သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရြးေကာက္ပြဲၿပီး ျမန္မာအစိုးရသစ္ ဒုကၡသည္အေရးအေလးေပးဖို႔ ဒုကၡသည္ေတြလိုလား


ထိုင္းျမန္မာနယ္စပ္က အုန္းဖ်န္ဒုကၡစခန္း ျမင္ကြင္း။ (ႏိုုဝင္ဘာ ၀၆၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ မၾကာခင္က်င္းပမယ့္ ေရြးေကာက္ပဲြကေန ထြက္ေပၚလာမယ့္ အစုိးရသစ္ အေနနဲ႔ ဒုကၡသည္ေတြအေရး အေလးထား ေဆာင္ရြက္ဖုိ႔ ထုိင္းႏုိင္ငံနယ္စပ္ေဒသက ဒုကၡသည္ေတြ လုိလားေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက ထိုင္းႏိုင္ငံကေန သတင္းေပးပို႔ထားပါတယ္။

လာမယ့္ တနဂၤေႏြေန႔က်ရင္ ေရြးေကာက္ပဲြေတြ က်င္းပဖုိ႔ စိတ္အားထက္သန္ေနခ်ိန္မွာပဲ ထုိင္းႏုိင္ငံနယ္စပ္ေဒသေရာက္ ျမန္မာႏုိင္ငံက ဒုကၡသည္ေတြၾကားမွာေတာ့ ေမွ်ာ္လင့္ခ်က္ေတြ ေမွးမွိန္ေနပါတယ္။

ထုိင္း၊ ျမန္မာနယ္စပ္မွာရွိတဲ့ အုန္းဖ်န္ ဒုကၡသည္စခန္းက ကုိအုိးေ၀ကေတာ့ ဒုကၡသည္စခန္းကိုေရာက္တာ ၁၀ ႏွစ္ေက်ာ္ကာလမွာ အစိုးရအဆက္ဆက္က ဒုကၡသည္အေရးကို အေလးအနက္ထားတာမေတြ ့ရဘူးလို႔ ဆုိပါတယ္။

"တိုးတက္ေျပာင္းလဲမႈ ေမ်ွာ္လင့္ၾကတယ္။ သူတို႔လည္း သိကၡာရွိရွိနဲ႔ ျပန္ႏိုင္ဖို႔ ေမွ်ာ္လင့္ၾကတယ္။ သို႔ေသာ္ သူတို႔ ေမွ်ာ္လင့္သလို ျဖစ္မလာၾကဘူး။ ေနာက္ ဒုကၡသည္အေရးကုိလည္း ထည့္သြင္း အေလးအနက္ထားတာ မေတြ ့ရဘူး။ မေတြ႔ရတဲ့အတြက္ စိတ္ပ်က္အားငယ္မႈေတြရွိတယ္။"

ျမန္မာႏုိင္ငံမွာ အရပ္သားအစုိးရတက္လာေပမဲ့ ဒုကၡသည္ေတြအေရး အာ႐ုံစုိက္ ေျဖရွင္းတာမ်ဳိး မေတြ႔ရတဲ့အတြက္ ေမွ်ာ္လင့္ခ်က္ေတြ အားနည္းလာေနၾကတာလုိ႔လည္း ကရင္ဒုကၡသည္ေကာ္မတီရဲ႕ ဥကၠ႒ ဦးေရာဘတ္ေထြးက ေျပာပါတယ္

"ေျပာလို႔ရွိရင္ အမွန္ေျပာမယ္ဆုိရင္ ေမ်ွာ္လင့္ခ်က္ဘာမွ မရွိေတာ့ဘူး။ ဘာျဖစ္လို႔လဲဆုိေတာ့ NLD ျဖစ္တုန္းက က်ေနာ္တို႔က ေမ်ွာ္လင့္ခ်က္ရိွတယ္။ ဒုကၡသည္နဲ႔ ပတ္သက္တဲ့ အစီစဥ္နဲ႔ ပတ္သက္လို႔ အစီအစဥ္ဘာမွမရွိေတာ့ ခက္တယ္။ က်ေနာ္ ၃ ခါေလာက္ ၀န္ႀကီးခ်ဳပ္ေတြနဲ႔ေတာ့ ဒုကၡသည္နဲ႔ ပတ္သက္တာ အစီအစဥ္မရွိေတာ့ က်ေနာ္အားပ်က္သြားတာေပါ့။"

အမ်ဳိးသား ဒီမုိကေရစီအဖဲြ႔ခ်ဳပ္ NLD ပါတီ ဦးေဆာင္တဲ့ အစုိးရမတုိင္ခင္မွာကတည္းက တုိင္းရင္းသား လက္နက္ကုိင္ အဖဲြ႔အစည္းေတြနဲ႔ အပစ္အခတ္ ရပ္စဲေရး သေဘာတူညီခ်က္ေတြ ရယူၿပီး ဒုကၡသည္အေရးကုိပါ ေျဖရွင္းမယ္လုိ႔ ဆုိေပမဲ့ လက္ေတြ႔မွာ အေကာင္အထည္ မေဖာ္ႏုိင္တာဟာလည္း အဓိကျပႆနာတခု ျဖစ္ေနတယ္လုိ႔ ဦးေရာဘတ္ေထြးက ေျပာပါတယ္။

ထိုင္းျမန္မာနယ္စပ္က အုန္းဖ်န္ဒုကၡစခန္း ျမင္ကြင္း။ (ႏိုုဝင္ဘာ ၀၆၊ ၂၀၂၀)
ထိုင္းျမန္မာနယ္စပ္က အုန္းဖ်န္ဒုကၡစခန္း ျမင္ကြင္း။ (ႏိုုဝင္ဘာ ၀၆၊ ၂၀၂၀)

"ဘာမွမထူးပါဘူး က်ေနာ္တုိ႔အတြက္ ဘာအစီအစဥ္မွ မရွိဘူးေလ။ NCA တုန္းကလည္း သူတိုက ေျပာထားတာရွိတယ္။ ေနရာေရႊ႕ေျပာင္း သြားတဲ့သူေတြ ဒုကၡသည္ေတြအတြက္ ေတြ စဥ္းစားျပီးထည့္ၾကတယ္။ ဒါေပမဲ့ တကယ္တမ္းမွာက ဘာမွမလုပ္ေပးေတာ့ က်ေနာ္တို႔ လူထုေတြက ဒီအတုိင္းပဲ ဆက္ျဖစ္ေနတယ္။ အခုအခ်ိန္က က်ေနာ္တို႔ ေမးၾကည့္ေတာ့ သူတုိ႔ဘာမွ စိတ္မ၀င္စားေတာ့ဘူး။ တကယ္အေျခအေနေပးရင္ေတာ့ သူတို႔ ျပန္ၾကမွာပဲ တကယ္ျပန္ရင္ သူတို႔ ေနထုိင္တဲ့ေနရာေတြ အိမ္ေတြ အခက္အခဲ ရွိတယ္။ အရင္ကေတာ့ရွိတာေပါ့ သူတို႔ ေျမေတြ၊ ယာေတြ သူမ်ားသိမ္းလို႔ကုန္ျပီ။"

ထိုင္းျမန္မာနယ္စပ္မွာ ဒုကၡသည္စခန္း ၉ ခုရွိျပီး ဒုကၡသည္ ၁၀၀,၀၀၀ နီးပါးေလာက္ခိုလႈံေနထုိင္ေနၾကတာပါ။ ဒုကၡသည္ေတြဟာ ၁၉၇၅ ခုႏွစ္ေလာက္ကတည္းက ထုိင္းနယ္စပ္ကုိစတင္ခိုလႈံလာခဲ့ျပီး ၁၉၈၄ ခုႏွစ္က်မွ ထုိင္းအစုိးရက အသိမွတ္ျပဳခဲ့ျပီး အစိုးရမဟုတ္တဲ့အဖဲြ ့အစည္းေတြက အကူညီေတြ စတင္ရခဲ့တာလို႔ ဆိုပါတယ္။ ႏွစ္ေပါင္း ၄၀ ေက်ာ္ၾကာၿပီျဖစ္တဲ့ စစ္ေျပးဒုကၡသည္ေတြဟာ အခုအခ်ိန္ထိ သူတို႔အေရးကို စိတ္၀င္စားမယ့္အစိုးရ တရပ္ေပၚလာႏိုင္မလားဆိုျပီး လြန္ခဲ့တဲ့ ၅ ႏွစ္ခန္႔က စိတ္၀င္စားခဲ့ၾကပါတယ္။ ဒါေပမဲ့ အခုအခါမွာေတာ့ ျမန္မာျပည္ရဲ ့ေရြးေကာက္ပဲြ ရလဒ္ဟာဘယ္လိုပဲျဖစ္လာပါေစ၊ သူတို႔အတြက္ ေမ်ွာ္လင့္ခ်က္ သိပ္မရွိဘူးလို႔ ယူဆေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရွေးကောက်ပွဲပြီး မြန်မာအစိုးရသစ် ဒုက္ခသည်အရေးအလေးပေးဖို့ ဒုက္ခသည်တွေလိုလား

မြန်မာနိုင်ငံမှာ မကြာခင်ကျင်းပမယ့် ရွေးကောက်ပွဲကနေ ထွက်ပေါ်လာမယ့် အစိုးရသစ် အနေနဲ့ ဒုက္ခသည်တွေအရေး အလေးထား ဆောင်ရွက်ဖို့ ထိုင်းနိုင်ငံနယ်စပ်ဒေသက ဒုက္ခသည်တွေ လိုလားနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက ထိုင်းနိုင်ငံကနေ သတင်းပေးပို့ထားပါတယ်။

ထိုင္းျမန္မာနယ္စပ္က အုန္းဖ်န္ဒုကၡစခန္း ျမင္ကြင္း။ (ႏိုုဝင္ဘာ ၀၆၊ ၂၀၂၀)
ထိုင္းျမန္မာနယ္စပ္က အုန္းဖ်န္ဒုကၡစခန္း ျမင္ကြင္း။ (ႏိုုဝင္ဘာ ၀၆၊ ၂၀၂၀)

လာမယ့် တနင်္ဂနွေနေ့ကျရင် ရွေးကောက်ပွဲတွေ ကျင်းပဖို့ စိတ်အားထက်သန်နေချိန်မှာပဲ ထိုင်းနိုင်ငံနယ်စပ်ဒေသရောက် မြန်မာနိုင်ငံက ဒုက္ခသည်တွေကြားမှာတော့ မျှော်လင့်ချက်တွေ မှေးမှိန်နေပါတယ်။

ထိုင်း၊ မြန်မာနယ်စပ်မှာရှိတဲ့ အုန်းဖျန် ဒုက္ခသည်စခန်းက ကိုအိုးဝေကတော့ ဒုက္ခသည်စခန်းကိုရောက်တာ ၁၀ နှစ်ကျော်ကာလမှာ အစိုးရအဆက်ဆက်က ဒုက္ခသည်အရေးကို အလေးအနက်ထားတာမတွေ့ရဘူးလို့ ဆိုပါတယ်။

"တိုးတက်ပြောင်းလဲမှု မျှော်လင့်ကြတယ်။ သူတို့လည်း သိက္ခာရှိရှိနဲ့ ပြန်နိုင်ဖို့ မျှော်လင့်ကြတယ်။ သို့သော် သူတို့ မျှော်လင့်သလို ဖြစ်မလာကြဘူး။ နောက် ဒုက္ခသည်အရေးကိုလည်း ထည့်သွင်း အလေးအနက်ထားတာ မတွေ့ရဘူး။ မတွေ့ရတဲ့အတွက် စိတ်ပျက်အားငယ်မှုတွေရှိတယ်။"

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရတက်လာပေမဲ့ ဒုက္ခသည်တွေအရေး အာရုံစိုက် ဖြေရှင်းတာမျိုး မတွေ့ရတဲ့အတွက် မျှော်လင့်ချက်တွေ အားနည်းလာနေကြတာလို့လည်း ကရင်ဒုက္ခသည်ကော်မတီရဲ့ ဥက္ကဋ္ဌ ဦးရောဘတ်ထွေးက ပြောပါတယ်

"ပြောလို့ရှိရင် အမှန်ပြောမယ်ဆိုရင် မျှော်လင့်ချက်ဘာမှ မရှိတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ NLD ဖြစ်တုန်းက ကျနော်တို့က မျှော်လင့်ချက်ရှိတယ်။ ဒုက္ခသည်နဲ့ ပတ်သက်တဲ့ အစီစဉ်နဲ့ ပတ်သက်လို့ အစီအစဉ်ဘာမှမရှိတော့ ခက်တယ်။ ကျနော် ၃ ခါလောက် ဝန်ကြီးချုပ်တွေနဲ့တော့ ဒုက္ခသည်နဲ့ ပတ်သက်တာ အစီအစဉ်မရှိတော့ ကျနော်အားပျက်သွားတာပေါ့။"

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဦးဆောင်တဲ့ အစိုးရမတိုင်ခင်မှာကတည်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေ ရယူပြီး ဒုက္ခသည်အရေးကိုပါ ဖြေရှင်းမယ်လို့ ဆိုပေမဲ့ လက်တွေ့မှာ အကောင်အထည် မဖော်နိုင်တာဟာလည်း အဓိကပြဿနာတခု ဖြစ်နေတယ်လို့ ဦးရောဘတ်ထွေးက ပြောပါတယ်။

"ဘာမှမထူးပါဘူး ကျနော်တို့အတွက် ဘာအစီအစဉ်မှ မရှိဘူးလေ။ NCA တုန်းကလည်း သူတိုက ပြောထားတာရှိတယ်။ နေရာရွှေ့ပြောင်း သွားတဲ့သူတွေ ဒုက္ခသည်တွေအတွက် တွေ စဉ်းစားပြီးထည့်ကြတယ်။ ဒါပေမဲ့ တကယ်တမ်းမှာက ဘာမှမလုပ်ပေးတော့ ကျနော်တို့ လူထုတွေက ဒီအတိုင်းပဲ ဆက်ဖြစ်နေတယ်။ အခုအချိန်က ကျနော်တို့ မေးကြည့်တော့ သူတို့ဘာမှ စိတ်မဝင်စားတော့ဘူး။ တကယ်အခြေအနေပေးရင်တော့ သူတို့ ပြန်ကြမှာပဲ တကယ်ပြန်ရင် သူတို့ နေထိုင်တဲ့နေရာတွေ အိမ်တွေ အခက်အခဲ ရှိတယ်။ အရင်ကတော့ရှိတာပေါ့ သူတို့ မြေတွေ၊ ယာတွေ သူများသိမ်းလို့ကုန်ပြီ။"

ထိုင်းမြန်မာနယ်စပ်မှာ ဒုက္ခသည်စခန်း ၉ ခုရှိပြီး ဒုက္ခသည် ၁၀၀,၀၀၀ နီးပါးလောက်ခိုလှုံနေထိုင်နေကြတာပါ။ ဒုက္ခသည်တွေဟာ ၁၉၇၅ ခုနှစ်လောက်ကတည်းက ထိုင်းနယ်စပ်ကိုစတင်ခိုလှုံလာခဲ့ပြီး ၁၉၈၄ ခုနှစ်ကျမှ ထိုင်းအစိုးရက အသိမှတ်ပြုခဲ့ပြီး အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေက အကူညီတွေ စတင်ရခဲ့တာလို့ ဆိုပါတယ်။ နှစ်ပေါင်း ၄၀ ကျော်ကြာပြီဖြစ်တဲ့ စစ်ပြေးဒုက္ခသည်တွေဟာ အခုအချိန်ထိ သူတို့အရေးကို စိတ်ဝင်စားမယ့်အစိုးရ တရပ်ပေါ်လာနိုင်မလားဆိုပြီး လွန်ခဲ့တဲ့ ၅ နှစ်ခန့်က စိတ်ဝင်စားခဲ့ကြပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ မြန်မာပြည်ရဲ့ရွေးကောက်ပွဲ ရလဒ်ဟာဘယ်လိုပဲဖြစ်လာပါစေ၊ သူတို့အတွက် မျှော်လင့်ချက် သိပ်မရှိဘူးလို့ ယူဆနေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG