သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကယားနဲ႔ ကခ်င္ျပည္နယ္မွာ NLD အမ်ားစုအႏိုင္ရ


၂၀၂၀ ေရြးေကာက္ပဲြအတြက္ ရန္ကုန္ၿမိဳ႕ မဲရံုတခုမွာ မဲမ်ားေရတြက္ေနတဲ့ ျမင္ကြင္း။ (ႏိုဝင္ဘာ ၀၈၊ ၂၀၂၀)

[Zawgyi/Unicode]

ၿပီးခဲ့တဲ့ အစုိးရသက္တမ္းမွာ အျငင္းပြားစရာေတြ စိန္ေခၚမႈေတြ ႀကံဳခဲ့ရတဲ့ တုိင္းရင္းသား နယ္ေျမတခ်ဳိ႕မွာ ေထာက္ခံမႈေတြ က်ဆင္းမယ္လုိ႔ ခန္႔မွန္းခဲ့ၾကေပမဲ့ ေရြးေကာက္ပဲြမွာ NLD အမ်ဳိးသားဒီမုိကေရစီ အဖဲြ႔ခ်ဳပ္က အသာရခဲ့တဲ့ အေျခအေနကုိ တင္ျပေပးပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုမုိးေဇာ္က သတင္းေပးပို႔ထားပါတယ္။

ဗိုလ္ခ်ဳပ္ေၾကးရုပ္တည္ေဆာက္တာနဲ႔ ၀န္ၾကီးခ်ဳပ္ရဲ့ ဘ႑ာေငြေၾကးသံုးစဲြမႈကို ျပည္နယ္လႊတ္ေတာ္မွာ မဲခြဲအေရးယူတာေတြအထိ ျဖစ္ခဲ့ရတဲ့ အေျခအေနေတြေၾကာင့္ NLD ပါတီဟာ ကယားျပည္နယ္မွာ ၾကီးမားတဲ့ စိန္ေခၚမႈေတြနဲ႔ ရင္ဆိုင္ခဲ့ရတာပါ။ ေရြးေကာက္ပဲြမွာလည္း ေဒသခံ တုိင္းရင္းသားပါတီေတြရဲ႕ ၿပိဳင္ဆုိင္မႈေတြ အားေကာင္းလာတာေၾကာင့္ NLD အေနနဲ႔ အရင္လုိ ႏုိင္ဦးမလားဆုိတဲ့ ေမးခြန္းေတြ ထြက္ေပၚခဲ့ေပမဲ့ အခုေနာက္ဆုံး မဲရလဒ္ေတြအရ ေနရာအမ်ားစုမွာ အႏုိင္ရတာ ေတြ႔ရတယ္လုိ႔ ေရြးေကာက္ပဲြအေျခအေနေတြကို ေစာင့္ၾကည့္ ေလ့လာေနတဲ့ ကရင္နီလူ႔အခြင့္အေရးအဖဲြ႔က ကိုဗညားက ေျပာပါတယ္။

“က်ေနာ္တုိ႔ ဒီ ျပည္နယ္ရဲ့ ၃၄ ေနရာ အကုန္လံုးေပါ့ေနာ္။ ၃၄ ေနရာမွာ NLD က အမ်ားဆံုးနဲ႔ ေနရာ ၂၀ ရတယ္။ ဒုတိယကေတာ့ KySDP က ၈ ေနရာ၊ ေနာက္ၿပီးေတာ့မွ USDP က ၆ ေနရာနဲ႔ အႏိုင္ရထားပါတယ္ဗ်။”

