သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာျပည္ေရြးေကာက္ပြဲ မဲဆႏၵရွင္ေတြ မဲေပးေနၾကၿပီ


ရန္ကုန္ၿမိဳ႕မွာ အသက္ ၆၀ အထက္ လူႀကီးမ်ား မဲေပးၾကတဲ့ ျမင္ကြင္း။ (ေအာက္တိုဘာ ၂၉၊ ၂၀၂၀)

(Zawgyi / Unicode)

ျမန္္မာႏိုင္ငံမွာ ဒီကေန႔က်င္းပတဲ့ ၂၀၂၀ ပါတီစုံဒီမုိကေရစီ ေရြးေကာက္ပဲြအတြက္ မဲ႐ုံစဖြင့္တဲ့ မနက္ ၆ နာရီကစလို႔ ျပည္သူေတြ မဲေပးေနၾကၿပီ ျဖစ္ပါတယ္။

ကိုဗစ္ ကပ္ေရာဂါကာလ ျဖစ္တာေၾကာင့္ ကူးစက္ေရာဂါ တားဆီးေရးဆုိင္ရာ စည္းကမ္းခ်က္ေတြနဲ႔အညီ မဲဆႏၵရွင္ေတြ ခပ္ခြာခြာတန္းစီၿပီး ႏွာေခါင္းစည္းတပ္ မဲေပးၾကဖုိ႔ က်န္းမာေရးဌာနက တိုက္တြန္းထားသလို အဲဒီစည္းကမ္းေတြကို လူေတြလုိက္နာေအာင္လို႔ မဲ႐ုံေတြမွာ ေရြးေကာက္ပဲြဆုိင္ရာ အထူးလုံၿခဳံေရးတပ္ဖဲြ႔ဝင္ေတြ ေစာင့္ၾကပ္ သတိေပးေနပါတယ္။

ျမန္မာႏိုင္ငံရဲ႕ လူဦးေရ ၅၄ သန္းေက်ာ္ ရွိတဲ့အနက္ မဲေပးခြင့္ရွိသူေပါင္း ၃၇ သန္းရွိၿပီး လူငယ္ေတြအပါအဝင္ လူအမ်ားစုက မဲလာေပးၾကမယ္လို႔ ေမွ်ာ္လင့္ထားၾကပါတယ္။

အသက္ရြယ္ႀကီးပိုင္းေတြ မဲေပးရ အဆင္ေျပေအာင္လုိ႔ ႀကဳိတင္မဲေတြကို ေအာက္တိုဘာ ၂၉ ကေန ႏိုဝင္ဘာ ၇ ရက္ မေန႔ကအထိ လိုက္လံ ေကာက္ယူထားၿပီး ျဖစ္ပါတယ္။

ဒီ ၂၀၂၀ ေရြးေကာက္ပဲြမွာ ႏိုင္ငံေရးပါတီ ၉၀ ေက်ာ္ ဝင္ေရာက္ယွဥ္ၿပဳိင္မွာျဖစ္ၿပီး NLD ပါတီက ကိုယ္စားလွယ္ေလာင္း အမ်ားဆုံးနဲ႔ ဒုတိယအမ်ားဆုံးကေတာ့ USDP ေခၚ ျပည္ခုိင္ၿဖဳိးပါတီ ျဖစ္ပါတယ္။

တရားမွ်တစြာ က်င္းပႏုိင္မယ့္ အေျခအေန မရွိတာေၾကာင့္ဆိုၿပီး ရခုိင္နဲ႔ ရွမ္းျပည္နယ္ေတြထဲက စုစုေပါင္း ၁၅ ၿမဳိ႕နယ္မွာ ၿမဳိ႕နယ္လုံးကၽြတ္နဲ႔ တိုင္းနဲ႔ျပည္နယ္က အျခားေသာ ေက်းရြာအုပ္စုေတြမွာပါ ေရြးေကာက္ပဲြ မက်င္းပႏုိင္တဲ့အတြက္ ၂၀၁၅ ေရြးေကာက္ပဲြထက္စာရင္ ၂၀၂၀ ေရြးေကာက္ပဲြ မဲဆႏၵနယ္ေျမ ပိုနည္းသြားပါတယ္။

ဒီေန႔ ေရြးေကာက္ပဲြအတြက္ ျမန္မာျပည္သူေတြဟာ ျပည္သူ႔လႊတ္ေတာ္ ၃၁၅ ေနရာ၊ အမ်ဳိးသားလႊတ္ေတာ္ ၁၆၁ ေနရာ၊ တုိင္းေဒသႀကီးနဲ႔ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ၆၁၂ ဦး၊ ေဒသအလိုက္ တိုင္းေရးသားေရးရာဝန္ႀကီး ၂၉ ဦးအတြက္ ေရြးခ်ယ္ မဲေပးေနၾကတာ ျဖစ္ပါတယ္။

ဒီႏွစ္မွာ ထူးျခားခ်က္ကေတာ့ အရင္ေရြးေကာက္ပဲြေတြလို မဟုတ္ဘဲ တပ္မေတာ္တြင္းက မဲ႐ုံေတြကို တပ္အျပင္ထုတ္ထားၿပီး တပ္တြင္းမိသားစုေတြက အဲဒီမွာ မဲသြားေပးရမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

မြန်မာပြည်ရွေးကောက်ပွဲ မဲဆန္ဒရှင်တွေ မဲပေးနေကြပြီ

မြန်မာနိုင်ငံမှာ ဒီကနေ့ကျင်းပတဲ့ ၂၀၂၀ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအတွက် မဲရုံစဖွင့်တဲ့ မနက် ၆ နာရီကစလို့ ပြည်သူတွေ မဲပေးနေကြပြီ ဖြစ်ပါတယ်။

ကိုဗစ် ကပ်ရောဂါကာလ ဖြစ်တာကြောင့် ကူးစက်ရောဂါ တားဆီးရေးဆိုင်ရာ စည်းကမ်းချက်တွေနဲ့အညီ မဲဆန္ဒရှင်တွေ ခပ်ခွာခွာတန်းစီပြီး နှာခေါင်းစည်းတပ် မဲပေးကြဖို့ ကျန်းမာရေးဌာနက တိုက်တွန်းထားသလို အဲဒီစည်းကမ်းတွေကို လူတွေလိုက်နာအောင်လို့ မဲရုံတွေမှာ ရွေးကောက်ပွဲဆိုင်ရာ အထူးလုံခြုံရေးတပ်ဖွဲ့ဝင်တွေ စောင့်ကြပ် သတိပေးနေပါတယ်။

မြန်မာနိုင်ငံရဲ့ လူဦးရေ ၅၄ သန်းကျော် ရှိတဲ့အနက် မဲပေးခွင့်ရှိသူပေါင်း ၃၇ သန်းရှိပြီး လူငယ်တွေအပါအဝင် လူအများစုက မဲလာပေးကြမယ်လို့ မျှော်လင့်ထားကြပါတယ်။

အသက်ရွယ်ကြီးပိုင်းတွေ မဲပေးရ အဆင်ပြေအောင်လို့ ကြိုတင်မဲတွေကို အောက်တိုဘာ ၂၉ ကနေ နိုဝင်ဘာ ၇ ရက် မနေ့ကအထိ လိုက်လံ ကောက်ယူထားပြီး ဖြစ်ပါတယ်။

ဒီ ၂၀၂၀ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ ၉၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး NLD ပါတီက ကိုယ်စားလှယ်လောင်း အများဆုံးနဲ့ ဒုတိယအများဆုံးကတော့ USDP ခေါ် ပြည်ခိုင်ဖြိုးပါတီ ဖြစ်ပါတယ်။

တရားမျှတစွာ ကျင်းပနိုင်မယ့် အခြေအနေ မရှိတာကြောင့်ဆိုပြီး ရခိုင်နဲ့ ရှမ်းပြည်နယ်တွေထဲက စုစုပေါင်း ၁၅ မြို့နယ်မှာ မြို့နယ်လုံးကျွတ်နဲ့ တိုင်းနဲ့ပြည်နယ်က အခြားသော ကျေးရွာအုပ်စုတွေမှာပါ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့အတွက် ၂၀၁၅ ရွေးကောက်ပွဲထက်စာရင် ၂၀၂၀ ရွေးကောက်ပွဲ မဲဆန္ဒနယ်မြေ ပိုနည်းသွားပါတယ်။

ဒီနေ့ ရွေးကောက်ပွဲအတွက် မြန်မာပြည်သူတွေဟာ ပြည်သူ့လွှတ်တော် ၃၁၅ နေရာ၊ အမျိုးသားလွှတ်တော် ၁၆၁ နေရာ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၆၁၂ ဦး၊ ဒေသအလိုက် တိုင်းရေးသားရေးရာဝန်ကြီး ၂၉ ဦးအတွက် ရွေးချယ် မဲပေးနေကြတာ ဖြစ်ပါတယ်။

ဒီနှစ်မှာ ထူးခြားချက်ကတော့ အရင်ရွေးကောက်ပွဲတွေလို မဟုတ်ဘဲ တပ်မတော်တွင်းက မဲရုံတွေကို တပ်အပြင်ထုတ်ထားပြီး တပ်တွင်းမိသားစုတွေက အဲဒီမှာ မဲသွားပေးရမှာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG