သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၀၁၅ ရလဒ္ထက္ ေက်ာ္ မဲရဖို႔ NLD ေမွ်ာ္မွန္းထား


NLD ပါတီ ေထာက္ခံသူတခ်ိဳ႕ကို ရန္ကုန္ၿမိဳ႕ရွိ NLD ရံုးေရွ႕မွာ ေတြ႔ရ။ (ႏိုဝင္ဘာ ၀၈၊ ၂၀၂၀)

[Zawgyi/Unicode]

၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲ ကနဦး မဲရလဒ္ေတြအရ NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီဟာ အစိုးရဖြဲ႕ႏိုင္တဲ့အေနအထားမွာ ရွိေနၿပီလို႔ ပါတီတာဝန္ရွိသူက ေျပာဆိုထားပါတယ္။ ဒီသတင္းကုိ ဗြီအိုေအျမန္မာပုိင္း သတင္းေထာက္ မစုစုက တင္ဆက္ေပးမွာပါ။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီေခါင္းေဆာင္ျဖစ္သူ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္၊ ၿပိဳင္ပြဲဝင္ကိုယ္စားလွယ္ေလာင္း အမ်ားစုရဲ႕ မဲရလဒ္အေျခအေနဟာ တျခားပါတီေတြထက္ အသာစီးရေနတဲ့ အေျခအေနမွာ ရွိေနတာပါ။ ဒီကေန႔ ညေနပိုင္းအခ်ိန္အထိ ရရွိထားတဲ့ မဲရလဒ္စာရင္းေတြအရဆိုရင္ NLD ပါတီဟာ လာမယ့္အစိုးရသက္တမ္းအတြက္ ဦးေဆာင္ႏိုင္တဲ့အေျခအေနမွာ ရွိေနၿပီး ၿပီးခဲ့တဲ့ ၂၀၁၅ တုန္းက ရလဒ္ကိုေက်ာ္လြန္ႏိုင္ဖို႔ မွန္းထားတယ္လို႔ ပါတီေျပာခြင့္ရ ေဒါက္တာမ်ိဳးၫြန႔္က VOA ကိုေျပာပါတယ္။

“အစိုးရဖြဲ႕ဖို႔ လိုအပ္တဲ့ ၃၂၂ ဦး၊ ျပည္ေထာင္စုလႊတ္ေတာ္ေနရာကေတာ့ ေက်ာ္သြားပါၿပီ။ က်ေနာ္တို႔ ၃၉၀ ကိုေတာင္ ဒါဆိုေတာ့ ၂၀၁၅ တုန္းက ရလဒ္ေပါ့။ ဒါကိုပါ ထပ္ေက်ာ္လိမ့္မယ္လို႔ က်ေနာ္တို႔ကေတာ့ အခုေတာ့မွန္းထားတယ္။ ဒါေပမဲ့ အတိအက်ကေတာ့ က်ေနာ္တို႔မေျပာႏိုင္ေသးပါဘူး။”

တႏိုင္ငံလုံးအတိုင္းအတာနဲ႔ NLD ပါတီကေန ဝင္ေရာက္ယွဥ္ၿပိဳင္သူ ကိုယ္စားလွယ္ေလာင္းဦးေရ စုစုေပါင္း ၁,၁၃၂ ဦးရွိပါတယ္။ ဒီႏွစ္မွာ ပထမဆုံး ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရတဲ့ ဘာသာျခားပါတီဝင္ေတြလည္း ၿပိဳင္ဖက္ကိုယ္စားလွယ္ေလာင္းေတြကို အႏိုင္ရရွိခဲ့တဲ့ အေနအထားမွာရွိေနတာပါ။

NLD ပါတီရဲ႕ ဥကၠ႒ ျဖစ္သူ ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေနရာကို ေကာ့မႉးၿမိဳ႕နယ္ကေန ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တာ မဲအေရအတြက္အျပတ္အသတ္နဲ႔ အႏိုင္ရရွိခဲ့တဲ့အေၾကာင္း ေကာ့မႉးၿမိဳ႕နယ္၊ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ ဥကၠ႒ ဦးထင္ေအာင္ကေျပာပါတယ္။

“မဲဆႏၵေပးခြင့္ရွိတဲ့သူ ၆၉,၈၀၀ ေက်ာ္ရွိတယ္။ အဲဒီထဲကေနမွ ေဒၚေအာင္ဆန္းစုၾကည္က ၆၄,၀၀၀ ေက်ာ္ရတာ။”

ေဒၚေအာင္ဆန္းစုၾကည္နဲ႔အတူ ေကာ့မႉးၿမိဳ႕နယ္ကေန ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေနရာကို အဓိကၿပိဳင္ဖက္ျဖစ္တဲ့ ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီအပါအဝင္၊ စုစုေပါင္း ၇ ဦး ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကတာပါ။

၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္သူေတြထဲက အႏိုင္ရပါတီနဲ႔ ကိုယ္စားလွယ္အမည္စာရင္းေတြကို ေ႐ြးေကာက္ပြဲေကာ္မရွင္က ထုတ္ျပန္ေနတုန္းျဖစ္ၿပီး၊ ပဲခူးတိုင္းတတိုင္းလုံးမွာ NLD ပါတီတခုတည္းကသာ တိုင္းလုံးကြၽတ္အႏိုင္ရရွိတယ္ဆိုတဲ့ သတင္းေတြနဲ႔ ပတ္သက္လို႔ေတာ့ ပဲခူးတိုင္း၊ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ ဥကၠ႒ ဦးေအာင္ျမင့္က အတည္မျပဳေသးပါဘူး။ ဒီကေန႔ ညေနပိုင္းအခ်ိန္ထိေတာ့ ပဲခူးတိုင္းထဲက အုတ္တြင္းၿမိဳ႕နယ္ရဲ႕ စာရင္းသာေရာက္ရွိၿပီး အႏိုင္ရပါတီကို အတည္ျပဳႏိုင္ေသးတယ္လို႔ သူကဆိုပါတယ္။

“က်ေနာ္တို႔က အတည္ျပဳၿပီးေတာ့ မထုတ္ျပန္ရေသးဘူး။ တိုင္းလုံးကြၽတ္ႏိုင္တယ္ဆိုတာက အျပင္ကေနသူတို႔ဘာသူတို႔ စာရင္းေကာက္သြားတာေတြ။ က်ေနာ္တို႔က အုတ္တြင္းတခုေတာ့ ထုတ္ၿပီးၿပီ။ အုတ္တြင္းရဲ႕အေျခအေနကေတာ့ NLD ပါတီက အကုန္ႏိုင္တယ္။ က်ေနာ္တို႔ဆီကို ၿမိဳ႕နယ္ေတြက စာရင္းေတြ အခုခ်ဳပ္ၾကတုန္း။ ေတာ္ေတာ္မ်ားမ်ားက ခ်ဳပ္ၾကတုန္း။ (တတိုင္းလုံးစာရင္း) မေရာက္ေသးဘူး၊ က်ေနာ္တို႔ဆီကို။”

သက္ဆိုင္ရာေ႐ြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ခြဲက စာရင္းအတည္မျပဳေသးႏိုင္ေပမဲ့လည္း အာဏာရပါတီ NLD ရဲ႕ ဒီကေန႔ ေန႔လယ္ပိုင္း ထုတ္ျပန္ခ်က္ေတြအရေတာ့ ပဲခူးတိုင္းအတြင္းက ၿမိဳ႕နယ္ ၅ ခုမွာ အႏိုင္ရရွိခဲ့တဲ့ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြရဲ႕ အမည္စာရင္းနဲ႔ အႏိုင္ရရွိခဲ့တဲ့ မဲရလဒ္ေတြကို အတည္ျပဳထုတ္ျပန္ထားၿပီးျဖစ္ပါတယ္။

တနဂၤေႏြေန႔က က်င္းပခဲ့တဲ့ အေထြေထြေ႐ြးေကာက္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းဦးေရ စုစုေပါင္း ၅,၆၃၉ ဦး ရွိခဲ့ၿပီး၊ ဆႏၵမဲေပးခဲ့ၾကသူေတြကေတာ့ ၃၇ သန္းေက်ာ္ ရွိခဲ့ပါတယ္ရွင္။ အႏိုင္ရရွိခဲ့တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ အမည္စာရင္းနဲ႔ မဲရလဒ္ေတြကိုေတာ့ အခုထိေရတြက္ေနၾကတုန္းျဖစ္ၿပီး တႏိုင္ငံလုံးအတိုင္းအတာနဲ႔ သိရွိႏိုင္ဖို႔ကေတာ့ ေစာင့္ဆိုင္းေနရတုန္းပဲ ျဖစ္ပါတယ္။

၂၀၁၅ ရလဒ္ထက္ေက်ာ္ မဲရဖို႔ NLD ေမွ်ာ္မွန္းထား
please wait

No media source currently available

0:00 0:03:11 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

၂၀၁၅ ရလဒ်ထက် ကျော် မဲရဖို့ NLD မျှော်မှန်းထား

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကနဦး မဲရလဒ်တွေအရ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ အစိုးရဖွဲ့နိုင်တဲ့အနေအထားမှာ ရှိနေပြီလို့ ပါတီတာဝန်ရှိသူက ပြောဆိုထားပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးမှာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အပါအဝင်၊ ပြိုင်ပွဲဝင်ကိုယ်စားလှယ်လောင်း အများစုရဲ့ မဲရလဒ်အခြေအနေဟာ တခြားပါတီတွေထက် အသာစီးရနေတဲ့ အခြေအနေမှာ ရှိနေတာပါ။ ဒီကနေ့ ညနေပိုင်းအချိန်အထိ ရရှိထားတဲ့ မဲရလဒ်စာရင်းတွေအရဆိုရင် NLD ပါတီဟာ လာမယ့်အစိုးရသက်တမ်းအတွက် ဦးဆောင်နိုင်တဲ့အခြေအနေမှာ ရှိနေပြီး ပြီးခဲ့တဲ့ ၂၀၁၅ တုန်းက ရလဒ်ကိုကျော်လွန်နိုင်ဖို့ မှန်းထားတယ်လို့ ပါတီပြောခွင့်ရ ဒေါက်တာမျိုးညွန့်က VOA ကိုပြောပါတယ်။

“အစိုးရဖွဲ့ဖို့ လိုအပ်တဲ့ ၃၂၂ ဦး၊ ပြည်ထောင်စုလွှတ်တော်နေရာကတော့ ကျော်သွားပါပြီ။ ကျနော်တို့ ၃၉၀ ကိုတောင် ဒါဆိုတော့ ၂၀၁၅ တုန်းက ရလဒ်ပေါ့။ ဒါကိုပါ ထပ်ကျော်လိမ့်မယ်လို့ ကျနော်တို့ကတော့ အခုတော့မှန်းထားတယ်။ ဒါပေမဲ့ အတိအကျကတော့ ကျနော်တို့မပြောနိုင်သေးပါဘူး။”

တနိုင်ငံလုံးအတိုင်းအတာနဲ့ NLD ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်သူ ကိုယ်စားလှယ်လောင်းဦးရေ စုစုပေါင်း ၁,၁၃၂ ဦးရှိပါတယ်။ ဒီနှစ်မှာ ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ ဘာသာခြားပါတီဝင်တွေလည်း ပြိုင်ဖက်ကိုယ်စားလှယ်လောင်းတွေကို အနိုင်ရရှိခဲ့တဲ့ အနေအထားမှာရှိနေတာပါ။

NLD ပါတီရဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာကို ကော့မှူးမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ မဲအရေအတွက်အပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တဲ့အကြောင်း ကော့မှူးမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထင်အောင်ကပြောပါတယ်။

“မဲဆန္ဒပေးခွင့်ရှိတဲ့သူ ၆၉,၈၀၀ ကျော်ရှိတယ်။ အဲဒီထဲကနေမှ ဒေါ်အောင်ဆန်းစုကြည်က ၆၄,၀၀၀ ကျော်ရတာ။”

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ကော့မှူးမြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာကို အဓိကပြိုင်ဖက်ဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအပါအဝင်၊ စုစုပေါင်း ၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သူတွေထဲက အနိုင်ရပါတီနဲ့ ကိုယ်စားလှယ်အမည်စာရင်းတွေကို ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်နေတုန်းဖြစ်ပြီး၊ ပဲခူးတိုင်းတတိုင်းလုံးမှာ NLD ပါတီတခုတည်းကသာ တိုင်းလုံးကျွတ်အနိုင်ရရှိတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့တော့ ပဲခူးတိုင်း၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်က အတည်မပြုသေးပါဘူး။ ဒီကနေ့ ညနေပိုင်းအချိန်ထိတော့ ပဲခူးတိုင်းထဲက အုတ်တွင်းမြို့နယ်ရဲ့ စာရင်းသာရောက်ရှိပြီး အနိုင်ရပါတီကို အတည်ပြုနိုင်သေးတယ်လို့ သူကဆိုပါတယ်။

“ကျနော်တို့က အတည်ပြုပြီးတော့ မထုတ်ပြန်ရသေးဘူး။ တိုင်းလုံးကျွတ်နိုင်တယ်ဆိုတာက အပြင်ကနေသူတို့ဘာသူတို့ စာရင်းကောက်သွားတာတွေ။ ကျနော်တို့က အုတ်တွင်းတခုတော့ ထုတ်ပြီးပြီ။ အုတ်တွင်းရဲ့အခြေအနေကတော့ NLD ပါတီက အကုန်နိုင်တယ်။ ကျနော်တို့ဆီကို မြို့နယ်တွေက စာရင်းတွေ အခုချုပ်ကြတုန်း။ တော်တော်များများက ချုပ်ကြတုန်း။ (တတိုင်းလုံးစာရင်း) မရောက်သေးဘူး၊ ကျနော်တို့ဆီကို။”

သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက စာရင်းအတည်မပြုသေးနိုင်ပေမဲ့လည်း အာဏာရပါတီ NLD ရဲ့ ဒီကနေ့ နေ့လယ်ပိုင်း ထုတ်ပြန်ချက်တွေအရတော့ ပဲခူးတိုင်းအတွင်းက မြို့နယ် ၅ ခုမှာ အနိုင်ရရှိခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းနဲ့ အနိုင်ရရှိခဲ့တဲ့ မဲရလဒ်တွေကို အတည်ပြုထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းဦးရေ စုစုပေါင်း ၅,၆၃၉ ဦး ရှိခဲ့ပြီး၊ ဆန္ဒမဲပေးခဲ့ကြသူတွေကတော့ ၃၇ သန်းကျော် ရှိခဲ့ပါတယ်ရှင်။ အနိုင်ရရှိခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အမည်စာရင်းနဲ့ မဲရလဒ်တွေကိုတော့ အခုထိရေတွက်နေကြတုန်းဖြစ်ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ သိရှိနိုင်ဖို့ကတော့ စောင့်ဆိုင်းနေရတုန်းပဲ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG