သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႀကိဳတင္မဲေတြအေရး ကန္႔ကြက္ဖို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႔ၿဖိဳးေရးပါတီ ျပင္ဆင္


ရန္ကုန္ၿမိဳ႕မွာ အသက္ ၆၀ အထက္ လူႀကီးမ်ား ႀကိဳတင္မဲေပးတဲ့ ျမင္ကြင္း။ (ေအာက္တိုဘာ ၂၉၊ ၂၀၂၀)

(Zawgyi / Unicode)

မေန႔ကက်င္းပခဲ့တဲ့ ျမန္မာ့ေရြးေကာက္ပြဲ မဲေပးအၿပီးညမွာ အရင္အစိုးရပါတီျဖစ္တဲ့ လက္ရွိ အဓိကအတိုက္အခံပါတီ ျပည္ေထာင္စုႀကံ့ခုိင္ေရးနဲ႔ ဖြံ႔ၿဖဳိးေရးပါတီ ေျပာခြင့္ရ ရွမ္းျပည္နယ္၊ ကေလာၿမိဳ႕ကေန ဝင္ၿပိဳင္သူလည္းျဖစ္တဲ့ ေဒါက္တာနႏၵာလွျမင့္ကို ေမးရာမွာ အဓိက ႀကိဳတင္မဲျပႆနာရွိတယ္ ဆုိၿပီး အခုလို စရွင္းျပပါတယ္။

ေဒါက္တာနႏၵာလွျမင့္ - “အခု ၿမိဳ႕နယ္အလုိက္ မဲေတြ ေရတြက္တုန္းဆုိေတာ့ အႏုိင္အ႐ႈံးကို ေျပာလို႔မရေသးဘူး ျဖစ္ေနတာေပါ့။”

ကိုဝင္းမင္း - တျခား ထူးျခားမႈေရာ ရွိေသးလား။

ေဒါက္တာနႏၵာလွျမင့္ - “မေျပာတတ္ေသးဘူးခင္ဗ်။ မဲ႐ုံေတြက အခု မဲေရတာ မၿပီးျပတ္ေသးဘူးဆုိေတာ့။ ခက္ေတာ့ ခက္ခဲပါလိမ့္မယ္လို႔ ထင္တယ္။ အခုၾကားရတဲ့ သတင္းေတြနဲ႔ ေဒတာအခ်က္ေတြအရ။ ဘာျဖစ္လို႔လဲဆုိေတာ့ ႀကိဳတင္မဲေတြမွာ ကြဲလြဲခ်က္ေတြ ေတာ္ေတာ္မ်ားတယ္။ ဥပမာ ႀကိဳတင္မဲ လိုက္ေကာက္တုန္းက က်ေန္ာတုိ႔ မွတ္တမ္းတင္ထားတဲ့ လူဦးေရ အေရအတြက္နဲ႔ တကယ္ မဲပုံးဖြင့္တဲ့အခ်ိန္္မွာ မဲလက္မွတ္အေရအတြက္က ကြာဟခ်က္ေတြရွိလို႔ အခု က်ေနာ္တို႔ၿမိဳ႕နယ္မွာဆုိရင္ ႀကိဳတင္မဲနဲ႔ ပတ္သက္လုိ႔ ကန္႔ကြက္ဖို႔ ကေ်နာ္တုိ႔ ေတာက္ေလွ်ာက္ လုပ္ေနရတယ္။ ဆုိေတာ့ အႏုိင္အ႐ႈံးေတြက ေျပာရခက္ေနေသးတယ္။”

ကိုဝင္းမင္း - တျခားၿမိဳ႕နယ္ေတြေရာ ထူးျခားမႈရွိေသးလား။

ေဒါက္တာနႏၵာလွျမင့္ - “ေနရာတုိင္းလုိလုိကေတာ့ အဲဒီႀကိဳတင္မဲျပႆနာ ရွိေနတာ ေတြ႔ေနရတယ္။”

ကိုဝင္းမင္း - ေနာက္ထပ္ေရာ ထူးထူးျခားျခား ဘာေျပာခ်င္ေသးလဲ။

ေဒါက္တာနႏၵာလွျမင့္ - “မရွိပါဘူး။ အခုအခ်ိန္မွာေတာ့ အႏုိင္အ႐ႈံး ေျပာဖို႔ခက္ပါတယ္။ မွန္းဆခ်က္နဲ႔သာ ေျပာေနၾကတာေလ။ တကယ္ကေတာ့ ရလဒ္ထြက္ၿပီး UEC က ေၾကညာမွသာ အတည္ျဖစ္မွာဆုိေတာ့ က်ေနာ္တုိ႔ အေကာင္းဆုံးရလဒ္ ထြက္ဖို႔ေတာ့ ႀကိဳးစားေနပါတယ္။”

ကိုဝင္းမင္း - ဘယ္ေတာ့ေလာက္ ေၾကညာမယ္လို႔ မွန္းထားလဲ။

ေဒါက္တာနႏၵာလွျမင့္ - “UEC ကေတာ့ မသိဘူး။ က်ေနာ္တုိ႔ကေတာ့ တုိင္းနဲ႔ ျပည္နယ္တုိင္းကေတာ့ မနက္ျဖန္မနက္၊ ညသန္းေခါင္ေလာက္ဆုိ အေျခအေနေလးေတြ သိရမွာပါ။”

ကိုဝင္းမင္း - ေက်းဇူးပါ ေဒါက္တာနႏၵာလွျမင့္ခင္ဗ်။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

ကြိုတင်မဲတွေအရေး ကန့်ကွက်ဖို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြင်ဆင်

မနေ့ကကျင်းပခဲ့တဲ့ မြန်မာ့ရွေးကောက်ပွဲ မဲပေးအပြီးညမှာ အရင်အစိုးရပါတီဖြစ်တဲ့ လက်ရှိ အဓိကအတိုက်အခံပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြောခွင့်ရ ရှမ်းပြည်နယ်၊ ကလောမြို့ကနေ ဝင်ပြိုင်သူလည်းဖြစ်တဲ့ ဒေါက်တာနန္ဒာလှမြင့်ကို မေးရာမှာ အဓိက ကြိုတင်မဲပြဿနာရှိတယ် ဆိုပြီး အခုလို စရှင်းပြပါတယ်။

ဒေါက်တာနန္ဒာလှမြင့် - “အခု မြို့နယ်အလိုက် မဲတွေ ရေတွက်တုန်းဆိုတော့ အနိုင်အရှုံးကို ပြောလို့မရသေးဘူး ဖြစ်နေတာပေါ့။”

ကိုဝင်းမင်း - တခြား ထူးခြားမှုရော ရှိသေးလား။

ဒေါက်တာနန္ဒာလှမြင့် - “မပြောတတ်သေးဘူးခင်ဗျ။ မဲရုံတွေက အခု မဲရေတာ မပြီးပြတ်သေးဘူးဆိုတော့။ ခက်တော့ ခက်ခဲပါလိမ့်မယ်လို့ ထင်တယ်။ အခုကြားရတဲ့ သတင်းတွေနဲ့ ဒေတာအချက်တွေအရ။ ဘာဖြစ်လို့လဲဆိုတော့ ကြိုတင်မဲတွေမှာ ကွဲလွဲချက်တွေ တော်တော်များတယ်။ ဥပမာ ကြိုတင်မဲ လိုက်ကောက်တုန်းက ကျနေ်ာတို့ မှတ်တမ်းတင်ထားတဲ့ လူဦးရေ အရေအတွက်နဲ့ တကယ် မဲပုံးဖွင့်တဲ့အချိန်မှာ မဲလက်မှတ်အရေအတွက်က ကွာဟချက်တွေရှိလို့ အခု ကျနော်တို့မြို့နယ်မှာဆိုရင် ကြိုတင်မဲနဲ့ ပတ်သက်လို့ ကန့်ကွက်ဖို့ ကျေနာ်တို့ တောက်လျှောက် လုပ်နေရတယ်။ ဆိုတော့ အနိုင်အရှုံးတွေက ပြောရခက်နေသေးတယ်။”

ကိုဝင်းမင်း - တခြားမြို့နယ်တွေရော ထူးခြားမှုရှိသေးလား။

ဒေါက်တာနန္ဒာလှမြင့် - “နေရာတိုင်းလိုလိုကတော့ အဲဒီကြိုတင်မဲပြဿနာ ရှိနေတာ တွေ့နေရတယ်။”

ကိုဝင်းမင်း - နောက်ထပ်ရော ထူးထူးခြားခြား ဘာပြောချင်သေးလဲ။

ဒေါက်တာနန္ဒာလှမြင့် - “မရှိပါဘူး။ အခုအချိန်မှာတော့ အနိုင်အရှုံး ပြောဖို့ခက်ပါတယ်။ မှန်းဆချက်နဲ့သာ ပြောနေကြတာလေ။ တကယ်ကတော့ ရလဒ်ထွက်ပြီး UEC က ကြေညာမှသာ အတည်ဖြစ်မှာဆိုတော့ ကျနော်တို့ အကောင်းဆုံးရလဒ် ထွက်ဖို့တော့ ကြိုးစားနေပါတယ်။”

ကိုဝင်းမင်း - ဘယ်တော့လောက် ကြေညာမယ်လို့ မှန်းထားလဲ။

ဒေါက်တာနန္ဒာလှမြင့် - “UEC ကတော့ မသိဘူး။ ကျနော်တို့ကတော့ တိုင်းနဲ့ ပြည်နယ်တိုင်းကတော့ မနက်ဖြန်မနက်၊ ညသန်းခေါင်လောက်ဆို အခြေအနေလေးတွေ သိရမှာပါ။”

ကိုဝင်းမင်း - ကျေးဇူးပါ ဒေါက်တာနန္ဒာလှမြင့်ခင်ဗျ။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG