သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုယ္စားလွယ္ေတြအေပၚ မဲဆႏၵရွင္ေတြ ေမွ်ာ္လင့္ခ်က္


ရန္ကုန္ၿမိဳ႕က မဲ႐ုံတခုမွာ မဲေပးဖို႔ တန္းစီေစာင့္ဆုိင္းေနၾကသူမ်ား။ (ႏုိဝင္ဘာ ၈၊ ၂၀၂၀)

(Zawgyi / Unicode)

၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲမွာ မဲဆႏၵရွင္ေတြက သူတို႔မဲေပးခဲ့တဲ့ ကိုယ္စားလွယ္ေလာင္းေတြေပၚ ဘယ္လိုေမွ်ာ္လင့္ခ်က္ေတြ ရွိၾကသလဲ ဆိုတာကို အိမ့္သႏၱာထြန္း ဆက္သြယ္ေမးျမန္းၿပီး တင္ျပေပးထားပါတယ္။

ႏုိဝင္ဘာလ ၈ ရက္ေန႔မွာ က်င္းပတဲ့ ပါတီစုံဒီမိုကေရစီ အေထြေထြေရြးေကာက္ပြဲမွာ မဲဆႏၵရွင္ေတြဟာ မဲေပးၾကဖို႔အတြက္ မနက္ ၆ နာရီ မဲ႐ုံစဖြင့္ခ်ိန္ကစလို႔ တန္းစီေစာင့္ဆိုင္းၿပီး အားတက္သေရာ မဲလာေပးၾကတာကို ေတြ႔ရပါတယ္။

ကိုဗစ္ကပ္ေရာဂါကာလ ျဖစ္တာေၾကာင့္ က်န္းမာေရး လမ္းၫႊန္ခ်က္နဲ႔အညီ စနစ္တက် မဲေပးေနတာကို ေနရာအမ်ားစုမွာ ျမင္ေတြ႔ရပါတယ္။

မရမ္းကုန္းမဲဆႏၵနယ္က ဦးလႈိင္ဝင္းဦးက တိုင္းျပည္မွာ ဒီမိုကေရစီစနစ္ကို ပိုမိုေကာင္းမြန္ေအာင္ ေဆာင္ရြက္ႏိုင္မယ္လို႔ထင္တဲ့ ပါတီကို မဲေပးခဲ့တယ္လို႔ ဆိုပါတယ္။

“ဘာေတြေမွ်ာ္လင့္ထားသလဲ ဆိုရင္ေတာ့ က်ေနာ္တုိ႔အေနနဲ႔ ေျပာရရင္ေတာ့ တိုင္းျပည္ေကာင္းေအာင္ လုပ္ႏိုင္မယ္လို႔ေတာ့ ေမွ်ာ္လင့္တာေပါ့ေလေနာ္။ တခ်ိန္တုန္းက က်ေနာ္တုိ႔က စစ္အစိုးရေခတ္မွာ ေနခဲ့ရတယ္။ ဒီမိုကေရစီစနစ္မွာ တိုင္းျပည္ေကာင္းေအာင္ လုပ္ႏိုင္တဲ့ အေနအထားမ်ိဳးေတြ၊ သူတို႔လုပ္ႏိုင္မယ္လို႔ ထင္လို႔ေပါ့ေနာ္၊ သူတို႔ပါတီကို မဲေပးခဲ့တာပါ။ အဓိကကေတာ့ က်ေနာ္တုိ႔တိုင္းျပည္ကို ဒီ ဒီမိုကေရစီစနစ္နဲ႔ ေကာင္းေကာင္းမြန္မြန္နဲ႔ေပါ့ လုပ္စားကိုင္စားႏုိင္တဲ့ အေျခအေနမ်ိဳးနဲ႔ အုပ္ခ်ဳပ္ေပးႏိုင္တဲ့ ဒီလိုအစိုးရမ်ိဳး ရခဲ့မယ္ဆိုရင္ေတာ့ ေက်နပ္အားရမႈ ရွိတာေပါ့ေနာ္။”

၂၀၁၅ အေထြေထြေရြးေကာက္ပြဲတုန္းကလည္း မဲေပးခဲ့တဲ့ ေဒၚေအးျမင့္ေထြးက ခုလက္ရွိ မဲေပးခဲ့တဲ့ အေျခအေနနဲ႔ ၂၀၁၅ တုန္းက မဲေပးခဲ့တဲ့ အေျခအေနေတြကို အခုလို ေျပာျပပါတယ္။

“မဲေပးဖူးပါတယ္။ ၂၀၁၅ ကလည္း မဲေပးဖူးပါတယ္။ ဒါေပမယ့္ ၅ ႏွစ္အတြင္းမွာေတာ့ အားရေက်နပ္မႈကေတာ့ သိပ္မရွိပါဘူး။ ဒါေပမယ့္ သူ႔ကိုပဲ ဆက္ၿပီး မဲေပးခဲ့ပါတယ္ ခုကေတာ့ေလ။ ဒါေပမယ့္ ေမွ်ာ္လင့္ခ်က္ေတာ့ ရွိတာေပါ့။ အဓိကကေတာ့ ပညာေရးနဲ႔ စီးပြားေရးေပါ့၊ က်န္တာေတာ့ သိပ္မဝင္စားပါဘူး။ ကိုယ့္မွာက ကေလးလည္းရွိတယ္ဆိုေတာ့ ပညာေရးေကာင္းဖို႔ရယ္ စီးပြားေရး ေကာင္းဖို႔ရယ္ ဒါကိုပဲ ေမွ်ာ္လင့္ပါတယ္။”

ပန္းဘဲတန္းၿမိဳ႕နယ္က မဲဆႏၵရွင္ ဦးဘိုနီကေတာ့ တိုင္းျပည္အက်ိဳးရွိဖို႔က အဓိကျဖစ္တာေၾကာင့္ တိုင္းျပည္အက်ိဳးကို ေကာင္းေကာင္းေဆာင္ရြက္ႏိုင္ၾကဖို႔ ေမွ်ာ္လင့္တယ္လို႔ ဆိုပါတယ္။

“ပထမကေတာ့ ပထမပုံစံေပါ့၊ အခုကေတာ့ အခုပုံစံအရ ကိုဗစ္ကာလေၾကာင့္ စည္းစနစ္ရွိရွိနဲ႔ ေကာင္းေကာင္းေဆာင္ရြက္ေပးပါတယ္။ အားလုံးအဆင္ေျပၾကပါတယ္၊ အဆင္ေျပပါတယ္။ ပထမ တက္တဲ့သူလည္း ေကာင္းပါတယ္၊ အခုလည္း ဘယ္သူပဲတက္တက္ေပါ့ဗ်ာ တိုင္းျပည္အက်ိဳးရွိဖို႔က အေရးႀကီးဆုံးပါပဲ။”

မဲဆႏၵရွင္ေတြက အရင္ေရြးေကာက္ပြဲတုန္းကထက္ ပိုၿပီး တက္တက္ႂကြႂကြ မဲလာေပးၾကတယ္လို႔ NLD ပါတီဘက္ကေန ေရြးေကာက္ပြဲကို ေစာင့္ၾကည့္ေနတဲ့ မမ်ိဳးပပက ဆိုပါတယ္။

“မဲ႐ုံေတြ နည္းနည္းက်ဥ္းတဲ့ခါက်ေတာ့ မနက္က လူဦးေရ တအားမ်ားတဲ့ခါက်ေတာ့ နည္းနည္းေလးေတာ့ က်ပ္တယ္။ ဒါေပမယ့္ အဆင္ေျပပါတယ္ အားလုံး။ ထူးျခားမႈ ဘာရွိလဲဆိုေတာ့ မဲထည့္တဲ့လူေတြက အရင္ကက်ေတာ့ ေအးေအးေဆးေဆး ထည့္ၾကတာေပါ့ေနာ္။ ခုက်ေတာ့ မိုးလင္းကတည္းက ၅ နာရီေက်ာ္ေလာက္ကတည္းက လာတန္းစီၿပီးေတာ့ ၆ နာရီ မဲ႐ုံဖြင့္တာနဲ႔ လာတန္းစီ ထည့္ၾကတာေပါ့ေနာ္။”

မဲဆႏၵရွင္ေတြအေနနဲ႔ မဲ႐ုံေတြမွာ ညေန ၄ နာရီမတိုင္ခင္ ေရာက္ေနၾကတဲ့ မဲဆႏၵရွင္အားလုံး မဲေပးခြင့္ရေအာင္ ေဆာင္ရြက္ေပးပါတယ္။ အခုကေတာ့ မဲ႐ုံေတြ ပိတ္လိုက္ၿပီျဖစ္ၿပီးေတာ့ ဆႏၵမဲေတြကို ေစာင့္ၾကည့္ေလ့လာေရးအဖြဲ႕ေတြ၊ မီဒီယာေတြနဲ႔ ရပ္မိရပ္ဖေတြရဲ႕ ေရွ႕မွာ ေရတြက္ေနၾကပါၿပီ။ ပါတီေတြရဲ႕ အႏိုင္အ႐ႈံးကေတာ့ ေသေသခ်ာခ်ာ မထြက္ေပၚေသးပါဘူး။

-----------------------

(Unicode)

ကိုယ်စားလှယ်တွေအပေါ် မဲဆန္ဒရှင်တွေ မျှော်လင့်ချက်

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေက သူတို့မဲပေးခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေပေါ် ဘယ်လိုမျှော်လင့်ချက်တွေ ရှိကြသလဲ ဆိုတာကို အိမ့်သန္တာထွန်း ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေဟာ မဲပေးကြဖို့အတွက် မနက် ၆ နာရီ မဲရုံစဖွင့်ချိန်ကစလို့ တန်းစီစောင့်ဆိုင်းပြီး အားတက်သရော မဲလာပေးကြတာကို တွေ့ရပါတယ်။

ကိုဗစ်ကပ်ရောဂါကာလ ဖြစ်တာကြောင့် ကျန်းမာရေး လမ်းညွှန်ချက်နဲ့အညီ စနစ်တကျ မဲပေးနေတာကို နေရာအများစုမှာ မြင်တွေ့ရပါတယ်။

မရမ်းကုန်းမဲဆန္ဒနယ်က ဦးလှိုင်ဝင်းဦးက တိုင်းပြည်မှာ ဒီမိုကရေစီစနစ်ကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်မယ်လို့ထင်တဲ့ ပါတီကို မဲပေးခဲ့တယ်လို့ ဆိုပါတယ်။

“ဘာတွေမျှော်လင့်ထားသလဲ ဆိုရင်တော့ ကျနော်တို့အနေနဲ့ ပြောရရင်တော့ တိုင်းပြည်ကောင်းအောင် လုပ်နိုင်မယ်လို့တော့ မျှော်လင့်တာပေါ့လေနော်။ တချိန်တုန်းက ကျနော်တို့က စစ်အစိုးရခေတ်မှာ နေခဲ့ရတယ်။ ဒီမိုကရေစီစနစ်မှာ တိုင်းပြည်ကောင်းအောင် လုပ်နိုင်တဲ့ အနေအထားမျိုးတွေ၊ သူတို့လုပ်နိုင်မယ်လို့ ထင်လို့ပေါ့နော်၊ သူတို့ပါတီကို မဲပေးခဲ့တာပါ။ အဓိကကတော့ ကျနော်တို့တိုင်းပြည်ကို ဒီ ဒီမိုကရေစီစနစ်နဲ့ ကောင်းကောင်းမွန်မွန်နဲ့ပေါ့ လုပ်စားကိုင်စားနိုင်တဲ့ အခြေအနေမျိုးနဲ့ အုပ်ချုပ်ပေးနိုင်တဲ့ ဒီလိုအစိုးရမျိုး ရခဲ့မယ်ဆိုရင်တော့ ကျေနပ်အားရမှု ရှိတာပေါ့နော်။”

၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းကလည်း မဲပေးခဲ့တဲ့ ဒေါ်အေးမြင့်ထွေးက ခုလက်ရှိ မဲပေးခဲ့တဲ့ အခြေအနေနဲ့ ၂၀၁၅ တုန်းက မဲပေးခဲ့တဲ့ အခြေအနေတွေကို အခုလို ပြောပြပါတယ်။

“မဲပေးဖူးပါတယ်။ ၂၀၁၅ ကလည်း မဲပေးဖူးပါတယ်။ ဒါပေမယ့် ၅ နှစ်အတွင်းမှာတော့ အားရကျေနပ်မှုကတော့ သိပ်မရှိပါဘူး။ ဒါပေမယ့် သူ့ကိုပဲ ဆက်ပြီး မဲပေးခဲ့ပါတယ် ခုကတော့လေ။ ဒါပေမယ့် မျှော်လင့်ချက်တော့ ရှိတာပေါ့။ အဓိကကတော့ ပညာရေးနဲ့ စီးပွားရေးပေါ့၊ ကျန်တာတော့ သိပ်မဝင်စားပါဘူး။ ကိုယ့်မှာက ကလေးလည်းရှိတယ်ဆိုတော့ ပညာရေးကောင်းဖို့ရယ် စီးပွားရေး ကောင်းဖို့ရယ် ဒါကိုပဲ မျှော်လင့်ပါတယ်။”

ပန်းဘဲတန်းမြို့နယ်က မဲဆန္ဒရှင် ဦးဘိုနီကတော့ တိုင်းပြည်အကျိုးရှိဖို့က အဓိကဖြစ်တာကြောင့် တိုင်းပြည်အကျိုးကို ကောင်းကောင်းဆောင်ရွက်နိုင်ကြဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

“ပထမကတော့ ပထမပုံစံပေါ့၊ အခုကတော့ အခုပုံစံအရ ကိုဗစ်ကာလကြောင့် စည်းစနစ်ရှိရှိနဲ့ ကောင်းကောင်းဆောင်ရွက်ပေးပါတယ်။ အားလုံးအဆင်ပြေကြပါတယ်၊ အဆင်ပြေပါတယ်။ ပထမ တက်တဲ့သူလည်း ကောင်းပါတယ်၊ အခုလည်း ဘယ်သူပဲတက်တက်ပေါ့ဗျာ တိုင်းပြည်အကျိုးရှိဖို့က အရေးကြီးဆုံးပါပဲ။”

မဲဆန္ဒရှင်တွေက အရင်ရွေးကောက်ပွဲတုန်းကထက် ပိုပြီး တက်တက်ကြွကြွ မဲလာပေးကြတယ်လို့ NLD ပါတီဘက်ကနေ ရွေးကောက်ပွဲကို စောင့်ကြည့်နေတဲ့ မမျိုးပပက ဆိုပါတယ်။

“မဲရုံတွေ နည်းနည်းကျဉ်းတဲ့ခါကျတော့ မနက်က လူဦးရေ တအားများတဲ့ခါကျတော့ နည်းနည်းလေးတော့ ကျပ်တယ်။ ဒါပေမယ့် အဆင်ပြေပါတယ် အားလုံး။ ထူးခြားမှု ဘာရှိလဲဆိုတော့ မဲထည့်တဲ့လူတွေက အရင်ကကျတော့ အေးအေးဆေးဆေး ထည့်ကြတာပေါ့နော်။ ခုကျတော့ မိုးလင်းကတည်းက ၅ နာရီကျော်လောက်ကတည်းက လာတန်းစီပြီးတော့ ၆ နာရီ မဲရုံဖွင့်တာနဲ့ လာတန်းစီ ထည့်ကြတာပေါ့နော်။”

မဲဆန္ဒရှင်တွေအနေနဲ့ မဲရုံတွေမှာ ညနေ ၄ နာရီမတိုင်ခင် ရောက်နေကြတဲ့ မဲဆန္ဒရှင်အားလုံး မဲပေးခွင့်ရအောင် ဆောင်ရွက်ပေးပါတယ်။ အခုကတော့ မဲရုံတွေ ပိတ်လိုက်ပြီဖြစ်ပြီးတော့ ဆန္ဒမဲတွေကို စောင့်ကြည့်လေ့လာရေးအဖွဲ့တွေ၊ မီဒီယာတွေနဲ့ ရပ်မိရပ်ဖတွေရဲ့ ရှေ့မှာ ရေတွက်နေကြပါပြီ။ ပါတီတွေရဲ့ အနိုင်အရှုံးကတော့ သေသေချာချာ မထွက်ပေါ်သေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG