သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၀၂၀ ေရြးေကာက္ပဲြ တပ္မေတာ္သားေတြ ဘယ္ပါတီကို မဲေပးခဲ့ၾကသလဲ


မွတ္တမ္းဓါတ္ပံု- ၂၀၁၆ ဇန္န၀ါရီ ၄ ရက္ေန႔က လြတ္လပ္ေရးေန႔အတြက္ စစ္ေရးျပေနေသာ တပ္မေတာ္သားမ်ား

(Zawgyi/Unicode)

၂၀၂၀ ေရြးေကာက္ပဲြမွာ ျပည္ေထာင္စု အစိုးရအဆင့္ထိ ဖဲြ႔ဖို႔ အႏိုင္ရဖို႔ရွိေနတဲ့ NLD ပါတီကို တပ္မေတာ္သားေတြဘက္ကေရာ မဲေပးခဲ့ၾကသလား။ NLD ဦးေဆာင္ဖို႔ရွိေနတဲ့ အရပ္သားအစိုးရ လာမယ့္ ငါးႏွစ္သက္တမ္းအတြင္း အရပ္ဘက္ စစ္ဘက္ ဆက္ဆံေရး အားၿပိဳင္မႈေတြ ဘယ္လိုရွိမလဲ။ ၿငိမ္းခ်မ္းေရးနဲ႔ လံုၿခံဳေရး သုေတသနအဖဲြ႔ျဖစ္တဲ့ The Stimson Center ရဲ႕သုေတသီ ကိုအမရ သီဟကို မအင္ၾကင္းႏိုင္က Skype ကေန ဆက္သြယ္ေမးျမန္းထားပါတယ္။

ေမး။ ။ အခုျမန္မာႏိုင္ငံမွာ ေရြးေကာက္ပြဲ အေျခအေနက ဘယ္လိုရွိေနၿပီလဲရွင့္။

ေျဖ။ ။ UEC က တရား၀င္ ေၾကညာထားတာ မရွိေပမယ့္ က်ေနာ္တို႔ ေျမျပင္သတင္းေတြနဲ႔ေရာ လက္ရွိအေျခအေနအရေတာ့ လိုအပ္တဲ့ ၃၂၀ ကို ေက်ာ္ၿပီးေတာ့ ၄၀၀ နီးပါးကပ္ေနၿပီ။ ၄၀၀ ေက်ာ္တယ္လို႔ ေျပာတဲ့လူေတြလည္းရွိပါတယ္။ ဒါေပမယ့္ ေသခ်ာတဲ့အေျခအေန တခုကေတာ့ NLD က ဗဟိုအစိုးရကေနၿပီးေတာ့ ၊ ျပည္ေထာင္စုအစိုးရအဆင့္ကို လြတ္လြတ္ကၽြတ္ကၽြတ္ ဖြင့္ႏိုင္ၿပီလို႔ ေျပာလိုရပါတယ္ခင္ဗ်။

ေမး။ ။ အခုလို NLD ကေနၿပီးေတာ့ လံု၀ကို သူတို႔ အစိုးရ ဖြဲ႔ႏိုင္တဲ့ အေနအထားထိ ေရာက္ႏိုင္မယ္ဆိုရင္ အခုလာမယ့္ ျမန္မာႏိုင္ငံမွာ အုပ္ခ်ဳပ္ႏိုင္မယ့္ အေျခအေနေပါ့ ဘာျဖစ္လို႔လဲဆိုေတာ ့တဖက္မွာလည္း ျမန္မာ့တပ္မေတာ္နဲ႔ အားၿပိဳင္ေနရတဲ့ အပိုင္းလည္းရွိသလို လႊတ္ေတာ္ထဲမွာလည္း သူတို႔က ၂၅ ရာခိႈင္ႏႈန္းပါေနတဲ့ အခါက်ေတာ့ အခင္းအက်င္းေတြက ဘယ္လို ဆက္ျဖစ္လာဦးမလဲရွင့္။

ေျဖ။ ။ အဓိကေတာ့ ၂ ခုေပါ့ေနာ္ ပထမတခုကေတာ့ အရင္အတိုင္းပဲ စစ္တပ္ကေတာ့ ဆက္ရွိေနမယ္။ ဒါေပမယ့္ အစိုးရ ဖြဲ႔ဖို႔ကိုလည္း အဟန္႔အတားကို လုပ္မယ္မထင္ဘူး ဘာျဖစ္လို႔လဲဆိုေတာ့ တပ္ခ်ဳပ္ကိုယ္တိုင္က လက္ရွိ ေရြးေကာက္ပြဲ ရလဒ္ကို အသိအမွတ္ျပဳပါမယ္လို႔ သူက မဲေပးတဲ့ေနရာမွာလည္း ေျပာခဲ့တဲ့အတြက္ ေရြးေကာက္ပြဲရလဒ္ကလည္း သူက အရင္ ေရြးေကာက္ပြဲမွာ အသိအမွတ္ျပဳခဲ့ၿပီးတဲ့အတိုင္း အခုလည္း သူတို႔ အသိအမွတ္ျပဳမယ့္ အလားအလာရွိတယ္။ ဒါေပမယ့္ တခ်ိန္တည္းမွာပဲ ျပန္ၾကည့္ရင္ လြန္ခဲ့တဲ့ ၅ ႏွစ္အတြင္းမွာက တပ္မေတာ္နဲ႔ ဒီ အာဏာရ ပါတီ အစိုးရေတြၾကားမွာ က်ေနာ္တုိ႔က နည္းနည္းေလး ဟလာခဲ့တာ ျမင္ရတယ္ေပါ့။ ဒီ အရပ္ဘက္ စစ္ဘက္ ဆက္ဆံေရးက အားမေကာင္းလာခဲ့တဲ့အတြက္ က်ေနာ္တို႔က Up coming years ေပါ့ ၊ ေရွ႕လာမယ့္ ႏွစ္ေတြမွာလည္း အရင္ ၅ ႏွစ္အတိုင္း ဆက္သြားမယ္ဆိုရင္ေတာ့ က်ေနာ္တို႔ အရပ္ဘက္ စစ္ဘက္ ဆက္ဆံေရးက အေတာ္ႀကီးကို ဟ သြားမယ္ဆိုတဲ့ အေျခအေနကို က်ေနာ္တို႔ သံုးသပ္လို႔ ရပါတယ္ခင္ဗ်။ ဒါေပမယ့္ တခ်ိန္တည္းမွာပဲ ဒီေန႔ပဲ အခုလြန္ခဲ့တဲ့ မိနစ္ပိုင္းအတြင္းကပဲ တပ္မေတာ္က လက္ရွိ ၿငိမ္းခ်မ္းေရးကို NCA လမ္းေၾကာင္း အတိုင္း ဆက္သြားဖို႔ဆိုၿပီးေတာ့ သက္ဆိုင္ရာ ဒုတိယ ဗိုလ္ခ်ဳပ္ၾကီးေတြကို ေကာ္မတီ ဖြဲ႔ေပးၿပီးေတာ ့ဆက္ၿပီး ညိွႏိႈင္းပါဆိုတဲ့ စာထုတ္တာေတြ႔ရတဲ့အတြက္ တပ္ကေတာ့ ဘယ္အစိုးရျဖစ္ျဖစ္ NCA ကို ဆက္ၿပီးေတာ ့သြားမယ္ဆိုတဲ့ မူ၀ါဒ ရွိပံုရပါတယ္။ ဒီေတာ့ လက္ရွိ ေရွ႕ေလွ်ာက္အခင္းအက်င္းကေတာ့ ပထမတခုက စစ္တပ္က ၂၅ ရာခိုင္ႏႈန္း ဆက္ၿပီးေတာ့ လႊတ္ေတာ္ထဲမွာ ရွိေနမယ္ ၊ ဒုတိယအခ်က္ကေတာ့ သူတို႔သည္ political leverage ကို ဆက္ယူဖို႔အတြက္ သူတို႔သည္ NCA လမ္းေၾကာင္းကေန ဆက္ၿပီး ညိွႏိႈင္းသြားဖို႔နဲ႔ NCA လမ္းေၾကာင္းကို ဆက္ၿပီး တြန္းရမယ္ဆိုတဲ့ ပံုစံမ်ိဳး က်ေနာ္တို႔ ေတြ႔ရပါတယ္ခင္ဗ်။

ေမး။ ။ အဲဒီအခါက်ေတာ့ ဒီ လႊတ္ေတာ္ထဲမွာ အခု တပ္မေတာ္က ခန္႔အပ္မယ့္ ဒုသမၼတ အေနအထားမွာေရာ ဘယ္လိုျမင္သလဲရွင့္။ အခု သတင္းၾကားေနရတာက ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ကိုယ္တိုင္ကလည္း ၆၅ ႏွစ္ျပည့္ၿပီဆုိေတာ့ အဲဒီကေန သူ အၿငိမ္းစားယူၿပီးေတာ့မ်ား ဒုသမၼတျဖစ္လာႏိုင္ဖြယ္ေရာ ရွိလားရွင့္။

ေျဖ။ ။ ပံုမွန္ဆိုရင္ေတာ့ တပ္ခ်ဳပ္ကေန အနားယူၿပီးေတာ့ ဒုသမၼတ၀င္တယ္ဆိုတာေတာ့ ေတာ္ရံုတန္ရံုေတာ့ ရွိမယ္မထင္ဘူး။ ဒါေပမယ့္ တခ်ိန္တည္းမွာပဲ ဒီေရြးေကာက္ပြဲ မတိုင္ခင္က တပ္ခ်ဳပ္ကိုယ္တိုင္က ဒီ ဒုသမၼတနဲ႔ ရာထူးပံုစံတူပါတယ္ဆိုတာ ေျဖရွင္းတာမ်ိဳး ထြက္ထားတာေတြ႔ရတယ္။ တခ်ိန္တည္းမွာပဲ သူက တပ္ခ်ဳပ္ကိုယ္တိုင္က တပ္ကေနၿပီးေတာ့ အနားယူၿပီးေတာ့ ဆက္ၿပီးသြားဖို႔ဆိုတဲ့ဟာမ်ိဳးကလည္း သူက အပိုင္းအျခားတခုရွိလာၿပီျဖစ္တဲ့အတြက္ ဒါက ေမွ်ာ္မွန္းခ်င္ရင္ေတာ့ ေမွ်ာ္မွန္းလို႔ရတဲ့ အေျခအေနမ်ိဳးမွာ ရွိပါတယ္။ ဒါေပမယ့္ ပံုမွန္အေျခအေနမွာကေတာ့ က်ေနာ္တို႔ အေနနဲ႔ လက္ရွိမွာ Retire မလုပ္ေသးသေရြ႕ကေတာ့ က်ေနာ္တို႔က ဒုသမၼတအေနနဲ ႔ ေရြးေကာက္မယ္လို႔ မထင္ပါဘူးခင္ဗ်။ ပံုမွန္တကယ္လို႔ ဒုသမၼတအျဖစ္ ေရြးေကာက္ဖို႔အတြက္ ျပင္ဆင္ေနၿပီဆိုရင္ေတာ့ အခုအခ်ိန္မွာ တပ္မေတာ္အတြင္းမွာ အဆင့္ဆင့္ေျပာင္းလဲဖို႔အတြက္ကို အခ်ိန္ယူရမွာျဖစ္တဲ့အတြက္ ၃ လဆိုတဲ့ အခ်ိန္မွာ က်ေနာ္တို႔အေနနဲ႔ကေတာ့ သိပ္ၿပီးေမွ်ာ္မွန္းထားတာ မရွိပါဘူး။

ေမး။ ။ ဒီအခု ေရြးေကာက္ပြဲမွာ တပ္မေတာ္သားေတြဘက္က မဲေပးတဲ့ေနရာမွာ ထူးျခားခ်က္ကလည္း သူတို႔ မဲရံုေတြက တပ္တြင္းမွာ မဟုတ္ပဲနဲ႔ အျပင္ဘက္မွာ ျဖစ္ေနတဲ့ အပိုင္းလည္း ရွိလာေတာ့ အခုဒီ တပ္မေတာ္သားေတြဘက္က မဲေပးတဲ့အေနအထားေတြေရာ ဘယ္လိုေတြ႔ရသလဲရွင့္။

ေျဖ။ ။ ေနျပည္ေတာ္က လြဲလို႔ က်န္တဲ့ ျပည္နယ္နဲ႔ တိုင္း ၊ ဒီ ျပည္မ ေဒသေတြမွာေပါ့ေလ အဲဒီမွာ တပ္မဲရံုေတြ ေတာ္ေတာ္မ်ားမ်ားက NLD ကို မဲေပးတာေတြ႔ရတယ္။ က်ေနာ္တို႔ တခ်ိဳ႕ တပ္မေတာ္သားေတြကိုလည္း ေမးၾကည့္ေတာ့ သူတို႔အေနနဲ႔ လြတ္လြတ္လပ္လပ္ ေရြးခ်ယ္ၿပီး မဲေပးခြင့္ရွိတယ္ဆိုတာ ေတ႔ြရတယ္ တခ်ိဳ႕ ေျပာသလို Pressure ေပးတယ္ဆိုတာလည္း မရွိဘူးေပါ့ေနာ္။ ဒီေတာ့ တပ္မေတာ္သားေတြအေနနဲ႔ကေတာ့ လက္ရွိအေျခအေနမွွာ လြတ္လြတ္လပ္လပ္ မဲေပးၿပီးေတာ့ ပြင့္လင္းျမင္သာတဲ့ စနစ္တခုေအာက္မွာ မဲေပးခဲ့ရတယ္လို႔ ေျပာပါတယ္ခင္ဗ်။ ဒီေတာ့ တပ္ မေတာ္သားေတြ အေနနဲ႔ကေတာ့ ဒီကိစၥကိုေတာ့ အေတာ္ေလးကို အဆင္ေျပတယ္ေပါ့။ ဒါေပမယ့္ တခ်ိန္တည္းမွာပဲ တပ္မေတာ္သားေတြအေနနဲ႔က တခုေပါ့ေနာ္ မဲဆြယ္တဲ့ ကာလမွာ တပ္မေတာ္ကို ေျပာတာဆိုတာေတြ ရွိလာတဲ့ဟာမ်ိဳးကိုေတာ့ သူတို႔နဲ႔ အေတာ္ေလး အဆင္မေျပဘူး ဆိုတာလည္း ၾကားသိရပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

၂၀၂၀ ရွေးကောက်ပွဲ တပ်မတော်သားတွေ ဘယ်ပါတီကို မဲပေးခဲ့ကြသလဲ

(Unicode)

၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စု အစိုးရအဆင့်ထိ ဖွဲ့ဖို့ အနိုင်ရဖို့ရှိနေတဲ့ NLD ပါတီကို တပ်မတော်သားတွေဘက်ကရော မဲပေးခဲ့ကြသလား။NLD ဦးဆောင်ဖို့ရှိနေတဲ့ အရပ်သားအစိုးရ လာမယ့် ငါးနှစ်သက်တမ်းအတွင်း အရပ်ဘက် စစ်ဘက် ဆက်ဆံရေး အားပြိုင်မှုတွေ ဘယ်လိုရှိမလဲ။ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး သုတေသနအဖွဲ့ဖြစ်တဲ့ The Stimson Center ရဲ့သုတေသီ ကိုအမရ သီဟကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ အခုမြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ အခြေအနေက ဘယ်လိုရှိနေပြီလဲရှင့်။

ဖြေ။ ။ UEC က တရားဝင် ကြေညာထားတာ မရှိပေမယ့် ကျနော်တို့ မြေပြင်သတင်းတွေနဲ့ရော လက်ရှိအခြေအနေအရတော့ လိုအပ်တဲ့ ၃၂၀ ကို ကျော်ပြီးတော့ ၄၀၀ နီးပါးကပ်နေပြီ။ ၄၀၀ ကျော်တယ်လို့ ပြောတဲ့လူတွေလည်းရှိပါတယ်။ ဒါပေမယ့် သေချာတဲ့အခြေအနေ တခုကတော့ NLD က ဗဟိုအစိုးရကနေပြီးတော့ ၊ ပြည်ထောင်စုအစိုးရအဆင့်ကို လွတ်လွတ်ကျွတ်ကျွတ် ဖွင့်နိုင်ပြီလို့ ပြောလိုရပါတယ်ခင်ဗျ။

မေး။ ။ အခုလို NLD ကနေပြီးတော့ လုံဝကို သူတို့ အစိုးရ ဖွဲ့နိုင်တဲ့ အနေအထားထိ ရောက်နိုင်မယ်ဆိုရင် အခုလာမယ့် မြန်မာနိုင်ငံမှာ အုပ်ချုပ်နိုင်မယ့် အခြေအနေပေါ့ ဘာဖြစ်လို့လဲဆိုတော့တဖက်မှာလည်း မြန်မာ့တပ်မတော်နဲ့ အားပြိုင်နေရတဲ့ အပိုင်းလည်းရှိသလို လွှတ်တော်ထဲမှာလည်း သူတို့က ၂၅ ရာခှိုင်နှုန်းပါနေတဲ့ အခါကျတော့ အခင်းအကျင်းတွေက ဘယ်လို ဆက်ဖြစ်လာဦးမလဲရှင့်။

ဖြေ။ ။ အဓိကတော့ ၂ ခုပေါ့နော် ပထမတခုကတော့ အရင်အတိုင်းပဲ စစ်တပ်ကတော့ ဆက်ရှိနေမယ်။ ဒါပေမယ့် အစိုးရ ဖွဲ့ဖို့ကိုလည်း အဟန့်အတားကို လုပ်မယ်မထင်ဘူး ဘာဖြစ်လို့လဲဆိုတော့ တပ်ချုပ်ကိုယ်တိုင်က လက်ရှိ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုပါမယ်လို့ သူက မဲပေးတဲ့နေရာမှာလည်း ပြောခဲ့တဲ့အတွက် ရွေးကောက်ပွဲရလဒ်ကလည်း သူက အရင် ရွေးကောက်ပွဲမှာ အသိအမှတ်ပြုခဲ့ပြီးတဲ့အတိုင်း အခုလည်း သူတို့ အသိအမှတ်ပြုမယ့် အလားအလာရှိတယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ ပြန်ကြည့်ရင် လွန်ခဲ့တဲ့ ၅ နှစ်အတွင်းမှာက တပ်မတော်နဲ့ ဒီ အာဏာရ ပါတီ အစိုးရတွေကြားမှာ ကျနော်တို့က နည်းနည်းလေး ဟလာခဲ့တာ မြင်ရတယ်ပေါ့။ ဒီ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးက အားမကောင်းလာခဲ့တဲ့အတွက် ကျနော်တို့က Up coming years ပေါ့ ၊ ရှေ့လာမယ့် နှစ်တွေမှာလည်း အရင် ၅ နှစ်အတိုင်း ဆက်သွားမယ်ဆိုရင်တော့ ကျနော်တို့ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးက အတော်ကြီးကို ဟ သွားမယ်ဆိုတဲ့ အခြေအနေကို ကျနော်တို့ သုံးသပ်လို့ ရပါတယ်ခင်ဗျ။ ဒါပေမယ့် တချိန်တည်းမှာပဲ ဒီနေ့ပဲ အခုလွန်ခဲ့တဲ့ မိနစ်ပိုင်းအတွင်းကပဲ တပ်မတော်က လက်ရှိ ငြိမ်းချမ်းရေးကို NCA လမ်းကြောင်း အတိုင်း ဆက်သွားဖို့ဆိုပြီးတော့ သက်ဆိုင်ရာ ဒုတိယ ဗိုလ်ချုပ်ကြီးတွေကို ကော်မတီ ဖွဲ့ပေးပြီးတော့ဆက်ပြီး ညှိနှိုင်းပါဆိုတဲ့ စာထုတ်တာတွေ့ရတဲ့အတွက် တပ်ကတော့ ဘယ်အစိုးရဖြစ်ဖြစ် NCA ကို ဆက်ပြီးတော့သွားမယ်ဆိုတဲ့ မူဝါဒ ရှိပုံရပါတယ်။ ဒီတော့ လက်ရှိ ရှေ့လျှောက်အခင်းအကျင်းကတော့ ပထမတခုက စစ်တပ်က ၂၅ ရာခိုင်နှုန်း ဆက်ပြီးတော့ လွှတ်တော်ထဲမှာ ရှိနေမယ် ၊ ဒုတိယအချက်ကတော့ သူတို့သည် political leverage ကို ဆက်ယူဖို့အတွက် သူတို့သည် NCA လမ်းကြောင်းကနေ ဆက်ပြီး ညှိနှိုင်းသွားဖို့နဲ့ NCA လမ်းကြောင်းကို ဆက်ပြီး တွန်းရမယ်ဆိုတဲ့ ပုံစံမျိုး ကျနော်တို့ တွေ့ရပါတယ်ခင်ဗျ။

မေး။ ။ အဲဒီအခါကျတော့ ဒီ လွှတ်တော်ထဲမှာ အခု တပ်မတော်က ခန့်အပ်မယ့် ဒုသမ္မတ အနေအထားမှာရော ဘယ်လိုမြင်သလဲရှင့်။ အခု သတင်းကြားနေရတာက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင်ကလည်း ၆၅ နှစ်ပြည့်ပြီဆိုတော့ အဲဒီကနေ သူ အငြိမ်းစားယူပြီးတော့များ ဒုသမ္မတဖြစ်လာနိုင်ဖွယ်ရော ရှိလားရှင့်။

ဖြေ။ ။ ပုံမှန်ဆိုရင်တော့ တပ်ချုပ်ကနေ အနားယူပြီးတော့ ဒုသမ္မတဝင်တယ်ဆိုတာတော့ တော်ရုံတန်ရုံတော့ ရှိမယ်မထင်ဘူး။ ဒါပေမယ့် တချိန်တည်းမှာပဲ ဒီရွေးကောက်ပွဲ မတိုင်ခင်က တပ်ချုပ်ကိုယ်တိုင်က ဒီ ဒုသမ္မတနဲ့ ရာထူးပုံစံတူပါတယ်ဆိုတာ ဖြေရှင်းတာမျိုး ထွက်ထားတာတွေ့ရတယ်။ တချိန်တည်းမှာပဲ သူက တပ်ချုပ်ကိုယ်တိုင်က တပ်ကနေပြီးတော့ အနားယူပြီးတော့ ဆက်ပြီးသွားဖို့ဆိုတဲ့ဟာမျိုးကလည်း သူက အပိုင်းအခြားတခုရှိလာပြီဖြစ်တဲ့အတွက် ဒါက မျှော်မှန်းချင်ရင်တော့ မျှော်မှန်းလို့ရတဲ့ အခြေအနေမျိုးမှာ ရှိပါတယ်။ ဒါပေမယ့် ပုံမှန်အခြေအနေမှာကတော့ ကျနော်တို့ အနေနဲ့ လက်ရှိမှာ Retire မလုပ်သေးသရွေ့ကတော့ ကျနော်တို့က ဒုသမ္မတအနေနဲ့ ရွေးကောက်မယ်လို့ မထင်ပါဘူးခင်ဗျ။ ပုံမှန်တကယ်လို့ ဒုသမ္မတအဖြစ် ရွေးကောက်ဖို့အတွက် ပြင်ဆင်နေပြီဆိုရင်တော့ အခုအချိန်မှာ တပ်မတော်အတွင်းမှာ အဆင့်ဆင့်ပြောင်းလဲဖို့အတွက်ကို အချိန်ယူရမှာဖြစ်တဲ့အတွက် ၃ လဆိုတဲ့ အချိန်မှာ ကျနော်တို့အနေနဲ့ကတော့ သိပ်ပြီးမျှော်မှန်းထားတာ မရှိပါဘူး။

မေး။ ။ ဒီအခု ရွေးကောက်ပွဲမှာ တပ်မတော်သားတွေဘက်က မဲပေးတဲ့နေရာမှာ ထူးခြားချက်ကလည်း သူတို့ မဲရုံတွေက တပ်တွင်းမှာ မဟုတ်ပဲနဲ့ အပြင်ဘက်မှာ ဖြစ်နေတဲ့ အပိုင်းလည်း ရှိလာတော့ အခုဒီ တပ်မတော်သားတွေဘက်က မဲပေးတဲ့အနေအထားတွေရော ဘယ်လိုတွေ့ရသလဲရှင့်။

ဖြေ။ ။ နေပြည်တော်က လွဲလို့ ကျန်တဲ့ ပြည်နယ်နဲ့ တိုင်း ၊ ဒီ ပြည်မ ဒေသတွေမှာပေါ့လေ အဲဒီမှာ တပ်မဲရုံတွေ တော်တော်များများက NLD ကို မဲပေးတာတွေ့ရတယ်။ ကျနော်တို့ တချို့ တပ်မတော်သားတွေကိုလည်း မေးကြည့်တော့ သူတို့အနေနဲ့ လွတ်လွတ်လပ်လပ် ရွေးချယ်ပြီး မဲပေးခွင့်ရှိတယ်ဆိုတာ တေ့ွရတယ် တချို့ ပြောသလို Pressure ပေးတယ်ဆိုတာလည်း မရှိဘူးပေါ့နော်။ ဒီတော့ တပ်မတော်သားတွေအနေနဲ့ကတော့ လက်ရှိအခြေအနေမှာ လွတ်လွတ်လပ်လပ် မဲပေးပြီးတော့ ပွင့်လင်းမြင်သာတဲ့ စနစ်တခုအောက်မှာ မဲပေးခဲ့ရတယ်လို့ ပြောပါတယ်ခင်ဗျ။ ဒီတော့ တပ် မတော်သားတွေ အနေနဲ့ကတော့ ဒီကိစ္စကိုတော့ အတော်လေးကို အဆင်ပြေတယ်ပေါ့။ ဒါပေမယ့် တချိန်တည်းမှာပဲ တပ်မတော်သားတွေအနေနဲ့က တခုပေါ့နော် မဲဆွယ်တဲ့ ကာလမှာ တပ်မတော်ကို ပြောတာဆိုတာတွေ ရှိလာတဲ့ဟာမျိုးကိုတော့ သူတို့နဲ့ အတော်လေး အဆင်မပြေဘူး ဆိုတာလည်း ကြားသိရပါတယ်။

XS
SM
MD
LG