သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပဲခူးတိုင္း ေရြးေကာက္ပြဲေကာ္မရွင္႐ံုးဝန္းတြင္း ေပါက္ကြဲမႈျဖစ္၊ ထိခိုက္မႈမရွိ


ပဲခူးတိုင္းေရြးေကာက္ပြဲေကာ္မရွင္႐ံုးဝန္း ျမင္ကြင္း။ (ဓာတ္ပံု - Ko Thu Yain Ko Yain - ႏိုဝင္ဘာ ၆၊ ၂၀၂၀)

[Zawgyi/Unicode]

ေ႐ြးေကာက္ပြဲ က်င္းပဖို႔ ရက္ပိုင္းသာ လိုေတာ့တဲ့ အခ်ိန္မွာပဲ ပဲခူးတိုင္းေ႐ြးေကာက္ပြဲ ေကာ္မရွင္႐ုံးဝန္းထဲမွာ ဒီကေန႔ ေပါက္ကြဲမႈ တခုျဖစ္ရာမွာ ထိခိုက္မႈေတာ့ မရွိခဲ့ဘူးလို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။ ဒီသတင္းကို ဗြီအုိေအျမန္မာပုိင္း သတင္းေထာက္ မစုစုက တင္ဆက္ေပးမွာပါ။

ပဲခူးတိုင္းေရြးေကာက္ပြဲေကာ္မရွင္႐ံုးဝန္း ျမင္ကြင္း။ (ဓာတ္ပံု - Ko Thu Yain Ko Yain - ႏိုဝင္ဘာ ၆၊ ၂၀၂၀)
ပဲခူးတိုင္းေရြးေကာက္ပြဲေကာ္မရွင္႐ံုးဝန္း ျမင္ကြင္း။ (ဓာတ္ပံု - Ko Thu Yain Ko Yain - ႏိုဝင္ဘာ ၆၊ ၂၀၂၀)

ပဲခူးတိုင္းေ႐ြးေကာက္ပြဲ ေကာ္မရွင္႐ုံးဝန္းထဲ ဒီေန႔မြန္းလြဲပိုင္းက ေပါက္ကြဲမႈေၾကာင့္ ထိခိုက္မႈ တစုံတရာမရွိခဲ့ေၾကာင္း အခင္းျဖစ္ပြားခ်ိန္မွာ ရွိေနတဲ့ ႐ံုးဝန္ထမ္း ဦးတိုးေအာင္က ေျပာပါတယ္။ ေပါက္ကြဲမႈျဖစ္ခဲ့တဲ့ ကိစၥနဲ႔ ပတ္သက္လို႔လည္း လုံၿခဳံေရးအာဏာပိုင္ေတြက စစ္ေဆးေနတယ္လို႔ ေျပာပါတယ္။

“အသံၾကားလိုက္တယ္ဆိုေတာ့ ဦးတို႔ကလည္း ႐ုံးအခန္းထဲမွာပဲ ရွိေနတာေလ။ အဲဒီမွာ Transformer ေပါက္တာလားလို႔ ပထမထင္လိုက္တာေပါ့။ အဲဒီအခ်ိန္က မိုးကလည္း အုံ႔ေနေတာ့ မိုးႀကိဳးမ်ား ပစ္တာလားေပါ့ေနာ္။ အဲဒီျဖစ္လိုက္တဲ့အခ်ိန္မွာ AD က ဆင္းၿပီးၾကည့္ေတာ့ မီးခိုးလုံးေတြ႕တဲ့အခါက်ေတာ့ ၾကည့္လိုက္ေတာ့ မိုးႀကိဳးလႊဲကျဖစ္တာလားေပါ့။ ေနာက္က်ေတာ့ မဟုတ္ဘူး၊ အဲဒီမွာ စကၠဴနဲ႔ ဗုံးနဲ႔ေပါ့။ စကၠဴစေတြ ျပန႔္ႀကဲတာေတြ႕တာ။ စခန္းရဲမႉးႀကီးနဲ႔၊ ၿမိဳ႕နယ္က လူႀကီးေတြအကုန္လုံး လာၾကည့္ၾကတယ္။ တပ္ကလည္း ပါပါတယ္၊ စစ္အင္ဂ်င္နီယာတပ္လည္း ပါတာေပါ့ေနာ္၊ လာစစ္ေဆးၾကတာေပါ့။ အထိအခိုက္ေတာ့ ဘာမွမရွိပါဘူး၊ ႐ုံးရဲ႕အျပင္ဘက္ ေထာင့္ေလးမွာ ျဖစ္တဲ့အခ်ိန္ကလည္း လူရွင္းတယ္။”

ကနဦးစစ္ေဆးခ်က္ေတြအရ အသံဗုံးလို႔ အာဏာပိုင္ေတြက ယူဆထားေၾကာင္းလည္း ပဲခူးၿမိဳ႕နယ္၊ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ ဥကၠ႒ ဦးဝင္းသိန္းကေျပာပါတယ္။

“ဘာမွမျဖစ္ပါဘူး၊ ေပါက္႐ုံပဲ ေပါက္တာ၊ အသံျမည္႐ုံပဲ ျမည္တာပါ။ သက္ဆိုင္ရာက စစ္ေဆးေနပါတယ္။ ဘာပစၥည္းမွ ထိခိုက္မႈမရွိဘူး။ အသံဗုံးလို႔ေတာ့ ယူဆရပါတယ္။”

လာမယ့္ တနဂၤေႏြေန႔မွာ ေ႐ြးေကာက္ပြဲ က်င္းပေတာ့မွာျဖစ္လို႔ အခုလို ရက္ကပ္ခ်ိန္မွာ ျဖစ္ခဲ့တဲ့ေပါက္ကြဲမႈေၾကာင့္ မဲလာေပးမယ့္ျပည္သူေတြအေနနဲ႔ စိုးရိမ္ပူပန္ သြားႏိုင္တယ္လို႔ ပဲခူးၿမိဳ႕ေဒသခံလည္းျဖစ္တဲ့ ေ႐ြးေကာက္ပြဲေစာင့္ၾကည့္ေလ့လာသူ မယဥ္ယဥ္မ်ိဳးက ေျပာပါတယ္။

“သူကေတာ့ ၿမိဳ႕နယ္႐ုံးထဲမွာျဖစ္တာ။ ကားေတြ ထားတဲ့ေနရာေလာက္မွာ အဲဒီမွာ ဗုံးေပါက္တာ။ မွန္လည္း ကြဲသြားေရာ အဲဒီအထဲက စာ႐ြက္ေတြ အကုန္လုံးအျပင္ထြက္သြားတာ၊ အျပင္မွာ ပြလဲေနေရာပဲ။ အခုလည္း တႏိုင္ငံလုံးမွာ အရမ္းျဖစ္ၾကတယ္ေပါ့ေနာ္။ က်မကေတာ့ စိုးရိမ္တယ္ ျပည္သူတေယာက္အေနနဲ႔၊ က်မကိုယ္တိုင္လည္း ေစာင့္ၾကည့္ရမွာဆိုေတာ့ က်မလည္း ကိုယ္တိုင္သြားေနတာ။ ဒီ UEC ႐ုံးကို ေဒတာေတြ အၿမဲတမ္းသြားၾကည့္ရတယ္။ က်မကိုယ္တိုင္ေတာင္ ေစာင့္ၾကည့္ဖို႔ ခပ္လန႔္လန႔္ဆိုေတာ့ ျပည္သူေတြအေနနဲ႔ ဒီသတင္းေတြကို အခုဆိုရင္ ေတာ္ေတာ္မ်ားမ်ား သိကုန္ၿပီ။ သိတဲ့အခါက်ေတာ့ သြားဖို႔ေတာင္မွ ေၾကာက္ၾကမွာပဲ၊ စိုးရိမ္ၾကမွာပဲလို႔ က်မကေတာ့ ထင္တယ္။”

ၿပီးခဲ့တဲ့ ရက္ပိုင္းတုန္းကလည္း မုံ႐ြာၿမိဳ႕၊ အိုးဘိုေတာင္ရပ္ကြက္ဝန္းက်င္မွာ ဗုံးလန႔္မႈျဖစ္ခဲ့ၿပီး စုံစမ္းစစ္ေဆးခဲ့တဲ့ တာဝန္ရွိသူေတြက ဒါဟာျပည္သူေတြကို အထိတ္တလန႔္ျဖစ္ေစတဲ့ ရည္႐ြယ္ခ်က္မ်ိဳးျဖစ္တယ္လို႔ ေျပာဆိုထားၾကပါတယ္။ စက္တင္ဘာလကုန္ပိုင္းေလာက္က ေနျပည္ေတာ္ ေ႐ြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ခြဲဥကၠ႒ရဲ႕ ေနအိမ္မွာလည္း ဗုံးတလုံးေတြ႕ခဲ့ၿပီး စစ္ေဆးခ်က္ေတြအရ လက္ပစ္ဗုံးအျဖစ္ အတည္ျပဳခဲ့ေပမဲ့ ဘယ္သူ႔လက္ခ်က္ဆိုတာကိုေတာ့ မသိရေသးပါဘူး။

ေ႐ြးေကာက္ပြဲနီးလာခ်ိန္မွာ အခုလို ျဖစ္စဥ္မ်ိဳးေတြေၾကာင့္ လူထုၾကား အထိတ္တလန႔္ ျဖစ္လာၾကမွာကိုလည္း ေ႐ြးေကာက္ပြဲ ေစာင့္ၾကည့္ေလ့လာသူေတြ စိုးရိမ္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပဲခူးတိုင်းရွေးကောက်ပွဲကော်မရှင်ရုံးဝန်းတွင်း ပေါက်ကွဲမှုဖြစ်၊ ထိခိုက်မှုမရှိ

ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းသာ လိုတော့တဲ့ အချိန်မှာပဲ ပဲခူးတိုင်းရွေးကောက်ပွဲ ကော်မရှင်ရုံးဝန်းထဲမှာ ဒီကနေ့ ပေါက်ကွဲမှု တခုဖြစ်ရာမှာ ထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးမှာပါ။

ပဲခူးတိုင်းရွေးကောက်ပွဲ ကော်မရှင်ရုံးဝန်းထဲ ဒီနေ့မွန်းလွဲပိုင်းက ပေါက်ကွဲမှုကြောင့် ထိခိုက်မှု တစုံတရာမရှိခဲ့ကြောင်း အခင်းဖြစ်ပွားချိန်မှာ ရှိနေတဲ့ ရုံးဝန်ထမ်း ဦးတိုးအောင်က ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့လည်း လုံခြုံရေးအာဏာပိုင်တွေက စစ်ဆေးနေတယ်လို့ ပြောပါတယ်။

“အသံကြားလိုက်တယ်ဆိုတော့ ဦးတို့ကလည်း ရုံးအခန်းထဲမှာပဲ ရှိနေတာလေ။ အဲဒီမှာ Transformer ပေါက်တာလားလို့ ပထမထင်လိုက်တာပေါ့။ အဲဒီအချိန်က မိုးကလည်း အုံ့နေတော့ မိုးကြိုးများ ပစ်တာလားပေါ့နော်။ အဲဒီဖြစ်လိုက်တဲ့အချိန်မှာ AD က ဆင်းပြီးကြည့်တော့ မီးခိုးလုံးတွေ့တဲ့အခါကျတော့ ကြည့်လိုက်တော့ မိုးကြိုးလွှဲကဖြစ်တာလားပေါ့။ နောက်ကျတော့ မဟုတ်ဘူး၊ အဲဒီမှာ စက္ကူနဲ့ ဗုံးနဲ့ပေါ့။ စက္ကူစတွေ ပြန့်ကြဲတာတွေ့တာ။ စခန်းရဲမှူးကြီးနဲ့၊ မြို့နယ်က လူကြီးတွေအကုန်လုံး လာကြည့်ကြတယ်။ တပ်ကလည်း ပါပါတယ်၊ စစ်အင်ဂျင်နီယာတပ်လည်း ပါတာပေါ့နော်၊ လာစစ်ဆေးကြတာပေါ့။ အထိအခိုက်တော့ ဘာမှမရှိပါဘူး၊ ရုံးရဲ့အပြင်ဘက် ထောင့်လေးမှာ ဖြစ်တဲ့အချိန်ကလည်း လူရှင်းတယ်။”

ကနဦးစစ်ဆေးချက်တွေအရ အသံဗုံးလို့ အာဏာပိုင်တွေက ယူဆထားကြောင်းလည်း ပဲခူးမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းသိန်းကပြောပါတယ်။

“ဘာမှမဖြစ်ပါဘူး၊ ပေါက်ရုံပဲ ပေါက်တာ၊ အသံမြည်ရုံပဲ မြည်တာပါ။ သက်ဆိုင်ရာက စစ်ဆေးနေပါတယ်။ ဘာပစ္စည်းမှ ထိခိုက်မှုမရှိဘူး။ အသံဗုံးလို့တော့ ယူဆရပါတယ်။”

လာမယ့် တနင်္ဂနွေနေ့မှာ ရွေးကောက်ပွဲ ကျင်းပတော့မှာဖြစ်လို့ အခုလို ရက်ကပ်ချိန်မှာ ဖြစ်ခဲ့တဲ့ပေါက်ကွဲမှုကြောင့် မဲလာပေးမယ့်ပြည်သူတွေအနေနဲ့ စိုးရိမ်ပူပန် သွားနိုင်တယ်လို့ ပဲခူးမြို့ဒေသခံလည်းဖြစ်တဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ မယဉ်ယဉ်မျိုးက ပြောပါတယ်။

“သူကတော့ မြို့နယ်ရုံးထဲမှာဖြစ်တာ။ ကားတွေ ထားတဲ့နေရာလောက်မှာ အဲဒီမှာ ဗုံးပေါက်တာ။ မှန်လည်း ကွဲသွားရော အဲဒီအထဲက စာရွက်တွေ အကုန်လုံးအပြင်ထွက်သွားတာ၊ အပြင်မှာ ပွလဲနေရောပဲ။ အခုလည်း တနိုင်ငံလုံးမှာ အရမ်းဖြစ်ကြတယ်ပေါ့နော်။ ကျမကတော့ စိုးရိမ်တယ် ပြည်သူတယောက်အနေနဲ့၊ ကျမကိုယ်တိုင်လည်း စောင့်ကြည့်ရမှာဆိုတော့ ကျမလည်း ကိုယ်တိုင်သွားနေတာ။ ဒီ UEC ရုံးကို ဒေတာတွေ အမြဲတမ်းသွားကြည့်ရတယ်။ ကျမကိုယ်တိုင်တောင် စောင့်ကြည့်ဖို့ ခပ်လန့်လန့်ဆိုတော့ ပြည်သူတွေအနေနဲ့ ဒီသတင်းတွေကို အခုဆိုရင် တော်တော်များများ သိကုန်ပြီ။ သိတဲ့အခါကျတော့ သွားဖို့တောင်မှ ကြောက်ကြမှာပဲ၊ စိုးရိမ်ကြမှာပဲလို့ ကျမကတော့ ထင်တယ်။”

ပဲခူးတိုင္းေရြးေကာက္ပြဲေကာ္မရွင္႐ံုးဝန္း ျမင္ကြင္း။ (ဓာတ္ပံု - Ko Thu Yain Ko Yain - ႏိုဝင္ဘာ ၆၊ ၂၀၂၀)
ပဲခူးတိုင္းေရြးေကာက္ပြဲေကာ္မရွင္႐ံုးဝန္း ျမင္ကြင္း။ (ဓာတ္ပံု - Ko Thu Yain Ko Yain - ႏိုဝင္ဘာ ၆၊ ၂၀၂၀)

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်ဝန်းကျင်မှာ ဗုံးလန့်မှုဖြစ်ခဲ့ပြီး စုံစမ်းစစ်ဆေးခဲ့တဲ့ တာဝန်ရှိသူတွေက ဒါဟာပြည်သူတွေကို အထိတ်တလန့်ဖြစ်စေတဲ့ ရည်ရွယ်ချက်မျိုးဖြစ်တယ်လို့ ပြောဆိုထားကြပါတယ်။ စက်တင်ဘာလကုန်ပိုင်းလောက်က နေပြည်တော် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌရဲ့ နေအိမ်မှာလည်း ဗုံးတလုံးတွေ့ခဲ့ပြီး စစ်ဆေးချက်တွေအရ လက်ပစ်ဗုံးအဖြစ် အတည်ပြုခဲ့ပေမဲ့ ဘယ်သူ့လက်ချက်ဆိုတာကိုတော့ မသိရသေးပါဘူး။

ရွေးကောက်ပွဲနီးလာချိန်မှာ အခုလို ဖြစ်စဉ်မျိုးတွေကြောင့် လူထုကြား အထိတ်တလန့် ဖြစ်လာကြမှာကိုလည်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေ စိုးရိမ်နေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG