သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာေရြးေကာက္ပြဲ ႀကိဳတင္မဲေပးေရး အခက္အခဲတခ်ိဳ႕


(Zawgyi/Unicode)

၂၀၂၀ ေ႐ြးေကာက္ပြဲအတြက္ ႀကိဳတင္မဲေပးခြင့္ရွိတဲ့ မဲဆႏၵရွင္ေတြအတြက္ ေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ သတ္မွတ္ထားတဲ့ ကာလ-ဒီကေန႔နိုဝင္ဘာလ ၇ရက္ေန႔က ေနာက္ဆံုးသတ္မွတ္ရက္ျဖစ္ပါတယ္။ ဒီေတာ့ ႀကိဳတင္မဲေပးခြင့္ရွိသူေတြ အဆင္ေျပေခ်ာေမြ႕စြာ မဲေပးႏိုင္ခဲ့ၾကပါသလား၊ မဲေပးခြင့္အခြင့္အေရး ဆုံးရႈံးတာမ်ဳိးေတြမ်ားေရာ ရွိခဲ့ပါသလား စတဲ့အေျခအေနေတြကို မဆုမြန္က စုစည္းတင္ျပေပးခ်င္ပါတယ္။

လာမယ့္ ႏိုဝင္ဘာလ ၈ ရက္ေန႔၂၀၂၀ျပည့္ႏွစ္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲႀကီး က်င္းပခ်ိန္ မတိုင္ခင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေ႐ြးေကာက္ပြဲေန႔က်ရင္ မဲ႐ုံမွာ ကိုယ္တိုင္ ဆႏၵမဲ သြားမေပးႏိုင္ၾကတဲ့ ျပည္သူေတြ သက္ဆိုင္ရာ ရပ္ကြက္ေက်း႐ြာအုပ္စု ေ႐ြးေကာက္ပြဲမဲ႐ုံခြဲေတြမွာ ေအာက္တိုဘာလ ၂၉ ရက္ေန႔ကေနစၿပီး ႏိုဝင္ဘာလ ၇ ရက္ေန႔အထိ ႀကိဳတင္ဆႏၵမဲ ေပးႏိုင္ၾကတယ္ဆိုတာ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က သတင္းထုတ္ျပန္ထားတာပါ။ ဒါေၾကာင့္ ဒီကေန႔ ႏိုဝင္ဘာလ ၇ ရက္ေန႔ကေတာ့ ႀကိဳတင္ဆႏၵမဲေပးခြင့္ ေနာက္ဆုံးသတ္မွတ္ရက္ ျဖစ္ပါတယ္။

ဒီေတာ့ ၂၀၂၀ေ႐ြးေကာက္ပြဲ က်င္းပမယ့္ရက္- မိမိတို႔ေနရပ္မွာ ျပန္ၿပီး မဲမေပးႏိုင္မယ့္သူေတြ၊ အသက္ (၆၀) နဲ႔အထက္ အသက္အ႐ြယ္ႀကီးတဲ့သူေတြ၊ ေ႐ြးေကာက္ပြဲတာဝန္က်သူေတြ အစိုးရအဖြဲ႕ဝင္ အဆင့္ဆင့္စတဲ့ ႀကိဳတင္ဆႏၵမဲေပးပိုင္ခြင့္ရွိတဲ့ ႏိုင္ငံသားေတြအတြက္ ႀကိဳတင္ဆႏၵမဲေပးခြင့္ရဖို႔ ေ႐ြးေကာက္ပြဲေကာ္မရွင္ဘက္က စီစဥ္ေဆာင္႐ြက္ေပးမႈ အေျခအေနေတြၾကား မွာေတာ့ အဆင္ေျပေျပ မဲေပးႏိုင္ခဲ့သူေတြရွိသလို မဲေပးခြင့္ဆုံးရႈံးခဲ့ရသူေတြလည္း ရွိေနပါတယ္။

ေ႐ႊ႕ေျပာင္းလုပ္သား ေသာင္းခ်ီရွိေနတဲ့ ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕နယ္ဘက္မွာေတာ့ မိမိတို႔ရဲ႕ အရပ္ေဒသေတြမွာ မဲျပန္မေပးႏိုင္တဲ့သူေတြ အထူးသျဖင့္ ကိုဗစ္ကာလ Stay At Home အမိန႔္ထုတ္ထားတဲ့ ဖားကန႔္နယ္ေျမထဲ ႀကိဳတင္မဲေပးႏိုင္ေရး ေဆာင္႐ြက္ ေနတာေတြကို ဖားကန႔္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင့္စိုးက ဗီြအိုေအျမန္မာပိုင္းကို ရွင္းျပပါတယ္။

" က်ေနာ္တို႔က ႀကိဳတင္ဆႏၵမဲဆိုတဲ့ေနရာမွာ အသက္ ၆၀အထက္ သူေတြရွိမယ္။ မဲ႐ုံေတြမွာ တာဝန္ယူၾကမယ့္ မဲ႐ုံမႉးတို႔ ဒုမဲ႐ုံမႉးတို႔ လုံၿခဳံေရးတို႔ ေနာက္ ပါတီေတြက ခန႔္ထားတဲ့ မဲ႐ုံ ကိုယ္စားလွယ္တို႔ကေတာ့ ႀကိဳတင္ဆႏၵမဲေပးေနၾကတယ္ဗ်။၇ ရက္ေန႔အထိ သတ္မွတ္ထားတယ္ ဆိုတဲ့ေနရာမွာ လူႀကီးေတြကေတာ့ ေပးၿပီးၾကၿပီဗ်။မေန႔ကပဲ ကခ်င္ျပည္နယ္အစိုးရအဖြဲ႕ ကေနလည္း ေၾကညာထားတာရွိပါတယ္ခင္ဗ်။ အဲ့တာက ဘာလဲဆိုရင္ က်ေနာ္တို႔နယ္ေျမက Stay At Home ေၾကညာထားတာ ရွိေတာ့ အဲ့ေတာ့ တျခားကေန ဖားကန႔္ကို ျပန္လာတဲ့သူေတြတို႔ ေနာက္ ဖားကန႔္ကေန တခ်ိဳ႕ကခ်င္ျပည္နယ္ တြင္းကို သြားဖို႔ ခက္ခဲေနတဲ့သူေတြကို မနက္ျဖန္ ( ႏိုဝင္ဘာလ ၇ရက္) မဲေပးဖို႔ ခြင့္ျပဳထားတဲ့ဟာေတာ့ ရွိပါတယ္ခင္ဗ်။ အဓိက က်ေနာ္တို႔ နယ္ေျမမွာက အဓိကအခက္ခဲက အဲ့တာပါပဲခင္ဗ်။ မိုးညႇင္းၿမိဳ႕နယ္ရယ္ ဖားကန႔္ၿမိဳ႕နယ္ရယ္ကStay At Home ေဒသေလ။ ကိုယ္တိုင္သြားၿပီး မဲထည့္လို႔မရဘူးကြာရမ္တင္းဝင္ရမွာလိုမ်ိဳးေတြပါရွိေနေတာ့ ေလာေလာဆယ္ ျပည္နယ္အစိုးရဘက္က ဒါကို ေျဖေလ်ာ့ေပးထားပါတယ္ခင္ဗ်။"

ၾကိဳတင္မဲဆႏၵေပးဖို႔ အခြင့္အေရးဆံုးရံႈးခဲ့ရတဲ့ မြန္ျပည္နယ္ ေပါင္ၿမိဳ႕နယ္ဘက္က ေရလုပ္သားေတြ ၁၀၀၀ နီးပါးလည္း အေျခအေနကို ေျပာျပခ်င္ပါတယ္။ႀကိဳတင္မဲေပးခြင့္ ေနာက္ဆုံးရက္ျဖစ္တဲ့ ႏိုဝင္ဘာလ ၆ရက္ေန႔ နဲ႔ ၇ ရက္ေန႔ေတြမွာ ႀကိဳတင္ဆႏၵမဲလာေပးဖို႔ ေကာ္မရွင္ဘက္ကေျပာေပမဲ့ ေရလုပ္ငန္း လုပ္ငန္းခြင္ျဖစ္တဲ့ ပင္လယ္ထဲ ထြက္ရမွာမို႔ မြန္ျပည္နယ္ အလွပ္ေက်း႐ြာနဲ႔ ဝဲပတန္ေက်း႐ြာက ေရလုပ္သားတေထာင္နီးပါး မဲေပးခြင့္ဆုံးရႈံးရတဲ့အေျခအေနျဖစ္ေနတာပါ။

ေရလုပ္သားေတြဟာဒီေရအတက္အက်ေပၚမူတည္ၿပီးေလွထြက္ရတာေၾကာင့္၊ ေရြးေကာက္ပြဲ ေကာ္မရွင္က သတ္မွတ္ထားတဲ့ ႀကိဳတင္မဲေပးရမယ့္ရက္မတိုင္ခင္ ပင္လယ္ျပင္ထြက္ရမယ့္ အေျခအေနျဖစ္ေနပါတယ္။မိသားစု စားဝတ္ေနေရး အဆင္မေျပတာေၾကာင့္ ခင္ပြန္းနဲ႔ သားျဖစ္သူက ႀကိဳတင္မဲထည့္ခြင့္မရပဲ ပင္လယ္ထြက္ၿပီး အလုပ္လုပ္ေနရတယ္လို႔ အလွပ္ရြာေနက မမိခ်ိဳက ေျပာပါတယ္။

“ ႀကိဳတင္မဲ မထည့္ရေတာ့ ကၽြန္မတို႔က မဲထည့္ပိုင္ခြင့္ဆုံးရႈံးသြားေတာ့ စိတ္ေတာ့မေကာင္း ဘူးေပါ့။ ကၽြန္မတို႔က မဲေတာ့ ထည့္ခ်င္တာေပါ့၊ ကၽြန္မတို႔ ေယာက္က်ား၊ ကၽြန္မတို႔ သားေတြက အကုန္လံုးက ေရလုပ္သား ေတြဆိုေတာ့ သူမ်ားအလုပ္လုပ္ရတယ္။ သူမ်ားအလုပ္လုပ္ရေတာ့ ပိုက္ဆံ ယူထားတယ္ေလ ပင္လယ္ထြက္ဆို ထြက္ရတာေပါ့။ ကၽြန္မတို႔မွာ စားဝတ္ေနေရးေတြလည္း ရွိေသးတယ္ေလ၊ ေနာက္ၿပီးေတာ့ သူမ်ားဆီမွာ အလုပ္လုပ္ရတယ္ ဆိုေတာ့ သူမ်ားဆီက ပိုက္ဆံေတြယူထားတယ္။ အလုပ္ဆင္းခ်ိန္ဆိုရင္ ဆင္းရတာေပါ့၊ အခက္အခဲ က စားဝတ္ေနေရးမွာလည္း ရွိေသးတယ္။ ကၽြန္မတို႔က ထြက္ရတယ္ေလ၊ အလုပ္ရွင္က ထြက္ဆို ထြက္ရတယ္ေလ၊ သူမ်ားအလုပ္ လုပ္တာကိုး၊ မဲေပးခ်င္စိတ္ရွိေပမယ့္ စားဝတ္ေနေရး အဆင္မေျပ ေတာ့ ထြက္ရတာေပါ့”

ဒီလိုမ်ိဳး ႀကိဳတင္ဆႏၵမဲေပးခဲ့ၾကသူေတြရဲ႕ၾကံဳခဲ့ရတဲ့ အခက္အခဲနဲ႔ ႀကိဳတင္ဆႏၵမဲေပးခြင့္မရသူေတြရဲ႕ မဲေပးခြင့္ ဆုံးရႈံးမႈအေျခအေနေတြအေပၚ ေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ စီမံခန႔္ခြဲမႈနဲ႔ပတ္သက္ၿပီး ၂၀၂၀ ေ႐ြးေကာက္ပြဲေစာင့္ၾကည့္ေလ့လာသူ New Myanmar Foundation က မျမနႏၵာသင္းက အခုလိုအၾကံျပဳပါတယ္။

" က်မတို႔ ၾကိဳတင္မဲေတြကေအာက္တိုဘာ ၁၉ ကေန နိုဝင္ဘာလ ၅ရက္ေန႔ အထိက အသက္ ၆၀ေက်ာ္အရြယ္ေပါ့ေနာ္ ဒီကိုဗစ္ေၾကာင့္မဲမေပးႏုိင္မယ့္သူေတြအတြက္ကို ရည္ရြယ္ၿပီးလုပ္တယ္ ဒါက တပိုင္းေပါ့။ ၿပီးေတာ့ ၆ရက္နဲ႔ ၇ရက္ေန႔အထိ ေပါ့ အဲ့တာက ကိုယ့္ရဲ႕ မဲဆႏၵနယ္ထဲမွာပဲ ရွိတဲ့သူေတြအတြက္ ရည္ရြယ္ၿပီးေတာ့ ထားတယ္။ ဒါေပမဲ့ ေရလုပ္သားတို႔ သေဘၤာသားတို႔က လမ္းညႊန္ခ်က္ထဲ ေသခ်ာမရွိေနတဲ့အခါက်ေတာ့ေပါင္တင္ မဟုတ္ပဲနဲ႔ တနသၤာရီတိုင္းတခုလံုးမွာ ေရလုပ္သားေတြ ဒီလိုအေျခအေနမ်ိဳးေတြၾကံဳေနရတယ္။ က်မတို႔ျမင္တာကေတာ့- ၾကိဳတင္မဲနဲ႔ပတ္သက္တဲ့ ေသခ်ာတဲ့ Procedure တခုေပါ့ေနာ္ ရွိဖို႔ လိုအပ္ေနတယ္ လို႔ျမင္တယ္။အထူးသျဖင့္ မဲဆႏၵနယ္အတြင္းကသူေတြ အဲ့ဒီ့အထဲမွာမွ မသိလိုက္တဲ့သူေတြလည္း ရွိေနတာမ်ိဳးေတြလည္း ရွိေနတယ္ေပါ့ေနာ္ ဒါေၾကာင့္ ေနာက္ပိုင္းမွာ က်မတို႔အၾကံေပးလိုတာက တျခားေသာ ႏုိင္ငံျခားေရာက္ၾကိဳတင္မဲေတြ လုပ္ေပးသလိုပဲ အျခားေသာမဲေတြကို အခ်ဳပ္မဲပဲျဖစ္ျဖစ္ ေဆးရံုမွာ ေကာက္တဲ့မဲပဲျဖစ္ျဖစ္ ဥပမာ ေရလုပ္သားတို႔ သေဘၤာသားတို႔ပဲျဖစ္ျဖစ္ ခရီးထြက္ရေတာ့သူေတြအတြက္ ဘယ္လိုမဲေပးရမယ္ဆိုတဲ့ အစီအစဥ္ေတြ ၾကိဳတင္ၿပီး လုပ္ထားသင့္တယ္လို႔ က်မကေတာ့ အၾကံျပဳခ်င္တာေပါ့ေနာ္ အဓိကကေတာ့- Procedure နဲ႔Time Line ကို လူေတြက မသိေနၾကတာေပါ့ေနာ္။တခုခုကို ထုတ္ျပန္လိုက္မယ္ဆိုရင္ ေအာက္ေျခကေန အခ်ိန္မွီ မသိေနၾကတာမ်ိဳးေတြလည္း က်မတို႔ ေတြ႔ေနရတယ္။"

၂၀၂၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲမွာ မိမိ မဲဆႏၵနယ္မွာ ရွိေနေပမဲ့လည္း မဲ႐ုံကို ကိုယ္တိုင္ မဲမသြားေပးႏိုင္တဲ့သူေတြ အတြက္ကိုလည္း သက္ဆိုင္ရာ ရပ္ကြက္ ေက်း႐ြာအုပ္စု ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ႐ုံးေတြမွာ မေန႔ေသာၾကာေန႔ ႏိုဝင္ဘာလ ၆ရက္ေန႔နဲ႔ ဒီကေန႔ ႏိုဝင္ဘာလ ၇ရက္ေန႔ စေနေန႔ေတြမွာ ႀကိဳတင္မဲဆႏၵေပးႏိုင္ၾကပါတယ္။ အထူးသျဖင့္ ကိုဗစ္ ၁၉ ကပ္ေရာဂါ ကာလ Stay At Home ထုတ္ျပန္ထားတဲ့ ၿမိဳ႕နယ္ေတြမွာလည္း ႀကိဳတင္ဆႏၵမဲေတြကို မဲဆႏၵရွင္ေတြရဲ႕ ေနအိမ္ေတြမွာ သြားေရာက္ ႀကိဳတင္ဆႏၵမဲေကာက္ခံႏိုင္ၿပီး ကိုဗစ္အတြက္ သီးျခားခြဲ ကန႔္သတ္ေနထိုင္ေနရတဲ့Quarantine Center Facility Quarantine Hotel Quarantine Home Quarantine ဝင္ေနရတဲ့သူေတြအတြက္ကိုလည္း ႀကိဳတင္ဆႏၵမဲေပးခြင့္ရဖို႔ စီစဥ္ထားတာျဖစ္ပါတယ္။

ဒီႀကိဳတင္ဆႏၵမဲေပးတာေတြကို လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းေတြေ႐ြးေကာက္ပြဲ ေစာင့္ၾကည့္ေလ့လာသူေတြဘက္က သက္ဆိုင္ရာ ေ႐ြးေကာက္ပြဲေကာ္မရွင္နဲ႔ဆက္သြယ္ၿပီးေတာ့ မဲဆႏၵရွင္ရဲ႕ လွ်ိဳ႕ဝွက္ ဆႏၵျပဳျခင္းကို မထိခိုက္ေစပဲ ကိုဗစ္ ၁၉ ကာကြယ္ေရးနည္းလမ္းေတြနဲ႔အညီ လိုက္ပါၾကည့္ရႈ႕ႏိုင္ေၾကာင္းကိုလည္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ဘက္က ေအာက္တိုဘာလ ၂၄ရက္ေန႔က ေၾကညာခ်က္ထုတ္ျပန္ထားတာပါတယ္။

တိုက္႐ိုက္ လင့္ခ္


..........

(Unicode)

၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခွင့်ရှိတဲ့ မဲဆန္ဒရှင်တွေအတွက် ရွေးကောက်ပွဲကော်မရှင်ရဲ့ သတ်မှတ်ထားတဲ့ ကာလ-ဒီကနေ့နိုဝင်ဘာလ ၇ရက်နေ့က နောက်ဆုံးသတ်မှတ်ရက်ဖြစ်ပါတယ်။ ဒီတော့ ကြိုတင်မဲပေးခွင့်ရှိသူတွေ အဆင်ပြေချောမွေ့စွာ မဲပေးနိုင်ခဲ့ကြပါသလား၊ မဲပေးခွင့်အခွင့်အရေး ဆုံးရှုံးတာမျိုးတွေများရော ရှိခဲ့ပါသလား စတဲ့အခြေအနေတွေကို မဆုမွန်က စုစည်းတင်ပြပေးချင်ပါတယ်။

လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပချိန် မတိုင်ခင် အကြောင်းအမျိုးမျိုးကြောင့် ရွေးကောက်ပွဲနေ့ကျရင် မဲရုံမှာ ကိုယ်တိုင် ဆန္ဒမဲ သွားမပေးနိုင်ကြတဲ့ ပြည်သူတွေ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စု ရွေးကောက်ပွဲမဲရုံခွဲတွေမှာ အောက်တိုဘာလ ၂၉ ရက်နေ့ကနေစပြီး နိုဝင်ဘာလ ၇ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲ ပေးနိုင်ကြတယ်ဆိုတာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ထားတာပါ။ ဒါကြောင့် ဒီကနေ့ နိုဝင်ဘာလ ၇ ရက်နေ့ကတော့ ကြိုတင်ဆန္ဒမဲပေးခွင့် နောက်ဆုံးသတ်မှတ်ရက် ဖြစ်ပါတယ်။

ဒီတော့ ၂၀၂၀ရွေးကောက်ပွဲ ကျင်းပမယ့်ရက်- မိမိတို့နေရပ်မှာ ပြန်ပြီး မဲမပေးနိုင်မယ့်သူတွေ၊ အသက် (၆၀) နဲ့အထက် အသက်အရွယ်ကြီးတဲ့သူတွေ၊ ရွေးကောက်ပွဲတာဝန်ကျသူတွေ အစိုးရအဖွဲ့ဝင် အဆင့်ဆင့်စတဲ့ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ နိုင်ငံသားတွေအတွက် ကြိုတင်ဆန္ဒမဲပေးခွင့်ရဖို့ ရွေးကောက်ပွဲကော်မရှင်ဘက်က စီစဉ်ဆောင်ရွက်ပေးမှု အခြေအနေတွေကြား မှာတော့ အဆင်ပြေပြေ မဲပေးနိုင်ခဲ့သူတွေရှိသလို မဲပေးခွင့်ဆုံးရှုံးခဲ့ရသူတွေလည်း ရှိနေပါတယ်။

ရွှေ့ပြောင်းလုပ်သား သောင်းချီရှိနေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်ဘက်မှာတော့ မိမိတို့ရဲ့ အရပ်ဒေသတွေမှာ မဲပြန်မပေးနိုင်တဲ့သူတွေ အထူးသဖြင့် ကိုဗစ်ကာလ Stay At Home အမိန့်ထုတ်ထားတဲ့ ဖားကန့်နယ်မြေထဲ ကြိုတင်မဲပေးနိုင်ရေး ဆောင်ရွက် နေတာတွေကို ဖားကန့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက ဗွီအိုအေမြန်မာပိုင်းကို ရှင်းပြပါတယ်။

" ကျနော်တို့က ကြိုတင်ဆန္ဒမဲဆိုတဲ့နေရာမှာ အသက် ၆၀အထက် သူတွေရှိမယ်။ မဲရုံတွေမှာ တာဝန်ယူကြမယ့် မဲရုံမှူးတို့ ဒုမဲရုံမှူးတို့ လုံခြုံရေးတို့ နောက် ပါတီတွေက ခန့်ထားတဲ့ မဲရုံ ကိုယ်စားလှယ်တို့ကတော့ ကြိုတင်ဆန္ဒမဲပေးနေကြတယ်ဗျ။၇ ရက်နေ့အထိ သတ်မှတ်ထားတယ် ဆိုတဲ့နေရာမှာ လူကြီးတွေကတော့ ပေးပြီးကြပြီဗျ။မနေ့ကပဲ ကချင်ပြည်နယ်အစိုးရအဖွဲ့ ကနေလည်း ကြေညာထားတာရှိပါတယ်ခင်ဗျ။ အဲ့တာက ဘာလဲဆိုရင် ကျနော်တို့နယ်မြေက Stay At Home ကြေညာထားတာ ရှိတော့ အဲ့တော့ တခြားကနေ ဖားကန့်ကို ပြန်လာတဲ့သူတွေတို့ နောက် ဖားကန့်ကနေ တချို့ကချင်ပြည်နယ် တွင်းကို သွားဖို့ ခက်ခဲနေတဲ့သူတွေကို မနက်ဖြန် ( နိုဝင်ဘာလ ၇ရက်) မဲပေးဖို့ ခွင့်ပြုထားတဲ့ဟာတော့ ရှိပါတယ်ခင်ဗျ။ အဓိက ကျနော်တို့ နယ်မြေမှာက အဓိကအခက်ခဲက အဲ့တာပါပဲခင်ဗျ။ မိုးညှင်းမြို့နယ်ရယ် ဖားကန့်မြို့နယ်ရယ်ကStay At Home ဒေသလေ။ ကိုယ်တိုင်သွားပြီး မဲထည့်လို့မရဘူးကွာရမ်တင်းဝင်ရမှာလိုမျိုးတွေပါရှိနေတော့ လောလောဆယ် ပြည်နယ်အစိုးရဘက်က ဒါကို ဖြေလျော့ပေးထားပါတယ်ခင်ဗျ။"

ကြိုတင်မဲဆန္ဒပေးဖို့ အခွင့်အရေးဆုံးရှုံးခဲ့ရတဲ့ မွန်ပြည်နယ် ပေါင်မြို့နယ်ဘက်က ရေလုပ်သားတွေ ၁၀၀၀ နီးပါးလည်း အခြေအနေကို ပြောပြချင်ပါတယ်။ကြိုတင်မဲပေးခွင့် နောက်ဆုံးရက်ဖြစ်တဲ့ နိုဝင်ဘာလ ၆ရက်နေ့ နဲ့ ၇ ရက်နေ့တွေမှာ ကြိုတင်ဆန္ဒမဲလာပေးဖို့ ကော်မရှင်ဘက်ကပြောပေမဲ့ ရေလုပ်ငန်း လုပ်ငန်းခွင်ဖြစ်တဲ့ ပင်လယ်ထဲ ထွက်ရမှာမို့ မွန်ပြည်နယ် အလှပ်ကျေးရွာနဲ့ ဝဲပတန်ကျေးရွာက ရေလုပ်သားတထောင်နီးပါး မဲပေးခွင့်ဆုံးရှုံးရတဲ့အခြေအနေဖြစ်နေတာပါ။

ရေလုပ်သားတွေဟာဒီရေအတက်အကျပေါ်မူတည်ပြီးလှေထွက်ရတာကြောင့်၊ ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ထားတဲ့ ကြိုတင်မဲပေးရမယ့်ရက်မတိုင်ခင် ပင်လယ်ပြင်ထွက်ရမယ့် အခြေအနေဖြစ်နေပါတယ်။မိသားစု စားဝတ်နေရေး အဆင်မပြေတာကြောင့် ခင်ပွန်းနဲ့ သားဖြစ်သူက ကြိုတင်မဲထည့်ခွင့်မရပဲ ပင်လယ်ထွက်ပြီး အလုပ်လုပ်နေရတယ်လို့ အလှပ်ရွာနေက မမိချိုက ပြောပါတယ်။

“ ကြိုတင်မဲ မထည့်ရတော့ ကျွန်မတို့က မဲထည့်ပိုင်ခွင့်ဆုံးရှုံးသွားတော့ စိတ်တော့မကောင်း ဘူးပေါ့။ ကျွန်မတို့က မဲတော့ ထည့်ချင်တာပေါ့၊ ကျွန်မတို့ ယောက်ကျား၊ ကျွန်မတို့ သားတွေက အကုန်လုံးက ရေလုပ်သား တွေဆိုတော့ သူများအလုပ်လုပ်ရတယ်။ သူများအလုပ်လုပ်ရတော့ ပိုက်ဆံ ယူထားတယ်လေ ပင်လယ်ထွက်ဆို ထွက်ရတာပေါ့။ ကျွန်မတို့မှာ စားဝတ်နေရေးတွေလည်း ရှိသေးတယ်လေ၊ နောက်ပြီးတော့ သူများဆီမှာ အလုပ်လုပ်ရတယ် ဆိုတော့ သူများဆီက ပိုက်ဆံတွေယူထားတယ်။ အလုပ်ဆင်းချိန်ဆိုရင် ဆင်းရတာပေါ့၊ အခက်အခဲ က စားဝတ်နေရေးမှာလည်း ရှိသေးတယ်။ ကျွန်မတို့က ထွက်ရတယ်လေ၊ အလုပ်ရှင်က ထွက်ဆို ထွက်ရတယ်လေ၊ သူများအလုပ် လုပ်တာကိုး၊ မဲပေးချင်စိတ်ရှိပေမယ့် စားဝတ်နေရေး အဆင်မပြေ တော့ ထွက်ရတာပေါ့”

ဒီလိုမျိုး ကြိုတင်ဆန္ဒမဲပေးခဲ့ကြသူတွေရဲ့ကြုံခဲ့ရတဲ့ အခက်အခဲနဲ့ ကြိုတင်ဆန္ဒမဲပေးခွင့်မရသူတွေရဲ့ မဲပေးခွင့် ဆုံးရှုံးမှုအခြေအနေတွေအပေါ် ရွေးကောက်ပွဲကော်မရှင်ရဲ့ စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီး ၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ New Myanmar Foundation က မမြနန္ဒာသင်းက အခုလိုအကြံပြုပါတယ်။

" ကျမတို့ ကြိုတင်မဲတွေကအောက်တိုဘာ ၁၉ ကနေ နိုဝင်ဘာလ ၅ရက်နေ့ အထိက အသက် ၆၀ကျော်အရွယ်ပေါ့နော် ဒီကိုဗစ်ကြောင့်မဲမပေးနိုင်မယ့်သူတွေအတွက်ကို ရည်ရွယ်ပြီးလုပ်တယ် ဒါက တပိုင်းပေါ့။ ပြီးတော့ ၆ရက်နဲ့ ၇ရက်နေ့အထိ ပေါ့ အဲ့တာက ကိုယ့်ရဲ့ မဲဆန္ဒနယ်ထဲမှာပဲ ရှိတဲ့သူတွေအတွက် ရည်ရွယ်ပြီးတော့ ထားတယ်။ ဒါပေမဲ့ ရေလုပ်သားတို့ သင်္ဘောသားတို့က လမ်းညွှန်ချက်ထဲ သေချာမရှိနေတဲ့အခါကျတော့ပေါင်တင် မဟုတ်ပဲနဲ့ တနင်္သာရီတိုင်းတခုလုံးမှာ ရေလုပ်သားတွေ ဒီလိုအခြေအနေမျိုးတွေကြုံနေရတယ်။ ကျမတို့မြင်တာကတော့- ကြိုတင်မဲနဲ့ပတ်သက်တဲ့ သေချာတဲ့ Procedure တခုပေါ့နော် ရှိဖို့ လိုအပ်နေတယ် လို့မြင်တယ်။အထူးသဖြင့် မဲဆန္ဒနယ်အတွင်းကသူတွေ အဲ့ဒီ့အထဲမှာမှ မသိလိုက်တဲ့သူတွေလည်း ရှိနေတာမျိုးတွေလည်း ရှိနေတယ်ပေါ့နော် ဒါကြောင့် နောက်ပိုင်းမှာ ကျမတို့အကြံပေးလိုတာက တခြားသော နိုင်ငံခြားရောက်ကြိုတင်မဲတွေ လုပ်ပေးသလိုပဲ အခြားသောမဲတွေကို အချုပ်မဲပဲဖြစ်ဖြစ် ဆေးရုံမှာ ကောက်တဲ့မဲပဲဖြစ်ဖြစ် ဥပမာ ရေလုပ်သားတို့ သင်္ဘောသားတို့ပဲဖြစ်ဖြစ် ခရီးထွက်ရတော့သူတွေအတွက် ဘယ်လိုမဲပေးရမယ်ဆိုတဲ့ အစီအစဉ်တွေ ကြိုတင်ပြီး လုပ်ထားသင့်တယ်လို့ ကျမကတော့ အကြံပြုချင်တာပေါ့နော် အဓိကကတော့- Procedure နဲ့Time Line ကို လူတွေက မသိနေကြတာပေါ့နော်။တခုခုကို ထုတ်ပြန်လိုက်မယ်ဆိုရင် အောက်ခြေကနေ အချိန်မှီ မသိနေကြတာမျိုးတွေလည်း ကျမတို့ တွေ့နေရတယ်။"

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မိမိ မဲဆန္ဒနယ်မှာ ရှိနေပေမဲ့လည်း မဲရုံကို ကိုယ်တိုင် မဲမသွားပေးနိုင်တဲ့သူတွေ အတွက်ကိုလည်း သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ မနေ့သောကြာနေ့ နိုဝင်ဘာလ ၆ရက်နေ့နဲ့ ဒီကနေ့ နိုဝင်ဘာလ ၇ရက်နေ့ စနေနေ့တွေမှာ ကြိုတင်မဲဆန္ဒပေးနိုင်ကြပါတယ်။ အထူးသဖြင့် ကိုဗစ် ၁၉ ကပ်ရောဂါ ကာလ Stay At Home ထုတ်ပြန်ထားတဲ့ မြို့နယ်တွေမှာလည်း ကြိုတင်ဆန္ဒမဲတွေကို မဲဆန္ဒရှင်တွေရဲ့ နေအိမ်တွေမှာ သွားရောက် ကြိုတင်ဆန္ဒမဲကောက်ခံနိုင်ပြီး ကိုဗစ်အတွက် သီးခြားခွဲ ကန့်သတ်နေထိုင်နေရတဲ့Quarantine Center Facility Quarantine Hotel Quarantine Home Quarantine ဝင်နေရတဲ့သူတွေအတွက်ကိုလည်း ကြိုတင်ဆန္ဒမဲပေးခွင့်ရဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

ဒီကြိုတင်ဆန္ဒမဲပေးတာတွေကို လွှတ်တော် ကိုယ်စားလှယ်လောင်းတွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေဘက်က သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်နဲ့ဆက်သွယ်ပြီးတော့ မဲဆန္ဒရှင်ရဲ့ လျှို့ဝှက် ဆန္ဒပြုခြင်းကို မထိခိုက်စေပဲ ကိုဗစ် ၁၉ ကာကွယ်ရေးနည်းလမ်းတွေနဲ့အညီ လိုက်ပါကြည့်ရှု့နိုင်ကြောင်းကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က အောက်တိုဘာလ ၂၄ရက်နေ့က ကြေညာချက်ထုတ်ပြန်ထားတာပါတယ်။

XS
SM
MD
LG