NLD ပါတီက လိြဳင္ေကာ္၊ ဒီေမာဆို၊ မယ္စဲ၊ ဖားေဆာင္း ၿမိဳ႕နယ္၊ KySDP ေခၚ ကယားျပည္နယ္ဒီမုိကရက္တစ္ပါတီက ဖရူဆုိၿမိဳ႕နယ္ နဲ႔ USDP ေခၚ ျပည္ေထာင္စုၾကံ့ခိုင္ေရးနဲ႔ ဖံြ႔ျဖိဳးေရးပါတီက ေဘာ္လခဲၿမိဳ ႔နယ္က လႊတ္ေတာ္ေနရာအားလံုးမွာ အႏိုင္ရၾကၿပီး ရွားေတာၿမိဳ႔နယ္မွာေတာ့ KySDP ၃ ေနရာနဲ႔ ျပည္ခုိင္ၿဖိဳးက ၁ ေနရာ အႏိုင္ရတာပါ။ ဗမာတိုင္းရင္းသားေရးရာ၀န္ၾကီးေနရာကိုေတာ့ NLD က အႏိုင္ရထားပါတယ္။

မဲေရတြက္မႈၿပီးစီးသြားေပမဲ့ ျပည္နယ္ ေရြးေကာက္ပဲြေကာ္မရွင္ကေတာ့ ဒီကေန႔ ညေနပုိင္းအထိအတည္ျပဳထုတ္ျပန္တာ မရိွေသးေၾကာင္းလည္း ေျပာပါတယ္။

ဖရူဆုိၿမိဳ႕နယ္ ျပည္နယ္ လႊတ္ေတာ္ အမွတ္ ၂ က အႏိုင္ရထားတဲ့ ေဒၚအယ္ဗလင္းက ဒီမဲေရတြက္မႈရလဒ္ကို အတည္ျပဳၿပီး ဘာေၾကာင့္ မထုတ္ျပန္သလဲဆုိတာ မသိရေၾကာင္း ေျပာပါတယ္။

“ဒီေန႔ တစ္နာရီမွာ ထြက္မယ္လုိ႔ ေျပာၿပီးမွေပါ့ေနာ္။ ခုခ်ိန္ထိ မထြက္ႏိုင္ဘူးေပါ့။ ဘယ္ေနရာမွာမ်ား ၾကန္႔ၾကာေနလဲေတာ့ မေျပာတတ္ဘူး။”

ကယားျပည္နယ္ ေရြးေကာက္ပဲြေကာ္မရွင္က တာ၀န္ရိွသူတစ္ဦးကေတာ့ မဲရလဒ္ေတြကို ၿမိဳ႕နယ္အလုိက္စိစစ္ေနဆဲျဖစ္တယ္လို႔ VOA ကို အခုလို ေျပာပါတယ္။

“ၿမိဳ႕နယ္ေတြမွာ စစ္ေနပါတယ္။ မွားမွာစိုးလုိ႔။ ပံုစံ ၁၉ ေတြနဲ႔ ၁၆ ေတြကို တုိက္စစ္ေနပါတယ္။ က်ေနာ္တုိ႔ ၿမိဳ႕နယ္က ေသခ်ာၿပီဆုိရင္ေတာ့ ျပည္နယ္ကို ပို႔မွာေပါ့။ က်ေနာ္တုိ႔ ေသခ်ာမွန္ေအာင္စစ္ခိုင္းေနလို႔ ၾကန္႔ၾကာေနတာပါ။”

ကခ်င္ျပည္နယ္က ေရြးေကာက္ပဲြေစာင့္ၾကည့္ေရးအဖဲြ႔တစ္ခုျဖစ္တဲ့ Humanity Institute က ဦးဂ်ိဳးဇက္ကေတာ့ ကခ်င္ျပည္နယ္အတြင္း မဲဆႏၵနယ္အသီးသီးက မဲေတြကို ေရတြက္ေနဆဲရိွေၾကာင္း၊ တခ်ဳိ႕ၿမိဳ ႔နယ္ေတြကို ဆက္သြယ္လုိ႔ မရေသးေၾကာင္း ေျပာပါတယ္။

ကနဦးရရိွထားတဲ့သတင္းေတြအရ ဒီကေန႔ မဲေရတြက္မႈအေျခအေနအေပၚ အခုလုိသံုးသပ္ေျပာဆုိပါတယ္။

“ေနရာ ေတာ္ေတာ္မ်ားမ်ားေတာ့ NLD ကေန ဦးေဆာင္ေနတယ္လို႔၊ ဒီ ျပည္သူ႔မွာေရာ၊ အမ်ိဳးသားမွာေရာ၊ ျပည္နယ္မွာေရာ ၃ ခုစလံုးမွာ NLD ကေန သိသိသာသာၾကီး ဦးေဆာင္ေနတဲ့အေနအထားမ်ိဳးေတာ့ ေတြ႔ရတယ္ေပါ့ေနာ္။”

အျခားဦးေဆာင္ေနတဲ့ ပါတီေတြကေတာ့ KSPP ေခၚ ကခ်င္ျပည္နယ္ ျပည္သူ႔ ပါတီနဲ႔ USDP တို႔ ျဖစ္ေၾကာင္း ေျပာပါတယ္။

ရွမ္းျပည္နယ္က ေနရာအမ်ားစုမွာေတာ့ SNLD ေခၚ ရွမ္းတုိင္းရင္းသားမ်ားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ပါတီက ဦးေဆာင္ေနေၾကာင္း ကြ်န္းတစ္ေထာင္ေျမ ေဖာင္ေဒးရွင္းရဲ့ ဒါရိုက္တာ၊ ကြန္ဟိန္းၿမိဳ႔နယ္က အၿငိမ္းစား ျပည္သူ႔လႊတ္ေတာ္ကိုယ္စား ေဒၚနန္း၀ါႏုက ေျပာပါတယ္။

“အခုေလာေလာဆယ္ က်မတုိ႔ ေဒသ ဒီ လြယ္လင္ခရိုင္နဲ႔ လင္းေခးခရိုင္ တုိ႔ေပါ့ေနာ္။ ဒီ ေက်းသီးတုိ႔၊ မိုင္းရႈးတုိ႔၊ လဲခ်ား၊ ေနာက္ၿပီးရင္ ခိုလန္ဘက္၊ ကြန္ဟိန္း၊ မိုးနဲ၊ လင္းေခး အဲဒါကေတာ့ ဒီ SNLD က်ားေခါင္းေတြ ႏိုင္ေနတဲ့ဟာကိုေတာ့ သတင္းၾကားရတယ္ေပါ့ေနာ္။”

လြယ္လင္ၿမိဳ ႔နယ္မွာ USDP က ဦးေဆာင္ေနၿပီး ရွမ္းေျမာက္ေဒသ သီေပါ၊ ေက်ာက္မဲ၊ နမၼတူ ၊ မူဆယ္ဘက္မွာ SNLD က်ားေခါင္းပါတီ၊ လားရိႈးမွာ NLD၊ ရွမ္းအေရွ႕ပိုင္းမွာေတာ့ NLD နဲ႔ USDP တုိ႔က ေနရာအခ်ိဳ႕မွာ ဦးေဆာင္ေနေၾကာင္း ေျပာပါတယ္။

ေလာေလာဆယ္မွာေတာ့ တစ္ႏိုင္ငံလံုး မဲရလဒ္ေတြကို သက္ဆုိင္ရာ ေရြးေကာက္ပဲြေကာ္မရွင္ေတြက ေရတြက္ေနဆဲျဖစ္ၿပီး ျပည္ေထာင္စု ေရြးေကာက္ပဲြေကာ္မရွင္ကေတာ့ ေန႔ခင္း ၁၂ နာရီ၊ ညေန ၄ နာရီနဲ႔ ည ၈ နာရီအခ်ိန္ေတြမွာ မဲရလဒ္ေတြက တစ္ေန႔ သံုးၾကိမ္ေၾကညာမွာျဖစ္ေၾကာင္း ထုတ္ျပန္ထားပါတယ္။

ကယားနဲ႔ ကခ်င္ျပည္နယ္မွာ NLD အမ်ားစုအႏိုင္ရ
please wait

No media source currently available

0:00 0:04:18 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကယားနဲ့ ကချင်ပြည်နယ်မှာ NLD အများစုအနိုင်ရ

ပြီးခဲ့တဲ့ အစိုးရသက်တမ်းမှာ အငြင်းပွားစရာတွေ စိန်ခေါ်မှုတွေ ကြုံခဲ့ရတဲ့ တိုင်းရင်းသား နယ်မြေတချို့မှာ ထောက်ခံမှုတွေ ကျဆင်းမယ်လို့ ခန့်မှန်းခဲ့ကြပေမဲ့ ရွေးကောက်ပွဲမှာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အသာရခဲ့တဲ့ အခြေအနေကို တင်ပြပေးပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ဗိုလ်ချုပ်ကြေးရုပ်တည်ဆောက်တာနဲ့ ဝန်ကြီးချုပ်ရဲ့ ဘဏ္ဍာငွေကြေးသုံးစွဲမှုကို ပြည်နယ်လွှတ်တော်မှာ မဲခွဲအရေးယူတာတွေအထိ ဖြစ်ခဲ့ရတဲ့ အခြေအနေတွေကြောင့် NLD ပါတီဟာ ကယားပြည်နယ်မှာ ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ရွေးကောက်ပွဲမှာလည်း ဒေသခံ တိုင်းရင်းသားပါတီတွေရဲ့ ပြိုင်ဆိုင်မှုတွေ အားကောင်းလာတာကြောင့် NLD အနေနဲ့ အရင်လို နိုင်ဦးမလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ အခုနောက်ဆုံး မဲရလဒ်တွေအရ နေရာအများစုမှာ အနိုင်ရတာ တွေ့ရတယ်လို့ ရွေးကောက်ပွဲအခြေအနေတွေကို စောင့်ကြည့် လေ့လာနေတဲ့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ကိုဗညားက ပြောပါတယ်။

“ကျနော်တို့ ဒီ ပြည်နယ်ရဲ့ ၃၄ နေရာ အကုန်လုံးပေါ့နော်။ ၃၄ နေရာမှာ NLD က အများဆုံးနဲ့ နေရာ ၂၀ ရတယ်။ ဒုတိယကတော့ KySDP က ၈ နေရာ၊ နောက်ပြီးတော့မှ USDP က ၆နေရာနဲ့ အနိုင်ရထားပါတယ်ဗျ။”

NLD ပါတီက လွိုင်ကော်၊ ဒီမောဆို၊ မယ်စဲ၊ ဖားဆောင်း မြို့နယ်၊ KySDP ခေါ် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက ဖရူဆိုမြို့နယ် နဲ့ USDP ခေါ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဘော်လခဲမြို့နယ်က လွှတ်တော်နေရာအားလုံးမှာ အနိုင်ရကြပြီး ရှားတောမြို့နယ်မှာတော့ KySDP ၃ နေရာနဲ့ ပြည်ခိုင်ဖြိုးက ၁ နေရာ အနိုင်ရတာပါ။ ဗမာတိုင်းရင်းသားရေးရာဝန်ကြီးနေရာကိုတော့ NLD က အနိုင်ရထားပါတယ်။

မဲရေတွက်မှုပြီးစီးသွားပေမဲ့ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ကတော့ ဒီကနေ့ ညနေပိုင်းအထိအတည်ပြုထုတ်ပြန်တာ မရှိသေးကြောင်းလည်း ပြောပါတယ်။

ဖရူဆိုမြို့နယ် ပြည်နယ် လွှတ်တော် အမှတ် ၂ က အနိုင်ရထားတဲ့ ဒေါ်အယ်ဗလင်းက ဒီမဲရေတွက်မှုရလဒ်ကို အတည်ပြုပြီး ဘာကြောင့် မထုတ်ပြန်သလဲဆိုတာ မသိရကြောင်း ပြောပါတယ်။

“ဒီနေ့ တစ်နာရီမှာ ထွက်မယ်လို့ ပြောပြီးမှပေါ့နော်။ ခုချိန်ထိ မထွက်နိုင်ဘူးပေါ့။ ဘယ်နေရာမှာများ ကြန့်ကြာနေလဲတော့ မပြောတတ်ဘူး။”

ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင်က တာဝန်ရှိသူတစ်ဦးကတော့ မဲရလဒ်တွေကို မြို့နယ်အလိုက်စိစစ်နေဆဲဖြစ်တယ်လို့ VOA ကို အခုလို ပြောပါတယ်။

“မြို့နယ်တွေမှာ စစ်နေပါတယ်။ မှားမှာစိုးလို့။ ပုံစံ ၁၉ တွေနဲ့ ၁၆ တွေကို တိုက်စစ်နေပါတယ်။ ကျနော်တို့ မြို့နယ်က သေချာပြီဆိုရင်တော့ ပြည်နယ်ကို ပို့မှာပေါ့။ ကျနော်တို့ သေချာမှန်အောင်စစ်ခိုင်းနေလို့ ကြန့်ကြာနေတာပါ။”

ကချင်ပြည်နယ်က ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Humanity Institute က ဦးဂျိုးဇက်ကတော့ ကချင်ပြည်နယ်အတွင်း မဲဆန္ဒနယ်အသီးသီးက မဲတွေကို ရေတွက်နေဆဲရှိကြောင်း၊ တချို့မြို့နယ်တွေကို ဆက်သွယ်လို့ မရသေးကြောင်း ပြောပါတယ်။

ကနဦးရရှိထားတဲ့သတင်းတွေအရ ဒီကနေ့ မဲရေတွက်မှုအခြေအနေအပေါ် အခုလိုသုံးသပ်ပြောဆိုပါတယ်။

“နေရာ တော်တော်များများတော့ NLD ကနေ ဦးဆောင်နေတယ်လို့၊ ဒီ ပြည်သူ့မှာရော၊ အမျိုးသားမှာရော၊ ပြည်နယ်မှာရော ၃ ခုစလုံးမှာ NLD ကနေ သိသိသာသာကြီး ဦးဆောင်နေတဲ့အနေအထားမျိုးတော့ တွေ့ရတယ်ပေါ့နော်။”

အခြားဦးဆောင်နေတဲ့ ပါတီတွေကတော့ KSPP ခေါ် ကချင်ပြည်နယ် ပြည်သူ့ ပါတီနဲ့ USDP တို့ ဖြစ်ကြောင်း ပြောပါတယ်။

ရှမ်းပြည်နယ်က နေရာအများစုမှာတော့ SNLD ခေါ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဦးဆောင်နေကြောင်း ကျွန်းတစ်ထောင်မြေ ဖောင်ဒေးရှင်းရဲ့ ဒါရိုက်တာ၊ ကွန်ဟိန်းမြို့နယ်က အငြိမ်းစား ပြည်သူ့လွှတ်တော်ကိုယ်စား ဒေါ်နန်းဝါနုက ပြောပါတယ်။

“အခုလောလောဆယ် ကျမတို့ ဒေသ ဒီ လွယ်လင်ခရိုင်နဲ့ လင်းခေးခရိုင် တို့ပေါ့နော်။ ဒီ ကျေးသီးတို့၊ မိုင်းရှုးတို့၊ လဲချား၊ နောက်ပြီးရင် ခိုလန်ဘက်၊ ကွန်ဟိန်း၊ မိုးနဲ၊ လင်းခေး အဲဒါကတော့ ဒီ SNLD ကျားခေါင်းတွေ နိုင်နေတဲ့ဟာကိုတော့ သတင်းကြားရတယ်ပေါ့နော်။”

လွယ်လင်မြို့နယ်မှာ USDP က ဦးဆောင်နေပြီး ရှမ်းမြောက်ဒေသ သီပေါ၊ ကျောက်မဲ၊ နမ္မတူ ၊ မူဆယ်ဘက်မှာ SNLD ကျားခေါင်းပါတီ၊ လားရှိုးမှာ NLD၊ ရှမ်းအရှေ့ပိုင်းမှာတော့ NLD နဲ့ USDP တို့က နေရာအချို့မှာ ဦးဆောင်နေကြောင်း ပြောပါတယ်။

လောလောဆယ်မှာတော့ တစ်နိုင်ငံလုံးမဲရလဒ်တွေကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်တွေက ရေတွက်နေဆဲဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကတော့ နေ့ခင်း ၁၂ နာရီ၊ ညနေ ၄ နာရီနဲ့ ည ၈ နာရီအချိန်တွေမှာ မဲရလဒ်တွေက တစ်နေ့ သုံးကြိမ်ကြေညာမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG