သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပုသိမ္မွာ ႀကိဳတင္မဲေကာက္ မဲ႐ံုဝန္ထမ္းတခ်ဳိ႕ ကိုဗစ္ကူးစက္ခံရ


ရန္ကုန္ၿမိဳ႕ရွိ Quarantine စင္တာတခုမွာ ကိုဗစ္သံသယလူနာေတြရဲ႕ ၾကိဳတင္မဲေတြကို လာေရာက္ ေကာက္ခံတဲ့ PPE ဝတ္စံုဝတ္ မဲရံုဝန္ထမ္းတခ်ိဳ႕။ (ႏိုဝင္ဘာ ၀၆၊ ၂၀၂၀)

[Zawgyi/Unicode]

လာမယ့္ေရြးေကာက္ပဲြအတြက္ ႀကိဳတင္မဲေပးရာမွာ အကူအညီေပးခဲ့တဲ့ မဲ႐ုံ၀န္ထမ္းတခ်ဳိ႕ ကုိဗစ္ေရာဂါကူးစက္ခံရတဲ့ သတင္းေၾကာင့္ ေရြးေကာက္ပဲြ လုပ္ငန္းေတြမွာ ေရာဂါကူးစက္မႈအႏၱရာယ္ကာကြယ္ဖုိ႔ က်န္းမာေရး ပညာရွင္ေတြ သတိေပးေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မအဂၢႏြန္က သတင္းေပးပို႔ထားပါတယ္။

တနဂၤေႏြေန႔ ေရြးေကာက္ပဲြေန႔မွာ အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ မဲေပးဖုိ႔ အခက္အခဲရွိသူေတြကုိ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔ကစ ႀကိဳတင္မဲေပးခြင့္ ျပဳရာမွာ အကူအညီေပးေနတဲ့ မဲ႐ုံ၀န္ထမ္း တခ်ဳိ႕ ေရာဂါပုိးကူးစက္ခံရေၾကာင္း ဒီတပတ္ထဲမွာပဲ အတည္ျပဳခဲ့တာပါ။ ဧရာ၀တီတုိင္း၊ ပုသိမ္ၿမိဳ႕မွာ ႀကိဳတင္မဲေတြ အိမ္တုိင္ယာေရာက္ လုိက္ေကာက္ခဲ့ၾကတဲ့ မဲ႐ုံ၀န္ထမ္း ၇ ဦး ကုိဗစ္ေရာဂါ ကူးစက္ခံခဲ့ရတာလုိ႔လည္း ပုသိမ္ခ႐ုုိင္ ျပည္သူ႔ေဆး႐ုံအုပ္ႀကီး ေဒါက္တာ သန္းမင္းထြဋ္က ေျပာပါတယ္။

ကူးစက္မႈျဖစ္ရတဲ့ အေၾကာင္းရင္းကုိေတာ့ စုံစမ္းစစ္ေဆးေနၿပီး ထိေတြ႔ဆက္ဆံခဲ့သူေတြကုိလည္း အသြားအလာ ကန္႔သတ္ေစာင့္ၾကည့္ ေနတယ္လုိ႔လည္း ေျပာပါတယ္။

“သူတို႔ သြားတဲ့ေကာက္တဲ့ အိမ္က အခုေလာေလာဆယ္ စံုစမ္းၾကည့္တာေတြကေတာ့ သူတို႔ အဖြဲ႕မွာ ၈ ေယာက္ရွိတယ္ေပါ့ေနာ္၊ ၈ ေယာက္က တစ္ေယာက္ကေတာ့ Negative ထြက္တယ္၊ ၇ ေယာက္က positive ထြက္တယ္၊ ၇ ေယာက္ကလည္း အကုန္လံုး အိမ္ထဲကို ဝင္သြားတာမရွိဘူး၊ တခ်ိဳ႕ အိမ္ျပင္မွာ လမ္းေပၚမွာ ရပ္ၿပီး ေစာင့္တဲ့ လူေတြရွိတယ္ဆိုေတာ့ က်ေနာ္တို႔ အခု သံသယရွိတာ သူတုိ႔ထဲမွာ တစ္ေယာက္က က်ေနာ္တို႔ positive ဧရိယာမွာ ၿခံဝင္သြားဖူးတယ္။ ဝင္သြားဖူးတဲ့အခါက်ေတာ့ သူတို႔အခ်င္းခ်င္းပဲ ျပန္ကူးေနသလားလို႔ သံသယရွိေနတယ္။ သူတို႔ အိမ္သားေတြ က်ေနာ္တို႔ ခုေလာေလာဆယ္ Quarantine ထဲမွာ ေတာ္ေတာ္မ်ားမ်ားေခၚၿပီးေတာ့ ထည့္ထားပါတယ္ဗ်၊ က်ေနာ္ အေရအတြက္ေတာ့ က်ေနာ္ အတိအက်မသိဘူး။ ဒါေပမဲ့ ၄၀၊ ၅၀ ေလာက္ေတာ့ရွိတယ္ ေခၚထားတယ္ေပါ့။”

ေရြးေကာက္ပဲြေကာ္မရွင္ တာ၀န္ရွိသူေတြကေတာ့ ကပ္ေရာဂါကာလ က်င္းပမယ့္ ေရြးေကာက္ပဲြမွာ ေရာဂါကူးစက္မႈ အႏၱရာယ္ကုိ ကာကြယ္ဖုိ႔ ႀကိဳတင္ျပင္ဆင္မႈေတြနဲ႔ ေလ့က်င့္မႈေတြ ရွိခဲ့ေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။ ပုသိမ္ၿမိဳ႕မွာ ေရာဂါကူးစက္မႈ အတည္ျပဳခဲ့တဲ့ မဲ႐ုံ၀န္ထမ္းေတြ ေနရာကုိေတာ့ ေနာက္ထပ္ အဖဲြ႔၀င္ေတြနဲ႔ အစားထုိးၿပီး လုပ္ငန္းေတြ ဆက္လက္ေဆာင္ရြက္ေနတယ္လုိ႔လည္း ပုသိမ္ခ႐ုိင္ ေရြးေကာက္ပဲြ ေကာ္မရွင္ ဥကၠ႒ ဦးတင့္လြင္ က ေျပာပါတယ္။

“အဲ့ဒါနဲ႔ ပတ္သက္ၿပီးေတာ့ ညတြင္းခ်င္းပဲ က်ေနာ္တို႔ ခ႐ုိင္နဲ႔ ၿမိဳ႕နယ္ဥကၠ႒နဲ႔ တိုင္ပင္ၿပီးေတာ့ ေနာက္ေန႔မွာပဲ တစ္ခါထဲ အဲ့ဆရာမေတြေနရာမွာ က်ေနာ္ တစ္ခါထဲ အစားထိုးပါတယ္ခင္ဗ်။”

ၿပီးခဲ့တဲ့လထဲမွာတုန္းကလည္း ေရြးေကာက္ပဲြအတြက္ ျပင္ဆင္ေနတဲ့ ပဲခူးၿမိဳ႕နယ္ေကာ္မရွင္အဖြဲ႕ခြဲက အဖဲြ႔၀င္ ၁ ေယာက္မွာလည္း ကုိဗစ္ေရာဂါပုိး စစ္ေဆးေတြ႔ရွိခဲ့ၿပီးေနာက္ သူနဲ႔ ထိေတြ႔ဆက္ဆံခဲ့သူေတြကိုလည္း အသြားအလာ ကန္႔သတ္ စစ္ေဆးခဲ့ပါတယ္။

ကပ္ေရာဂါေၾကာင့္ လူစုလူေ၀းေရွာင္ဖုိ႔ သတိေပးထားေပမဲ့ ေရြးေကာက္ပဲြကာလ က်င္းပတဲ့အခါ ထိေတြ႔ဆက္ဆံမႈေတြ ရွိႏုိင္တာေၾကာင့္ ႀကိဳတင္ကာကြယ္မႈေတြနဲ႔ က်န္းမာေရးစစ္ေဆးမႈေတြလုပ္ဖုိ႔ အေရးႀကီးတယ္လုိ႔လည္း ရန္ကုန္တိုင္း ဖ်ားနာကု ေဆးခန္းတာဝန္ခံ ေဒါက္တာေက်ာ္မင္းထြန္းက တုိက္တြန္းပါတယ္။

“အဓိက ဒီမဲ႐ုံေပါ့ေနာ္... အဓိက COVID-19 positive ေပါ့ေနာ္။ ထြက္ထားရင္ အေရးႀကီးတယ္။ ျဖစ္ႏိုင္ရင္ေပါ့ေနာ္... မဲ႐ုံမစခင္ကတည္းက သူတို႔ Swab Test ေပါ့ေနာ္။ Rapid Test ျဖစ္ျဖစ္ က်ေနာ္တို႔ စစ္ေဆးသင့္တယ္။ စစ္ေဆးၿပီးမွ သူတို႔ Negative ကင္းရွင္းမွေပါ့ေနာ္ မဲ႐ုံမွာထိုင္ၿပီးေတာ့ ဒီမဲကိစၥလုပ္သင့္တယ္ေပါ့ေနာ္.. က်ေနာ္အျမင္ေပ့ါေနာ္၊ ဒါေပမဲ့ အဲ့ဒါက လုပ္ကိုလုပ္ရမယ္ေပါ့ေနာ္၊ က်ေနာ့္ဆီကို ဟိုတေလာက လာျပတယ္... အနံ႔ေပ်ာက္တယ္၊ ဖ်ားတယ္ေပါ့ေနာ္။ အဲ့ဒီမွာ Swab ယူလိုက္တဲ့အခ်ိန္မွာ positive ေတြ႔တယ္၊ သူတို႔က် က်ေနာ္ေထာက္ခံစာေရးၿပီးေတာ့ မဲကိစၥမွာ သူတုိ႔ ပါဝင္ပူးေပါင္းလို႔ မရတဲ့ အေၾကာင္းေပါ့ေနာ္။ အဲ့မွာ တစ္ေယာက္ positive ထြက္မယ္ဆိုရင္ မဲလာထည့္တဲ့ လူ၊ ျပည္သူလူထုရွိမယ္၊ ျပည္သူလူထုေတြကလည္း မဲထည့္မယ္ ျပဳမယ္ဆိုရင္ သူတို႔နဲ႔ ေတြ႔မယ္ေပါ့ေနာ္၊ ေတြ႕မယ္ဆိုရင္ contact ျဖစ္ႏိုင္တယ္။”

တနဂၤေႏြေန႔မွာ က်င္းပမယ့္ ေရြးေကာက္ပဲြမွာေတာ့ ႏိုင္ငံေရးပါတီေပါင္း ၉၀ ေက်ာ္နဲ႔ တသီးပုဂၢလ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမွာျဖစ္ၿပီး မဲေပးခြင့္ရွိသူ ၃၇ သန္းေက်ာ္ ရွိမယ္လို႔လည္း ေ႐ြးေကာက္ပြဲ ေကာ္မရွင္က ခန္႔မွန္းထားပါတယ္။

ဒါေပမဲ့လည္း လြတ္လပ္မွ်တတဲ့ အေျခအေန မရွိဘူးဆုိၿပီး တုိင္းနဲ႔ ျပည္နယ္ ၆ ခုက မဲဆႏၵနယ္ေျမေတြကုိ ေရြးေကာက္ပဲြ မက်င္းပဖုိ႔ ေၾကညာထားတဲ့အတြက္ မဲဆႏၵရွင္ ခန္႔မွန္းေျခ ၁,၀၀၀,၀၀၀ ေက်ာ္ မဲေပးခြင့္ဆုံး႐ႈံးမယ့္ အေျခအေနမွာ ရွိေနသလုိ ကုိဗစ္ကပ္ေရာဂါကာလ က်င္းပမယ့္ ေရြးေကာက္ပဲြမွာ ကုိယ္တုိင္မဲေပးသူ အေရအတြက္ဟာလည္း အရင္ထက္ေလ်ာ့နည္းႏုိင္တယ္လုိ႔ အကဲခတ္ေတြက ခန္႔မွန္းေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပုသိမ်မှာ ကြိုတင်မဲကောက် မဲရုံဝန်ထမ်းတချို့ ကိုဗစ်ကူးစက်ခံရ

လာမယ့်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးရာမှာ အကူအညီပေးခဲ့တဲ့ မဲရုံဝန်ထမ်းတချို့ ကိုဗစ်ရောဂါကူးစက်ခံရတဲ့ သတင်းကြောင့် ရွေးကောက်ပွဲ လုပ်ငန်းတွေမှာ ရောဂါကူးစက်မှုအန္တရာယ်ကာကွယ်ဖို့ ကျန်းမာရေး ပညာရှင်တွေ သတိပေးနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအဂ္ဂနွန်က သတင်းပေးပို့ထားပါတယ်။

တနင်္ဂနွေနေ့ ရွေးကောက်ပွဲနေ့မှာ အကြောင်းအမျိုးမျိုးကြောင့် မဲပေးဖို့ အခက်အခဲရှိသူတွေကို ပြီးခဲ့တဲ့ ကြာသပတေးနေ့ကစ ကြိုတင်မဲပေးခွင့် ပြုရာမှာ အကူအညီပေးနေတဲ့ မဲရုံဝန်ထမ်း တချို့ ရောဂါပိုးကူးစက်ခံရကြောင်း ဒီတပတ်ထဲမှာပဲ အတည်ပြုခဲ့တာပါ။ ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ကြိုတင်မဲတွေ အိမ်တိုင်ယာရောက် လိုက်ကောက်ခဲ့ကြတဲ့ မဲရုံဝန်ထမ်း ၇ ဦး ကိုဗစ်ရောဂါ ကူးစက်ခံခဲ့ရတာလို့လည်း ပုသိမ်ခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က ပြောပါတယ်။

ကူးစက်မှုဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းစစ်ဆေးနေပြီး ထိတွေ့ဆက်ဆံခဲ့သူတွေကိုလည်း အသွားအလာ ကန့်သတ်စောင့်ကြည့် နေတယ်လို့လည်း ပြောပါတယ်။

“သူတို့ သွားတဲ့ကောက်တဲ့ အိမ်က အခုလောလောဆယ် စုံစမ်းကြည့်တာတွေကတော့ သူတို့ အဖွဲ့မှာ ၈ ယောက်ရှိတယ်ပေါ့နော်၊ ၈ ယောက်က တစ်ယောက်ကတော့ Negative ထွက်တယ်၊ ၇ ယောက်က positive ထွက်တယ်၊ ၇ ယောက်ကလည်း အကုန်လုံး အိမ်ထဲကို ဝင်သွားတာမရှိဘူး၊ တချို့ အိမ်ပြင်မှာ လမ်းပေါ်မှာ ရပ်ပြီး စောင့်တဲ့ လူတွေရှိတယ်ဆိုတော့ ကျနော်တို့ အခု သံသယရှိတာ သူတို့ထဲမှာ တစ်ယောက်က ကျနော်တို့ positive ဧရိယာမှာ ခြံဝင်သွားဖူးတယ်။ ဝင်သွားဖူးတဲ့အခါကျတော့ သူတို့အချင်းချင်းပဲ ပြန်ကူးနေသလားလို့ သံသယရှိနေတယ်။ သူတို့ အိမ်သားတွေ ကျနော်တို့ ခုလောလောဆယ် Quarantine ထဲမှာ တော်တော်များများခေါ်ပြီးတော့ ထည့်ထားပါတယ်ဗျ၊ ကျနော် အရေအတွက်တော့ ကျနော် အတိအကျမသိဘူး။ ဒါပေမဲ့ ၄၀၊ ၅၀ လောက်တော့ရှိတယ် ခေါ်ထားတယ်ပေါ့။”

ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေကတော့ ကပ်ရောဂါကာလ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ရောဂါကူးစက်မှု အန္တရာယ်ကို ကာကွယ်ဖို့ ကြိုတင်ပြင်ဆင်မှုတွေနဲ့ လေ့ကျင့်မှုတွေ ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ပုသိမ်မြို့မှာ ရောဂါကူးစက်မှု အတည်ပြုခဲ့တဲ့ မဲရုံဝန်ထမ်းတွေ နေရာကိုတော့ နောက်ထပ် အဖွဲ့ဝင်တွေနဲ့ အစားထိုးပြီး လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း ပုသိမ်ခရိုင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင့်လွင် က ပြောပါတယ်။

“အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ ညတွင်းချင်းပဲ ကျနော်တို့ ခရိုင်နဲ့ မြို့နယ်ဥက္ကဋ္ဌနဲ့ တိုင်ပင်ပြီးတော့ နောက်နေ့မှာပဲ တစ်ခါထဲ အဲ့ဆရာမတွေနေရာမှာ ကျနော် တစ်ခါထဲ အစားထိုးပါတယ်ခင်ဗျ။”

ပြီးခဲ့တဲ့လထဲမှာတုန်းကလည်း ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတဲ့ ပဲခူးမြို့နယ်ကော်မရှင်အဖွဲ့ခွဲက အဖွဲ့ဝင် ၁ ယောက်မှာလည်း ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် သူနဲ့ ထိတွေ့ဆက်ဆံခဲ့သူတွေကိုလည်း အသွားအလာ ကန့်သတ် စစ်ဆေးခဲ့ပါတယ်။

ကပ်ရောဂါကြောင့် လူစုလူဝေးရှောင်ဖို့ သတိပေးထားပေမဲ့ ရွေးကောက်ပွဲကာလ ကျင်းပတဲ့အခါ ထိတွေ့ဆက်ဆံမှုတွေ ရှိနိုင်တာကြောင့် ကြိုတင်ကာကွယ်မှုတွေနဲ့ ကျန်းမာရေးစစ်ဆေးမှုတွေလုပ်ဖို့ အရေးကြီးတယ်လို့လည်း ရန်ကုန်တိုင်း ဖျားနာကု ဆေးခန်းတာဝန်ခံ ဒေါက်တာကျော်မင်းထွန်းက တိုက်တွန်းပါတယ်။

“အဓိက ဒီမဲရုံပေါ့နော်... အဓိက COVID-19 positive ပေါ့နော်။ ထွက်ထားရင် အရေးကြီးတယ်။ ဖြစ်နိုင်ရင်ပေါ့နော်... မဲရုံမစခင်ကတည်းက သူတို့ Swab Test ပေါ့နော်။ Rapid Test ဖြစ်ဖြစ် ကျနော်တို့ စစ်ဆေးသင့်တယ်။ စစ်ဆေးပြီးမှ သူတို့ Negative ကင်းရှင်းမှပေါ့နော် မဲရုံမှာထိုင်ပြီးတော့ ဒီမဲကိစ္စလုပ်သင့်တယ်ပေါ့နော်.. ကျနော်အမြင်ပေ့ါနော်၊ ဒါပေမဲ့ အဲ့ဒါက လုပ်ကိုလုပ်ရမယ်ပေါ့နော်၊ ကျနော့်ဆီကို ဟိုတလောက လာပြတယ်... အနံ့ပျောက်တယ်၊ ဖျားတယ်ပေါ့နော်။ အဲ့ဒီမှာ Swab ယူလိုက်တဲ့အချိန်မှာ positive တွေ့တယ်၊ သူတို့ကျ ကျနော်ထောက်ခံစာရေးပြီးတော့ မဲကိစ္စမှာ သူတို့ ပါဝင်ပူးပေါင်းလို့ မရတဲ့ အကြောင်းပေါ့နော်။ အဲ့မှာ တစ်ယောက် positive ထွက်မယ်ဆိုရင် မဲလာထည့်တဲ့ လူ၊ ပြည်သူလူထုရှိမယ်၊ ပြည်သူလူထုတွေကလည်း မဲထည့်မယ် ပြုမယ်ဆိုရင် သူတို့နဲ့ တွေ့မယ်ပေါ့နော်၊ တွေ့မယ်ဆိုရင် contact ဖြစ်နိုင်တယ်။”

တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာတော့ နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်နဲ့ တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်တွေ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး မဲပေးခွင့်ရှိသူ ၃၇ သန်းကျော် ရှိမယ်လို့လည်း ရွေးကောက်ပွဲ ကော်မရှင်က ခန့်မှန်းထားပါတယ်။

ဒါပေမဲ့လည်း လွတ်လပ်မျှတတဲ့ အခြေအနေ မရှိဘူးဆိုပြီး တိုင်းနဲ့ ပြည်နယ် ၆ ခုက မဲဆန္ဒနယ်မြေတွေကို ရွေးကောက်ပွဲ မကျင်းပဖို့ ကြေညာထားတဲ့အတွက် မဲဆန္ဒရှင် ခန့်မှန်းခြေ ၁,၀၀၀,၀၀၀ ကျော် မဲပေးခွင့်ဆုံးရှုံးမယ့် အခြေအနေမှာ ရှိနေသလို ကိုဗစ်ကပ်ရောဂါကာလ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ကိုယ်တိုင်မဲပေးသူ အရေအတွက်ဟာလည်း အရင်ထက်လျော့နည်းနိုင်တယ်လို့ အကဲခတ်တွေက ခန့်မှန်းနေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG