သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရြးေကာက္ပြဲဆိုင္ရာ တပ္မေတာ္ထုတ္ျပန္ေျပာဆိုခ်က္ေပၚ သေဘာထားအျမင္တခ်ဳိ႕


ရန္ကုန္ၿမိဳ႕တြင္ အသက္ ၆၀ အထက္ လူႀကီးမ်ား ၾကိဳတင္ မဲေပးၾကသည့္ ျမင္ကြင္း။ (ေအာက္တိုဘာ ၂၉၊ ၂၀၂၀)

[Zawgyi/Unicode]

၂၀၂၀ ေရြးေကာက္ပြဲ နီးကပ္လာတဲ့အခ်ိန္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ရဲ႕ လုပ္ေဆာင္ခ်က္ေတြနဲ႔ ပတ္သက္လို႔ ျပည္ေထာင္စုအစိုးရအေပၚ သတိေပးေျပာဆိုလိုက္တဲ့ တပ္မေတာ္ရဲ႕သတင္းထုတ္ျပန္ခ်က္- တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ရဲ႕ သတင္းမီဒီယာတခ်ိဳ႕မွာ ထုတ္ေဖာ္ေျပာဆိုလာတဲ့ သေဘာထားအျမင္ေတြနဲ႔ ပတ္သက္လို႔ နိုင္ငံ့ရဲ႕ လက္ရွိ နိုင္ငံေရး၊ လံုျခံဳေရး အေျခအေန၊ ျဖစ္ေပၚလာႏိုင္တဲ့ ေနာက္ဆက္တြဲ အက်ိဳးဆက္ေတြနဲ႔ ပတ္သက္လို႔ နိုင္ငံေရးေလ့လာ အကဲခတ္ေတြရဲ႕ သံုးသပ္ခ်က္ အျမင္ေတြကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မဆုမြန္က စုစည္းတင္ျပေပးထားပါတယ္။

၂၀၂၀ ျပည့္ႏွစ္ ပါတီစံုဒီမိုကေရစီ အေထြေထြေရြးေကာက္ပြဲၾကီး က်င္းပဖို႔ ရက္ပိုင္းေလာက္ပဲ လိုေတာ့တဲ့အခ်ိန္မွာ ႏိုင္ငံကို လံုျခံဳေရး တာဝန္ယူထားတဲ့ တပ္မေတာ္ရဲ႕အၾကီးအကဲ- တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ဘက္က ေရြးေကာက္ပြဲရဲ႕ တရားမွ်တမႈနဲ႔ ပတ္သက္လို႔လက္ရွိ အာဏာရအစိုးရ NLD အေပၚ ျပင္းျပင္းထန္ထန္ သတိေပးမႈေတြ ဆက္တိုက္ဆိုသလို ထုတ္ျပန္ေျပာဆိုလာတဲ့ အေနအထားအေပၚ ႏုိင္ငံေရးအကဲခတ္ေတြဘက္က ျမန္မာ့ႏုိင္ငံေရးေရခ်ိန္ စိုးရိမ္စရာ အေနအထားတခု ျမင့္တက္လာေနတယ္လို႔ သံုးသပ္ေနၾကတာပါ။

စစ္ေရးနဲ႔ ႏိုင္ငံေရးေလ့လာအကဲခတ္ေနတဲ့ ဦးေမာင္ေမာင္စိုးက ဒီအေျခအေနေတြက လက္ရွိ အာဏာရပါတီ NLD နဲ႔ တပ္မေတာ္ၾကား အခ်ိန္ယူတည္ေဆာက္ခဲ့တဲ့ အမ်ိဳးသားရင္ၾကားေစ့ေရး ေအာင္ျမင္မႈမရဘူးဆိုတဲ့ လကၡဏာကို ျပသရာေရာက္တယ္လို႔ရႈ႕ျမင္ပါတယ္။

"အဲ့ဒီ့အေျခအေနကို ၾကည့္ရတာကေတာ့ က်ေနာ့္အျမင္ကေတာ့ဗ်ာ NLD အစိုးရတက္ၿပီး ငါးႏွစ္သက္တမ္းအတြင္းမွာ NLD အစိုးရနဲ႔ တပ္မေတာ္ၾကားထဲမွာ ပထမ ေျပာထားၾကတဲ့ အမ်ိဳးသားရင္ၾကားေစ့ေရးကေတာ့ မေအာင္ျမင္ေတာ့ဘူးလို႔ပဲ သံုးသပ္ရမွာပဲ။ အဲ့ဒီ့ကေနၿပီးေတာ့ ေရြးေကာက္ပြဲနဲ႔ ပတ္သက္ၿပီး အျငင္းပြားမႈေတြကေနၿပီးေတာ့ ဒီ့ထက္ ပိုမဆိုးဖို႔ပဲ က်ေနာ္တို႔က ေမွ်ာ္လင့္ေနတယ္။ ေရြးေကာက္ပြဲ မတုိင္ခင္ေတာ့ ျပႆနာၾကီးၾကီးမားမားျဖစ္လိမ့္မယ္လို႔ မထင္ဘူး။ ဒါေပမဲ့ ေရြးေကာက္ပြဲနဲ႔ ပတ္သက္ၿပီး တဘက္နဲ႔ တဘက္ အျငင္းပြားမႈေတြကေတာ့ ေရြးေကာက္ပြဲရလဒ္ထြက္ၿပီးတဲ့အခ်ိန္မွာ ေရြးေကာက္ပြဲဆိုင္ရာ အျငင္းပြားမႈေတြ မ်ားမယ္လို႔ ထင္ပါတယ္။ အဲ့ဒီ့အခ်ိန္မွာ ဒီေရြးေကာက္ပြဲ အျငင္းပြားမႈေတြနဲ႔ ပတ္သက္ၿပီး ပြင့္ပြင့္လင္းလင္းနဲ႔ မွန္မွန္ကန္ကန္ ေျဖရွင္းႏုိင္မယ္ဆိုရင္ေတာ့ က်ေနာ္တို႔ ဒီျပႆနာကို ေက်ာ္လႊားႏုိင္မယ္လို႔ ထင္ပါတယ္။ ဒါေပမဲ့ တကယ္လို႔ ဒီေရြးေကာက္ပြဲအျငင္းပြားမႈေတြကို ေျဖရွင္းတဲ့ေနရာမွာ တဘက္နဲ႔ တဘက္ ေက်လည္မႈ မရွိၾကရင္ေတာ့ ျပႆနာက ေတာ္ေတာ္ၾကီးကို တေျဖးေျဖး ၾကီးထြားလာႏိုင္မယ္လို႔ ထင္ပါတယ္။ အဓိကကေတာ့ ဘယ္လိုေျဖရွင္းၾကမလဲဆိုတာ အာရံုစိုက္ဖို႔ပဲလိုမယ္လို႔ ထင္ပါတယ္။"

လက္ရွိတုိင္းျပည္ရဲ႕ လံုျခံဳေရး တာဝန္ယူထားတဲ့ အဖြဲ႔အစည္းတပ္ဘက္ကေန ႏုိင္ငံရဲ႕ လံုျခံဳေရးပိုင္းဆိုင္ရာ စိုးရိမ္စရာ အေနအထားအျဖစ္ ထုတ္ေဖာ္ေျပာဆိုလာတဲ့ အေနအထားအေပၚျပည္သူေတြဘက္က ႏုိင္ငံေရးသတိရွိၾကဖို႔နဲ႔ ေရြးေကာက္ပြဲအေျဖ ထြက္လာၿပီး ေနာက္ဆက္တြဲအေျခအေနေတြဟာ စိုးရိမ္စရာအေနအထား အျဖစ္ SYNERGY လူမႈသဟဇာတ ေဖာ္ေဆာင္ေရးအဖြဲ႕က အမႈေဆာင္ဒါရိုက္တာ ကိုသက္ေဆြဝင္းက သံုးသပ္ပါတယ္။

"ေရြးေကာက္ပြဲေကာ္မရွင္ကိုယ္တုိင္ကလည္း တကယ္တမ္း ခ်ိဳ႕ယြင္းခ်က္ လိုအပ္ခ်က္ေတြ အမ်ားၾကီးရွိတယ္။ အဲ့ဒီ့ဟာကို နင္းၿပီးေတာ့ တပ္ဘက္ကေန ေျပာစရာရလာတဲ့အေနအထားမ်ိဳးေတြရွိတာေပါ့။ ဒါေပမဲ့ အဲ့ဒါကိုေျပာတဲ့ ပံုစံကက်ေတာ့ အျပဳသေဘာေဆာင္ၿပီး ေျပာတဲ့ ပံုစံမဟုတ္ဘဲနဲ႔ ျခိမ္းေျခာက္တဲ့ ပံုစံမ်ိဳး ေျပာတာေတြ အရမ္းမ်ားလာတယ္ေပါ့။ ဒီလို က်ေနာ္တို႔ လံုျခံဳေရးတာဝန္ယူထားတဲ့သူေတြက ဒါမ်ိဳး ျခိမ္းေျခာက္တဲ့ပံုစံမ်ိဳးေတြ ျပန္ျဖစ္လာတယ္။ အဲ့ဒီ့အခါမွာ က်ေနာ္တို႔ျပည္သူေတြဘက္က လံုျခံဳေရးပိုင္းဆိုင္ရာ စိတ္ပူစရာ အမ်ားၾကီးရွိတယ္။ ေနာက္တခုက တုိင္းျပည္မွာ ကိုဗစ္ေၾကာင့္မို႔လို႔ လူေတြ အကုန္လံုးကလည္း ဒုကၡေရာက္ေနၾကတယ္။ ဒီလိုအခ်ိန္မွာ ျပည္သူေတြရဲ႕မ်က္ႏွာကိုမၾကည့္ဘဲ ျပည္သူကို ထပ္ၿပီးဒုကၡေပးမယ့္ အေနအထားမ်ိဳး ၾကံဳလာမယ္ဆိုရင္ ျပည္သူေတြက ၿငိမ္ခံမယ္လို႔ေတာ့ က်ေနာ့္အေနနဲ႔က မထင္ပါဘူး။ မၿငိမ္မသက္ကေတာ့ ထပ္ျဖစ္သြားႏုိင္တဲ့အေျခအေနကေတာ့ရွိတာေပါ့။ ဒါေပမဲ့ အဲ့လိုမျဖစ္ဖို႔အတြက္ကိုလည္း ဝိုင္းၿပီး ထိန္းေက်ာင္းနုိင္ၾကလိမ့္မယ္လို႔လည္း ထင္ပါတယ္။

ေရြးေကာက္ပြဲကလည္း သဘက္ခါဆို လာေတာ့မယ္။ ေရြးေကာက္ပြဲေန႔နဲ႔ ေရြးေကာက္ပြဲအၿပီး ထြက္လာတဲ့ရလဒ္ေတြေပၚ မူတည္ၿပီး ဘာေတြျဖစ္လာမလဲဆိုတာကလည္း က်ေနာ္တို႔အတြက္ ေတာ္ေတာ္စိတ္ပူစရာေကာင္းတဲ့ အေနအထားျဖစ္တယ္။ ေသေသခ်ာခ်ာကို ေစာင့္ၾကည့္ရမယ့္ စိုးရိမ္ရမယ့္ အေနအထားမ်ိဳးကိုရွိေနတယ္။ ေရြးေကာက္ပြဲရလဒ္အေပၚမူတည္ၿပီး ျပႆနာေတြကလည္း အမ်ားၾကီးျဖစ္လာႏုိင္ေျခလည္း ရွိေသးတာကိုး။ အဲ့ေတာ့ ျပည္သူေတြအားလံုးကေနၿပီးေတာ့ ႏုိင္ငံေရးသတိရွိရွိနဲ႔ ေစာင့္ၾကည့္ေနဖို႔ လိုလိမ့္မယ္။ အဲ့လိုပဲ က်ေနာ္တို႔ ႏိုင္ငံေရးအင္အားစုေတြဘက္ကလည္း ဒီအေျခအေနမွာ အားလံုး က ျပႆနာ ၾကီးၾကီးမားမား မျဖစ္လာဖို႔အတြက္ကို အားလံုးစုေပါင္းၿပီး လုပ္ေဆာင္တာမ်ိဳးေတြလည္း လုပ္ဖို႔လိုမယ္လို႔ ထင္ပါတယ္။"

ႏိုင္ငံေရးေလ့လာအကဲခတ္ေနတဲ့ ေရွ႕ေနၾကီးဦးၾကီးျမင့္ကေတာ့ ျပည္ေထာင္စုအစိုးရကို တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ဘက္ကေန ေရြးေကာက္ပြဲနဲ႔ ပတ္သက္လို႔ ျပင္းျပင္းထန္ထန္သတိေပးလိုက္တဲ့အေပၚ သူ႔အျမင္ အခုလိုေျပာျပပါတယ္။

"ႏိုင္ငံေတာ္ရဲ႕အေျခအေနကေတာ့ ကာခ်ဳပ္က အခု ဖုတ္ပူမီးတိုက္ေတြ ေျပာဆိုလာတဲ့အေပၚ က်ေနာ္လည္း ေတာ္ေတာ္အံ့အားသင့္တယ္။ UEC ရဲ႕ အမွားအယြင္းေတြ မရွိဘူးမဟုတ္ဘူး ရွိပါတယ္။ ဒါေပမဲ့ ေရြးေကာက္ပြဲကို ရည္ရြယ္ခ်က္ရွိရွိနဲ႔ အႏုိင္ရေအာင္ လုပ္ေပးေနတယ္လို႔ေတာ့ က်ေနာ္မထင္ဘူး။ အခုလို တပ္ဘက္က ၾကားထဲကေနၿပီး တင္းတင္းမာမာသတိေပးလိုက္တဲ့အေပၚမွာေတာ့ က်ေနာ္က ၂ ခ်က္ေတြးမိတယ္။ ၁ အခ်က္ကေတာ့- တပ္ဘက္က အစိုးရိမ္မ်ား လြန္ေနသလား။ ၂၀၁၈ အေျခခံဥပေဒၾကီး ဒီေလာက္အသာစီးရေနတာကို ဘာျဖစ္လို႔ အစိုးရိမ္လြန္ေနတာလဲ။ ဒုတိယအခ်က္ကေတာ့ တိုင္းျပည္နဲ႔ တပ္မေတာ္အတြက္ စိုးရိမ္တာလား သူ႔ပုဂၢိဳလ္ေရးအတြက္ သူစိုးရိမ္ေနသလား။ အဲ့လိုျဖစ္မယ္ဆိုရင္ေတာ့ သူက အာဏာသိမ္းႏုိင္တယ္။ ၂၀၂၁ အစိုးရအေျပာင္းအလဲမွာ သူ႔သက္တမ္းကုန္ေတာ့မယ့္အခ်ိန္ သူ႔ရာထူးထိခိုက္မႈရွိႏိုင္မလား။ အဲ့လိုျဖစ္မယ္ဆိုရင္ေတာ့ သူက အာဏာသိမ္းႏုိင္တယ္။ ဒီတခါ အာဏာသိမ္းရင္ေတာ့ သူသမၼတျဖစ္ႏုိင္မယ့္ လမ္းေၾကာင္းကို ရၿပီဆိုရင္ ေရြးေကာက္ပြဲေတြ အျမန္ဆံုးက်င္းပၿပီး အျမန္ဆံုးအဆံုးသတ္ပစ္မွာေပါ့ အဲ့လိုေတာ့ သံုးသပ္မိတယ္။"

ႏိုင္ငံေရးေလ့လာအကဲခတ္သူ ေဒါက္တာခင္ေဇာ္ဝင္းကေတာ့ ေရြးေကာက္ပြဲနဲ႔ပတ္သက္ၿပီးတပ္ဘက္က သတိေပးမႈအေပၚမွာေတာ့ ေရြးေကာက္ပြဲေကာ္မရွင္ကို တိုက္ရိုက္ခန္႔အပ္ထားတဲ့ NLD အစိုးရဘက္က ျဖစ္လာတဲ့ ျပႆနာေတြကို ကိုင္တြယ္ေျဖရွင္းဖို႔ အဓိက တာဝန္အရွိဆံုးျဖစ္တယ္ တပ္ဘက္က သတိေပးမႈကို ေလးေလးနက္နက္ ဆင္ျခင္သံုးသပ္အေျဖရွာသင့္တယ္လို႔ ေျပာပါတယ္။

"ေရြးေကာက္ပြဲေကာ္မရွင္ကို ဖြဲ႔တာက NLD နဲ႔ သမၼတက ဖြဲ႔တာ တာဝန္ခံရမယ္။ ေရြးေကာက္ပြဲကလည္း ကပ္ေနၿပီ။ တပ္ရဲ႕ တုံ႔ျပန္ႏိုင္တဲ့အေနအထားက အမ်ားၾကီးပဲ။ အခုပဲ Impeachment ကိုေျပာေနၿပီ။ သမၼတကို Impeach လုပ္နိုင္တယ္တဲ့ ေျပာေနၿပီ။ ဆိုတဲ့အခါက်ေတာ့ NLD အေနနဲ႔ သတိၾကီးစြာ ထားရေတာ့မယ္။ သူနဲ႔ သူရဲ႕ေရြးေကာက္ပြဲ ေကာ္မရွင္ လုပ္တဲ့ဟာေတြက မဟုတ္တဲ့အတြက္ ဒါေတြကို တန္ျပန္ခံစားရတာ။ ရွင္းရွင္းပဲေျပာမယ္ေနာ္... ဒီတခါ ျဖစ္လာတယ္ဆိုလို႔ရွိရင္ ျပည္သူလူထုကို လမ္းေပၚဆြဲတင္ဖို႔ကို မစဥ္းစားပါနဲ႔။ ျမန္မာျပည္ရဲ႕ဒီမိုကေရစီက ဘယ္သူေဖာ္ေဆာင္မွာလဲ။ တပ္ေဖာ္ေဆာင္မွာလား။ NLD ေဖာ္ေဆာင္မွာလား။ တျခားေဖာ္ေဆာင္မွာလား။ လူထုက ေဖာ္ေဆာင္မွာလား။ အားလံုးျခံဳေျပာရမယ္ဆိုရင္ေတာ့ NLD ရဲ႕ ႏုိင္ငံေရးေခါင္းေဆာင္မႈက ညံ့တယ္။"

ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ ေဆာင္႐ြက္ခ်က္ေတြဟာ အားနည္းခ်က္ေတြ ရွိေနတာဟာနဲ႔ ျပည္ေထာင္စု အစိုးရအေပၚမွာ တာဝန္အရွိဆံုးျဖစ္တယ္ဆိုၿပီး တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးရဲ႕ ထုတ္ျပန္ခ်က္အေပၚ ႏုိင္ငံေတာ္သမၼတရံုးရဲ႕ တုံ႔ျပန္ေျဖရွင္းပါတယ္။ တခ်ိန္တည္းမွာပဲ တပ္မေတာ္ရဲ႕ ေပၚလစီမူဝါဒပိုင္းရာေျပာဆိုခ်က္ ရုပ္သံ ထုတ္လႊင့္ခ်က္ေတြ ဆက္တုိက္ဆိုသလို ေဆာင္ရြက္လာတဲ့အေပၚ ေရြးေကာက္ပြဲနီးလာခ်ိန္ ႏုိင္ငံေရးအကဲခတ္ေတြဘက္က ႏုိင္ငံ့ေခါင္းေဆာင္ပိုင္းေတြၾကား ႏုိင္ငံေရးတင္းမာမႈ ေရခ်ိန္ျမင့္လာတဲ့အေျခအေနအေပၚ ေစာင့္ၾကည့္ေနၾကတဲ့ အေနအထားျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရွေးကောက်ပွဲဆိုင်ရာ တပ်မတော်ထုတ်ပြန်ပြောဆိုချက်ပေါ် သဘောထားအမြင်တချို့

၂၀၂၀ ရွေးကောက်ပွဲ နီးကပ်လာတဲ့အချိန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ ပြည်ထောင်စုအစိုးရအပေါ် သတိပေးပြောဆိုလိုက်တဲ့ တပ်မတော်ရဲ့သတင်းထုတ်ပြန်ချက်- တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရဲ့ သတင်းမီဒီယာတချို့မှာ ထုတ်ဖော်ပြောဆိုလာတဲ့ သဘောထားအမြင်တွေနဲ့ ပတ်သက်လို့ နိုင်ငံ့ရဲ့ လက်ရှိ နိုင်ငံရေး၊ လုံခြုံရေး အခြေအနေ၊ ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေနဲ့ ပတ်သက်လို့ နိုင်ငံရေးလေ့လာ အကဲခတ်တွေရဲ့ သုံးသပ်ချက် အမြင်တွေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပဖို့ ရက်ပိုင်းလောက်ပဲ လိုတော့တဲ့အချိန်မှာ နိုင်ငံကို လုံခြုံရေး တာဝန်ယူထားတဲ့ တပ်မတော်ရဲ့အကြီးအကဲ- တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဘက်က ရွေးကောက်ပွဲရဲ့ တရားမျှတမှုနဲ့ ပတ်သက်လို့လက်ရှိ အာဏာရအစိုးရ NLD အပေါ် ပြင်းပြင်းထန်ထန် သတိပေးမှုတွေ ဆက်တိုက်ဆိုသလို ထုတ်ပြန်ပြောဆိုလာတဲ့ အနေအထားအပေါ် နိုင်ငံရေးအကဲခတ်တွေဘက်က မြန်မာ့နိုင်ငံရေးရေချိန် စိုးရိမ်စရာ အနေအထားတခု မြင့်တက်လာနေတယ်လို့ သုံးသပ်နေကြတာပါ။

စစ်ရေးနဲ့ နိုင်ငံရေးလေ့လာအကဲခတ်နေတဲ့ ဦးမောင်မောင်စိုးက ဒီအခြေအနေတွေက လက်ရှိ အာဏာရပါတီ NLD နဲ့ တပ်မတော်ကြား အချိန်ယူတည်ဆောက်ခဲ့တဲ့ အမျိုးသားရင်ကြားစေ့ရေး အောင်မြင်မှုမရဘူးဆိုတဲ့ လက္ခဏာကို ပြသရာရောက်တယ်လို့ရှု့မြင်ပါတယ်။

"အဲ့ဒီ့အခြေအနေကို ကြည့်ရတာကတော့ ကျနော့်အမြင်ကတော့ဗျာ NLD အစိုးရတက်ပြီး ငါးနှစ်သက်တမ်းအတွင်းမှာ NLD အစိုးရနဲ့ တပ်မတော်ကြားထဲမှာ ပထမ ပြောထားကြတဲ့ အမျိုးသားရင်ကြားစေ့ရေးကတော့ မအောင်မြင်တော့ဘူးလို့ပဲ သုံးသပ်ရမှာပဲ။ အဲ့ဒီ့ကနေပြီးတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေကနေပြီးတော့ ဒီ့ထက် ပိုမဆိုးဖို့ပဲ ကျနော်တို့က မျှော်လင့်နေတယ်။ ရွေးကောက်ပွဲ မတိုင်ခင်တော့ ပြဿနာကြီးကြီးမားမားဖြစ်လိမ့်မယ်လို့ မထင်ဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တဘက်နဲ့ တဘက် အငြင်းပွားမှုတွေကတော့ ရွေးကောက်ပွဲရလဒ်ထွက်ပြီးတဲ့အချိန်မှာ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေ များမယ်လို့ ထင်ပါတယ်။ အဲ့ဒီ့အချိန်မှာ ဒီရွေးကောက်ပွဲ အငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းနဲ့ မှန်မှန်ကန်ကန် ဖြေရှင်းနိုင်မယ်ဆိုရင်တော့ ကျနော်တို့ ဒီပြဿနာကို ကျော်လွှားနိုင်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ တကယ်လို့ ဒီရွေးကောက်ပွဲအငြင်းပွားမှုတွေကို ဖြေရှင်းတဲ့နေရာမှာ တဘက်နဲ့ တဘက် ကျေလည်မှု မရှိကြရင်တော့ ပြဿနာက တော်တော်ကြီးကို တဖြေးဖြေး ကြီးထွားလာနိုင်မယ်လို့ ထင်ပါတယ်။ အဓိကကတော့ ဘယ်လိုဖြေရှင်းကြမလဲဆိုတာ အာရုံစိုက်ဖို့ပဲလိုမယ်လို့ ထင်ပါတယ်။"

လက်ရှိတိုင်းပြည်ရဲ့ လုံခြုံရေး တာဝန်ယူထားတဲ့ အဖွဲ့အစည်းတပ်ဘက်ကနေ နိုင်ငံရဲ့ လုံခြုံရေးပိုင်းဆိုင်ရာ စိုးရိမ်စရာ အနေအထားအဖြစ် ထုတ်ဖော်ပြောဆိုလာတဲ့ အနေအထားအပေါ်ပြည်သူတွေဘက်က နိုင်ငံရေးသတိရှိကြဖို့နဲ့ ရွေးကောက်ပွဲအဖြေ ထွက်လာပြီး နောက်ဆက်တွဲအခြေအနေတွေဟာ စိုးရိမ်စရာအနေအထား အဖြစ် SYNERGY လူမှုသဟဇာတ ဖော်ဆောင်ရေးအဖွဲ့က အမှုဆောင်ဒါရိုက်တာ ကိုသက်ဆွေဝင်းက သုံးသပ်ပါတယ်။

"ရွေးကောက်ပွဲကော်မရှင်ကိုယ်တိုင်ကလည်း တကယ်တမ်း ချို့ယွင်းချက် လိုအပ်ချက်တွေ အများကြီးရှိတယ်။ အဲ့ဒီ့ဟာကို နင်းပြီးတော့ တပ်ဘက်ကနေ ပြောစရာရလာတဲ့အနေအထားမျိုးတွေရှိတာပေါ့။ ဒါပေမဲ့ အဲ့ဒါကိုပြောတဲ့ ပုံစံကကျတော့ အပြုသဘောဆောင်ပြီး ပြောတဲ့ ပုံစံမဟုတ်ဘဲနဲ့ ခြိမ်းခြောက်တဲ့ ပုံစံမျိုး ပြောတာတွေ အရမ်းများလာတယ်ပေါ့။ ဒီလို ကျနော်တို့ လုံခြုံရေးတာဝန်ယူထားတဲ့သူတွေက ဒါမျိုး ခြိမ်းခြောက်တဲ့ပုံစံမျိုးတွေ ပြန်ဖြစ်လာတယ်။ အဲ့ဒီ့အခါမှာ ကျနော်တို့ပြည်သူတွေဘက်က လုံခြုံရေးပိုင်းဆိုင်ရာ စိတ်ပူစရာ အများကြီးရှိတယ်။ နောက်တခုက တိုင်းပြည်မှာ ကိုဗစ်ကြောင့်မို့လို့ လူတွေ အကုန်လုံးကလည်း ဒုက္ခရောက်နေကြတယ်။ ဒီလိုအချိန်မှာ ပြည်သူတွေရဲ့မျက်နှာကိုမကြည့်ဘဲ ပြည်သူကို ထပ်ပြီးဒုက္ခပေးမယ့် အနေအထားမျိုး ကြုံလာမယ်ဆိုရင် ပြည်သူတွေက ငြိမ်ခံမယ်လို့တော့ ကျနော့်အနေနဲ့က မထင်ပါဘူး။ မငြိမ်မသက်ကတော့ ထပ်ဖြစ်သွားနိုင်တဲ့အခြေအနေကတော့ရှိတာပေါ့။ ဒါပေမဲ့ အဲ့လိုမဖြစ်ဖို့အတွက်ကိုလည်း ဝိုင်းပြီး ထိန်းကျောင်းနိုင်ကြလိမ့်မယ်လို့လည်း ထင်ပါတယ်။

ရွေးကောက်ပွဲကလည်း သဘက်ခါဆို လာတော့မယ်။ ရွေးကောက်ပွဲနေ့နဲ့ ရွေးကောက်ပွဲအပြီး ထွက်လာတဲ့ရလဒ်တွေပေါ် မူတည်ပြီး ဘာတွေဖြစ်လာမလဲဆိုတာကလည်း ကျနော်တို့အတွက် တော်တော်စိတ်ပူစရာကောင်းတဲ့ အနေအထားဖြစ်တယ်။ သေသေချာချာကို စောင့်ကြည့်ရမယ့် စိုးရိမ်ရမယ့် အနေအထားမျိုးကိုရှိနေတယ်။ ရွေးကောက်ပွဲရလဒ်အပေါ်မူတည်ပြီး ပြဿနာတွေကလည်း အများကြီးဖြစ်လာနိုင်ခြေလည်း ရှိသေးတာကိုး။ အဲ့တော့ ပြည်သူတွေအားလုံးကနေပြီးတော့ နိုင်ငံရေးသတိရှိရှိနဲ့ စောင့်ကြည့်နေဖို့ လိုလိမ့်မယ်။ အဲ့လိုပဲ ကျနော်တို့ နိုင်ငံရေးအင်အားစုတွေဘက်ကလည်း ဒီအခြေအနေမှာ အားလုံး က ပြဿနာ ကြီးကြီးမားမား မဖြစ်လာဖို့အတွက်ကို အားလုံးစုပေါင်းပြီး လုပ်ဆောင်တာမျိုးတွေလည်း လုပ်ဖို့လိုမယ်လို့ ထင်ပါတယ်။"

နိုင်ငံရေးလေ့လာအကဲခတ်နေတဲ့ ရှေ့နေကြီးဦးကြီးမြင့်ကတော့ ပြည်ထောင်စုအစိုးရကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဘက်ကနေ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန်သတိပေးလိုက်တဲ့အပေါ် သူ့အမြင် အခုလိုပြောပြပါတယ်။

"နိုင်ငံတော်ရဲ့အခြေအနေကတော့ ကာချုပ်က အခု ဖုတ်ပူမီးတိုက်တွေ ပြောဆိုလာတဲ့အပေါ် ကျနော်လည်း တော်တော်အံ့အားသင့်တယ်။ UEC ရဲ့ အမှားအယွင်းတွေ မရှိဘူးမဟုတ်ဘူး ရှိပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲကို ရည်ရွယ်ချက်ရှိရှိနဲ့ အနိုင်ရအောင် လုပ်ပေးနေတယ်လို့တော့ ကျနော်မထင်ဘူး။ အခုလို တပ်ဘက်က ကြားထဲကနေပြီး တင်းတင်းမာမာသတိပေးလိုက်တဲ့အပေါ်မှာတော့ ကျနော်က ၂ ချက်တွေးမိတယ်။ ၁ အချက်ကတော့- တပ်ဘက်က အစိုးရိမ်များ လွန်နေသလား။ ၂၀၁၈ အခြေခံဥပဒေကြီး ဒီလောက်အသာစီးရနေတာကို ဘာဖြစ်လို့ အစိုးရိမ်လွန်နေတာလဲ။ ဒုတိယအချက်ကတော့ တိုင်းပြည်နဲ့ တပ်မတော်အတွက် စိုးရိမ်တာလား သူ့ပုဂ္ဂိုလ်ရေးအတွက် သူစိုးရိမ်နေသလား။ အဲ့လိုဖြစ်မယ်ဆိုရင်တော့ သူက အာဏာသိမ်းနိုင်တယ်။ ၂၀၂၁ အစိုးရအပြောင်းအလဲမှာ သူ့သက်တမ်းကုန်တော့မယ့်အချိန် သူ့ရာထူးထိခိုက်မှုရှိနိုင်မလား။ အဲ့လိုဖြစ်မယ်ဆိုရင်တော့ သူက အာဏာသိမ်းနိုင်တယ်။ ဒီတခါ အာဏာသိမ်းရင်တော့ သူသမ္မတဖြစ်နိုင်မယ့် လမ်းကြောင်းကို ရပြီဆိုရင် ရွေးကောက်ပွဲတွေ အမြန်ဆုံးကျင်းပပြီး အမြန်ဆုံးအဆုံးသတ်ပစ်မှာပေါ့ အဲ့လိုတော့ သုံးသပ်မိတယ်။"

နိုင်ငံရေးလေ့လာအကဲခတ်သူ ဒေါက်တာခင်ဇော်ဝင်းကတော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတပ်ဘက်က သတိပေးမှုအပေါ်မှာတော့ ရွေးကောက်ပွဲကော်မရှင်ကို တိုက်ရိုက်ခန့်အပ်ထားတဲ့ NLD အစိုးရဘက်က ဖြစ်လာတဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အဓိက တာဝန်အရှိဆုံးဖြစ်တယ် တပ်ဘက်က သတိပေးမှုကို လေးလေးနက်နက် ဆင်ခြင်သုံးသပ်အဖြေရှာသင့်တယ်လို့ ပြောပါတယ်။

"ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့တာက NLD နဲ့ သမ္မတက ဖွဲ့တာ တာဝန်ခံရမယ်။ ရွေးကောက်ပွဲကလည်း ကပ်နေပြီ။ တပ်ရဲ့ တုံ့ပြန်နိုင်တဲ့အနေအထားက အများကြီးပဲ။ အခုပဲ Impeachment ကိုပြောနေပြီ။ သမ္မတကို Impeach လုပ်နိုင်တယ်တဲ့ ပြောနေပြီ။ ဆိုတဲ့အခါကျတော့ NLD အနေနဲ့ သတိကြီးစွာ ထားရတော့မယ်။ သူနဲ့ သူရဲ့ရွေးကောက်ပွဲ ကော်မရှင် လုပ်တဲ့ဟာတွေက မဟုတ်တဲ့အတွက် ဒါတွေကို တန်ပြန်ခံစားရတာ။ ရှင်းရှင်းပဲပြောမယ်နော်... ဒီတခါ ဖြစ်လာတယ်ဆိုလို့ရှိရင် ပြည်သူလူထုကို လမ်းပေါ်ဆွဲတင်ဖို့ကို မစဉ်းစားပါနဲ့။ မြန်မာပြည်ရဲ့ဒီမိုကရေစီက ဘယ်သူဖော်ဆောင်မှာလဲ။ တပ်ဖော်ဆောင်မှာလား။ NLD ဖော်ဆောင်မှာလား။ တခြားဖော်ဆောင်မှာလား။ လူထုက ဖော်ဆောင်မှာလား။ အားလုံးခြုံပြောရမယ်ဆိုရင်တော့ NLD ရဲ့ နိုင်ငံရေးခေါင်းဆောင်မှုက ညံ့တယ်။"

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဆောင်ရွက်ချက်တွေဟာ အားနည်းချက်တွေ ရှိနေတာဟာနဲ့ ပြည်ထောင်စု အစိုးရအပေါ်မှာ တာဝန်အရှိဆုံးဖြစ်တယ်ဆိုပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်အပေါ် နိုင်ငံတော်သမ္မတရုံးရဲ့ တုံ့ပြန်ဖြေရှင်းပါတယ်။ တချိန်တည်းမှာပဲ တပ်မတော်ရဲ့ ပေါ်လစီမူဝါဒပိုင်းရာပြောဆိုချက် ရုပ်သံ ထုတ်လွှင့်ချက်တွေ ဆက်တိုက်ဆိုသလို ဆောင်ရွက်လာတဲ့အပေါ် ရွေးကောက်ပွဲနီးလာချိန် နိုင်ငံရေးအကဲခတ်တွေဘက်က နိုင်ငံ့ခေါင်းဆောင်ပိုင်းတွေကြား နိုင်ငံရေးတင်းမာမှု ရေချိန်မြင့်လာတဲ့အခြေအနေအပေါ် စောင့်ကြည့်နေကြတဲ့ အနေအထားဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG