သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့ေရြးေကာက္ပဲြ ႀကီးမားတဲ့ ျပႆနာေတြ မရွိခဲ့ဟု ေစာင့္ၾကည့္ေရးအဖဲြ႔ေတြ သံုးသပ္


၂၀၂၀ ႏိုဝင္ဘာ ၈ ရက္ေန႔က ေနျပည္ေတာ္ရွိ မဲရံုတခုရဲ႕ ျမင္ကြင္း။ (ႏိုဝင္ဘာ ၀၈၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ မေန႔တုန္းက က်င္းပၿပီးစီးသြားတဲ့ ေရြးေကာက္ပဲြမွာ အားနည္းခ်က္တခ်ဳိ႕ ရွိခဲ့ေပမဲ့ ႀကီးႀကီးမားမား ျပႆနာမရွိခဲ့ေၾကာင္း ေရြးေကာက္ပဲြ ေစာင့္ၾကည့္အကဲခတ္အဖဲြ႔ေတြက သုံးသပ္ခဲ့တဲ့အေၾကာင္း တင္ျပေပးမွာပါ။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုေဇာ္ထက္က သတင္းေပးပို႔ထားပါတယ္။

ကပ္ေရာဂါကာလ ကန္႔သတ္ခ်က္ေတြၾကား က်င္းပတဲ့ ေရြးေကာက္ပဲြအတြက္ ႀကိဳတင္မဲေပးတာ အပါအ၀င္ ေရြးေကာက္ပဲြ လုပ္ငန္းစဥ္မွာ အားနည္းခ်က္ေတြေၾကာင့္ ေ၀ဖန္မႈေတြ ထြက္ေပၚခဲ့ေပမဲ့လည္း တနဂၤေႏြေန႔က က်င္းပရာမွာေတာ့ ျပႆနာႀကီးႀကီးမားမား မရွိဘဲ ၿပီးဆုံးသြားခဲ့တယ္လုိ႔ အကဲခတ္ေတြက လက္ခံခဲ့ၾကပါတယ္။

ေ႐ြးေကာက္ပြဲ ေစာင့္ၾကည့္ေလ့လာတဲ့ အဖြဲ႕ေတြကို အေစာပိုင္းမွာ ေစာင့္ၾကည့္ေလ့လာခြင့္ မေပးတာမ်ိဳး၊ ရပ္ကြက္နဲ႔ ေက်း႐ြာခြဲက မဲ႐ုံတာဝန္ရွိသူေတြက ေဒသတာဝန္ရွိသူေတြဆီမွာ ထပ္မံခြင့္ေတာင္းခိုင္းတာမ်ိဳးနဲ႔ စီမံခန႔္ခြဲမႈ အားနည္းခ်က္တခ်ိဳ႕က လြဲရင္ ၂၀၂၀ ျမန္မာႏိုင္ငံရဲ႕ အေထြေထြ ေ႐ြးေကာက္ပြဲဟာ ေအးေအးခ်မ္းခ်မ္းနဲ႔ ၿပီးဆုံးသြားတယ္လို႔ ေ႐ြးေကာက္ပြဲဆိုင္ရာ ျပည္သူ႔လႈပ္ရွားမႈ PACE အဖြဲ႕ရဲ႕ အမႈေဆာင္ဒါ႐ိုက္တာ စိုင္းရဲေက်ာ္စြာျမင့္က ဒီကေန႔ ရန္ကုန္ၿမိဳ႕က သတင္းစာရွင္းလင္းပဲြမွာ ေျပာလိုက္ပါတယ္။

“ႀကီးမားတဲ့ျဖစ္စဥ္ မေတြ႕ရပါဘူး။ မဲေပးတဲ့ျဖစ္စဥ္မွာ က်ေနာ္တို႔ တိုင္းတာတဲ့အခါမွာ ပထမဘယ္လို တိုင္းတာလဲဆိုေတာ့ မဲ႐ုံျပင္ဆင္တာ၊ ဖြင့္တာ တပိုင္းတိုင္းတယ္၊ သီးသန႔္ဆန္းစစ္ေလ့လာမႈ လုပ္တယ္။ အဲဒါၿပီးတာနဲ႔ မဲေပးတဲ့ ျဖစ္စဥ္ႀကီးတခုလုံးကို ဆန္းစစ္ေလ့လာမႈလုပ္တယ္။ သေဘာက မဲစေပးတဲ့ ၆ နာရီကစၿပီးေတာ့ ညေန ၄ နာရီ မဲ႐ုံေတြ ပိတ္တဲ့အထိ အဲဒီတပိုင္းကို သီးသန႔္ က်ေနာ္တို႔ ဆန္းစစ္ေလ့လာမႈ လုပ္တယ္၊ အဲဒါၿပီးတာနဲ႔ မဲ႐ုံပိတ္တာ မဲေရတာကို သီးသန႔္ က်ေနာ္တို႔ ဆန္းစစ္ေလ့လာမႈ လုပ္တယ္၊ ဒီအပိုင္းမွာလည္း မဲေပးတဲ့ ျဖစ္စဥ္မွာလည္း ႀကီးႀကီးမားမားျပႆနာ မေတြ႕ရဘူး။ စီမံခန႔္ခြဲမႈ ပိုင္းဆိုင္ရာ အားနည္းခ်က္ေတြေတာ့ ရွိပါတယ္။ ဒါေပမဲ့ ေျပာရရင္ ေ႐ြးေကာက္ပြဲ ျဖစ္စဥ္တခုလုံးကို သက္ေရာက္မႈရွိတဲ့ အတိုင္းအတာ scale ေရာ၊ scoope ေရာမွာ က်ေနာ္တို႔ အဲဒီေလာက္ မေတြ႕ရဘူး။”

ေ႐ြးေကာက္ပြဲရလဒ္ေတြက ဘယ္လို ေ႐ြးေကာက္ပြဲ အရည္အေသြးေတြက ထြက္လာတာလဲ၊ ပြင့္လင္းျမင္သာမႈရွိရဲ႕လား၊ အားလုံး ပါဝင္ခြင့္ရၾကလား ဆိုတဲ့ ဒါေတြကို တိုင္းတာဖို႔အတြက္ အဓိက ေစာင့္ၾကည့္ေလ့လာခဲ့ေၾကာင္း၊ မဲဆြယ္စည္း႐ုံးမႈ၊ ႀကိဳတင္မဲေစာင့္ၾကည့္မႈ၊ ေ႐ြးေကာက္ပြဲေန႔ ေစာင့္ၾကည့္ေလ့လာမႈ၊ မဲရလဒ္ေတြ စုစည္းတာ ဒီအဆင့္ေလးခုကိုအေယာက္ ၂,၈၀၀ ေက်ာ္နဲ႔ ေစာင့္ၾကည့္ခဲ့တယ္လို႔ သူကေျပာပါတယ္။

ကပ္ေရာဂါအတားအဆီး အစီအမံေတြကို ေ႐ြးေကာက္ပြဲေကာ္မရွင္က လုပ္ေဆာင္ခဲ့ေပမဲ့ တခ်ိဳ႕ေနရာေတြမွာ မဲ႐ုံအက်ယ္အဝန္းေၾကာင့္ ေျခာက္ေပျခား မခြာႏိုင္တာ၊ မဲ႐ုံေတြရဲ႕ ေလးပုံတပုံပဲ မသန္စြမ္းသူေတြအတြက္ ျပင္ဆင္ထားတာ၊ မဲ႐ုံ သုံးပုံ တပုံမွာ လူတဦးကေန ၁၀ ဦးထိ မဲစာရင္းမွာ မပါတာ၊ မဲ႐ုံေတြရဲ႕ ၇၆ ရာခိုင္ႏႈန္းကပဲ ႀကိဳတင္မဲစာရင္း ပုံစံ ၁၃ ကို မဲ႐ုံအျပင္ဘက္မွာ ကပ္ထာတာ၊ မဲ႐ုံေတြရဲ႕ ၇ ရာခိုင္ႏႈန္းမွာ ႀကိဳတင္မဲပုံးေတြ အခ်ိန္မီေရာက္မလာတာ၊ မဲ႐ုံေတြရဲ႕ ၁ ရာခိုင္ႏႈန္းေအာက္က ဆႏၵမဲပုံးနဲ႔ မဲလက္မွတ္ အခ်ိန္မီေရာက္မလာတာ ဒါေတြကို PACE အဖြဲ႕ကေတြ႕ရွိခဲ့တယ္လို႔ ဆိုပါတယ္။

ကပ္ေရာဂါအေျခအေနၾကားမွာ လုပ္ခဲ့ရတဲ့ ေ႐ြးေကာက္ပြဲျဖစ္ေပမဲ့ မဲလာထည့္တဲ့ အေရအတြက္ဟာမ်ားႏိုင္ၿပီး တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲျဖစ္မယ္လို႔ ျမင္ေၾကာင္း ဂ်ပန္အစိုးရရဲ႕ ျမန္မာႏိုင္ငံေ႐ြးေကာက္ပြဲ ေလ့လာေရးအဖြဲ႕ေခါင္းေဆာင္ မစၥတာ ဆာဆာကာဝါ က အခုလိုေျပာပါတယ္။ ကိုဗစ္ ကပ္ေရာဂါ ေၾကာင့္ ရန္ကုန္မွာပဲ ေစာင့္ၾကည့္ ေလ့လာတာကို လုပ္ခဲ့ရေၾကာင္းလည္း အြန္လုိင္းကလုပ္တဲ့ သတင္းစာရွင္းလင္းပဲြမွာ ေျပာဆုိသြားပါတယ္။

“ႏိုင္ငံတကာအေနနဲ႔ ျမန္မာႏိုင္ငံမွာ အခုအခ်ိန္ ျပဳလုပ္ခဲ့တဲ့ ေ႐ြးေကာက္ပြဲဟာ ဆိုလို႔ရွိရင္ တရားမွ်တၿပီးေတာ့မွ တိက်မွန္ကန္တဲ့ ေ႐ြးေကာက္ပြဲျဖစ္မယ္လို႔ အားလုံးကေန အသိအမွတ္ျပဳမယ္လို႔ က်ေနာ္ထင္ပါတယ္။ ကူးစက္မႈရာခိုင္ႏႈန္း ျမင့္မားေနတဲ့ အေျခအေနမွာ ေ႐ြးေကာက္ပြဲျပဳလုပ္ဖို႔ သင့္ေတာ္ပါ့မလား ဆိုတဲ့ တင္ျပမႈေတြလည္း ရွိခဲ့တယ္လို႔ က်ေနာ္ထင္ပါတယ္။ ဆိုေတာ့ က်ေနာ္တို႔ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ကေနၿပီးေတာ့ တရားဝင္ ေၾကညာျခင္း မရွိေသးေသာ္ျငားလည္း က်ေနာ္ၾကည့္ခဲ့တဲ့ အေနအထားအရ မဲထည့္တဲ့ ရာခိုင္ႏႈန္းကေတာ့ ျမင့္မားမယ္လို႔ က်ေနာ္ထင္ပါတယ္။”

မဲရလဒ္ေတြကေတာ့ အခုသတင္းေၾကညာတဲ့အခ်ိန္အထိ စုစည္းေနတုန္းပါ။ ႀကိဳတင္မဲကေတာ့ ႏိုင္ငံလုံးအတိုင္းအတာနဲ႔ဆိုရင္ မဲ႐ုံေတြရဲ႕ ၁၅ ရာခိုင္ႏႈန္းဟာ ႀကိဳတင္မဲေတြျဖစ္ၾကတယ္လို႔ ေစာင့္ၾကည့္ေလ့လာသူေတြက ေျပာပါတယ္။

အေမရိကန္သံ႐ုံးကလည္း ဒီေန႔ေၾကညာခ်က္တေစာင္ထုတ္ျပန္ခဲ့ၿပီး ဒီမိုကေရစီအတြက္ ေနာက္ထပ္သမိုင္းမွတ္တိုင္ ေလွ်ာက္လွမ္းေနတဲ့ ျပည္သူေတြကို ခ်ီးက်ဴးေၾကာင္းနဲ႔ အေမရိကန္ႏိုင္ငံအေနနဲ႔ ျမန္မာႏိုင္ငံသားေတြနဲ႔ ဆက္ၿပီး လက္တြဲသြားဖို႔ ေမွ်ာ္လင့္ေၾကာင္း ေဖာ္ျပခဲ့ပါတယ္။ တခ်ိန္တည္းမွာပဲ ဥေရာပသမဂၢ (EU) နဲ႔ ၿဗိတိန္ႏုိင္ငံတုိ႔က ျမန္မာႏုိင္ငံမွာ သမုိင္း၀င္ေရြးေကာက္ပဲြေတြ က်င္းပႏုိင္ခဲ့ေၾကာင္း အသီးသီး ထုတ္ျပန္ခဲ့ၾကပါတယ္။ ျမန္မာႏုိင္ငံသားေတြ အေနနဲ႔ အေျခခံအခြင့္အေရးတရပ္ျဖစ္တဲ့ မဲေပးပုိင္ခြင့္ကုိ က်င့္သုံးႏုိင္တဲ့အတြက္ ၀မ္းေျမာက္ေၾကာင္းလည္း ၿဗိတိန္ႏုိင္ငံက ထုတ္ျပန္ခ်က္မွာ ေဖာ္ျပခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာ့ရွေးကောက်ပွဲ ကြီးမားတဲ့ ပြဿနာတွေ မရှိခဲ့ဟု စောင့်ကြည့်ရေးအဖွဲ့တွေ သုံးသပ်

မြန်မာနိုင်ငံမှာ မနေ့တုန်းက ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲမှာ အားနည်းချက်တချို့ ရှိခဲ့ပေမဲ့ ကြီးကြီးမားမား ပြဿနာမရှိခဲ့ကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်အကဲခတ်အဖွဲ့တွေက သုံးသပ်ခဲ့တဲ့အကြောင်း တင်ပြပေးမှာပါ။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

ကပ်ရောဂါကာလ ကန့်သတ်ချက်တွေကြား ကျင်းပတဲ့ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးတာ အပါအဝင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ အားနည်းချက်တွေကြောင့် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပေမဲ့လည်း တနင်္ဂနွေနေ့က ကျင်းပရာမှာတော့ ပြဿနာကြီးကြီးမားမား မရှိဘဲ ပြီးဆုံးသွားခဲ့တယ်လို့ အကဲခတ်တွေက လက်ခံခဲ့ကြပါတယ်။

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာတဲ့ အဖွဲ့တွေကို အစောပိုင်းမှာ စောင့်ကြည့်လေ့လာခွင့် မပေးတာမျိုး၊ ရပ်ကွက်နဲ့ ကျေးရွာခွဲက မဲရုံတာဝန်ရှိသူတွေက ဒေသတာဝန်ရှိသူတွေဆီမှာ ထပ်မံခွင့်တောင်းခိုင်းတာမျိုးနဲ့ စီမံခန့်ခွဲမှု အားနည်းချက်တချို့က လွဲရင် ၂၀၂၀ မြန်မာနိုင်ငံရဲ့ အထွေထွေ ရွေးကောက်ပွဲဟာ အေးအေးချမ်းချမ်းနဲ့ ပြီးဆုံးသွားတယ်လို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု PACE အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ဒီကနေ့ ရန်ကုန်မြို့က သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

“ကြီးမားတဲ့ဖြစ်စဉ် မတွေ့ရပါဘူး။ မဲပေးတဲ့ဖြစ်စဉ်မှာ ကျနော်တို့ တိုင်းတာတဲ့အခါမှာ ပထမဘယ်လို တိုင်းတာလဲဆိုတော့ မဲရုံပြင်ဆင်တာ၊ ဖွင့်တာ တပိုင်းတိုင်းတယ်၊ သီးသန့်ဆန်းစစ်လေ့လာမှု လုပ်တယ်။ အဲဒါပြီးတာနဲ့ မဲပေးတဲ့ ဖြစ်စဉ်ကြီးတခုလုံးကို ဆန်းစစ်လေ့လာမှုလုပ်တယ်။ သဘောက မဲစပေးတဲ့ ၆ နာရီကစပြီးတော့ ညနေ ၄ နာရီ မဲရုံတွေ ပိတ်တဲ့အထိ အဲဒီတပိုင်းကို သီးသန့် ကျနော်တို့ ဆန်းစစ်လေ့လာမှု လုပ်တယ်၊ အဲဒါပြီးတာနဲ့ မဲရုံပိတ်တာ မဲရေတာကို သီးသန့် ကျနော်တို့ ဆန်းစစ်လေ့လာမှု လုပ်တယ်၊ ဒီအပိုင်းမှာလည်း မဲပေးတဲ့ ဖြစ်စဉ်မှာလည်း ကြီးကြီးမားမားပြဿနာ မတွေ့ရဘူး။ စီမံခန့်ခွဲမှု ပိုင်းဆိုင်ရာ အားနည်းချက်တွေတော့ ရှိပါတယ်။ ဒါပေမဲ့ ပြောရရင် ရွေးကောက်ပွဲ ဖြစ်စဉ်တခုလုံးကို သက်ရောက်မှုရှိတဲ့ အတိုင်းအတာ scale ရော၊ scoope ရောမှာ ကျနော်တို့ အဲဒီလောက် မတွေ့ရဘူး။”

ရွေးကောက်ပွဲရလဒ်တွေက ဘယ်လို ရွေးကောက်ပွဲ အရည်အသွေးတွေက ထွက်လာတာလဲ၊ ပွင့်လင်းမြင်သာမှုရှိရဲ့လား၊ အားလုံး ပါဝင်ခွင့်ရကြလား ဆိုတဲ့ ဒါတွေကို တိုင်းတာဖို့အတွက် အဓိက စောင့်ကြည့်လေ့လာခဲ့ကြောင်း၊ မဲဆွယ်စည်းရုံးမှု၊ ကြိုတင်မဲစောင့်ကြည့်မှု၊ ရွေးကောက်ပွဲနေ့ စောင့်ကြည့်လေ့လာမှု၊ မဲရလဒ်တွေ စုစည်းတာ ဒီအဆင့်လေးခုကိုအယောက် ၂,၈၀၀ ကျော်နဲ့ စောင့်ကြည့်ခဲ့တယ်လို့ သူကပြောပါတယ်။

ကပ်ရောဂါအတားအဆီး အစီအမံတွေကို ရွေးကောက်ပွဲကော်မရှင်က လုပ်ဆောင်ခဲ့ပေမဲ့ တချို့နေရာတွေမှာ မဲရုံအကျယ်အဝန်းကြောင့် ခြောက်ပေခြား မခွာနိုင်တာ၊ မဲရုံတွေရဲ့ လေးပုံတပုံပဲ မသန်စွမ်းသူတွေအတွက် ပြင်ဆင်ထားတာ၊ မဲရုံ သုံးပုံ တပုံမှာ လူတဦးကနေ ၁၀ ဦးထိ မဲစာရင်းမှာ မပါတာ၊ မဲရုံတွေရဲ့ ၇၆ ရာခိုင်နှုန်းကပဲ ကြိုတင်မဲစာရင်း ပုံစံ ၁၃ ကို မဲရုံအပြင်ဘက်မှာ ကပ်ထာတာ၊ မဲရုံတွေရဲ့ ၇ ရာခိုင်နှုန်းမှာ ကြိုတင်မဲပုံးတွေ အချိန်မီရောက်မလာတာ၊ မဲရုံတွေရဲ့ ၁ ရာခိုင်နှုန်းအောက်က ဆန္ဒမဲပုံးနဲ့ မဲလက်မှတ် အချိန်မီရောက်မလာတာ ဒါတွေကို PACE အဖွဲ့ကတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ကပ်ရောဂါအခြေအနေကြားမှာ လုပ်ခဲ့ရတဲ့ ရွေးကောက်ပွဲဖြစ်ပေမဲ့ မဲလာထည့်တဲ့ အရေအတွက်ဟာများနိုင်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ မြင်ကြောင်း ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံရွေးကောက်ပွဲ လေ့လာရေးအဖွဲ့ခေါင်းဆောင် မစ္စတာ ဆာဆာကာဝါ က အခုလိုပြောပါတယ်။ ကိုဗစ် ကပ်ရောဂါ ကြောင့် ရန်ကုန်မှာပဲ စောင့်ကြည့် လေ့လာတာကို လုပ်ခဲ့ရကြောင်းလည်း အွန်လိုင်းကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

“နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံမှာ အခုအချိန် ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲဟာ ဆိုလို့ရှိရင် တရားမျှတပြီးတော့မှ တိကျမှန်ကန်တဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ အားလုံးကနေ အသိအမှတ်ပြုမယ်လို့ ကျနော်ထင်ပါတယ်။ ကူးစက်မှုရာခိုင်နှုန်း မြင့်မားနေတဲ့ အခြေအနေမှာ ရွေးကောက်ပွဲပြုလုပ်ဖို့ သင့်တော်ပါ့မလား ဆိုတဲ့ တင်ပြမှုတွေလည်း ရှိခဲ့တယ်လို့ ကျနော်ထင်ပါတယ်။ ဆိုတော့ ကျနော်တို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကနေပြီးတော့ တရားဝင် ကြေညာခြင်း မရှိသေးသော်ငြားလည်း ကျနော်ကြည့်ခဲ့တဲ့ အနေအထားအရ မဲထည့်တဲ့ ရာခိုင်နှုန်းကတော့ မြင့်မားမယ်လို့ ကျနော်ထင်ပါတယ်။”

မဲရလဒ်တွေကတော့ အခုသတင်းကြေညာတဲ့အချိန်အထိ စုစည်းနေတုန်းပါ။ ကြိုတင်မဲကတော့ နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် မဲရုံတွေရဲ့ ၁၅ ရာခိုင်နှုန်းဟာ ကြိုတင်မဲတွေဖြစ်ကြတယ်လို့ စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။

အမေရိကန်သံရုံးကလည်း ဒီနေ့ကြေညာချက်တစောင်ထုတ်ပြန်ခဲ့ပြီး ဒီမိုကရေစီအတွက် နောက်ထပ်သမိုင်းမှတ်တိုင် လျှောက်လှမ်းနေတဲ့ ပြည်သူတွေကို ချီးကျူးကြောင်းနဲ့ အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံသားတွေနဲ့ ဆက်ပြီး လက်တွဲသွားဖို့ မျှော်လင့်ကြောင်း ဖော်ပြခဲ့ပါတယ်။ တချိန်တည်းမှာပဲ ဥရောပသမဂ္ဂ (EU) နဲ့ ဗြိတိန်နိုင်ငံတို့က မြန်မာနိုင်ငံမှာ သမိုင်းဝင်ရွေးကောက်ပွဲတွေ ကျင်းပနိုင်ခဲ့ကြောင်း အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံသားတွေ အနေနဲ့ အခြေခံအခွင့်အရေးတရပ်ဖြစ်တဲ့ မဲပေးပိုင်ခွင့်ကို ကျင့်သုံးနိုင်တဲ့အတွက် ဝမ်းမြောက်ကြောင်းလည်း ဗြိတိန်နိုင်ငံက ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG