတိုင္းအတာအရ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ကေန အမ်ားဆုံး အနိုင္ရရွိေနတာေၾကာင့္ NLD ကပဲ အစိုးရဖြဲ႕နိုင္မယ့္ အေျခအေနမွာရွိေနတာပါ။

ေရြးေကာက္ပြဲအလြန္ NLD ဦးေဆာင္တဲ့ မြန္ျပည္နယ္အစိုးရအဖြဲ႔နဲ႔ ပူးေပါင္းသြားမလားဆိုတဲ့အေပၚ မြန္ညီညြတ္ေရး ပါတီအတြင္းေရးမွဴး ၁ နိုင္လယီတမက အခုလိုေျပာပါတယ္။

“အဲဒါက တကယ္တမ္း ကမ္းလွမ္းလာခဲ့မယ္ဆိုရင္ေတာ့ က်ေနာ္တို႔ ႏွစ္ဘက္ပါတီရဲ႕ ေျပာဆိုေဆြးေႏြးမႈ သေဘာတူညီမႈအရေတာ့ ျဖစ္လာလိမ့္မယ္။ ေလာေလာဆယ္ေတာ့ စဥ္းစားမႈေတြက မရွိေသးတဲ့အခါက်ေတာ့ ေျပာဖို႔ နည္းနည္း ေစာပါေသးတယ္။”

ျပီးခဲ့တဲ့ ၂၀၁၅ အစိုးရသက္တမ္းကာလအတြင္း NLD ကေန တိုင္းရင္းသားအေရးကိစၥနဲ႔ ပက္သက္ျပီး ကိုင္တြယ္ေျဖရွင္းပုံ အားနည္းခဲ့တာေၾကာင့္ ျပည္နယ္တခ်ဳိ႕မွာ တိုင္းရင္းသားႏုိင္ငံေရး အင္အားစုေတြနဲ႔ တင္းမာမႈေတြလည္း ရွိခဲ့့ပါတယ္။

ေရြးေကာက္ပဲြလြန္ကာလမွာလည္း အမ်ားစုျဖစ္လာမယ္လုိ႔ ခန္႔မွန္းထားတဲ့ NLD ပါတီ အေနနဲ႔ တုိင္းရင္းသားေတြနဲ႔ ေစ့စပ္ညွိႏႈိင္းမႈေတြ အားနည္းေနဦးမယ္ဆုိရင္ေတာ့ ႏုိင္ငံေရးအရ အားၿပိဳင္မႈေတြ ရွိႏုိင္တယ္လုိ႔ နိုင္မင္းမင္းႏြယ္က သုံးသပ္ပါတယ္။

“ငါတို႔ပဲနိုင္တယ္၊ ငါတို႔ ပါတီၾကီးပဲ ၾကိဳက္သလိုလုပ္မယ္ဆိုရင္ေတာ့ လႊတ္ေတာ္မွာေတာ့တိုင္းရင္းသားေတြက အတိုက္ခံအင္အားစု တရပ္အေနနဲ႔ ရပ္ခံျပီးေတာ့ တြန္းတြန္းတိုက္တိုက္ျဖစ္သြားမယ့္ သေဘာမ်ိဳးေတြ႕ေနရတယ္။”

ျပီးခဲ့တဲ့ အစုိးရသက္တမ္းအတြင္း မြန္ျပည္နယ္မွာ လႊတ္ေတာ္နဲ႔ ျပည္နယ္အစိုးရၾကား တင္းမာမႈေတြ ရွိခဲ့သလုိ၊ ဗုိလ္ခ်ဳပ္ေအာင္ဆန္းတံတား၊ ႐ုပ္တု အမည္ေပးတာ၊ တည္ေဆာက္တာေတြေၾကာင့္လည္း ေဒသခံေတြရဲ႕ ဆန္႔က်င္ကန္႔ကြက္မႈေတြနဲ႔လည္း ႀကံဳခဲ့ရတာပါ။ အလားတူ တျခားတုိင္းရင္းသား ေဒသေတြမွာလည္း NLD ပါတီ ဦးေဆာင္တဲ့ ျပည္နယ္အစုိးရေတြနဲ႔ လႊတ္ေတာ္အၾကား အားၿပိဳင္မႈေတြလည္း ရွိခဲ့ဖူးပါတယ္။

မြန္ညီၫြတ္ေရးပါတီ လႊတ္ေတာ္ေနရာေတြ ပိုရလာ
please wait

No media source currently available

0:00 0:04:01 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မွန်ညီညွတ်ရေးပါတီ လွှတ်တော်နေရာတွေ ပိုရလာ

၂၀၂၀ ရွေးကောက်ပွဲမှာ ကနဦးမဲရလဒ်တွေအရ မွန်ပြည်နယ်မှာ မွန်ညီညွတ်ရေးပါတီက လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ အရင်ထက်ပိုပြီး အနိုင်ရခဲ့တာကြောင့် နိုင်ငံရေးရှေ့အလားအလာ ဘယ်လိုရှိလာမလဲဆိုတာ တင်ပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

တနင်္ဂနွေနေ့ ရွေးကောက်ပွဲမှာတော့ မွန်ပြည်နယ်အခြေစိုက် မွန်ညီညွတ်ရေးပါတီဟာ လွှတ်တော်ကိုယ်စားလှယ် ၁၁ နေရာနဲ့ ကရင်ပြည်နယ်မှာ မွန်တိုင်းရင်းသားရေးရာ ဝန်ကြီးတနေရာ အနိုင်ရရှိခဲ့ပါတယ်။ လွှတ်တော်မှာ နေရာရလာတာနဲ့အမျှ နိုင်ငံရေး လှုပ်ရှားမှုတွေကို လွှတ်တော်တွင်းမှာရော၊ ပြင်ပမှာပါ အရှိန်မြှင့်ဆောင်ရွက်ဖို့လည်း ရည်ရွယ်ထားတယ်လို့ မွန်ညီညွတ်ရေးပါတီ အတွင်းရေးမှူး (၁) နိုင်လယီတမကပြောပါတယ်။

“ဒီလာမယ့် နိုင်ငံရေးအခင်းအကျင်းမှာ မူလက ပါတီရဲ့ရပ်တည်ချက်ပါ လွှတ်တော်နိုင်ငံရေးလမ်းကြောင်းနဲ့ လွှတ်တော် ပြင်ပနိုင်ငံရေးလမ်းကြောင်းကို နှစ်လမ်းစလုံးသွားဖို့ ရှိတယ်။ လွှတ်တော်အတွင်းမှာဆိုလို့ရှိရင် အဓိက ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးအတွက်ကို တိုင်းရင်းသားအင်အားစုတွေနဲ့ ဒီမိုကရက်တစ်အင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး တော့ အဲဒီအခြေခံဥပဒေပြင်ဆင်နိုင်ရေး ကျနော်တို့ လွှတ်တော်အတွင်းမှာ ကြိုးပမ်းမယ်။ လွှတ်တော်ပြင်ပမှာ ၂၁ ရာစု ပင်လုံညီလာခံ ကဲသို့သော အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲမှာ ဖက်ဒရယ်ပြည်ထောင်စုရဲ့ အခြေခံမူကို တည်ဆောက်နိုင်ဖို့အတွက် ကျနော်တို့ ရည်မှန်းထားတယ်။”

မွန်ညီညွတ်ရေးပါတီဟာ ရွေးကောက်ပွဲအလွန်မှာ ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ဖို့ ရည်ရွယ်ချက်တွေရှိနေတယ်လို့လည်း နိုင်လယီတမက ပြောပါတယ်။

“ညွန့်ပေါင်းအစိုးရဆိုတာက ကျနော်တို့ နိုင်ငံရဲ့ နိုင်ငံရေးလိုအပ်ချက်တခုလို့ အနိုင်ရတဲ့ပါတီက အဲဒီလိုရပ်တည်ချက် ရှိခဲ့မယ်ဆိုရင်တော့ ညွန့်ပေါင်းအစိုးရတော့ဖြစ်ကောင်းဖြစ်လာနိုင်မယ်။ သို့သော် အနိုင်ရပါတီက ဒီရပ်တည်ချက် ဒီခံယူချက် မရှိဘူးဆိုလို့ရှိရင်တော့ ညွန့်ပေါင်းဖွဲ့စည်းနိုင်ရေး အလားအလာက နည်းပါးသွားပါလိမ့်မယ်။”

မြို့နယ်ကော်မရှင်တွေရဲ့ ထုတ်ပြန်ချက်အရ မွန်ညီညွတ်ရေးပါတီက ပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၅ နေရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၆ နေရာနဲ့ ကရင်ပြည်နယ် မွန်တိုင်းရင်းသားရေးရာ ဝန်ကြီး တနေတရာအနိုင်ရရှိခဲ့ပါတယ်။

ဒါဟာ အရင် ၂၀၁၅ ရွေးကောကိပွဲတုန်းက မွန်ပါတီတွေ ၄ နေရာသာ အနိုင်ရရှိလာရာကနေ တိုးတက်လာတဲ့ အခြေအနေရှိလာတာပါ။

ဒီ ၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေ ယှဉ်ပြိုင်မှု အားကောင်းလာတယ်လို့ မွန်နိုင်ငံရေးအနီးကပ် လေ့လာစောင့်ကြည့်သူ နိုင်မင်းမင်းနွယ်ကပြောပါတယ်။

“သူတို့ရဲ့ပြည်နယ် သူတို့ရဲ့ လူမျိုးစုအတွက် အခွင့်အရေးတွေ အရပ်ရပ်ကို ဒီတပါတီကြီးက ကြီးစိုးပြီးတော့ စီမံခန့်ခွဲပေးနေတာကို အားမလို၊ အားမရ ဖြစ်တဲ့အခါကျတော့ သူတို့ဟာသူတို့ ကိုယ့်ပါတီအနိုင်ရရှိရေး ကိုယ့်ဒေသက ကိုယ်စားလှယ်နဲ့ပဲ စီမံခန့်ခွဲဖို့အတွက် ဒါကိုသူတို့က အားပါလာတဲ့ အနေအထားမျိုးတွေ့ရတယ်။ တိုင်းရင်းသားပါတီတော်တော်များများက ဒီရွေးကောက်ပွဲမှာ ရုန်းကန်လာပြီးတော့ မဲအနိုင်ရရှိဖို့အတွက်ကို တွန်းတွန်း တိုက်တိုက်လုပ်လာတာကို တွေ့ရတယ်။”

ဒါပေမဲ့ရွေးကောက်ပွဲမှာတော့ တနိုင်လုံး အတိုင်းအတာအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကနေ အများဆုံး အနိုင်ရရှိနေတာကြောင့် NLD ကပဲ အစိုးရဖွဲ့နိုင်မယ့် အခြေအနေမှာရှိနေတာပါ။

ရွေးကောက်ပွဲအလွန် NLD ဦးဆောင်တဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့နဲ့ ပူးပေါင်းသွားမလားဆိုတဲ့အပေါ် မွန်ညီညွတ်ရေး ပါတီအတွင်းရေးမှူး ၁ နိုင်လယီတမက အခုလိုပြောပါတယ်။

“အဲဒါက တကယ်တမ်း ကမ်းလှမ်းလာခဲ့မယ်ဆိုရင်တော့ ကျနော်တို့ နှစ်ဘက်ပါတီရဲ့ ပြောဆိုဆွေးနွေးမှု သဘောတူညီမှုအရတော့ ဖြစ်လာလိမ့်မယ်။ လောလောဆယ်တော့ စဉ်းစားမှုတွေက မရှိသေးတဲ့အခါကျတော့ ပြောဖို့ နည်းနည်း စောပါသေးတယ်။”

ပြီးခဲ့တဲ့ ၂၀၁၅ အစိုးရသက်တမ်းကာလအတွင်း NLD ကနေ တိုင်းရင်းသားအရေးကိစ္စနဲ့ ပက်သက်ပြီး ကိုင်တွယ်ဖြေရှင်းပုံ အားနည်းခဲ့တာကြောင့် ပြည်နယ်တချို့မှာ တိုင်းရင်းသားနိုင်ငံရေး အင်အားစုတွေနဲ့ တင်းမာမှုတွေလည်း ရှိခဲ့ပါတယ်။

ရွေးကောက်ပွဲလွန်ကာလမှာလည်း အများစုဖြစ်လာမယ်လို့ ခန့်မှန်းထားတဲ့ NLD ပါတီ အနေနဲ့ တိုင်းရင်းသားတွေနဲ့ စေ့စပ်ညှိနှိုင်းမှုတွေ အားနည်းနေဦးမယ်ဆိုရင်တော့ နိုင်ငံရေးအရ အားပြိုင်မှုတွေ ရှိနိုင်တယ်လို့ နိုင်မင်းမင်းနွယ်က သုံးသပ်ပါတယ်။

“ငါတို့ပဲနိုင်တယ်၊ ငါတို့ ပါတီကြီးပဲ ကြိုက်သလိုလုပ်မယ်ဆိုရင်တော့ လွှတ်တော်မှာတော့တိုင်းရင်းသားတွေက အတိုက်ခံအင်အားစု တရပ်အနေနဲ့ ရပ်ခံပြီးတော့ တွန်းတွန်းတိုက်တိုက်ဖြစ်သွားမယ့် သဘောမျိုးတွေ့နေရတယ်။”

ပြီးခဲ့တဲ့ အစိုးရသက်တမ်းအတွင်း မွန်ပြည်နယ်မှာ လွှတ်တော်နဲ့ ပြည်နယ်အစိုးရကြား တင်းမာမှုတွေ ရှိခဲ့သလို၊ ဗိုလ်ချုပ်အောင်ဆန်းတံတား၊ ရုပ်တု အမည်ပေးတာ၊ တည်ဆောက်တာတွေကြောင့်လည်း ဒေသခံတွေရဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေနဲ့လည်း ကြုံခဲ့ရတာပါ။ အလားတူ တခြားတိုင်းရင်းသား ဒေသတွေမှာလည်း NLD ပါတီ ဦးဆောင်တဲ့ ပြည်နယ်အစိုးရတွေနဲ့ လွှတ်တော်အကြား အားပြိုင်မှုတွေလည်း ရှိခဲ့ဖူးပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG