သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရြးေကာက္ပဲြအလြန္ ကပ္ေရာဂါသတိထားဖို႔ က်န္းမာေရး၀န္ထမ္းေတြ တိုက္တြန္း


၂၀၂၀ ေရြးေကာက္ပဲြအတြက္ ေနျပည္ေတာ္ရွိ မဲရံုတခုမွာ ဆႏၵမဲေပးဖို႔ တန္းစီေနသူတခ်ိဳ႕။ (ႏိုဝင္ဘာ ၀၈၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ကိုဗစ္ ၁၉ ကူးစက္ျမန္ေရာဂါျဖစ္ပြားမႈ ေန႔စဥ္လို ေထာင္နဲ႔ခ်ီ ကူးစက္ေနခ်ိန္မွာပဲ ေရြးေကာက္ပြဲၾကီးမွာ လူေထာင္ေသာင္းခ်ီ အုပ္စုလိုက္ အျပင္ထြက္ မဲေပးခဲ့ၾကၿပီးတဲ့ေနာက္ ေနာက္ဆက္တြဲ ကူးစက္မႈ အႏၱရာယ္ေတြကို သတိထားေစာင့္ၾကည့္ၾကဖို႔ ေဆးပညာရွင္ေတြနဲ႔ ဆရာဝန္ေတြဘက္က အထူးသတိေပးေျပာဆိုလုိက္ပါတယ္။ က်န္းမာေရးဆုိင္ရာ ဘယ္လိုအခ်က္ေတြကို သတိထားေစာင့္ၾကည့္ ကာကြယ္သင့္ပါသလဲ ဆုိတာ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မဆုမြန္က စုစည္းတင္ျပေပးထားပါတယ္။

ႏိုင္ငံတဝွမ္းမွာ ကိုဗစ္ ၁၉ ေရာဂါ ကူးစက္မႈႏႈန္းမက်ဘဲ ဆက္ျဖစ္ပြားေနခ်ိန္ ဒီရက္ပိုင္းမွာပဲက်င္းပခဲ့တဲ့ ေရြးေကာက္ပြဲအၾကိဳ ၾကိဳတင္မဲေပးပြဲေတြနဲ႔ ေနာက္ ႏိုဝင္ဘာလ ၈ ရက္ေန႔က က်င္းပခဲ့တဲ့ ေရြးေကာက္ပြဲေန႔မွာ ရပ္ကြက္ၿမိဳ႕နယ္ ေက်းရြာအလိုက္ ေထာင္ေသာင္းခ်ီတဲ့ ျပည္သူလူထုေတြ ဆႏၵမဲ ထြက္ေပးခဲ့ၾကပါတယ္။ ဒီမဲဆႏၵရွင္ျပည္သူေတြအတြက္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ဘက္က ကိုဗစ္ ၁၉ ေရာဂါကူးစက္မႈ ကာကြယ္ေရး က်န္းမာေရး လမ္းညႊန္ခ်က္ေတြနဲ႔ အညီ စီစဥ္ေဆာင္ရြက္ေပးခဲ့တယ္လို႔ ဆိုေပမဲ့ မဲေပးခဲ့တဲ့ မိဘျပည္သူေတြအေနနဲ႔ တကယ္လို႔ ဒီရက္ပိုင္း ဒါမွမဟုတ္ ဒီသီတင္းပတ္ထဲမွာ မိမိမွာ ကူးစက္ျမန္ေရာဂါ လကၡဏာျဖစ္ေနတယ္လို႔ သံသယရွိလာခဲ့ရင္ အနီးစပ္ဆံုး အခမဲ့ ဖ်ားနာကုေဆးခန္းေတြ နဲ႔ ေဆးရံုေတြဆီ အျမန္ဆံုးသြားျပဖို႔နဲ႔ ကိုယ္သြားခဲ့တဲ့ မဲရံု- ေနရာေတြ ထိေတြ႔ခဲ့သူေတြကို ေသခ်ာ ပြင့္ပြင့္လင္းလင္းေျပာၾကပါလို႔ ေဆးပညာရွင္ေတြက တိုက္တြန္းလိုက္ပါတယ္။

ေရာဂါလကၡဏာျပလာရင္ ေစာစီးစြာ ကုသမႈခံယူၾကဖို႔အျပင္ လမ္းေပၚေတြထြက္ ေအာင္ပြဲခံၾကမယ့္ျပည္သူေတြလည္း ကိုဗစ္ေရာဂါ အုပ္စုလိုက္ မကူးစက္ရေအာင္ အထူးသတိထား ဂရုစိုက္ၾကဖို႔ အခမဲ့ဖ်ားနာကုေဆးခန္း ရန္ကုန္ကြန္ရက္ တာဝန္ခံ ေဒါက္တာေက်ာ္မင္းထြန္းက ေမတၱာရပ္ခံပါတယ္။

"ေ႐ြးေကာက္ပြဲက မေန႔က ေအာင္ေအာင္ျမင္ျမင္နဲ႔ ေခ်ာေခ်ာေမြ႕ေမြ႕ ၿပီးဆုံးသြားၿပီေပါ့ေနာ္။ ျပည္သူလူထုေတြဘက္ကလည္း စည္းကမ္း စနစ္တက် လိုက္နာၿပီး မဲလာေပးတာေတြ႕ရပါတယ္။ က်ေနာ္တို႔ သြားထည့္တဲ့ မဲ႐ုံမွာလည္း ေသခ်ာေလး စည္းနဲ႔ကမ္းနဲ႔ စနစ္တက် လုပ္ထားတာေလးေတြ ေတြ႕တယ္။ ဆိုေတာ့ Infection Control မွာ အရမ္းအားေကာင္းတယ္ အရမ္းလည္း အားရတယ္။ ဘာေတြကို ေနာက္ဆက္တြဲသတိထားရမလဲဆိုေတာ့-လူေတြက လမ္းေတြေပၚသြားလာခဲ့ၾကၿပီ ဆိုေတာ့ အတတ္ႏိုင္ဆုံး ဒီကာလမွာ သတိထားရမွာက တကယ္လို႔ Infection ဝင္ၿပီး ကူးစက္မႈျဖစ္လို႔ တရက္ ႏွစ္ရက္ေလာက္ေနရင္ မ်ားေသာအားျဖင့္Symptoms ကျပၾကတယ္။ ႏွာေစးသလိုလို ဖ်ားခ်င္သလိုလို လကၡဏာေလးေတြ ျပလာႏိုင္တယ္။ တခ်ိဳ႕က်ေတာ့ ကိုယ္လက္ေတြ ကိုက္တယ္။ ရာသီတုပ္ေကြးပုံစံမ်ိဳး လကၡဏာေလးေတြ ျပလာတယ္ဆိုရင္ နည္းနည္းသတိထားရမယ္။ စၿပီး သတိထားရေတာ့မယ္ေပါ့ေနာ္။ အဲ့လိုျဖစ္လာၿပီဆိုရင္ အဲ့ဒီ့အခ်ိန္မွာ အျမန္ဆုံးေပါ့ေနာ္... က်ေနာ္တို႔ Fever Clinic ျဖစ္ျဖစ္၊ ေဆး႐ုံနီးတယ္ဆိုရင္ ေဆး႐ုံေဆးခန္းကိုျဖစ္ျဖစ္ အက်ိဳးအေၾကာင္းေျပာ ျပသပါ။ ေနာက္ က်ေနာ္တို႔ က်မတို႔ေတြ ဒီမဲ႐ုံေတြကို သြားထားတယ္။ အျပင္ေတြ ဘယ္ေနရာေတြ သြားထားတယ္။ ဘယ္သူေတြနဲ႔ Contact ထိထားတယ္။ ကိုယ္သြားထားတဲ့ အမ်ားျပည္သူေနရာေတြ Public Area ေတြရဲ႕ History ေပါ့ေနာ္ ျဖစ္စဥ္ကို Detail အေသးစိတ္ေျပာျပဖို႔လိုမယ္။ ကိုယ့္မွာ ေရာဂါလကၡဏာျပၿပီဆိုတာ ခ်က္ျခင္းသိသိခ်င္း ခ်က္ျခင္းသြားျပပါ၊ တိုင္ပင္ပါ။ လိုအပ္လာရင္လည္း ခ်က္ျခင္း Urgent Swab ယူလို႔ရေအာင္လည္း စီစဥ္မယ္။ က်ေနာ္တို႔ဘက္ကလည္းလုပ္ေပးႏိုင္တာက တကယ္လို႔ Emergency ဆို ခ်က္ျခင္းေဆး႐ုံ လႊဲမယ္ ေဆး႐ုံပို႔ေပးမယ္ေပါ့ေနာ္။ ဒီကာလမွာ အထူးဂ႐ုစိုက္ေစခ်င္တယ္ ကိုဗစ္ကလည္း ရွိေနေသးတယ္။ ေပ်ာ္တာကလည္း ေပ်ာ္ၾကပါ။ အခုက ေ႐ြးေကာက္ပြဲၿပီးေတာ့ ေနာက္ဆက္တြဲ ရလဒ္ေတြလည္း ရွိေနေသးတယ္ ဆိုေတာ့။ ေပ်ာ္စရာ Result ေတြ ထြက္လာမယ္ဆိုရင္ ေပ်ာ္ၾကပါ အရမ္းႀကီးလည္း အေပ်ာ္လည္းမလြန္ၾကပါနဲ႔လို႔။ ေသေသခ်ာခ်ာ စည္းနဲ႔ကမ္းနဲ႔ေပ်ာ္ပါ။ Mask တပ္ပါ။ Mask ကို အမႈမဲ့ အမွတ္မဲ့ခြၽတ္ၿပီးေတာ့ ေအာင္ပြဲႀကီးေတြ မခံၾကပါနဲ႔။ အဲ့ဒီလိုမ်ိဳး က်ေနာ္တို႔ဘက္က ေမတၱာရပ္ခံပါတယ္ခင္ဗ်။"

ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ဘက္ကလည္း ေရြးေကာက္ပြဲရလဒ္ေတြ ေရတြက္ခ်ိန္ လူစုလူေဝးမျဖစ္ေစဖို႔ မိမိတို႔ရဲ႕ေနအိမ္ေတြထဲကသာ ေစာင့္ၾကည့္ျခင္းအားျဖင့္ က်န္းမာေရးလမ္းညႊန္ခ်က္ေတြနဲ႔အညီ ပူးေပါင္းကူညီၾကဖို႔ကိုလည္း ျပည္သူကို ေမတၱာရပ္ခံထားပါတယ္။

ဒီလိုကူးစက္ျမန္ေရာဂါ လူအုပ္စုေတြၾကား ကူးစက္မႈမျဖစ္ေအာင္ တဦးခ်င္း အထူးသတိထားဖို႔လိုသလို သက္ဆိုင္ရာ ဘက္ကလည္း စည္းကမ္းခ်က္ေတြ လိုက္နာဖို႔ ထိေရာက္စြာၾကီးၾကပ္မႈေပးဖို႔လိုတယ္လို႔ လူထုကို က်န္းမာေရးပညာေပးေနတဲ့ အေထြေထြေရာဂါကုဆရာဝန္ၾကီးေဒါက္တာမိုးေအာင္ေက်ာ္ႏုိင္ကလည္း အၾကံေပးပါတယ္။

"ေရြးေကာက္ပြဲမတိုင္ခင္ကတည္းက ရန္ကုန္မွာ လူေတြ ေတာ္ေတာ္မ်ားမ်ား လုပ္ငန္းခြင္ျပန္ေရာက္ေနၾကတာေတြ႔တယ္။ ဆိုလိုတာက လမ္းေပၚမွာ ကားေတြအမ်ားၾကီးရွိတယ္။ ဆိုင္ေတြလည္းတခ်ိဳ႕ျပန္ၿပီးေတာ့ ဖြင့္ေနတာေတြ႔တယ္ေပါ့ေနာ္။ ပ်ံ႕ႏွံ႔မႈကိုေတာ့ ေလာေလာဆယ္ လြယ္လြယ္နဲ႔ တားႏုိင္မယ္မဟုတ္ဘူးလို႔ ထင္တယ္။ ေနာက္ တဦးခ်င္း တဦးခ်င္းစီရဲ႕ တာဝန္ယူမႈေတြမွာလည္း လိုအပ္ခ်က္ေတြ ရွိေသးတယ္။ Mask ကိုျဖဳတ္ၿပီး ကြမ္းတံေတြးေထြးတဲ့သူေတြေတြ႔တယ္။ Mask ကိုေမးမွာခ်ိတ္ၿပီး တဦးခ်င္းစီရဲ႕လိုက္နာမႈ အားနည္းေနေသးတယ္လို႔ျမင္တယ္။ အခုက ကူးစက္မႈႏႈန္း ပိုးေတြ႔မႈႏႈန္းက ျမင့္ေနေသးေတာ့ ကိုယ္မပါဖို႔အတြက္ ကိုယ့္ဘာသာ ဂရုစိုက္မွပဲ ရမယ္လို႔ ဆရာကေျပာခ်င္တယ္။ လူတုိင္းမွာ ပိုးရွိႏိုင္တယ္လို႔ သေဘာထားၿပီး ကိုယ့္အတြက္ ကာကြယ္ေရးေတြကို ဆက္ၿပီးေဆာင္ရြက္သြားရမယ္။

ႏို႔မို႔ဆိုရင္ အခုက ေသတဲ့ႏႈန္းနဲ႔ ေတြ႔တဲ့ႏႈန္းက တန္းေနတာ အခုဆိုရင္ ၂ပတ္ - ၃ပတ္ က ဒီအတိုင္းႏႈန္းနဲ႔သြားေနတယ္။ ဒီလူေတြရဲ႕ အျပဳအမႈေတြ မျပင္သေရြ႔ကေတာ့ ဆက္ၿပီး ဒီအတိုင္းပဲ သြားေနမယ္ ဆရာ့အျမင္ေပါ့ေနာ္။ တဦး တဦးခ်င္းက ဒီ့ထက္ပို နည္းနည္းေလးပို ဂရုစိုက္ရမယ္ ေနာက္ ၾကီးၾကပ္မႈေပါ့။ ဥပမာဆို ကားမွတ္တိုင္မွာ ကားေစာင့္ေနတုန္း Mask ခၽြတ္ၿပီး ကြမ္းတံေတြးေထြးလိုက္သူကို ဘယ္သူက ေျပာမွာလဲ ဘယ္သူက အေရးယူမွာလဲေပါ့။ ဒီလိုၾကီးၾကပ္မႈေတြမွာ ေတာ္ေတာ္ေလးကို အားနည္းတဲ့အခါက်ေတာ့ လူက ကိုယ္လုပ္ခ်င္သလိုလုပ္မယ္။ ကိုယ့္လြတ္လပ္ခြင့္ဆိုၿပီး ကိုယ္ေနခ်င္သလိုေနမယ္ဆိုၿပီး ေနေတာ့ ပိုးေတြက အ့ဲဒီလို ပံံ် ႔ႏွံမႈေတြ ရွိႏိုင္တယ္။အဲ့ေတာ့ ကိုယ့္ကေတာ့ တဦးခ်င္းအေနနဲ႔ ကိုယ့္ဆီ မေရာက္ေအာင္ ပိုးမကူးေအာင္ေနလို႔ပဲရမယ္။ အေရးယူၾကီးၾကပ္မႈပိုင္းမွာေတာ့ သက္ဆိုင္ရာတာဝန္ရွိသူေတြဘက္က အဆင့္ဆင့္ေဆာင္ရြက္သြားဖို႔ လိုအပ္ေနေသးတယ္လို႔ ဆရာကေတာ့ျမင္တယ္။"

ကမာၻ႔ကပ္ေရာဂါ ကိုဗစ္ ၁၉ ေရာဂါပိုး ေန႔စဥ္လို လူေထာင္ခ်ီကူးစက္မႈရွိေနတဲ့ ျမန္မာႏိုင္ငံမွာ မေန႔ ႏိုဝင္ဘာလ ၈ ရက္ေန႔ က ကူးစက္သူေပါင္း ၁,၀၂၉ ဦး အပါအဝင္ ႏိုဝင္ဘာလ ၉ ရက္ေန႔ ည ၈ နာရီ ေနာက္ဆံုးသတင္း ထုတ္ျပန္ခ်က္ေတြအရဆိုရင္ ေရာဂါပိုးကူးစက္သူ ၆၁,၉၇၅ ဦး နဲ႔ ေသဆံုးသူက ၁,၄၃၇ ဦးအထိ ရွိလာေနၿပီျဖစ္လို႔ ျပည္သူေတြ မေပါ့ဆပဲ ကူးစက္ျမန္ေရာဂါ မကူးစက္ေစေရး က်န္းမာေရး အထူးဂရုစိုက္ ကာကြယ္ၾကဖို႔ ေဆးပညာရွင္ေတြနဲ႔ ဆရာဝန္ေတြက အေလးအနက္ ေမတၱာရပ္ခံသတိေပးေနတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရွေးကောက်ပွဲအလွန် ကပ်ရောဂါသတိထားဖို့ ကျန်းမာရေးဝန်ထမ်းတွေ တိုက်တွန်း

မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ကူးစက်မြန်ရောဂါဖြစ်ပွားမှု နေ့စဉ်လို ထောင်နဲ့ချီ ကူးစက်နေချိန်မှာပဲ ရွေးကောက်ပွဲကြီးမှာ လူထောင်သောင်းချီ အုပ်စုလိုက် အပြင်ထွက် မဲပေးခဲ့ကြပြီးတဲ့နောက် နောက်ဆက်တွဲ ကူးစက်မှု အန္တရာယ်တွေကို သတိထားစောင့်ကြည့်ကြဖို့ ဆေးပညာရှင်တွေနဲ့ ဆရာဝန်တွေဘက်က အထူးသတိပေးပြောဆိုလိုက်ပါတယ်။ ကျန်းမာရေးဆိုင်ရာ ဘယ်လိုအချက်တွေကို သတိထားစောင့်ကြည့် ကာကွယ်သင့်ပါသလဲ ဆိုတာ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

နိုင်ငံတဝှမ်းမှာ ကိုဗစ် ၁၉ ရောဂါ ကူးစက်မှုနှုန်းမကျဘဲ ဆက်ဖြစ်ပွားနေချိန် ဒီရက်ပိုင်းမှာပဲကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအကြို ကြိုတင်မဲပေးပွဲတွေနဲ့ နောက် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနေ့မှာ ရပ်ကွက်မြို့နယ် ကျေးရွာအလိုက် ထောင်သောင်းချီတဲ့ ပြည်သူလူထုတွေ ဆန္ဒမဲ ထွက်ပေးခဲ့ကြပါတယ်။ ဒီမဲဆန္ဒရှင်ပြည်သူတွေအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က ကိုဗစ် ၁၉ ရောဂါကူးစက်မှု ကာကွယ်ရေး ကျန်းမာရေး လမ်းညွှန်ချက်တွေနဲ့ အညီ စီစဉ်ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပေမဲ့ မဲပေးခဲ့တဲ့ မိဘပြည်သူတွေအနေနဲ့ တကယ်လို့ ဒီရက်ပိုင်း ဒါမှမဟုတ် ဒီသီတင်းပတ်ထဲမှာ မိမိမှာ ကူးစက်မြန်ရောဂါ လက္ခဏာဖြစ်နေတယ်လို့ သံသယရှိလာခဲ့ရင် အနီးစပ်ဆုံး အခမဲ့ ဖျားနာကုဆေးခန်းတွေ နဲ့ ဆေးရုံတွေဆီ အမြန်ဆုံးသွားပြဖို့နဲ့ ကိုယ်သွားခဲ့တဲ့ မဲရုံ- နေရာတွေ ထိတွေ့ခဲ့သူတွေကို သေချာ ပွင့်ပွင့်လင်းလင်းပြောကြပါလို့ ဆေးပညာရှင်တွေက တိုက်တွန်းလိုက်ပါတယ်။

ရောဂါလက္ခဏာပြလာရင် စောစီးစွာ ကုသမှုခံယူကြဖို့အပြင် လမ်းပေါ်တွေထွက် အောင်ပွဲခံကြမယ့်ပြည်သူတွေလည်း ကိုဗစ်ရောဂါ အုပ်စုလိုက် မကူးစက်ရအောင် အထူးသတိထား ဂရုစိုက်ကြဖို့ အခမဲ့ဖျားနာကုဆေးခန်း ရန်ကုန်ကွန်ရက် တာဝန်ခံ ဒေါက်တာကျော်မင်းထွန်းက မေတ္တာရပ်ခံပါတယ်။

"ရွေးကောက်ပွဲက မနေ့က အောင်အောင်မြင်မြင်နဲ့ ချောချောမွေ့မွေ့ ပြီးဆုံးသွားပြီပေါ့နော်။ ပြည်သူလူထုတွေဘက်ကလည်း စည်းကမ်း စနစ်တကျ လိုက်နာပြီး မဲလာပေးတာတွေ့ရပါတယ်။ ကျနော်တို့ သွားထည့်တဲ့ မဲရုံမှာလည်း သေချာလေး စည်းနဲ့ကမ်းနဲ့ စနစ်တကျ လုပ်ထားတာလေးတွေ တွေ့တယ်။ ဆိုတော့ Infection Control မှာ အရမ်းအားကောင်းတယ် အရမ်းလည်း အားရတယ်။ ဘာတွေကို နောက်ဆက်တွဲသတိထားရမလဲဆိုတော့-လူတွေက လမ်းတွေပေါ်သွားလာခဲ့ကြပြီ ဆိုတော့ အတတ်နိုင်ဆုံး ဒီကာလမှာ သတိထားရမှာက တကယ်လို့ Infection ဝင်ပြီး ကူးစက်မှုဖြစ်လို့ တရက် နှစ်ရက်လောက်နေရင် များသောအားဖြင့်Symptoms ကပြကြတယ်။ နှာစေးသလိုလို ဖျားချင်သလိုလို လက္ခဏာလေးတွေ ပြလာနိုင်တယ်။ တချို့ကျတော့ ကိုယ်လက်တွေ ကိုက်တယ်။ ရာသီတုပ်ကွေးပုံစံမျိုး လက္ခဏာလေးတွေ ပြလာတယ်ဆိုရင် နည်းနည်းသတိထားရမယ်။ စပြီး သတိထားရတော့မယ်ပေါ့နော်။ အဲ့လိုဖြစ်လာပြီဆိုရင် အဲ့ဒီ့အချိန်မှာ အမြန်ဆုံးပေါ့နော်... ကျနော်တို့ Fever Clinic ဖြစ်ဖြစ်၊ ဆေးရုံနီးတယ်ဆိုရင် ဆေးရုံဆေးခန်းကိုဖြစ်ဖြစ် အကျိုးအကြောင်းပြော ပြသပါ။ နောက် ကျနော်တို့ ကျမတို့တွေ ဒီမဲရုံတွေကို သွားထားတယ်။ အပြင်တွေ ဘယ်နေရာတွေ သွားထားတယ်။ ဘယ်သူတွေနဲ့ Contact ထိထားတယ်။ ကိုယ်သွားထားတဲ့ အများပြည်သူနေရာတွေ Public Area တွေရဲ့ History ပေါ့နော် ဖြစ်စဉ်ကို Detail အသေးစိတ်ပြောပြဖို့လိုမယ်။ ကိုယ့်မှာ ရောဂါလက္ခဏာပြပြီဆိုတာ ချက်ခြင်းသိသိချင်း ချက်ခြင်းသွားပြပါ၊ တိုင်ပင်ပါ။ လိုအပ်လာရင်လည်း ချက်ခြင်း Urgent Swab ယူလို့ရအောင်လည်း စီစဉ်မယ်။ ကျနော်တို့ဘက်ကလည်းလုပ်ပေးနိုင်တာက တကယ်လို့ Emergency ဆို ချက်ခြင်းဆေးရုံ လွှဲမယ် ဆေးရုံပို့ပေးမယ်ပေါ့နော်။ ဒီကာလမှာ အထူးဂရုစိုက်စေချင်တယ် ကိုဗစ်ကလည်း ရှိနေသေးတယ်။ ပျော်တာကလည်း ပျော်ကြပါ။ အခုက ရွေးကောက်ပွဲပြီးတော့ နောက်ဆက်တွဲ ရလဒ်တွေလည်း ရှိနေသေးတယ် ဆိုတော့။ ပျော်စရာ Result တွေ ထွက်လာမယ်ဆိုရင် ပျော်ကြပါ အရမ်းကြီးလည်း အပျော်လည်းမလွန်ကြပါနဲ့လို့။ သေသေချာချာ စည်းနဲ့ကမ်းနဲ့ပျော်ပါ။ Mask တပ်ပါ။ Mask ကို အမှုမဲ့ အမှတ်မဲ့ချွတ်ပြီးတော့ အောင်ပွဲကြီးတွေ မခံကြပါနဲ့။ အဲ့ဒီလိုမျိုး ကျနော်တို့ဘက်က မေတ္တာရပ်ခံပါတယ်ခင်ဗျ။"

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဘက်ကလည်း ရွေးကောက်ပွဲရလဒ်တွေ ရေတွက်ချိန် လူစုလူဝေးမဖြစ်စေဖို့ မိမိတို့ရဲ့နေအိမ်တွေထဲကသာ စောင့်ကြည့်ခြင်းအားဖြင့် ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့အညီ ပူးပေါင်းကူညီကြဖို့ကိုလည်း ပြည်သူကို မေတ္တာရပ်ခံထားပါတယ်။

ဒီလိုကူးစက်မြန်ရောဂါ လူအုပ်စုတွေကြား ကူးစက်မှုမဖြစ်အောင် တဦးချင်း အထူးသတိထားဖို့လိုသလို သက်ဆိုင်ရာ ဘက်ကလည်း စည်းကမ်းချက်တွေ လိုက်နာဖို့ ထိရောက်စွာကြီးကြပ်မှုပေးဖို့လိုတယ်လို့ လူထုကို ကျန်းမာရေးပညာပေးနေတဲ့ အထွေထွေရောဂါကုဆရာဝန်ကြီးဒေါက်တာမိုးအောင်ကျော်နိုင်ကလည်း အကြံပေးပါတယ်။

"ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ရန်ကုန်မှာ လူတွေ တော်တော်များများ လုပ်ငန်းခွင်ပြန်ရောက်နေကြတာတွေ့တယ်။ ဆိုလိုတာက လမ်းပေါ်မှာ ကားတွေအများကြီးရှိတယ်။ ဆိုင်တွေလည်းတချို့ပြန်ပြီးတော့ ဖွင့်နေတာတွေ့တယ်ပေါ့နော်။ ပျံ့နှံ့မှုကိုတော့ လောလောဆယ် လွယ်လွယ်နဲ့ တားနိုင်မယ်မဟုတ်ဘူးလို့ ထင်တယ်။ နောက် တဦးချင်း တဦးချင်းစီရဲ့ တာဝန်ယူမှုတွေမှာလည်း လိုအပ်ချက်တွေ ရှိသေးတယ်။ Mask ကိုဖြုတ်ပြီး ကွမ်းတံတွေးထွေးတဲ့သူတွေတွေ့တယ်။ Mask ကိုမေးမှာချိတ်ပြီး တဦးချင်းစီရဲ့လိုက်နာမှု အားနည်းနေသေးတယ်လို့မြင်တယ်။ အခုက ကူးစက်မှုနှုန်း ပိုးတွေ့မှုနှုန်းက မြင့်နေသေးတော့ ကိုယ်မပါဖို့အတွက် ကိုယ့်ဘာသာ ဂရုစိုက်မှပဲ ရမယ်လို့ ဆရာကပြောချင်တယ်။ လူတိုင်းမှာ ပိုးရှိနိုင်တယ်လို့ သဘောထားပြီး ကိုယ့်အတွက် ကာကွယ်ရေးတွေကို ဆက်ပြီးဆောင်ရွက်သွားရမယ်။

နို့မို့ဆိုရင် အခုက သေတဲ့နှုန်းနဲ့ တွေ့တဲ့နှုန်းက တန်းနေတာ အခုဆိုရင် ၂ပတ် - ၃ပတ် က ဒီအတိုင်းနှုန်းနဲ့သွားနေတယ်။ ဒီလူတွေရဲ့ အပြုအမှုတွေ မပြင်သရွေ့ကတော့ ဆက်ပြီး ဒီအတိုင်းပဲ သွားနေမယ် ဆရာ့အမြင်ပေါ့နော်။ တဦး တဦးချင်းက ဒီ့ထက်ပို နည်းနည်းလေးပို ဂရုစိုက်ရမယ် နောက် ကြီးကြပ်မှုပေါ့။ ဥပမာဆို ကားမှတ်တိုင်မှာ ကားစောင့်နေတုန်း Mask ချွတ်ပြီး ကွမ်းတံတွေးထွေးလိုက်သူကို ဘယ်သူက ပြောမှာလဲ ဘယ်သူက အရေးယူမှာလဲပေါ့။ ဒီလိုကြီးကြပ်မှုတွေမှာ တော်တော်လေးကို အားနည်းတဲ့အခါကျတော့ လူက ကိုယ်လုပ်ချင်သလိုလုပ်မယ်။ ကိုယ့်လွတ်လပ်ခွင့်ဆိုပြီး ကိုယ်နေချင်သလိုနေမယ်ဆိုပြီး နေတော့ ပိုးတွေက အဲ့ဒီလို ပံံျ့နှံမှုတွေ ရှိနိုင်တယ်။အဲ့တော့ ကိုယ့်ကတော့ တဦးချင်းအနေနဲ့ ကိုယ့်ဆီ မရောက်အောင် ပိုးမကူးအောင်နေလို့ပဲရမယ်။ အရေးယူကြီးကြပ်မှုပိုင်းမှာတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်က အဆင့်ဆင့်ဆောင်ရွက်သွားဖို့ လိုအပ်နေသေးတယ်လို့ ဆရာကတော့မြင်တယ်။"

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ ရောဂါပိုး နေ့စဉ်လို လူထောင်ချီကူးစက်မှုရှိနေတဲ့ မြန်မာနိုင်ငံမှာ မနေ့ နိုဝင်ဘာလ ၈ ရက်နေ့ က ကူးစက်သူပေါင်း ၁,၀၂၉ ဦး အပါအဝင် နိုဝင်ဘာလ ၉ ရက်နေ့ ည ၈ နာရီ နောက်ဆုံးသတင်း ထုတ်ပြန်ချက်တွေအရဆိုရင် ရောဂါပိုးကူးစက်သူ ၆၁,၉၇၅ ဦး နဲ့ သေဆုံးသူက ၁,၄၃၇ ဦးအထိ ရှိလာနေပြီဖြစ်လို့ ပြည်သူတွေ မပေါ့ဆပဲ ကူးစက်မြန်ရောဂါ မကူးစက်စေရေး ကျန်းမာရေး အထူးဂရုစိုက် ကာကွယ်ကြဖို့ ဆေးပညာရှင်တွေနဲ့ ဆရာဝန်တွေက အလေးအနက် မေတ္တာရပ်ခံသတိပေးနေတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG