သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တပ္မေတာ္နဲ႔ ေရြးေကာက္ပြဲေကာ္မရွင္ၾကား ျပႆနာေျပလည္ေရး 


(Zawgyi/Unicode)

ျမန္မာ့ေရြးေကာက္ပြဲ ၃ ရက္သာလိုေတာ့ခ်ိန္မွာ၊ အစိုးရနဲ႔ တပ္မေတာ္အၾကား UEC ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ဆိုင္ရာ အျပန္အလွန္ ေဝဖန္ထိုးႏွက္မူေတြ ျပင္းထန္လာတာက ဘာေၾကာင့္နဲ႔ ဘယ္လို ေျဖရွင္းသင့္တာကို၊ MIPS ၿငိမ္းခ်မ္းေရးနဲ႔လံုၿခံဳေရးဆိုင္ရာ ျမန္မာ Institute အဖြဲ႔ အမူေဆာင္ဒါရိုက္တာ ေဒါက္တာမင္းေဇာ္ဦးကို ကိုဝင္းမင္းက ေမးရာမွာ ခုလိုစရွင္းျပပါတယ္

ေဒါက္တာမင္းေဇာ္ဦး။ ။ အစိုးရနဲ႔ တပ္မေတာ္နဲ႔ ၾကားမွာ ဒီလြန္ခဲ့တဲ့ ၅ ႏွစ္အတြင္းမွာေပါ့ေနာ္ ။ ဒီလို အျပန္အလွန္အမ်ားေရွ႕မွာ ေျပာဆိုၿပီးေတာ့ လက္ညိွးထိုးၾကတယ္ဆိုတာကေတာ့ ဒီတေခါက္မွာ အျပင္းထန္ဆံုးပဲ။ အဓိက ဘာေၾကာင့္ျဖစ္လာသလဲဆိုတာကေတာ့ တပ္မေတာ္က UEC ရဲ႕ လုပ္ေဆာင္ခ်က္ေတြအေပၚမွာ မေၾကနပ္ဘူးဆိုတာေျပာလာတာ ေတြ႔ရတာေပါ့။ ပထမစစခ်င္း ေရြးေကာက္ပြဲေတြကို ဖ်က္သိမ္းတာနဲ႔ ပတ္သက္ၿပီးေတာ့ လက္ညိွးထိုးၾကတာေတြရွိတာေပါ့ေနာ္။ ေနာက္လာမယ့္ ေရြးေကာက္ပြဲမွာ ၂ ဖက္လံုးကေနၿပီးေတာ့ ကန္႔ကြက္မႈေတြ ေတာ္ေတာ္မ်ားမ်ားကို လုပ္လာႏိုင္တဲ့ေနရာေတြ ေတာ္ေတာ္မ်ားတယ္။ အဲဒီအေပၚမွာ UEC ဘယ္လို ရပ္တည္မလဲဆိုတာကို အခုကတည္းကေနၿပီးေတာ့ ေလသံ လွမ္းပစ္ထားတယ္ဆိုတဲ့သေဘာမ်ိဳးလည္း ျဖစ္ႏိုင္တယ္။

ကိုဝင္းမင္း။ ။ အခု ေလသံ လွမ္းပစ္တဲ့သေဘာက ဒီမဲရလဒ္အေပၚမွာ တခ်ိန္ ဒီထက္ပိုၿပီးေတာ့ မေက်မနပ္ျဖစ္လာမယ္ဆိုတာမ်ိဳး ကို ဦးတည္တာလား ဒါမွမဟုတ္ရင္လည္း လက္ရွိ ဒီအစိုးရအေပၚမွာ ကိုင္တြယ္ေဆာင္ရြက္မႈေတြ ညံ႔ဖ်င္းတဲ့အေပၚမွာ ေရြးေကာက္ပြဲ မတိုင္ခင္မွာ အဓိက သိကၡာခ်ခ်င္တဲ့သေဘာေျပာ ခ်င္တယ္လို႔ ထင္လား။

ေဒါက္တာမင္းေဇာ္ဦး။ ။ ဒီလိုမ်ိဳး စြပ္စြဲေျပာဆိုလိုက္ၿပီဆိုရင္ေတာ့ အစိုးရကို အျပစ္တင္တဲ့သေဘာကေတာ့ သြယ္၀ိုက္ၿပီးေတာ့ ေရာက္ပါတယ္။ ဒါေပမယ့္ ေရြးေကာက္ပြဲကို ျဖစ္ဖို႔ဆႏၵ တပ္မေတာ္မွာလည္း ရွိပါမယ္။ ဥပမာ ေျမျပင္မွာ ၾကည့္မယ္ဆိုရင္ ဒီတပ္မေတာ္ဘက္ကလည္း ရခိုင္လိုေနရာမ်ိဳးမွာ တခ်ိဳ႕ေနရာေတြက ဆိုင္ပဲ ဆိုင္ထားၿပီးေတာ့ မတိုက္ပဲနဲ႕ေပါ့ေနာ္ ၊ ဒါက ေရြးေကာက္ပြဲနဲ႔ သက္ဆိုင္တဲ့အတြက္ေၾကာင့္ စစ္ဆင္ေရးေတြကုိ ရပ္ထားတဲ့ သေဘာမ်ိဳးလည္း ျဖစ္ႏိုင္တယ္။ က်ေနာ္တို႔ စိတ္ပူတာက ျဖစ္ေနတဲ့ ဒီအခ်က္ေတြ အမွားအယြင္းေတြကို မွတ္တမ္းေတြ တင္ၿပီးေတာ့ Election ၿပီးေတာ့မွ ထြက္လာတဲ့ ရလဒ္ေတြအေပၚမွာ အျပင္းအထန္ ကန္႔ကြက္ၾကတာေတြ ျဖစ္တယ္။ ဒါေပမယ့္ ေရြးေကာက္ပြဲ ျဖစ္တဲ့ကာလမွာ ဒီလို ပါတီေတြကေနၿပီးေတာ့ တိုက္တန္းၾကတယ္ဆိုေတာ့ UEC က ဘယ္လိုပံုစံနဲ႔ ရပ္တည္ေျဖရွင္းမလဲဆိုတဲ့အေပၚမွာေတာ့ ပိုၿပီးေတာ့ စကားေျပာသြားမယ္လို႔ထင္ပါတယ္။ ဒီအေပၚ မေက်နပ္ခ်က္ေတြ ျဖစ္လာတယ္ဆိုရင္ေတာ့ အဲဒီအေပၚမွာထပ္မံၿပီးေတာ့ တင္းမာမႈွေတြ ထိပ္တိုက္ေတြ႔မႈေတြလည္း ျဖစ္လာႏိုင္တယ္ေပါ့။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့ အခုလက္ရွိအေနအထားကေတာ့ ေရြးေကာက္ပြဲေတြမွာ ျဖစ္ေလ့ျဖစ္ထရွိတဲ့ ဒီလိုအၿပိဳင္အဆိုင္ ျပင္းထန္လာခ်ိန္မွာ အျပန္အလွန္ေျပာၾကတဲ့ အေနအထားမ်ိဳးကို ပိုၿပီးေတာ့ ေရာက္တဲ့သေဘာ၊ ေနာက္ၿပီးေတာ့ ေရြးေကာက္ပြဲ ရလဒ္ကို မူတည္ၿပီးေတာ့ ဆက္ၿပီးေတာ့ ျဖစ္လာႏိုင္တဲ့သေဘာေပ့ါေနာ္

ေဒါက္တာမင္းေဇာ္ဦး။ ။ ဟုတ္ကဲ့ အဲဒီထက္ နည္းနည္းေလး ပိုတယ္ေပါ့ေနာ္၊ အခုက ႏိုင္ငံေရးပါတီတခုမဟုတ္ပဲနဲ႔ တိုင္းျပည္တျပည္ရဲ႕ လက္နက္ကိုင္ တပ္မေတာ္တခုကေနၿပီး အဲလိုေျပာတဲ့အေပၚမွာေတာ့ ဒီလို ေျပာပံုဆိုပံုနဲ႔ ေျပာရတဲ့ အေၾကာင္းအရင္း အေပၚမွာ မူတည္ၿပီးေတာ့ ဒါကေတာ့ ႏိုင္ငံေရးအရေတာ ့အကဲဆက္တယ္ေပါ့ေနာ္ ။ အစိုးရနဲ႔ တပ္မေတာ္ၾကားထဲမွာ အဟေတြမ်ားေနတယ္ ဆိုတာကို ျပသလိုျဖစ္သြားတာေပါ့ေနာ္။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့ ေလာေလာဆယ္မွာ၊ UEC က ဘယ္လိုျပန္ေျဖရွင္းေပးသင့္တယ္လို႔ ထင္သလဲ။

ေဒါက္တာမင္းေဇာ္ဦး။ ။ ေရြးေကာက္ပြဲမွာ ျဖစ္လာတဲ့ အျငင္းပြားမႈေတြကို UEC အေနနဲ႔ ကိုင္တြယ္ေျဖရွင္းတဲ့အခါမွာ တည္ဆဲဥပေဒနဲ႔ ကိုင္တြယ္ေျဖရွင္းတဲ့ပံုစံျဖစ္သလို တဖက္ကလည္း ပဋိပကၡေျဖရွင္းေရးအျမင္နဲ႔ ေျဖရွင္းႏိုင္ဖို႔လည္းလိုပါတယ္။ ျမန္မာျပည္ရဲ႕အေနအထားကလည္း ဥပေဒႀကီးကို ၁၀၀ ရာခိုင္ႏႈန္း ကိုင္ၿပီး ရွင္းရင္ တခ်ိဳ႕ျပႆနာေတြက ပိုဆိုးသြားႏိုင္တဲ့အေနအထားရွိတာေပါ့။ အဓိကေတာ့ ေဆြးေႏြးသင့္တယ္ဗ်၊ အခု UEC ရဲ႕ အဓိက အားနည္းခ်က္တခုကေတာ့ ဒီႏိုင္ငံေရးပါတီေတြနဲ႔ အေက်အလည္ျဖစ္ေအာင္ ေဆြးေႏြးဖို႔ အားနည္းတယ္။ ဥပမာ- တခ်ိဳ႕ေနရာေတြမွာ Election cancelation လုပ္တဲ့ဟာမ်ိဳးေတြ ၊ ဥပမာ ဦးတင္ေအးတို႔ လက္ထက္တုန္းက ဆိုရင္တိုင္းရင္းသား လက္နက္ကိုင္ အဖဲ႔ြအစည္းေတြ အမ်ားႀကီးနဲ႔ သူတို႔ ေတြ႔ၿပီးေဆြးေႏြးခဲ့တာ ရွိတယ္။ ဒါေပမယ့္ အဓိကေတာ့ အခုေရြးေကာက္ပြဲမွာ ပါတီေတြ တိုင္တာေတြ ျဖစ္လာခဲ့တဲ့အခါမွာ UEC အေနနဲ႔ အထူးသျဖင့္ မဲက ပြတ္သီးပြတ္သတ္ ကပ္ေနတဲ့ေနရာေတြမွာဆိုရင္ ပိုၿပီးေတာ့ ဂရုစိုက္ၿပီးလုပ္ဖို႔လိုပါလိမ့္မယ္။ ေနာက္တခုကလည္း ပါတီတခုတည္းကေနၿပီးေတာ့ အစိုးရ ဖြဲ႔လို႔မရတဲ့အေနအထားေတြ ျဖစ္လာတဲ့အခါမ်ိဳးဆိုရင္ေတာ့ ပြတ္တိုက္မူေတြ ပိုၿပီးေတာ့ မ်ားပါလိမ့္မယ္။ ဒါေပမယ့္ တဖက္တည္းမွာ အကယ္၍မ်ား NLD လြတ္လြတ္ကၽြတ္ကၽြတ္နဲ႔ အစိုးရ မဖြဲ႔ႏိုင္ဘူးဆိုရင္ ဦးေဇာ္ေဌးကေတာ့ ေျပာသြားတာပဲ အစိုးရအေနနဲ႔ အမ်ိဳးသားရင္ၾကားေစ့ေရးကို ဦးတည္ၿပီးေတာ့ National Unity ကို ဦးတည္တဲ့ Government တခုမ်ိဳး လုပ္ဖို႔ စဥ္းစားထားတာ ရွိပါတယ္လို႔ ေျပာသြားတယ္။ အဲလို စဥ္းစားခ်က္မ်ိဳး ရွိတယ္ဆိုရင္ေတာ့ ဒီေရြးေကာက္ပြဲ ၿပီးတဲ့အခ်ိန္မွာ ျဖစ္လာႏိုင္တဲ့ မတည္ၿငိမ္မႈေတြကို ေလ်ာ့ခ်ႏိုင္ဖို႔အတြက္ အမ်ားဆံုးအေကာင္းဆံုး အေျဖ ျဖစ္လာႏိုင္တယ္ေပါ့ေနာ္။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့ ေရြးေကာက္ပြဲ ကာလက ကိုယ္ဘက္က ေထာက္ခံမႈ ရေအာင္ အထူးသျဖင့္ေတာ ့လက္ခုပ္သံ ေတာင္းတဲ့အေနအထားမ်ိဳးေပါ့ေနာ္။ လက္ေတြ႔မွာ ခုလိုျဖစ္လာႏိုင္ဖို႔အေနအထားေရာ

ေဒါက္တာမင္းေဇာ္ဦး။ ။ တဘက္နဲ႔ တဘက္ အျပစ္တင္ၾကၿပီဆိုရင္ ပိုပိုၿပီး ေ၀းသြားၾကမယ္။ က်ေနာ္တို႔ ျမန္မာျပည္ရဲ႕ ျပႆနာက ေရြးေကာက္ပြဲ ရလဒ္တခုတည္းနဲ႔ ေျဖရွင္းလို႔ မရဘူး ။ အမ်ိဳးသားရင္ၾကားေစ့ေရးကို အေျခခံရွိမွကိုရမယ္ ။ အခုကတည္းက က်ယ္က်ယ္ျပန္႔ျပန္႔နဲ႔ ျပင္ဆင္ထားရမယ့္ အခ်ိန္ေတာ့ ေရာက္ၿပီလို႔ ေတာ့ ထင္ပါတယ္။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့ ေက်းဇူး အမ်ားႀကီးတင္ပါတယ္ ေဒါက္တာမင္းေဇာ္ဦး ခင္ဗ်။

တိုက္႐ိုက္ လင့္ခ္


..........

တပ်မတော်နဲ့ ရွေးကောက်ပွဲကော်မရှင်ကြား ပြဿနာပြေလည်ရေး
(Unicode)

မြန်မာ့ရွေးကောက်ပွဲ ၃ ရက်သာလိုတော့ချိန်မှာ၊ အစိုးရနဲ့ တပ်မတော်အကြား UEC ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆိုင်ရာ အပြန်အလှန် ဝေဖန်ထိုးနှက်မူတွေ ပြင်းထန်လာတာက ဘာကြောင့်နဲ့ ဘယ်လို ဖြေရှင်းသင့်တာကို၊ MIPS ငြိမ်းချမ်းရေးနဲ့လုံခြုံရေးဆိုင်ရာ မြန်မာ Institute အဖွဲ့ အမူဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးကို ကိုဝင်းမင်းက မေးရာမှာ ခုလိုစရှင်းပြပါတယ်

ဒေါက်တာမင်းဇော်ဦး။ ။ အစိုးရနဲ့ တပ်မတော်နဲ့ ကြားမှာ ဒီလွန်ခဲ့တဲ့ ၅ နှစ်အတွင်းမှာပေါ့နော် ။ ဒီလို အပြန်အလှန်အများရှေ့မှာ ပြောဆိုပြီးတော့ လက်ညှိးထိုးကြတယ်ဆိုတာကတော့ ဒီတခေါက်မှာ အပြင်းထန်ဆုံးပဲ။ အဓိက ဘာကြောင့်ဖြစ်လာသလဲဆိုတာကတော့ တပ်မတော်က UEC ရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ မကြေနပ်ဘူးဆိုတာပြောလာတာ တွေ့ရတာပေါ့။ ပထမစစချင်း ရွေးကောက်ပွဲတွေကို ဖျက်သိမ်းတာနဲ့ ပတ်သက်ပြီးတော့ လက်ညှိးထိုးကြတာတွေရှိတာပေါ့နော်။ နောက်လာမယ့် ရွေးကောက်ပွဲမှာ ၂ ဖက်လုံးကနေပြီးတော့ ကန့်ကွက်မှုတွေ တော်တော်များများကို လုပ်လာနိုင်တဲ့နေရာတွေ တော်တော်များတယ်။ အဲဒီအပေါ်မှာ UEC ဘယ်လို ရပ်တည်မလဲဆိုတာကို အခုကတည်းကနေပြီးတော့ လေသံ လှမ်းပစ်ထားတယ်ဆိုတဲ့သဘောမျိုးလည်း ဖြစ်နိုင်တယ်။

ကိုဝင်းမင်း။ ။ အခု လေသံ လှမ်းပစ်တဲ့သဘောက ဒီမဲရလဒ်အပေါ်မှာ တချိန် ဒီထက်ပိုပြီးတော့ မကျေမနပ်ဖြစ်လာမယ်ဆိုတာမျိုး ကို ဦးတည်တာလား ဒါမှမဟုတ်ရင်လည်း လက်ရှိ ဒီအစိုးရအပေါ်မှာ ကိုင်တွယ်ဆောင်ရွက်မှုတွေ ညံ့ဖျင်းတဲ့အပေါ်မှာ ရွေးကောက်ပွဲ မတိုင်ခင်မှာ အဓိက သိက္ခာချချင်တဲ့သဘောပြော ချင်တယ်လို့ ထင်လား။

ဒေါက်တာမင်းဇော်ဦး။ ။ ဒီလိုမျိုး စွပ်စွဲပြောဆိုလိုက်ပြီဆိုရင်တော့ အစိုးရကို အပြစ်တင်တဲ့သဘောကတော့ သွယ်ဝိုက်ပြီးတော့ ရောက်ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲကို ဖြစ်ဖို့ဆန္ဒ တပ်မတော်မှာလည်း ရှိပါမယ်။ ဥပမာ မြေပြင်မှာ ကြည့်မယ်ဆိုရင် ဒီတပ်မတော်ဘက်ကလည်း ရခိုင်လိုနေရာမျိုးမှာ တချို့နေရာတွေက ဆိုင်ပဲ ဆိုင်ထားပြီးတော့ မတိုက်ပဲနဲ့ပေါ့နော် ၊ ဒါက ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့အတွက်ကြောင့် စစ်ဆင်ရေးတွေကို ရပ်ထားတဲ့ သဘောမျိုးလည်း ဖြစ်နိုင်တယ်။ ကျနော်တို့ စိတ်ပူတာက ဖြစ်နေတဲ့ ဒီအချက်တွေ အမှားအယွင်းတွေကို မှတ်တမ်းတွေ တင်ပြီးတော့ Election ပြီးတော့မှ ထွက်လာတဲ့ ရလဒ်တွေအပေါ်မှာ အပြင်းအထန် ကန့်ကွက်ကြတာတွေ ဖြစ်တယ်။ ဒါပေမယ့် ရွေးကောက်ပွဲ ဖြစ်တဲ့ကာလမှာ ဒီလို ပါတီတွေကနေပြီးတော့ တိုက်တန်းကြတယ်ဆိုတော့ UEC က ဘယ်လိုပုံစံနဲ့ ရပ်တည်ဖြေရှင်းမလဲဆိုတဲ့အပေါ်မှာတော့ ပိုပြီးတော့ စကားပြောသွားမယ်လို့ထင်ပါတယ်။ ဒီအပေါ် မကျေနပ်ချက်တွေ ဖြစ်လာတယ်ဆိုရင်တော့ အဲဒီအပေါ်မှာထပ်မံပြီးတော့ တင်းမာမှုှတွေ ထိပ်တိုက်တွေ့မှုတွေလည်း ဖြစ်လာနိုင်တယ်ပေါ့။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ အခုလက်ရှိအနေအထားကတော့ ရွေးကောက်ပွဲတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဒီလိုအပြိုင်အဆိုင် ပြင်းထန်လာချိန်မှာ အပြန်အလှန်ပြောကြတဲ့ အနေအထားမျိုးကို ပိုပြီးတော့ ရောက်တဲ့သဘော၊ နောက်ပြီးတော့ ရွေးကောက်ပွဲ ရလဒ်ကို မူတည်ပြီးတော့ ဆက်ပြီးတော့ ဖြစ်လာနိုင်တဲ့သဘောပေ့ါနော်

ဒေါက်တာမင်းဇော်ဦး။ ။ ဟုတ်ကဲ့ အဲဒီထက် နည်းနည်းလေး ပိုတယ်ပေါ့နော်၊ အခုက နိုင်ငံရေးပါတီတခုမဟုတ်ပဲနဲ့ တိုင်းပြည်တပြည်ရဲ့ လက်နက်ကိုင် တပ်မတော်တခုကနေပြီး အဲလိုပြောတဲ့အပေါ်မှာတော့ ဒီလို ပြောပုံဆိုပုံနဲ့ ပြောရတဲ့ အကြောင်းအရင်း အပေါ်မှာ မူတည်ပြီးတော့ ဒါကတော့ နိုင်ငံရေးအရတော့အကဲဆက်တယ်ပေါ့နော် ။ အစိုးရနဲ့ တပ်မတော်ကြားထဲမှာ အဟတွေများနေတယ် ဆိုတာကို ပြသလိုဖြစ်သွားတာပေါ့နော်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ လောလောဆယ်မှာ၊ UEC က ဘယ်လိုပြန်ဖြေရှင်းပေးသင့်တယ်လို့ ထင်သလဲ။

ဒေါက်တာမင်းဇော်ဦး။ ။ ရွေးကောက်ပွဲမှာ ဖြစ်လာတဲ့ အငြင်းပွားမှုတွေကို UEC အနေနဲ့ ကိုင်တွယ်ဖြေရှင်းတဲ့အခါမှာ တည်ဆဲဥပဒေနဲ့ ကိုင်တွယ်ဖြေရှင်းတဲ့ပုံစံဖြစ်သလို တဖက်ကလည်း ပဋိပက္ခဖြေရှင်းရေးအမြင်နဲ့ ဖြေရှင်းနိုင်ဖို့လည်းလိုပါတယ်။ မြန်မာပြည်ရဲ့အနေအထားကလည်း ဥပဒေကြီးကို ၁၀၀ ရာခိုင်နှုန်း ကိုင်ပြီး ရှင်းရင် တချို့ပြဿနာတွေက ပိုဆိုးသွားနိုင်တဲ့အနေအထားရှိတာပေါ့။ အဓိကတော့ ဆွေးနွေးသင့်တယ်ဗျ၊ အခု UEC ရဲ့ အဓိက အားနည်းချက်တခုကတော့ ဒီနိုင်ငံရေးပါတီတွေနဲ့ အကျေအလည်ဖြစ်အောင် ဆွေးနွေးဖို့ အားနည်းတယ်။ ဥပမာ- တချို့နေရာတွေမှာ Election cancelation လုပ်တဲ့ဟာမျိုးတွေ ၊ ဥပမာ ဦးတင်အေးတို့ လက်ထက်တုန်းက ဆိုရင် တိုင်းရင်းသား လက်နက်ကိုင် အဖဲ့ွအစည်းတွေ အများကြီးနဲ့ သူတို့ တွေ့ပြီးဆွေးနွေးခဲ့တာ ရှိတယ်။ ဒါပေမယ့် အဓိကတော့ အခုရွေးကောက်ပွဲမှာ ပါတီတွေ တိုင်တာတွေ ဖြစ်လာခဲ့တဲ့အခါမှာ UEC အနေနဲ့ အထူးသဖြင့် မဲက ပွတ်သီးပွတ်သတ် ကပ်နေတဲ့နေရာတွေမှာဆိုရင် ပိုပြီးတော့ ဂရုစိုက်ပြီးလုပ်ဖို့လိုပါလိမ့်မယ်။ နောက်တခုကလည်း ပါတီတခုတည်းကနေပြီးတော့ အစိုးရ ဖွဲ့လို့မရတဲ့အနေအထားတွေ ဖြစ်လာတဲ့အခါမျိုးဆိုရင်တော့ ပွတ်တိုက်မူတွေ ပိုပြီးတော့ များပါလိမ့်မယ်။ ဒါပေမယ့် တဖက်တည်းမှာ အကယ်၍များ NLD လွတ်လွတ်ကျွတ်ကျွတ်နဲ့ အစိုးရ မဖွဲ့နိုင်ဘူးဆိုရင် ဦးဇော်ဌေးကတော့ ပြောသွားတာပဲ အစိုးရအနေနဲ့ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်ပြီးတော့ National Unity ကို ဦးတည်တဲ့ Government တခုမျိုး လုပ်ဖို့ စဉ်းစားထားတာ ရှိပါတယ်လို့ ပြောသွားတယ်။ အဲလို စဉ်းစားချက်မျိုး ရှိတယ်ဆိုရင်တော့ ဒီရွေးကောက်ပွဲ ပြီးတဲ့အချိန်မှာ ဖြစ်လာနိုင်တဲ့ မတည်ငြိမ်မှုတွေကို လျော့ချနိုင်ဖို့အတွက် အများဆုံးအကောင်းဆုံး အဖြေ ဖြစ်လာနိုင်တယ်ပေါ့နော်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ရွေးကောက်ပွဲ ကာလက ကိုယ်ဘက်က ထောက်ခံမှု ရအောင် အထူးသဖြင့်တော့လက်ခုပ်သံ တောင်းတဲ့အနေအထားမျိုးပေါ့နော်။ လက်တွေ့မှာ ခုလိုဖြစ်လာနိုင်ဖို့အနေအထားရော

ဒေါက်တာမင်းဇော်ဦး။ ။ တဘက်နဲ့ တဘက် အပြစ်တင်ကြပြီဆိုရင် ပိုပိုပြီး ဝေးသွားကြမယ်။ ကျနော်တို့ မြန်မာပြည်ရဲ့ ပြဿနာက ရွေးကောက်ပွဲ ရလဒ်တခုတည်းနဲ့ ဖြေရှင်းလို့ မရဘူး ။ အမျိုးသားရင်ကြားစေ့ရေးကို အခြေခံရှိမှကိုရမယ် ။ အခုကတည်းက ကျယ်ကျယ်ပြန့်ပြန့်နဲ့ ပြင်ဆင်ထားရမယ့် အချိန်တော့ ရောက်ပြီလို့ တော့ ထင်ပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ကျေးဇူး အများကြီးတင်ပါတယ် ဒေါက်တာမင်းဇော်ဦး ခင်ဗျ။

XS
SM
MD
LG