သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့ေရြးေကာက္ပြဲ ကနဦး မဲရလဒ္ေတြ ထြက္ေပၚလာ


ေနျပည္ေတာ္ ေဇယ်ာသီရိၿမိဳ႕နယ္ မဲ႐ုံတရံုမွာ မဲေရတြက္ေနတဲ့ ျမင္ကြင္း။ (ႏုိဝင္ဘာ ၈၊ ၂၀၂၀)

(Zawgyi / Unicode)

လက္ရွိအာဏာရ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (NLD) ပါတီက တိုင္းေဒသႀကီးနဲ႔ ျပည္နယ္လႊတ္ေတာ္ အမတ္ေနရာ ၆ ေနရာ အႏုိင္ရၿပီလို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ Chair NLD ဆိုတဲ့ တရားဝင္ Facebook စာမ်က္ႏွာက ေဖာ္ျပထားပါတယ္။ ျမန္မာ့ေရြးေကာက္ပြဲေကာ္မရွင္ကေတာ့ တရားဝင္ မေၾကညာေသးေပမယ့္ နာမည္ႀကီး ကိုယ္စားလွယ္ေလာင္းတခ်ိဳ႕ ေနရာေတြက ကနဦး မဲရလဒ္ေတြ အရေတာ့ ျပည္သူ႔ေရွ႕ေဆာင္ပါတီ အႀကီးအကဲ ေဒါက္တာ သက္သက္ခိုင္၊ အရင္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အနီးကပ္ ကူညီေဆာင္ရြက္ေပးခဲ့တဲ့ ေဒါက္တာတင္မာေအာင္၊ ေနာက္ ၈၈ ေက်ာင္းသား ေခါင္းေဆာင္ေဟာင္း ဦးကိုကိုႀကီး၊ ေဒါက္တာညိဳညိဳသင္းတို႔ အႏုိင္မရဘူးလို႔ ေျပာဆိုေနၾကပါတယ္။

ေနာက္ ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႔ၿဖိဳးေရးပါတီ ေျပာခြင့္ရ ေဒါက္တာ နႏၵာလွျမင့္နဲ႔ NLD က ေဒၚၿပံဳးေကသီႏုိင္တို႔ ယွဥ္ၿပိဳင္ေနတဲ့ ကေလာ မဲဆႏၵနယ္မွာေတာ့ ႀကိဳတင္မဲကိစၥ ကန္႔ကြက္ဖို႔ ေဆာင္ရြက္ေနေၾကာင္း ေဒါက္တာ နႏၵာလွျမင့္က ဗီြအိုေအကို ေျပာပါတယ္။ အခုထြက္ေပၚေနတဲ့ ရလဒ္ေတြကေတာ့ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္က တင္ျပမွသာ တရားဝင္ အတည္ျပဳႏုိင္မွာလည္း ျဖစ္ပါတယ္။ အျပည့္အစုံကို မသိဂႌထုိက္ စုစည္း တင္ျပထားပါတယ္။

တနဂၤေႏြေန႔က COVID-19 စည္းကမ္းေတြနဲ႔ က်င္းပခဲ့တဲ့ ေရြးေကာက္ပြဲကေတာ့ အခက္အခဲ ႀကီးႀကီးမားမားမရွိဘဲ က်င္းပႏုိင္ခဲ့တဲ့ ၂၀၂၀ ျပည့္ႏွစ္ ျမန္မာ့ အေထြေထြေရြးေကာက္ပြဲ ရလဒ္ေတြကို ေရတြက္ေနၾကဆဲပါ။

“ကုိဗစ္ျဖစ္တဲ့အခ်ိန္မွာ က်င္းပရေတာ့ အစိုးရအတြက္ေရာ တျခား အဖြဲ႔အစည္းေတြေရာ အမ်ားႀကီး အခက္အခဲရွိပါတယ္။ ဒါေပမယ့္ ဒီ ၂၀၂၀ ေရြးေကာက္ပြဲဟာ စနစ္လည္းက်တယ္။ က်န္းမာေရးနဲ႔အညီလည္း လုပ္ျဖစ္တယ္။”

ရန္ကုန္တိုင္း ပန္းဘဲတန္းၿမိဳ႕နယ္က ေရြးေကာက္ပြဲေကာ္မရွင္ အဖြဲ႔ဝင္ ဦးေဇာ္ႏုိင္ဝင္း ေျပာျပသြားတာပါ။

၂၀၂၀ ျပည့္ႏွစ္ ျမန္မာ့ေရြးေကာက္ပြဲ က်င္းပဖို႔ သီတင္းတပတ္ေလာက္ အလိုမွာပဲ ေရြးေကာက္ပြဲေကာ္မရွင္နဲ႔ အစိုးရရဲ႕ ေရြးေကာက္ပြဲ ျပင္ဆင္က်င္းပမႈေတြနဲ႔ ပတ္သက္ၿပီး တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက တင္းတင္းမာမာ သေဘာထား ထုတ္ျပန္ခဲ့တာပါ။ ႏုိဝင္ဘာလ ၈ ရက္ေန႔မွာ မဲထြက္ထည့္တဲ့ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က ေရြးေကာက္ပြဲရလဒ္ကို ေလးစားလိုက္နာမယ္လို႔ သတင္းေထာက္ေတြကို ေျပာခဲ့ပါတယ္။

“က်ေနာ္ကေတာ့ ျပည္သူ႔ဆႏၵနဲ႔ ထြက္ေပၚလာတဲ့ရလဒ္ကို လက္ခံရမွာပဲ။ ဒါကေတာ့ ဘယ္လိုမွ ျငင္းပယ္လို႔မရဘူး လက္ခံရမွာပဲ။”

ဘယ္ပါတီကို မဲေပးသလဲ ဆိုတာကို ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က မေျပာပါဘူး။

“က်ေနာ္ အၿမဲတမ္းေျပာတယ္။ က်ေနာ္တို႔ တပ္မေတာ္နဲ႔ လက္တြဲၿပီး လုပ္လို႔ရမယ့္ ပါတီကို ေရြးခ်ယ္ၿပီး ေပးခဲ့ပါတယ္။ ပိုၿပီးေကာင္းတဲ့ အနာဂတ္ကို ဖန္တီးႏုိင္မယ္လို႔ က်ေနာ္ အျပည့္အဝ ယံုၾကည္ပါတယ္။”

လႊတ္ေတာ္အမတ္ ၄ ပံု ၁ ပံုကို ခန္႔အပ္ခြင့္ရွိထားတဲ့ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ရဲ႕ ပူးေပါင္းပါဝင္မႈ မရရင္ေတာ့ လက္ရွိအာဏာရ NLD ပါတီ အေနနဲ႔ အစိုးရဖြဲ႔ႏုိင္ေရး လႊတ္ေတာ္အမတ္ေနရာ လံုလံုေလာက္ေလာက္ရဖို႔ လိုအပ္ပါတယ္။ အခုအေျခအေနအထိေတာ့ ေရြးေကာက္ပြဲရလဒ္ေတြ ထြက္မလာေသးပါဘူး။ ဒါေပမယ့္ ရန္ကုန္ၿမိဳ႕က အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ NLD ႐ုံးေရွ႕မွာေတာ့ ေရြးေကာက္ပြဲညက ေထာက္ခံသူေတြ စုစည္း ေရာက္ရွိခဲ့ၾကပါတယ္။ သူတို႔ရဲ႕ ေမွ်ာ္လင့္ခ်က္ကိုလည္း ေျပာျပၾကပါတယ္။

“ဒီမိုကေရစီထြန္းကားတဲ့ ႏုိင္ငံေတြမွာ အခု ေရြးေကာက္ပြဲေတြ လုပ္ၾကတယ္။ ကုိဗစ္ကာလႀကီးမွာလည္း လုပ္ၾကတယ္။ အန္တီတို႔ႏုိင္ငံလည္း ကုိဗစ္ကာလမွာ လုပ္တယ္။ ဒါေပမယ့္ ဘာကြာလဲဆိုေတာ့ သူတို႔က ေခါင္းေဆာင္ကို ေရြးခ်ယ္တာေလာက္ပဲ လြတ္လြတ္လပ္လပ္ ေရြးခ်ယ္လို႔ရတယ္။ အန္တီတို႔မွာက အေႏွာင့္အယွက္ေတြ အမ်ားႀကီးရွိေသးတယ္။ ဒါေၾကာင့္မို႔လို႔ အန္တီတို႔က ဒါ အေရးႀကီးတယ္။ NLD ေသာင္ၿပိဳကမ္းၿပဳိႏုိင္ဖို႔ အေရးႀကီးတယ္။ ဒါမွ လႊတ္ေတာ္တြင္းမွာ ၂၀၀၈ ဖြဲ႔စည္းပံုကို ေျပာင္းရဦးမယ္။ ဒီမိုကေရစီနဲ႔ ကိုက္ညီတဲ့ ဖြဲ႔စည္းပံုၿပီးမွ အန္တီတို႔ရဲ႕ အနာဂတ္ အန္တီတို႔ ကေလးေတြက စိတ္ခ်လက္ခ်နဲ႔ ေနရမယ္။”

“ၿမိဳ႕နယ္အလိုက္ေတာ့ မဲရလဒ္ေတြက ဆက္လာေသးတယ္။ တခ်ိဳ႕ၿမိဳ႕နယ္ေတြက Confirm မျဖစ္ေသးဘူး။ ဒီ႔ျပင္ၿမိဳ႕နယ္ေတြမွာ ေရတြက္ေနတဲ့ အထဲမွာ NLD ကပဲ ဦးေဆာင္ေနတယ္လို႔ က်ေနာ္တို႔ ၾကားသိရတယ္။ အဲဒါေၾကာင့္မို႔လုိ႔ က်ေနာ္တို႔ NLD ႏိုင္မွာပါ။”

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

မြန်မာ့ရွေးကောက်ပွဲ ကနဦး မဲရလဒ်တွေ ထွက်ပေါ်လာ

လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် အမတ်နေရာ ၆ နေရာ အနိုင်ရပြီလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Chair NLD ဆိုတဲ့ တရားဝင် Facebook စာမျက်နှာက ဖော်ပြထားပါတယ်။ မြန်မာ့ရွေးကောက်ပွဲကော်မရှင်ကတော့ တရားဝင် မကြေညာသေးပေမယ့် နာမည်ကြီး ကိုယ်စားလှယ်လောင်းတချို့ နေရာတွေက ကနဦး မဲရလဒ်တွေ အရတော့ ပြည်သူ့ရှေ့ဆောင်ပါတီ အကြီးအကဲ ဒေါက်တာ သက်သက်ခိုင်၊ အရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ် ကူညီဆောင်ရွက်ပေးခဲ့တဲ့ ဒေါက်တာတင်မာအောင်၊ နောက် ၈၈ ကျောင်းသား ခေါင်းဆောင်ဟောင်း ဦးကိုကိုကြီး၊ ဒေါက်တာညိုညိုသင်းတို့ အနိုင်မရဘူးလို့ ပြောဆိုနေကြပါတယ်။

နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြောခွင့်ရ ဒေါက်တာ နန္ဒာလှမြင့်နဲ့ NLD က ဒေါ်ပြုံးကေသီနိုင်တို့ ယှဉ်ပြိုင်နေတဲ့ ကလော မဲဆန္ဒနယ်မှာတော့ ကြိုတင်မဲကိစ္စ ကန့်ကွက်ဖို့ ဆောင်ရွက်နေကြောင်း ဒေါက်တာ နန္ဒာလှမြင့်က ဗွီအိုအေကို ပြောပါတယ်။ အခုထွက်ပေါ်နေတဲ့ ရလဒ်တွေကတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တင်ပြမှသာ တရားဝင် အတည်ပြုနိုင်မှာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက် စုစည်း တင်ပြထားပါတယ်။

တနင်္ဂနွေနေ့က COVID-19 စည်းကမ်းတွေနဲ့ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကတော့ အခက်အခဲ ကြီးကြီးမားမားမရှိဘဲ ကျင်းပနိုင်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် မြန်မာ့ အထွေထွေရွေးကောက်ပွဲ ရလဒ်တွေကို ရေတွက်နေကြဆဲပါ။

“ကိုဗစ်ဖြစ်တဲ့အချိန်မှာ ကျင်းပရတော့ အစိုးရအတွက်ရော တခြား အဖွဲ့အစည်းတွေရော အများကြီး အခက်အခဲရှိပါတယ်။ ဒါပေမယ့် ဒီ ၂၀၂၀ ရွေးကောက်ပွဲဟာ စနစ်လည်းကျတယ်။ ကျန်းမာရေးနဲ့အညီလည်း လုပ်ဖြစ်တယ်။”

ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ်က ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးဇော်နိုင်ဝင်း ပြောပြသွားတာပါ။

၂၀၂၀ ပြည့်နှစ် မြန်မာ့ရွေးကောက်ပွဲ ကျင်းပဖို့ သီတင်းတပတ်လောက် အလိုမှာပဲ ရွေးကောက်ပွဲကော်မရှင်နဲ့ အစိုးရရဲ့ ရွေးကောက်ပွဲ ပြင်ဆင်ကျင်းပမှုတွေနဲ့ ပတ်သက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက တင်းတင်းမာမာ သဘောထား ထုတ်ပြန်ခဲ့တာပါ။ နိုဝင်ဘာလ ၈ ရက်နေ့မှာ မဲထွက်ထည့်တဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲရလဒ်ကို လေးစားလိုက်နာမယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“ကျနော်ကတော့ ပြည်သူ့ဆန္ဒနဲ့ ထွက်ပေါ်လာတဲ့ရလဒ်ကို လက်ခံရမှာပဲ။ ဒါကတော့ ဘယ်လိုမှ ငြင်းပယ်လို့မရဘူး လက်ခံရမှာပဲ။”

ဘယ်ပါတီကို မဲပေးသလဲ ဆိုတာကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မပြောပါဘူး။

“ကျနော် အမြဲတမ်းပြောတယ်။ ကျနော်တို့ တပ်မတော်နဲ့ လက်တွဲပြီး လုပ်လို့ရမယ့် ပါတီကို ရွေးချယ်ပြီး ပေးခဲ့ပါတယ်။ ပိုပြီးကောင်းတဲ့ အနာဂတ်ကို ဖန်တီးနိုင်မယ်လို့ ကျနော် အပြည့်အဝ ယုံကြည်ပါတယ်။”

လွှတ်တော်အမတ် ၄ ပုံ ၁ ပုံကို ခန့်အပ်ခွင့်ရှိထားတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပူးပေါင်းပါဝင်မှု မရရင်တော့ လက်ရှိအာဏာရ NLD ပါတီ အနေနဲ့ အစိုးရဖွဲ့နိုင်ရေး လွှတ်တော်အမတ်နေရာ လုံလုံလောက်လောက်ရဖို့ လိုအပ်ပါတယ်။ အခုအခြေအနေအထိတော့ ရွေးကောက်ပွဲရလဒ်တွေ ထွက်မလာသေးပါဘူး။ ဒါပေမယ့် ရန်ကုန်မြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးရှေ့မှာတော့ ရွေးကောက်ပွဲညက ထောက်ခံသူတွေ စုစည်း ရောက်ရှိခဲ့ကြပါတယ်။ သူတို့ရဲ့ မျှော်လင့်ချက်ကိုလည်း ပြောပြကြပါတယ်။

“ဒီမိုကရေစီထွန်းကားတဲ့ နိုင်ငံတွေမှာ အခု ရွေးကောက်ပွဲတွေ လုပ်ကြတယ်။ ကိုဗစ်ကာလကြီးမှာလည်း လုပ်ကြတယ်။ အန်တီတို့နိုင်ငံလည်း ကိုဗစ်ကာလမှာ လုပ်တယ်။ ဒါပေမယ့် ဘာကွာလဲဆိုတော့ သူတို့က ခေါင်းဆောင်ကို ရွေးချယ်တာလောက်ပဲ လွတ်လွတ်လပ်လပ် ရွေးချယ်လို့ရတယ်။ အန်တီတို့မှာက အနှောင့်အယှက်တွေ အများကြီးရှိသေးတယ်။ ဒါကြောင့်မို့လို့ အန်တီတို့က ဒါ အရေးကြီးတယ်။ NLD သောင်ပြိုကမ်းပြိုနိုင်ဖို့ အရေးကြီးတယ်။ ဒါမှ လွှတ်တော်တွင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံကို ပြောင်းရဦးမယ်။ ဒီမိုကရေစီနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံပြီးမှ အန်တီတို့ရဲ့ အနာဂတ် အန်တီတို့ ကလေးတွေက စိတ်ချလက်ချနဲ့ နေရမယ်။”

“မြို့နယ်အလိုက်တော့ မဲရလဒ်တွေက ဆက်လာသေးတယ်။ တချို့မြို့နယ်တွေက Confirm မဖြစ်သေးဘူး။ ဒီ့ပြင်မြို့နယ်တွေမှာ ရေတွက်နေတဲ့ အထဲမှာ NLD ကပဲ ဦးဆောင်နေတယ်လို့ ကျနော်တို့ ကြားသိရတယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့ NLD နိုင်မှာပါ။”

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG