သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရြးေကာက္ပြဲ ရလဒ္ေကာင္းထြက္ဖို႔ စက္မႈလုပ္သားေတြ ေမွ်ာ္လင့္


မဲေပးဖို႔ ေစာင့္ဆိုင္းေနၾကတဲ့ စက္႐ုံအလုပ္သမားမ်ား။ (ႏုိဝင္ဘာ ၈၊ ၂၀၂၀။)

(Zawgyi / Unicode)

ရန္ကုန္ၿမိဳ႕ရဲ႕ လူေနထူထပ္တဲ့ေနရာျဖစ္သလို စက္႐ုံအလုပ္သမားေတြ အမ်ားဆုံးေနထိုင္တဲ့ လႈိင္သာယာၿမိဳ႕နယ္က မဲ႐ုံအေျခအေနေတြနဲ႔ အလုပ္သမားေတြရဲ႕ အစိုးရသစ္အေပၚ ေမွ်ာ္လင့္ခ်က္ေတြအေၾကာင္း ကိုေဇာ္ထက္ စုစည္းတင္ျပထားပါတယ္။

စက္႐ုံအလုပ္႐ုံေတြမ်ားၿပီး လူဦးေရ ၆၈၀,၀၀၀ ေက်ာ္ရွိတဲ့ လႈိင္သာယာၿမိဳ႕နယ္ရဲ႕ လူေနအသိပ္သည္းဆုံး အမွတ္ ၅ ရပ္ကြက္က မဲ႐ုံတခုမွာ ႏိုဝင္ဘာ ၈ ရက္ ေ႐ြးေကာက္ပြဲေန႔က လူ ၂၀,၀၀၀ ေက်ာ္ မဲေပးခဲ့ၾကတာပါ။ မဲေပးခဲ့ၾကတဲ့ သူေတြထဲမွာ စက္႐ုံလုပ္သား အမ်ားအျပား ပါေနၿပီး အခု ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ အလုပ္သမားသမဂၢေတြထဲက တသီးပုဂၢလ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြ ဝင္ေရာက္ယွဥ္ၿပိဳင္လာတဲ့ အေပၚမွာလည္း အလုပ္သမားေတြက ေမွ်ာ္လင့္ခ်က္ေတြ ရွိခဲ့ၾကတာပါ။ ျမန္မာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမားသမဂၢမ်ား အဖြဲ႕ခ်ဳပ္ (CTUM) အဖြဲ႕ဝင္ Popular အထည္ခ်ဳပ္စက္႐ုံ အလုပ္သမားသမဂၢ ဥကၠ႒ မခိုင္မာႏြယ္က အခုလိုေျပာပါတယ္။

“ဒီအလုပ္သမားေတြအတြက္ကို လႊတ္ေတာ္အမတ္ တသီးပုဂၢလအေနနဲ႔ ေဗဒါတံဆိပ္နဲ႔ ဝင္ၿပိဳင္တဲ့အေပၚမွာလည္း က်မတို႔က အရမ္းကို ေမွ်ာ္လင့္ထားပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အလုပ္သမားေတြရဲ႕ အခြင့္အေရးေတြ၊ အလုပ္သမားရဲ႕ ရပိုင္ခြင့္ေတြ၊ ခံစားခြင့္ေတြက က်မတို႔ လက္ရွိအစိုးရမွာဆိုရင္ နည္းတယ္ေပါ့ေနာ္၊ လိုက္နာမႈလည္း မရွိေတာ့ က်မတို႔ အလုပ္သမားေတြ ခံရတာျဖစ္တယ္။ အဲဒီေတာ့ က်မတို႔က က်မတို႔ အလုပ္သမားေတြအတြက္ ၿပိဳင္တဲ့သူကို ရလည္းရေစခ်င္တယ္၊ အဲဒါမွ က်မတို႔ အလုပ္သမားေတြအတြက္ ေကာင္းလာမွာလို႔ ျမင္ပါတယ္ရွင့္။”

စက္႐ုံလုပ္သားတဦးျဖစ္တဲ့ ကိုေဇယ်ာလင္းကလည္း ပထမဆုံးအႀကိမ္အျဖစ္ မဲေပးၿပီးတဲ့ေနာက္မွာ ဗြီအိုေအကို အခုလို ေျပာခဲ့ပါတယ္။

“ေမွ်ာ္လင့္ထားတာကေတာ့ ကိုယ္က စက္႐ုံအလုပ္သမားဆိုေတာ့ လစာနဲ႔ ဒီ အလုပ္အကိုင္ အခြင့္အလမ္းေပါ့၊ လုပ္သေလာက္ ရဖို႔ေတာ့ ေမွ်ာ္လင့္တာေပါ့။ အခု မဲေပးတာကလည္း ကိုယ့္ရဲ႕ စိတ္ထဲရွိတာနဲ႔ မဲေပးလိုက္တာ။ ေကာင္းသည္ ဆိုးသည္ကေတာ့ မဲအေပၚမွာ မူတည္ရေတာ့မွာပဲ။”

လႈိင္သာယာ တၿမိဳ႕နယ္တည္းမွာ အထည္ခ်ဳပ္နဲ႔ တျခား ကုန္ထုတ္လုပ္ငန္းက အလုပ္သမား ၆၀၀,၀၀၀ ေလာက္ရွိၿပီး အလုပ္သမားေတြရဲ႕ လုပ္ငန္းခြင္ ဖြံ႕ၿဖိဳးတိုးတက္ေရးနဲ႔ စားဝတ္ေနေရး ေျပလည္ေစဖို႔ ေမွ်ာ္လင့္ခ်က္နဲ႔ မဲေပးခဲ့ၾကတဲ့သူေတြလည္း ရွိပါတယ္။ YES သၾကားလုံးစက္႐ုံ အေျခခံအလုပ္သမားသမဂၢရဲ႕ ဥကၠ႒ ကိုေဝၿဖိဳးေမာင္က သူရဲ႕ဆႏၵကို ခုလို ေျပာပါတယ္။

“အလုပ္သမားထုအားလုံး ျပည္သူလူထုအားလုံး မဲတပြင့္က က်ေနာ္တို႔လိုခ်င္တဲ့ အစိုးရ၊ အုပ္ခ်ဳပ္မယ့္အစိုးရအတြက္ အမ်ားႀကီး အေထာက္အကူျပဳတယ္။ ေနာက္ ႏိုင္ငံေျပာင္းလဲမႈေပါ့၊ ၂၀၁၅ မွာဆိုရင္ အေျပာင္းအလဲတခုကို လိုခ်င္လို႔ NLD ပါတီကို မဲေပးခဲ့တယ္၊ ဒီလိုပဲ ၂၀၂၀ မွာလည္း အေျပာင္းအလဲေတြ ဆက္ျဖစ္ဖို႔အတြက္ ဒီ NLD ပါတီကိုပဲ ဆက္လက္ မဲေပးဦးမွာပါ။”

၂၀၁၄ သန္းေခါင္စာရင္းအတိုင္းဆိုရင္ လႈိင္သာယာရဲ႕ လူဦးေရက ၆၈၇,၀၀၀ ေက်ာ္ ဆိုေပမယ့္ ၿပီးခဲ့တဲ ႏွစ္ပိုင္းအတြင္း ေ႐ႊ႕ေျပာင္းေနထိုင္သူေတြ အလွ်င္အျမန္ တိုးလာသလို တႏိုင္ငံလုံး ပ်မ္းမွ် အိမ္ေထာင္စုလူဦးေရ သိပ္သည္းႏႈန္းထက္ ပိုမ်ားေနတာပါ။

ကိုဗစ္ကပ္ေရာဂါျဖစ္ေနတဲ့ ၆ လေက်ာ္ ၇ လထဲမွာ CMP အထည္ခ်ဳပ္လုပ္ငန္းေတြ ပိုအထိနာခဲ့ၿပီး လုပ္ငန္းရွင္ေတြနဲ႔ စက္႐ုံလုပ္သားေတြကို အစိုးရက အေရးေပၚ ကူညီေထာက္ပံ့ေရးေတြ လုပ္ခဲ့ရပါတယ္။ လက္ရွိလည္း လုပ္ေနရတုန္းပါ။ ဥေရာပသမဂၢကလည္း အေရးေပၚ ေထာက္ပံ့ေငြေတြနဲ႔ အထည္ခ်ဳပ္လုပ္သားေတြကို ကူညီထားတာလည္း ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ရွေးကောက်ပွဲ ရလဒ်ကောင်းထွက်ဖို့ စက်မှုလုပ်သားတွေ မျှော်လင့်

ရန်ကုန်မြို့ရဲ့ လူနေထူထပ်တဲ့နေရာဖြစ်သလို စက်ရုံအလုပ်သမားတွေ အများဆုံးနေထိုင်တဲ့ လှိုင်သာယာမြို့နယ်က မဲရုံအခြေအနေတွေနဲ့ အလုပ်သမားတွေရဲ့ အစိုးရသစ်အပေါ် မျှော်လင့်ချက်တွေအကြောင်း ကိုဇော်ထက် စုစည်းတင်ပြထားပါတယ်။

စက်ရုံအလုပ်ရုံတွေများပြီး လူဦးရေ ၆၈၀,၀၀၀ ကျော်ရှိတဲ့ လှိုင်သာယာမြို့နယ်ရဲ့ လူနေအသိပ်သည်းဆုံး အမှတ် ၅ ရပ်ကွက်က မဲရုံတခုမှာ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနေ့က လူ ၂၀,၀၀၀ ကျော် မဲပေးခဲ့ကြတာပါ။ မဲပေးခဲ့ကြတဲ့ သူတွေထဲမှာ စက်ရုံလုပ်သား အများအပြား ပါနေပြီး အခု ၂၀၂၀ ရွေးကောက်ပွဲမှာ အလုပ်သမားသမဂ္ဂတွေထဲက တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်လာတဲ့ အပေါ်မှာလည်း အလုပ်သမားတွေက မျှော်လင့်ချက်တွေ ရှိခဲ့ကြတာပါ။ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) အဖွဲ့ဝင် Popular အထည်ချုပ်စက်ရုံ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ မခိုင်မာနွယ်က အခုလိုပြောပါတယ်။

“ဒီအလုပ်သမားတွေအတွက်ကို လွှတ်တော်အမတ် တသီးပုဂ္ဂလအနေနဲ့ ဗေဒါတံဆိပ်နဲ့ ဝင်ပြိုင်တဲ့အပေါ်မှာလည်း ကျမတို့က အရမ်းကို မျှော်လင့်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ၊ အလုပ်သမားရဲ့ ရပိုင်ခွင့်တွေ၊ ခံစားခွင့်တွေက ကျမတို့ လက်ရှိအစိုးရမှာဆိုရင် နည်းတယ်ပေါ့နော်၊ လိုက်နာမှုလည်း မရှိတော့ ကျမတို့ အလုပ်သမားတွေ ခံရတာဖြစ်တယ်။ အဲဒီတော့ ကျမတို့က ကျမတို့ အလုပ်သမားတွေအတွက် ပြိုင်တဲ့သူကို ရလည်းရစေချင်တယ်၊ အဲဒါမှ ကျမတို့ အလုပ်သမားတွေအတွက် ကောင်းလာမှာလို့ မြင်ပါတယ်ရှင့်။”

စက်ရုံလုပ်သားတဦးဖြစ်တဲ့ ကိုဇေယျာလင်းကလည်း ပထမဆုံးအကြိမ်အဖြစ် မဲပေးပြီးတဲ့နောက်မှာ ဗွီအိုအေကို အခုလို ပြောခဲ့ပါတယ်။

“မျှော်လင့်ထားတာကတော့ ကိုယ်က စက်ရုံအလုပ်သမားဆိုတော့ လစာနဲ့ ဒီ အလုပ်အကိုင် အခွင့်အလမ်းပေါ့၊ လုပ်သလောက် ရဖို့တော့ မျှော်လင့်တာပေါ့။ အခု မဲပေးတာကလည်း ကိုယ့်ရဲ့ စိတ်ထဲရှိတာနဲ့ မဲပေးလိုက်တာ။ ကောင်းသည် ဆိုးသည်ကတော့ မဲအပေါ်မှာ မူတည်ရတော့မှာပဲ။”

လှိုင်သာယာ တမြို့နယ်တည်းမှာ အထည်ချုပ်နဲ့ တခြား ကုန်ထုတ်လုပ်ငန်းက အလုပ်သမား ၆၀၀,၀၀၀ လောက်ရှိပြီး အလုပ်သမားတွေရဲ့ လုပ်ငန်းခွင် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စားဝတ်နေရေး ပြေလည်စေဖို့ မျှော်လင့်ချက်နဲ့ မဲပေးခဲ့ကြတဲ့သူတွေလည်း ရှိပါတယ်။ YES သကြားလုံးစက်ရုံ အခြေခံအလုပ်သမားသမဂ္ဂရဲ့ ဥက္ကဋ္ဌ ကိုဝေဖြိုးမောင်က သူရဲ့ဆန္ဒကို ခုလို ပြောပါတယ်။

“အလုပ်သမားထုအားလုံး ပြည်သူလူထုအားလုံး မဲတပွင့်က ကျနော်တို့လိုချင်တဲ့ အစိုးရ၊ အုပ်ချုပ်မယ့်အစိုးရအတွက် အများကြီး အထောက်အကူပြုတယ်။ နောက် နိုင်ငံပြောင်းလဲမှုပေါ့၊ ၂၀၁၅ မှာဆိုရင် အပြောင်းအလဲတခုကို လိုချင်လို့ NLD ပါတီကို မဲပေးခဲ့တယ်၊ ဒီလိုပဲ ၂၀၂၀ မှာလည်း အပြောင်းအလဲတွေ ဆက်ဖြစ်ဖို့အတွက် ဒီ NLD ပါတီကိုပဲ ဆက်လက် မဲပေးဦးမှာပါ။”

၂၀၁၄ သန်းခေါင်စာရင်းအတိုင်းဆိုရင် လှိုင်သာယာရဲ့ လူဦးရေက ၆၈၇,၀၀၀ ကျော် ဆိုပေမယ့် ပြီးခဲ့တဲ နှစ်ပိုင်းအတွင်း ရွှေ့ပြောင်းနေထိုင်သူတွေ အလျှင်အမြန် တိုးလာသလို တနိုင်ငံလုံး ပျမ်းမျှ အိမ်ထောင်စုလူဦးရေ သိပ်သည်းနှုန်းထက် ပိုများနေတာပါ။

ကိုဗစ်ကပ်ရောဂါဖြစ်နေတဲ့ ၆ လကျော် ၇ လထဲမှာ CMP အထည်ချုပ်လုပ်ငန်းတွေ ပိုအထိနာခဲ့ပြီး လုပ်ငန်းရှင်တွေနဲ့ စက်ရုံလုပ်သားတွေကို အစိုးရက အရေးပေါ် ကူညီထောက်ပံ့ရေးတွေ လုပ်ခဲ့ရပါတယ်။ လက်ရှိလည်း လုပ်နေရတုန်းပါ။ ဥရောပသမဂ္ဂကလည်း အရေးပေါ် ထောက်ပံ့ငွေတွေနဲ့ အထည်ချုပ်လုပ်သားတွေကို ကူညီထားတာလည်း ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG